iMyanmarHouse.com - Best Property Website for Myanmar
×



အစားအစာေတြကို ပူပူေႏြးေႏြးစားသုံးတာဟာ က်န္းမာေရးနဲ႔ ညီၫြတ္တယ္ဆိုေပမယ့္ တခ်ိဳ႕ေသာအစားအစာ ေတြကေတာ့ ျပန္ေႏႊးၿပီး စားေသာက္တဲ့အခါ က်န္းမာေရးအတြက္ အႏၲရာယ္ရွိႏိုင္တာေၾကာင့္ ဘယ္လိုအစားအစာေတြကို မိုက္ခ႐ိုေဝ့ဖ္ထဲ ျပန္အပူေပးၿပီး မစားသင့္ဘူးလဲဆိုတာကို ေဖာ္ျပေပးလိုက္ရပါတယ္။

(၁) အာလူး

အာလူးကို ခ်က္ျပဳတ္ေၾကာ္ေလွာ္ၿပီးတဲ့အခါမ်ိဳးမွာ ျဖစ္ႏိုင္ရင္ ခ်က္ခ်င္းစားသုံးေပးသင့္ပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ေတာ့ ခ်က္ျပဳတ္ၿပီးသား အာလူးဟာ အခန္းအပူခ်ိန္မွာၾကာၾကာထားမယ္ဆိုရင္ botulism လို႔ေခၚတဲ့ ဘက္တီးရီးယား ေပါက္ဖြားမႈကို ျဖစ္ေစႏိုင္ၿပီး အဲဒီဘက္တီးရီးယားဟာ ဦးေႏွာက္နဲ႔အာ႐ုံေၾကာကို ထိခိုက္ေစႏိုင္ပါတယ္။ ဒါေၾကာင့္မလို႔ စားလို႔ပိုတဲ့ အာလူးဟင္းေတြကို ျပန္ေႏႊးမစားသင့္ပါဘူး။

(၂) ထမင္း

ခ်က္ျပဳတ္ၿပီးသားထမင္းကို ေနာက္တႀကိမ္ျပန္ေႏႊးၿပီး စားသုံးျခင္းဟာ တခါတရံမွာ အစာအဆိပ္သင့္ျခင္းနဲ႔ အစာမေၾကျခင္းေတြကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ေတာ့ ဆန္ေစ့ရဲ႕မ်က္ႏွာျပင္ေပၚက ဘက္တီးရီးယား ေတြဟာ အပူနဲ႔ထိေတြ႕တဲ့အခါ အလြယ္တကူမေသႏိုင္တဲ့အျပင္ ခ်က္ၿပီးသားထမင္းကို အခန္းအပူခ်ိန္မွာ ၾကာၾကာထား ရင္လည္း ဘက္တီးရီးယားေပါက္ဖြားမႈကို ျဖစ္ေစႏိုင္တာေၾကာင့္ပဲ ျဖစ္ပါတယ္။

(၃) မႈိ

ခ်က္ျပဳတ္ၿပီးသားမႈိကို ေနာက္တႀကိမ္ျပန္အပူေပးၿပီး စားသုံးျခင္းဟာ အစာေျခဖ်က္မႈဆိုင္ရာ က်န္းမာေရးျပႆနာေတြ ျဖစ္ေပၚႏိုင္တဲ့အျပင္ က်န္းမာေရးအတြက္လည္း အႏၲရာယ္မ်ားတာေၾကာင့္ ျပန္အပူေပးစားသုံးျခင္းကို ေရွာင္ၾကဥ္ သင့္ပါတယ္။

(၄) ဟင္းသီးဟင္း႐ြက္ေၾကာ္

ဘယ္လိုအသီးအ႐ြက္မ်ိဳးမဆို ေၾကာ္ခ်က္ၿပီးသားကို ေနာက္တႀကိမ္ထပ္မံ အပူေပးစားသုံးတဲ့အခါ အာဟာရတန္ဖိုးေတြ ဆုံးရႈံးေစႏိုင္တဲ့အျပင္ ခႏၶာကိုယ္က်န္းမာေရးကို ဆိုးက်ိဳးျဖစ္ေစတဲ့ ႏိုက္ထရိတ္ျဒပ္ေတြ ထြက္ရွိလာတာေၾကာင့္ ျပန္အပူေပး မစားသုံးသင့္ပါဘူး။

Credit:Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

အစားအစာတွေကို ပူပူနွေးနွေးစားသုံးတာဟာ ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမယ့် တချို့သောအစားအစာ တွေကတော့ ပြန်နွှေးပြီး စားသောက်တဲ့အခါ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်တာကြောင့် ဘယ်လိုအစားအစာတွေကို မိုက်ခရိုဝေ့ဖ်ထဲ ပြန်အပူပေးပြီး မစားသင့်ဘူးလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) အာလူး

အာလူးကို ချက်ပြုတ်ကြော်လှော်ပြီးတဲ့အခါမျိုးမှာ ဖြစ်နိုင်ရင် ချက်ချင်းစားသုံးပေးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ ချက်ပြုတ်ပြီးသား အာလူးဟာ အခန်းအပူချိန်မှာကြာကြာထားမယ်ဆိုရင် botulism လို့ခေါ်တဲ့ ဘက်တီးရီးယား ပေါက်ဖွားမှုကို ဖြစ်စေနိုင်ပြီး အဲဒီဘက်တီးရီးယားဟာ ဦးနှောက်နဲ့အာရုံကြောကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်မလို့ စားလို့ပိုတဲ့ အာလူးဟင်းတွေကို ပြန်နွှေးမစားသင့်ပါဘူး။

(၂) ထမင်း

ချက်ပြုတ်ပြီးသားထမင်းကို နောက်တကြိမ်ပြန်နွှေးပြီး စားသုံးခြင်းဟာ တခါတရံမှာ အစာအဆိပ်သင့်ခြင်းနဲ့ အစာမကြေခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ ဆန်စေ့ရဲ့မျက်နှာပြင်ပေါ်က ဘက်တီးရီးယား တွေဟာ အပူနဲ့ထိတွေ့တဲ့အခါ အလွယ်တကူမသေနိုင်တဲ့အပြင် ချက်ပြီးသားထမင်းကို အခန်းအပူချိန်မှာ ကြာကြာထား ရင်လည်း ဘက်တီးရီးယားပေါက်ဖွားမှုကို ဖြစ်စေနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

(၃) မှို

ချက်ပြုတ်ပြီးသားမှိုကို နောက်တကြိမ်ပြန်အပူပေးပြီး စားသုံးခြင်းဟာ အစာခြေဖျက်မှုဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်နိုင်တဲ့အပြင် ကျန်းမာရေးအတွက်လည်း အန္တရာယ်များတာကြောင့် ပြန်အပူပေးစားသုံးခြင်းကို ရှောင်ကြဉ် သင့်ပါတယ်။

(၄) ဟင်းသီးဟင်းရွက်ကြော်

ဘယ်လိုအသီးအရွက်မျိုးမဆို ကြော်ချက်ပြီးသားကို နောက်တကြိမ်ထပ်မံ အပူပေးစားသုံးတဲ့အခါ အာဟာရတန်ဖိုးတွေ ဆုံးရှုံးစေနိုင်တဲ့အပြင် ခန္ဓာကိုယ်ကျန်းမာရေးကို ဆိုးကျိုးဖြစ်စေတဲ့ နိုက်ထရိတ်ဒြပ်တွေ ထွက်ရှိလာတာကြောင့် ပြန်အပူပေး မစားသုံးသင့်ပါဘူး။

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top