iMyanmarHouse.com - Best Property Website for Myanmar
×







Credit: Burmese - Asia
# Unicode Version ဖြင့် ဖတ်ပါ #

အဆိုတော်နဲ့ သရုပ်ဆောင် နန်းဆုရတီစိုးဟာဆိုရင် ချစ်စရာမျက်နှာလေးနဲ့ လှပတဲ့ ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားတဲ့ သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ဆွဲဆောင်မှုတွေနဲ့ ပြည့်နက်နေတဲ့ သူမကတော့ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပိုင်ပိုင်နိုင်နိုင်ချပြနိုင်ခဲ့တဲ့ သူလေးတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရယူပိုင်ဆိုင်ထားခဲ့ရတဲ့ သူလေးတစ်ယောက်ပါ။ ယခုဆိုရင် အမွှာလေးတွေလို ရုပ်ချင်းဆင်တူတဲ့ မောင်လေးနဲ့ လျှောက်လည်နေတဲ့ ပုံရိပ်လေးတွေကို သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ဖော်ပြပေးထားတာပဲဖြစ်ပါတယ်။

နန်းဆုရဲ့ မောင်လေးဟာဆိုရင် ဂျပန်နိုင်ငံမှာ ကျောင်းတက်နေသူလေးတစ်ယောက်ဖြစ်ပြီး အားလပ်ရက်လေးမှာ မြန်မာနိုင်ငံကို ပြန်ရောက်ရှိခဲ့တာကြောင့် အမဖြစ်သူ နန်းဆုနဲ့ လည်ပတ်နေခဲ့တာပဲဖြစ်ပါတယ်။ ရုပ်ချင်းဆင်တူတဲ့ နန်းဆုတို့ မောင်နှမနှစ်ယောက်ရဲ့ ချစ်စရာအလှပုံရိပ်လေးတွေကို ပရိသတ်ကြီးများအတွက် မျှဝေဖော်ပြပေးလိုက်ပါတယ်နော်

မုံရွှာကို ဘုရားဖူးရောက်ရှိနေကြတဲ့ နန်းဆုတို့ မောင်နှမနှစ်ယောက်ရဲ့ ချစ်စရာအလှပုံရိပ်

ချောမောခန့်ညားတဲ့ မောင်လေးကို ပိုင်ဆိုင်ထားတဲ့ နန်းဆုကို ယောင်းမတော်မယ့် သူတွေရှိကြရဲ့လား ပရိသတ်ကြီးရေ

နန်းဆုကတော့ အချစ်ရေးမှာလည်း အများက လေးစားအားကျရလောက်တဲ့ အချစ်ရေးကို ရယူပိုင်ဆိုင်ထားခဲ့တဲ့ သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ အမွှာတွေလို ရုပ်ချင်းဆင်တူတဲ့ မောင်လေးတစ်ယောက်ကိုပါ ပိုင်ဆိုင်ထားခဲ့တဲ့ နန်းဆုကို ယောင်းမတော်ချင်တဲ့သူတွေရှိကြရဲ့လား။ တစ်ခုခုပြောပေးသွားကြဦးနော် ပရိသတ်ကြီးရေ။ ဖတ်ရှုအားပေးကြပါသော ပရိသတ်များအပေါင်းကို  ကျေးဇူးအထူးတင်ရှိပါတယ်။

Ref : Nansu Yati Soe’s Facebook

Credit: Burmese - Asia
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top