iMyanmarHouse.com - Best Property Website for Myanmar
×



ေထာပတ္သီးက အလွအပ၊အသားအရည္နဲ႔က်န္းမာေရးအတြက္ အသံုး၀င္တဲ႔အသီးအႏွံဆုိတာမွန္ပါတယ္။ဒါေပမဲ႔ ေထာပတ္သီးအမ်ားၾကီးစားမိတဲ႔အခါ ဒီလုိဆုိးက်ိဳးေတြျဖစ္ေစပါတယ္တဲ႔။ေကာင္းက်ိဳးေတြသိျပီးျပီဆုိရင္ ဘယ္လုိဆုိးက်ိဳးေတြျဖစ္ႏုိင္လဲဆုိတာကုိလည္း က်န္းမာေရးဗဟုသုတအေနနဲ႔သိထားသင့္ပါတယ္။

*ကုိယ္၀န္ေဆာင္ခ်ိန္နဲ႔ ရင္ေသြးငယ္ႏုိ႔တုိက္ေကြ်းခ်ိန္မွာ မစားသင့္
ေထာပတ္သီးကုိ ကုိယ္၀န္ေဆာင္တဲ႔အခ်ိန္နဲ႔ ကေလးႏုိ႔တုိက္ေနခိ်န္မွာမစားသင့္ပါဘူး။ေထာပတ္သီးစားလုိက္မယ္ဆုိရင္ မိခင္ႏုိ႔ရည္ထုတ္လုပ္မႈကုိ ေလ်ွာ့ခ်တဲ႔အျပင္ ႏု႔ိရည္ထုတ္ေပးရာ mammary gland ကုိလည္းပ်က္စီးေစတဲ႔အထိျဖစ္ေစပါတယ္။ဒါ့အျပင္ ကေလးရဲ႔အစာအိမ္အတြက္လည္းမေကာင္းေစဘူးလုိ႔သိရပါတယ္။

*Hypersensitivity ျဖစ္တတ္သူေတြမစားသင့္
ခဏခဏ Allergic ျဖစ္တတ္သူ၊အသားအရည္နီျမန္းယားယံတတ္သူေတြ ေထာပတ္သီးကုိမစားသင့္ပါဘူး။တကယ္လုိ႔စားမယ္ဆုိရင္ အေရျပားေရာဂါျဖစ္တာ၊ေအာ့အန္တာမ်ိဳးေတြျဖစ္တတ္ပါတယ္။


*Allergy ျဖစ္ေစတယ္
ေထာပတ္သီးဟာ အသားအရည္ကုိယားယံေစတယ္။နီျမန္းေစတယ္စတဲ႔အေရျပားျပႆနာေတြျဖစ္ပြားေစႏုိင္တဲ႔ဓာတ္ေတြပါ၀င္ေနပါတယ္။ဒါေၾကာင့္ကုိယ္က အရမ္းၾကိဳက္တယ္ဆုိရင္ေတာင္ အမ်ားၾကီးမစားသင့္ပါဘူး။ပါးစပ္အာသာေျပရံုပဲ စားေပးသ့င္ပါတယ္။

*ကုိယ္ခံအားနည္းသူေတြ ေထာပတ္သီးကုိမစားသင့္
ကိုယ္က ေထာပတ္သီးစားတုိင္း ယားယံတယ္၊ေအာ့အန္ခ်င္သလုိျဖစ္တယ္၊ေခါင္းကုိက္တယ္ဆုိရင္ ထပ္ျပီးမစားသင့္ေတာ့ပါဘူး။ေထာပတ္သီးစားတဲ႔သူအမ်ားစုဟာ အေအးမိတုပ္ေကြး၊ေအာ့အန္တာ၊ဖ်ားနာတာ၊အျမဲတမ္းအိပ္ခ်င္ေနျခင္း၊ပန္းနာျဖစ္ျခင္းစတဲ႔ ေ၀ဒနာေတြကုိ ခံစားရေၾကာင္းေလ့လာေတြ႔ရွိထားရပါတယ္။


*အသည္းကုိပ်က္စီးေစ
ေထာပတ္သီးအလြန္အကြ်ံစားတဲ႔အခါ ဆုိးဆုိး၀ါး၀ါးထိခိုက္ေစတဲ႔အရာတစ္ခုကေတာ့ အသည္းကုိထိခိုက္တာပါပဲ။ေထာပတ္သီးဆီဟာ အသည္းကုိတုိက္ရုိက္ထိခိုက္ေစတယ္လုိ႔သိရျပီး အထူးသျဖင့္ estragole နဲ႔ anethole ပါ၀င္တဲ႔မက္စီကန္ေထာပတ္သီးေတြကုိ မစားသင့္ပါဘူး။အဲ႔ဒါေတြဟာ အသည္းကုိုပိုျပီးပ်က္စီးေစပါတယ္။ဒါေၾကာင့္အသည္းနဲ႔ပတ္သက္တဲ႔ေရာဂါတစ္ခုခုရွိရင္ ေထာပတ္သီးအဆီေၾကာင့္အသည္းပ်က္စီးမႈမျဖစ္ရေအာင္ ေထာပတ္သီးစားတာကုိေရွာင္သင့္ပါတယ္။

*ကုိလက္စထေရာကိုေလ်ွာ့ခ်ေပးတယ္
ကုိလက္စထေရာကုိေလ်ွာ့ခ်ေပးတာက ေကာင္းမြန္တဲ႔အရာတစ္ခုပါ။ဒါေပမဲ႔ ေထာပတ္သီးအမ်ားၾကီးစားတဲ႔အခါ လိုအပ္တာထက္ပုိျပီး ကုိလက္စထေရာကုိေလ့်ာက်ေစပါတယ္။ခႏၶာကုိယ္အတြက္လိုအပ္တဲ႔ကုိလက္စထေရာကုိပါ စုပ္ယူပစ္လုိက္တ႔ဲအခါ အဲ႔ဒါက ကိုယ့္အတြက္ေဘးထြက္ဆုိးက်ိဳးတစ္ခုျဖစ္လာေစပါတယ္။

ဒါေၾကာင့္ ေထာပတ္သီးကုိၾကိဳက္တယ္ဆုိတုိင္းလည္း အမ်ားၾကီးမစားသင့္ပါဘူး။အဆာေျပရံုအေနအထားေလာက္ စားေပးတာက က်န္းမာေရးအတြက္ပုိျပီးသင့္ေတာ္ပါတယ္။

Credit:Trend
# Unicode Version ျဖင့္ ဖတ္ပါ #

ထောပတ်သီးက အလှအပ၊အသားအရည်နဲ့ကျန်းမာရေးအတွက် အသုံးဝင်တဲ့အသီးအနှံဆိုတာမှန်ပါတယ်။ဒါပေမဲ့ ထောပတ်သီးအများကြီးစားမိတဲ့အခါ ဒီလိုဆိုးကျိုးတွေဖြစ်စေပါတယ်တဲ့။ကောင်းကျိုးတွေသိပြီးပြီဆိုရင် ဘယ်လိုဆိုးကျိုးတွေဖြစ်နိုင်လဲဆိုတာကိုလည်း ကျန်းမာရေးဗဟုသုတအနေနဲ့သိထားသင့်ပါတယ်။

*ကိုယ်ဝန်ဆောင်ချိန်နဲ့ ရင်သွေးငယ်နို့တိုက်ကျွေးချိန်မှာ မစားသင့်
ထောပတ်သီးကို ကိုယ်ဝန်ဆောင်တဲ့အချိန်နဲ့ ကလေးနို့တိုက်နေချိန်မှာမစားသင့်ပါဘူး။ထောပတ်သီးစားလိုက်မယ်ဆိုရင် မိခင်နို့ရည်ထုတ်လုပ်မှုကို လျှော့ချတဲ့အပြင် နု့ိရည်ထုတ်ပေးရာ mammary gland ကိုလည်းပျက်စီးစေတဲ့အထိဖြစ်စေပါတယ်။ဒါ့အပြင် ကလေးရဲ့အစာအိမ်အတွက်လည်းမကောင်းစေဘူးလို့သိရပါတယ်။

*Hypersensitivity ဖြစ်တတ်သူတွေမစားသင့်
ခဏခဏ Allergic ဖြစ်တတ်သူ၊အသားအရည်နီမြန်းယားယံတတ်သူတွေ ထောပတ်သီးကိုမစားသင့်ပါဘူး။တကယ်လို့စားမယ်ဆိုရင် အရေပြားရောဂါဖြစ်တာ၊အော့အန်တာမျိုးတွေဖြစ်တတ်ပါတယ်။

*Allergy ဖြစ်စေတယ်
ထောပတ်သီးဟာ အသားအရည်ကိုယားယံစေတယ်။နီမြန်းစေတယ်စတဲ့အရေပြားပြဿနာတွေဖြစ်ပွားစေနိုင်တဲ့ဓာတ်တွေပါဝင်နေပါတယ်။ဒါကြောင့်ကိုယ်က အရမ်းကြိုက်တယ်ဆိုရင်တောင် အများကြီးမစားသင့်ပါဘူး။ပါးစပ်အာသာပြေရုံပဲ စားပေးသ့င်ပါတယ်။

*ကိုယ်ခံအားနည်းသူတွေ ထောပတ်သီးကိုမစားသင့်
ကိုယ်က ထောပတ်သီးစားတိုင်း ယားယံတယ်၊အော့အန်ချင်သလိုဖြစ်တယ်၊ခေါင်းကိုက်တယ်ဆိုရင် ထပ်ပြီးမစားသင့်တော့ပါဘူး။ထောပတ်သီးစားတဲ့သူအများစုဟာ အအေးမိတုပ်ကွေး၊အော့အန်တာ၊ဖျားနာတာ၊အမြဲတမ်းအိပ်ချင်နေခြင်း၊ပန်းနာဖြစ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရကြောင်းလေ့လာတွေ့ရှိထားရပါတယ်။

*အသည်းကိုပျက်စီးစေ
ထောပတ်သီးအလွန်အကျွံစားတဲ့အခါ ဆိုးဆိုးဝါးဝါးထိခိုက်စေတဲ့အရာတစ်ခုကတော့ အသည်းကိုထိခိုက်တာပါပဲ။ထောပတ်သီးဆီဟာ အသည်းကိုတိုက်ရိုက်ထိခိုက်စေတယ်လို့သိရပြီး အထူးသဖြင့် estragole နဲ့ anethole ပါဝင်တဲ့မက်စီကန်ထောပတ်သီးတွေကို မစားသင့်ပါဘူး။အဲ့ဒါတွေဟာ အသည်းကိုပိုပြီးပျက်စီးစေပါတယ်။ဒါကြောင့်အသည်းနဲ့ပတ်သက်တဲ့ရောဂါတစ်ခုခုရှိရင် ထောပတ်သီးအဆီကြောင့်အသည်းပျက်စီးမှုမဖြစ်ရအောင် ထောပတ်သီးစားတာကိုရှောင်သင့်ပါတယ်။

*ကိုလက်စထရောကိုလျှော့ချပေးတယ်
ကိုလက်စထရောကိုလျှော့ချပေးတာက ကောင်းမွန်တဲ့အရာတစ်ခုပါ။ဒါပေမဲ့ ထောပတ်သီးအများကြီးစားတဲ့အခါ လိုအပ်တာထက်ပိုပြီး ကိုလက်စထရောကိုလျေ့ာကျစေပါတယ်။ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ကိုလက်စထရောကိုပါ စုပ်ယူပစ်လိုက်တဲ့အခါ အဲ့ဒါက ကိုယ့်အတွက်ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်လာစေပါတယ်။

ဒါကြောင့် ထောပတ်သီးကိုကြိုက်တယ်ဆိုတိုင်းလည်း အများကြီးမစားသင့်ပါဘူး။အဆာပြေရုံအနေအထားလောက် စားပေးတာက ကျန်းမာရေးအတွက်ပိုပြီးသင့်တော်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top