iMyanmarHouse.com - Best Property Website for Myanmar
×












Credit:cele.lwinpyin

# Unicode Version ဖြင့် ဖတ်ပါ #

သုတေသီများက နှလုံးရောဂါအတွက် အဓိကအန္တရာယ်တွေဖြစ်တဲ့ (သွေးတိုးခြင်း၊ ကိုလက်စထရောများခြင်း၊ ဆီးချိုရောဂါအမျိုးအစား၂)နှင့်အတူ အရွယ်ရောက်ပြီးသူ သန်းကျော်ကို လေ့လာမှုပြုလုပ်ခဲ့ပါတယ်။

သင့်လက်တွဲဖော်နဲ့ ဒီအလေ့အကျင့်၁၀ခုထဲက အနည်းဆုံး၂ခုရှိပါက သင့်အိမ်ထောင်ရေး ကြာရှည်မြဲပါလိမ့်မယ်

သုတေသနအသစ်မှာ အိမ်ထောင်ရေးက ဘဝမှာကြာရှည်နေရဖို့ အတွက် အဓိကသော့ချက်ဖြစ်ကြောင်း အကြံပြုထားပါတယ်။ သိပ္ပံပညာရှင်များက သံယောဇဉ်ကြိုးချည်နှောင်ခြင်းက သွေးတိုးခြင်း၊ ကိုလက်စထရောနှင့်ဆီးချိုရောဂါကနေ သေဆုံးခြင်းအန္တရာယ်ကို လျှော့ချကြောင်း တွေ့ရှိခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ အစောပိုင်းလေ့လာမှုအချို့မှာ နှလုံးရောဂါခံစားနေရသူတွေသည် သူတို့လက်ထပ်လျှင် အသက်ပိုရှည်စွာနေရနှုန်း ရှိလိမ့်မယ်ဆိုတာ ပြသခဲ့တယ်လို့” ဗြိတိန်နိုင်ငံမှ Aston တက္ကသိုလ်က Rahul Potluri ကပြောပါတယ်။

သုတေသီများက နှလုံးရောဂါအတွက် အဓိကအန္တရာယ်တွေဖြစ်တဲ့ (သွေးတိုးခြင်း၊ ကိုလက်စထရောများခြင်း၊ ဆီးချိုရောဂါအမျိုးအစား၂)နှင့်အတူ အရွယ်ရောက်ပြီးသူ သန်းကျော်ကို လေ့လာမှုပြုလုပ်ခဲ့ပါတယ်။ သူတို့ဟာ ငါးနှစ်ကြာပြီးနောက်ပိုင်းမှာ နောက်ဆက်တွဲ သုတေသနပြုလုပ်ခဲ့ပါတယ်။ အဆိုပါအဖွဲ့သည် ကိုလက်စထရောမြင့်တဲ့သူတွေသည် သူတို့ လက်ထပ်ပြီး လေ့လာမှုအဆုံးမှာ အသက်ရှည်ရှည်နေရဖို့ ၁၆ရာခိုင်နှုန်းပိုများတယ်လို့ တွေ့ရှိခဲ့ပါတယ်။

ဆီးချိုရောဂါ၊ သွေးတိုးရှိတဲ့ လက်ထပ်ပြီးလူတွေနဲ့ တစ်ယောက်တည်းသူတွေကိုနှိုင်းယှဉ်ကြည့်တဲ့အခါ လက်ထပ်ပြီးသူများက ၁၄%နှင့် ၁၀% ပိုမိုမြင့်မားတဲ့ အသက်ရှင်ရပ်တည်မှုမျိုးရှိတယ်လို့ The Sun ကဖော်ပြခဲ့ပါတယ်။

သိပ္ပံပညာရှင်များက ဒီအခြေအနေများနှင့်အတူ လက်ထပ်ပြီးသူနဲ့ လက်မထပ်ရသေးသူအကြား ရှင်သန်မှုနှုန်း ခြားနားချက်ကို ယုံကြည်တယ်လို့ ပြောပါတယ်။ ဘာလို့လဲဆိုတော့ သူတို့လက်တွဲဖော်များမှ ဂရုစိုက်မှုနှင့်အားပေးမှု ရရှိတာကြောင့်လို့ဆိုပါတယ်။

 အိမ်ထောင်ဖက်ရှိသူများသည် သူတို့မှာ ဆေးဝါး၊ ကျန်းမာတဲ့အစားအစာ၊လေ့ကျင့်ခန်းအလုံအလောက်ရဖို့ ကပိုများပါတယ်။ Singleများ ထက် အဓိကကျန်းမာရေးအခြေအနေ ၃ခုမှ သေဆုံးမယ့်အန္တရာယ်ကို လျော့ချခြင်းဖြင့် ကျန်းမာရေးမှာ ၊နေမကောင်းတဲ့အခါမှာ သူတို့အတွက် ဂရုစိုက်ဖို့ တစ်စုံတစ်ယောက်ရှိပါတယ်။

ဒီတွေ့ရှိချက်က မိတ်ဆွေများ၊ မိသားစုများနှင့်အတူ ခိုင်မာတဲ့ ဝိုင်းဝန်းကူညီမှု ကွန်ယက်တည်ဆောက်နေသူ တွေအတွက်အားပေးရမယ့်အစား လက်ထပ်ဖို့ အကြောင်းပြချက်တစ်ခုအဖြစ် မရှုမြင်သင့်ပါဘူး။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top