iMyanmarHouse.com - Best Property Website for Myanmar
×


အသားညိဳတယ္ဆုိျပီး  စိတ္အားငယ္စရာမလုိပါဘူးေနာ္။အသားညိဳသူေလးေတြမွာသာ ဒီလုိေကာင္းက်ိဳးေလးေတြရွိႏုိင္တာပါ။ဘယ္လုိေကာင္းကြက္ေလးေတြလဲဆုိရင္…

ေနေရာင္ျခည္ဒဏ္ကိုပုိျပီးကာကြယ္ႏုိင္တယ္

အသားညိဳသူေတြမွာ အသားျဖဴတဲ႔သူေတြထက္ Melanin လုိ႔ေခၚတဲ႔ ေနေရာင္ျခည္ကေနကာကြယ္ေပးႏုိင္တဲ႔ဓာတ္ေတြပုိမ်ားပါတယ္။ဒါေၾကာင့္ ေတာ္ရံုတန္ရံုေနပူထဲထြက္တာနဲ႔အသားအရည္နီျမန္းလာတာ၊အဖုအပိန္႔ထတာ၊အနီကြက္ျဖစ္တာမ်ိဳး မျဖစ္ေစပါဘူး။ဒါေပမဲ႔ အသားညိဳသူေတြဟာလည္း ကုိုယ့္အသားအရည္ထိန္းသိမ္းတဲ႔အေနနဲ႔ sunblock ေတြ moisturizer ေတြလိမ္းေပးသင့္ပါတယ္။

အေရျပားကင္ဆာျဖစ္ျခင္းမွကာကြယ္ေပးတယ္

ေနေရာင္ျခည္ဒဏ္ကေန ကာကြယ္ေပးတဲ႔ဓာတ္ေတြ အသားညိဳသူေတြမွာ ပုိမ်ားတဲ႔အတြက္ အေရျပားနဲ႔ပတ္သက္တဲ႔ေရာဂါေတြကုိလည္း မျဖစ္ေစပါဘူး။ေနေရာင္ျခည္ေၾကာင့္ျဖစ္တတ္တဲ႔ ဆဲလ္ေတြေသဆံုးတာမ်ိဳး၊အေရျပားကင္ဆာဆဲလ္ေတြျဖစ္ေစတာမ်ိဳး စတဲ႔ေရာဂါေတြကေန ကာကြယ္ျပီးသားျဖစ္ေစလု႔ိ ညိဳညက္တဲ႔အသားအရည္ပုိင္ဆုိင္ထားရင္ သင္က ကံေကာင္းသူေလးပါပဲ။DNA ဆဲလ္ပ်က္စီးမႈကုိကာကြယ္ေပးျပီး လိုအပ္တ႔ဲေနေရာင္ျခည္ဓာတ္ကုိစုပ္ယူေပးလုိ႔ ခႏၶာကိုယ္အတြက္လည္း သင့္ေတာ္တဲ႔ေနေရာင္ျခည္ကိုရရွိေစပါတယ္။

အေရးအေၾကာင္းျဖစ္ျခင္းနဲ႔ အိုမင္းရင့္ေရာ္မႈေႏွးေကြးေစတယ္

ညိဳညက္တဲ႔အသားအရည္ပိုင္ဆုိင္ထားသူေတြဟာ အေရးအေၾကာင္းျဖစ္တာလည္းေႏွးေကြးတဲ႔အတြက္ သူမ်ားေတြနဲ႔ယွဥ္ရင္ ကုိယ္ကပုိျပီးႏုပ်ိဳေနမွာပါ။သတိထားၾကည့္မယ္ဆုိရင္ ညိဳညက္တဲ႔အသားအရည္ပိုင္ရွင္ေတြဟာ ၀က္ျခံအမည္းစက္ျဖစ္တာလည္းရွားပါးသလုိ ေခ်ာေမြ႔တဲ႔အသားအရည္မ်ိဳးျဖစ္ေနတာ ေတြ႔မွာပါ။

ခရီးထြက္ရင္အသားညိဳမည္းသြားမွာစိတ္ပူစရာမလို

ပင္လယ္ကမ္းေျခခရီး၊ေတာင္တက္ခရီးသြားတဲ႔အခါမ်ိဳးမွာ ငါ့အသားေလးမ်ားမည္းသြားမလား ညိဳသြားမလားဆုိျပီး စိတ္ပူစရာမလိုေတာ့ပါဘူး။အသားျဖဴတဲ႔သူေတြကေတာ့ ေရကူးျပီးသြားရင္ေတာင္ အသားကညိဳမည္းတတ္ျပီး ျပန္ျဖဴဖုိ႔ကလည္းမလြယ္ေတာ့ လံုျခံဳေအာင္၀တ္စားရ၊ဖံုးဖိရနဲ႔
အစစအရာရာစဥ္းစားရပါတယ္။ဒါေပမဲ႔ အသားညိဳတဲ႔သူေတြကေတာ့ အဲ႔ဒါေတြစိတ္ပူေနစရာမလိုပဲ Suncream ေလးပံုမွန္လိမ္းေပးရံုနဲ႔ စိတ္ဖိစီးမႈမရွိေပ်ာ္ရႊင္ႏုိင္ပါတယ္။အသားညိဳေလ ေနေရာင္ျခည္ဒဏ္ကုိပုိျပီးခုခံႏုိင္ေလပါပဲ။

ဓာတ္ပံုစားတယ္

အသားအရည္ညိဳျပာညက္သူေတြဟာ ဓာတ္ပံုရုိက္တဲ႔အခါမွာလည္းသူမ်ားေတြထက္ ပုိထင္ရွားျပီး ထင္းေနတတ္ပါတယ္။နဂိုေခ်ာေမြ႔စိုျပည္တဲ႔အသားအရည္မွာ အလင္းေလးနည္းနည္းထည့္လိုက္တာနဲ႔ ေဘာလိ၀ုဒ္မင္းသမီးေလးေတြလို လွပတဲ႔ပံုရိပ္ေလးကုိ ရရွိေစပါတယ္။တစ္ခိ်ဳ႔အသားျဖဴတဲ႔သူေတြဆိုရင္ အသားညိဳညိဳစုိစုိနဲ႔မိန္းကေလးကုိေတြ႔ရင္ အားက်ေနတတ္တာပါ။

ဒါေတြကေတာ့ အသားညိဳတဲ႔မိန္းကေလးေတြရဲ ႔အားသာခ်က္ေလးေတြပါပဲ။ဒီလုိအသားအရည္ညိဳညိဳေလးကုိ ဘယ္လိုစုိျပည္ေအာင္ထိန္းသိမ္းရမလဲဆုိတာ Tips ေလးေတြ ၾကည့္လုိက္ပါဦး

ေန႔တုိင္း အသားအရည္ကုိ အစုိဓာတ္ျဖည့္ေပးပါ။ညိဳညက္တဲ႔အသားအရည္ဟာ ေျခာက္ေသြ႔လြယ္တာေၾကာင့္ အစုိဓာတ္ျပည့္ေနေအာင္ဂရုစုိက္ဖုိ႔လိုပါတယ္။

ႏွစ္ပတ္ကုိ တစ္ခါေလာက္ ဆဲလ္ေသေတြေခ်းခြ်တ္ပါ။သဘာ၀အသီးအႏွံေလးေတြနဲ႔ဆုိရင္ ပုိျပီးစုိျပည္လန္းဆန္းေစမွာပါ။

ေနပူထဲထြက္တဲ႔အခါ SPF 15 ဒါမွမဟုတ္ 15 ထက္ေက်ာ္လြန္တဲ႔ sunscreen သံုးဖုိ႔မေမ့ပါနဲ႔

က်န္းမာေရးနဲ႔ညီညြတ္မ်ွတေအာင္စားေသာက္ျပီး တစ္ေန႔ကုိ ေရအနည္းဆံုး ၈ခြက္ေသာက္ေပးပါ။

ဒီလုိေလးပံုမွန္ထိန္းသိမ္းသြားမယ္ဆုိရင္ ကုိယ့္ရဲ႔အသားအရည္ေလးဟာ ညိဳညိဳစုိစုိေလးနဲ႔ အျမဲလွေနေတာ့မွာပါ။


Credit:Trend

# Unicode Version ျဖင့္ ဖတ္ပါ #

အသားညိုတယ်ဆိုပြီး  စိတ်အားငယ်စရာမလိုပါဘူးနော်။အသားညိုသူလေးတွေမှာသာ ဒီလိုကောင်းကျိုးလေးတွေရှိနိုင်တာပါ။ဘယ်လိုကောင်းကွက်လေးတွေလဲဆိုရင်…

နေရောင်ခြည်ဒဏ်ကိုပိုပြီးကာကွယ်နိုင်တယ်

အသားညိုသူတွေမှာ အသားဖြူတဲ့သူတွေထက် Melanin လို့ခေါ်တဲ့ နေရောင်ခြည်ကနေကာကွယ်ပေးနိုင်တဲ့ဓာတ်တွေပိုများပါတယ်။ဒါကြောင့် တော်ရုံတန်ရုံနေပူထဲထွက်တာနဲ့အသားအရည်နီမြန်းလာတာ၊အဖုအပိန့်ထတာ၊အနီကွက်ဖြစ်တာမျိုး မဖြစ်စေပါဘူး။ဒါပေမဲ့ အသားညိုသူတွေဟာလည်း ကိုယ့်အသားအရည်ထိန်းသိမ်းတဲ့အနေနဲ့ sunblock တွေ moisturizer တွေလိမ်းပေးသင့်ပါတယ်။

အရေပြားကင်ဆာဖြစ်ခြင်းမှကာကွယ်ပေးတယ်

နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးတဲ့ဓာတ်တွေ အသားညိုသူတွေမှာ ပိုများတဲ့အတွက် အရေပြားနဲ့ပတ်သက်တဲ့ရောဂါတွေကိုလည်း မဖြစ်စေပါဘူး။နေရောင်ခြည်ကြောင့်ဖြစ်တတ်တဲ့ ဆဲလ်တွေသေဆုံးတာမျိုး၊အရေပြားကင်ဆာဆဲလ်တွေဖြစ်စေတာမျိုး စတဲ့ရောဂါတွေကနေ ကာကွယ်ပြီးသားဖြစ်စေလု့ိ ညိုညက်တဲ့အသားအရည်ပိုင်ဆိုင်ထားရင် သင်က ကံကောင်းသူလေးပါပဲ။DNA ဆဲလ်ပျက်စီးမှုကိုကာကွယ်ပေးပြီး လိုအပ်တဲ့နေရောင်ခြည်ဓာတ်ကိုစုပ်ယူပေးလို့ ခန္ဓာကိုယ်အတွက်လည်း သင့်တော်တဲ့နေရောင်ခြည်ကိုရရှိစေပါတယ်။

အရေးအကြောင်းဖြစ်ခြင်းနဲ့ အိုမင်းရင့်ရော်မှုနှေးကွေးစေတယ်

ညိုညက်တဲ့အသားအရည်ပိုင်ဆိုင်ထားသူတွေဟာ အရေးအကြောင်းဖြစ်တာလည်းနှေးကွေးတဲ့အတွက် သူများတွေနဲ့ယှဉ်ရင် ကိုယ်ကပိုပြီးနုပျိုနေမှာပါ။သတိထားကြည့်မယ်ဆိုရင် ညိုညက်တဲ့အသားအရည်ပိုင်ရှင်တွေဟာ ဝက်ခြံအမည်းစက်ဖြစ်တာလည်းရှားပါးသလို ချောမွေ့တဲ့အသားအရည်မျိုးဖြစ်နေတာ တွေ့မှာပါ။

ခရီးထွက်ရင်အသားညိုမည်းသွားမှာစိတ်ပူစရာမလို

ပင်လယ်ကမ်းခြေခရီး၊တောင်တက်ခရီးသွားတဲ့အခါမျိုးမှာ ငါ့အသားလေးများမည်းသွားမလား ညိုသွားမလားဆိုပြီး စိတ်ပူစရာမလိုတော့ပါဘူး။အသားဖြူတဲ့သူတွေကတော့ ရေကူးပြီးသွားရင်တောင် အသားကညိုမည်းတတ်ပြီး ပြန်ဖြူဖို့ကလည်းမလွယ်တော့ လုံခြုံအောင်ဝတ်စားရ၊ဖုံးဖိရနဲ့
အစစအရာရာစဉ်းစားရပါတယ်။ဒါပေမဲ့ အသားညိုတဲ့သူတွေကတော့ အဲ့ဒါတွေစိတ်ပူနေစရာမလိုပဲ Suncream လေးပုံမှန်လိမ်းပေးရုံနဲ့ စိတ်ဖိစီးမှုမရှိပျော်ရွှင်နိုင်ပါတယ်။အသားညိုလေ နေရောင်ခြည်ဒဏ်ကိုပိုပြီးခုခံနိုင်လေပါပဲ။

ဓာတ်ပုံစားတယ်

အသားအရည်ညိုပြာညက်သူတွေဟာ ဓာတ်ပုံရိုက်တဲ့အခါမှာလည်းသူများတွေထက် ပိုထင်ရှားပြီး ထင်းနေတတ်ပါတယ်။နဂိုချောမွေ့စိုပြည်တဲ့အသားအရည်မှာ အလင်းလေးနည်းနည်းထည့်လိုက်တာနဲ့ ဘောလိဝုဒ်မင်းသမီးလေးတွေလို လှပတဲ့ပုံရိပ်လေးကို ရရှိစေပါတယ်။တစ်ချို့အသားဖြူတဲ့သူတွေဆိုရင် အသားညိုညိုစိုစိုနဲ့မိန်းကလေးကိုတွေ့ရင် အားကျနေတတ်တာပါ။

ဒါတွေကတော့ အသားညိုတဲ့မိန်းကလေးတွေရဲ့အားသာချက်လေးတွေပါပဲ။ဒီလိုအသားအရည်ညိုညိုလေးကို ဘယ်လိုစိုပြည်အောင်ထိန်းသိမ်းရမလဲဆိုတာ Tips လေးတွေ ကြည့်လိုက်ပါဦး

နေ့တိုင်း အသားအရည်ကို အစိုဓာတ်ဖြည့်ပေးပါ။ညိုညက်တဲ့အသားအရည်ဟာ ခြောက်သွေ့လွယ်တာကြောင့် အစိုဓာတ်ပြည့်နေအောင်ဂရုစိုက်ဖို့လိုပါတယ်။

နှစ်ပတ်ကို တစ်ခါလောက် ဆဲလ်သေတွေချေးချွတ်ပါ။သဘာဝအသီးအနှံလေးတွေနဲ့ဆိုရင် ပိုပြီးစိုပြည်လန်းဆန်းစေမှာပါ။

နေပူထဲထွက်တဲ့အခါ SPF 15 ဒါမှမဟုတ် 15 ထက်ကျော်လွန်တဲ့ sunscreen သုံးဖို့မမေ့ပါနဲ့

ကျန်းမာရေးနဲ့ညီညွတ်မျှတအောင်စားသောက်ပြီး တစ်နေ့ကို ရေအနည်းဆုံး ၈ခွက်သောက်ပေးပါ။

ဒီလိုလေးပုံမှန်ထိန်းသိမ်းသွားမယ်ဆိုရင် ကိုယ့်ရဲ့အသားအရည်လေးဟာ ညိုညိုစိုစိုလေးနဲ့ အမြဲလှနေတော့မှာပါ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top