iMyanmarHouse.com - Best Property Website for Myanmar
×



ေဆာင္းရာသီရဲ႕ေအးစက္စက္ ရာသီဥတုနဲ႔ တိုက္ခတ္တဲ့ေလေတြဟာ အသားအေရရဲ႕ အစိုဓာတ္ကို ခမ္းေျခာက္ေစၿပီး အသားပပ္ျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။ အသားအေရေတြ ေျခာက္ေသြ႕ယားယံၿပီး အသားပပ္တဲ့အခါမ်ိဳးမွာ အခုေဖာ္ျပေပးမယ့္ နည္းလမ္းေတြနဲ႔ သက္သာေပ်ာက္ကင္းေအာင္ ျပဳလုပ္ႏိုင္မွာပဲ ျဖစ္ပါတယ္။

(၁) ေဆာင္းရာသီအတြက္ေတာ့ သာမန္ေရခ်ိဳးဆပ္ျပာေတြဟာ အသားအေရရဲ႕အစိုဓာတ္ကို ခမ္းေျခာက္ေစႏိုင္တာေၾကာင့္ အဆီဓာတ္ပါတဲ့ သဘာဝပစၥည္းေတြကို အေျခခံျပဳလုပ္ထားတဲ့ ဆပ္ျပာမ်ိဳးကို ေ႐ြးခ်ယ္အသုံးျပဳသင့္ပါတယ္။

(၂) အသားအေရေတြ ယားယံၿပီး အသားပပ္ေနတဲ့ အေရျပားေနရာကို အုန္းဆီ ဒါမွမဟုတ္ သံလြင္ဆီကို ညအိပ္ရာဝင္ကာ နီးတိုင္း လိမ္းေပးျခင္းအားျဖင့္ အသားအေရေတြ ေျခာက္ေသြ႕ယားယံျခင္းကို သက္သာေပ်ာက္ကင္းေစမွာပဲ ျဖစ္ပါတယ္။

(၃) အသားပပ္ျခင္းကို သက္သာေစဖို႔အတြက္ ေနာက္ထပ္အေရးႀကီးတဲ့ နည္းလမ္းတခုကေတာ့ အစိုဓာတ္ထိန္းခရင္မ္ (moisturizer) ေတြကို ပုံမွန္အသုံးျပဳေပးဖို႔ပဲ ျဖစ္ပါတယ္။

(၄) အသားပပ္ျခင္းကို ကာကြယ္ေပးႏိုင္တဲ့ အ႐ိုးရွင္းဆုံး ေနာက္ထပ္နည္းလမ္းတခုကေတာ့ ေရမ်ားမ်ားေသာက္ေပးျခင္းပဲ ျဖစ္ပါတယ္။ ခႏၶာကိုယ္မွာ ေရဓာတ္ခမ္းေျခာက္ေနတဲ့အခါမ်ိဳးမွာ အသားအေရဟာ ပိုမိုေျခာက္ေသြ႕တတ္တာေၾကာင့္ ေရမ်ားမ်ားေသာက္ေပးဖို႔ကိုလည္း မေမ့မေလ်ာ့ ျပဳလုပ္ေပးသင့္ပါတယ္။

(၅) ေရၾကာၾကာခ်ိဳးျခင္းနဲ႔ မၾကာခဏေရခ်ိဳးျခင္းတို႔ဟာ အသားအေရရဲ႕ အဆီဓာတ္ကို ခမ္းေျခာက္ေစႏိုင္တာေၾကာင့္ ေရခ်ိဳးတဲ့အခါ အခ်ိန္ၾကာၾကာ မခ်ိဳးသင့္ပါဘူး။ သင္ဟာ ေရမၾကာခဏခ်ိဳးတတ္သူတဦးဆိုရင္ေတာ့ ေရခ်ိဳးၿပီးတဲ့အခါ အစိုဓာတ္ထိန္းခရင္မ္ကို မျဖစ္မေန လိမ္းေပးသင့္ပါတယ္။

Credit:Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

ဆောင်းရာသီရဲ့အေးစက်စက် ရာသီဥတုနဲ့ တိုက်ခတ်တဲ့လေတွေဟာ အသားအရေရဲ့ အစိုဓာတ်ကို ခမ်းခြောက်စေပြီး အသားပပ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အသားအရေတွေ ခြောက်သွေ့ယားယံပြီး အသားပပ်တဲ့အခါမျိုးမှာ အခုဖော်ပြပေးမယ့် နည်းလမ်းတွေနဲ့ သက်သာပျောက်ကင်းအောင် ပြုလုပ်နိုင်မှာပဲ ဖြစ်ပါတယ်။

(၁) ဆောင်းရာသီအတွက်တော့ သာမန်ရေချိုးဆပ်ပြာတွေဟာ အသားအရေရဲ့အစိုဓာတ်ကို ခမ်းခြောက်စေနိုင်တာကြောင့် အဆီဓာတ်ပါတဲ့ သဘာဝပစ္စည်းတွေကို အခြေခံပြုလုပ်ထားတဲ့ ဆပ်ပြာမျိုးကို ရွေးချယ်အသုံးပြုသင့်ပါတယ်။

(၂) အသားအရေတွေ ယားယံပြီး အသားပပ်နေတဲ့ အရေပြားနေရာကို အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီကို ညအိပ်ရာဝင်ကာ နီးတိုင်း လိမ်းပေးခြင်းအားဖြင့် အသားအရေတွေ ခြောက်သွေ့ယားယံခြင်းကို သက်သာပျောက်ကင်းစေမှာပဲ ဖြစ်ပါတယ်။

(၃) အသားပပ်ခြင်းကို သက်သာစေဖို့အတွက် နောက်ထပ်အရေးကြီးတဲ့ နည်းလမ်းတခုကတော့ အစိုဓာတ်ထိန်းခရင်မ် (moisturizer) တွေကို ပုံမှန်အသုံးပြုပေးဖို့ပဲ ဖြစ်ပါတယ်။

(၄) အသားပပ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ အရိုးရှင်းဆုံး နောက်ထပ်နည်းလမ်းတခုကတော့ ရေများများသောက်ပေးခြင်းပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်နေတဲ့အခါမျိုးမှာ အသားအရေဟာ ပိုမိုခြောက်သွေ့တတ်တာကြောင့် ရေများများသောက်ပေးဖို့ကိုလည်း မမေ့မလျော့ ပြုလုပ်ပေးသင့်ပါတယ်။

(၅) ရေကြာကြာချိုးခြင်းနဲ့ မကြာခဏရေချိုးခြင်းတို့ဟာ အသားအရေရဲ့ အဆီဓာတ်ကို ခမ်းခြောက်စေနိုင်တာကြောင့် ရေချိုးတဲ့အခါ အချိန်ကြာကြာ မချိုးသင့်ပါဘူး။ သင်ဟာ ရေမကြာခဏချိုးတတ်သူတဦးဆိုရင်တော့ ရေချိုးပြီးတဲ့အခါ အစိုဓာတ်ထိန်းခရင်မ်ကို မဖြစ်မနေ လိမ်းပေးသင့်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top