iMyanmarHouse.com - Best Property Website for Myanmar
×







Credit:Burmese.asia

# Unicode Version ဖြင့် ဖတ်ပါ #

နိုင်ငံကျော် အဆိုတော် မလေး အေသင်ချိုဆွေ ဟာဆိုင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက ချစ်စရာကောင်းတဲ့ သမီးလေးနဲ့အတူ အနုပညာအလုပ်တွေကြိုးစားလုပ်ရင်း အေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ချစ်ပရိသတ်တွေအတွက် အေသင်ချိုဆွေ ကသမီးလေး Ivy အတွက် သီဆိုထားတဲ့ သီချင်းလေး ကိုဖော်ပြပေးလိုက်ပါတယ်နော်။

အဆိုတော် အိမ့်ချစ်က အေသင်ချိုဆွေရဲ့ အကြောင်းကို ရေးစပ်ထားတာဖြစ်ပြီး သမီးလေး Ivy လေးကို ရည်ရွယ်ပြီးရေးစပ်ထားတာလို့သိရပါတယ်။ သီချင်းလေးရဲ့ နာမည်က for my little girl သမီးလေးအတွက် ဆိုတဲ့ သီချင်းလေးပဲဖြစ်ပါတယ်။

အေသင်ချိုဆွေရဲ့ ငယ်ရွယ်စဉ်အချစ်ကို ကိုးကွယ် ခဲ့ပြီး ဘဝကိုပုံအောချစ်ခဲ့ရာမှာ နောက်ဆုံးထားခဲ့ခြင်းခံခဲ့ရတဲ့ ဘဝ၊ သမီးလေးနဲ့ ဘဝကိုရင်ဆိုင်ဖြေရှင်းရင်းရှောင်တိမ်းလို့ ပြေးထွက်သွားတဲ့ အဖေ ဆိုတာကိုမမျှော်လင့်နဲ့ဆိုပြီး သမီးလေးကို ပြောပြထားတဲ့စသားတွေက ရင်ထဲကို ထိစေပါတယ်။

နိုင်ငံကျော်အဆိုတော် အေသင်ချိုဆွေရဲ့ သမီးလေးအတွက် ရည်ရွယ်ပြီးသီဆိုထားတဲ့ သီချင်းလေးကို ပရိသတ်တွေသဘောကျကြမှာပါ။ ကြည့်ရူပေးကြတဲ့ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top