iMyanmarHouse.com - Best Property Website for Myanmar
×


ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလတုန္းက Shopee ရဲ႕ အြန္လိုင္းေၾကာ္ျငာတခုဟာ ပါဝင္တဲ့ ကိုရီးယားမိန္းကေလး အဆိုေတာ္အဖြဲ႕ Blackpink ရဲ႕ အဝတ္အစားပုံစံေၾကာင့္ ေတာ္ေတာ္ေလး ေဝဖန္ခံခဲ့ရပါတယ္။

အဲဒီ ေၾကာ္ျငာထဲမွာ Blackpink အဖြဲ႕ဟာ လွ်ပ္ေပၚေလာ္လီတယ္လို႔ ေဝဖန္သူေတြကဆိုတဲ့ အဝတ္အစားေတြကို ဝတ္ဆင္ခဲ့တာေၾကာင့္ Maimon Herawati အမ်ိဳးသမီးကေန အစျပဳၿပီးေတာ့ အဲဒီေၾကာ္ျငာကို ျဖဳတ္ခ်ေပးေရး လက္မွတ္ထိုး ေတာင္းဆိုတာေတြ စခဲ့ပါတယ္။

အဲဒါကို တုံ႔ျပန္တဲ့အေနနဲ႔ အင္ဒိုနီးရွား ႐ုပ္သံလႊင့္ ေကာ္မရွင္ကလည္း ေၾကာ္ျငာထုတ္လႊင့္မႈေတြအတြက္ ႐ုပ္သံဌာန ၁၁ ခုကို သတိေပးစာေပးပို႔ၿပီး အခ်က္အလက္ေတြ ဖန္တီးတဲ့ေနရာမွာ သတိထားၾကဖို႔ တိုက္တြန္းခဲ့ပါတယ္။
အင္ဒိုနီးရွားမွာ အဲဒီအျငင္းပြားဖြယ္ ေၾကာ္ျငာျပႆနာျဖစ္ပြားၿပီး ၁ လေလာက္ၾကာၿပီးတဲ့အခါ Shopee ဟာ ေၾကာ္ျငာအသစ္တခုကို ဖန္တီးမႈေကာင္းေကာင္းနဲ႔ ထုတ္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

အဲဒီ Blackpink အဖြဲ႕ပဲ ပါဝင္ထားတဲ့ အဲဒီေၾကာ္ျငာမွာ အဖြဲ႕ရဲ႕ အဝတ္အစားေတြက နည္းနည္းေျပာင္းလဲသြားပါတယ္။ ဒါေပမဲ့ အရင္တုန္းက ႐ုပ္သံေၾကာ္ျငာနဲ႔ မတူတာက အဖြဲ႕ရဲ႕ ေျခေထာက္ေတြကို ေဖာ္ျပရမယ့္အစား ခါးေအာက္ပိုင္းက စလို႔ ခႏၶာကိုယ္ အစိတ္အပိုင္းေတြကို ပုံနဲ႔ေရးဆြဲထားတာပဲ ျဖစ္ပါတယ္။အဲဒီေၾကာ္ျငာဟာ အြန္လိုင္းနဲ႔ သတင္းစာေတြေပၚမွာ ပ်ံ႕ႏွံ႔ခဲ့ၿပီးတဲ့ေနာက္ တုံ႔ျပန္မႈေတာ္ေတာ္မ်ားမ်ား ရရွိခဲ့ပါတယ္။

Twitter အသုံးျပဳသူတဦးက “Shopee ရဲ႕ ေၾကာ္ျငာအသစ္ဖန္တီးသူဟာ အိုင္က်ဴ ၂၉၉ ေလာက္ရွိတယ္” လို႔ေျပာဆိုသလို တျခားတဦးကေတာ့ “ဖက္ရွင္အျမင္က ေတာ္ေတာ္ေလးေကာင္းတယ္။ ဆက္ဆံေရးအျမင္ဘက္ကေန ၾကည့္မယ္ဆိုရင္ ေအဂ်င္စီကေကာင္းတယ္။ မက္ေဆ့ခ်္ေပးခ်င္တာလည္း ေကာင္းတယ္။ Shopee မွာ ေဈးဝယ္ကို ငါ့ကို စိတ္ဝင္စားေစ တယ္” လို႔ ေဖာ္ျပေရးသားခဲ့ၾကပါတယ္။

Shopee ရဲ႕ ႏိုင္ငံလုံးဆိုင္ရာ Brand မန္ေနဂ်ာ Rezki Yanuar ကေတာ့ ဖန္တီးမႈမွာ အကန႔္အသတ္ မရွိဘူးဆိုတာကို ျပသဖို႔အတြက္ ကုမၸဏီက အဲဒီေၾကာ္ျငာကို ျပန္လည္တည္းျဖတ္ခဲ့တာ ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အရင္ အျငင္းပြားဖြယ္ကိစၥေၾကာင့္ e-commerce ကုမၸဏီေတြအေနနဲ႔ ပိုမိုေကာင္းမြန္ဖို႔ သင္ၾကားေပးခဲ့တာျဖစ္ၿပီး အျမင္ေတြ ထပ္ေျပာတာမ်ိဳး၊ အေခ်အတင္ အျငင္းခုံျဖစ္ၾကတာမ်ိဳး မလိုအပ္ဘဲ လူတိုင္းဟာ ကုမၸဏီရဲ႕ ဖန္တီးမႈတန္ဖိုးေတြကို နားလည္သေဘာႏိုင္ဖို႔ ရည္႐ြယ္တယ္လို႔ဆိုပါတယ္။

Credit: Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက Shopee ရဲ့ အွန်လိုင်းကြော်ငြာတခုဟာ ပါဝင်တဲ့ ကိုရီးယားမိန်းကလေး အဆိုတော်အဖွဲ့ Blackpink ရဲ့ အဝတ်အစားပုံစံကြောင့် တော်တော်လေး ဝေဖန်ခံခဲ့ရပါတယ်။

အဲဒီ ကြော်ငြာထဲမှာ Blackpink အဖွဲ့ဟာ လျှပ်ပေါ်လော်လီတယ်လို့ ဝေဖန်သူတွေကဆိုတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ခဲ့တာကြောင့် Maimon Herawati အမျိုးသမီးကနေ အစပြုပြီးတော့ အဲဒီကြော်ငြာကို ဖြုတ်ချပေးရေး လက်မှတ်ထိုး တောင်းဆိုတာတွေ စခဲ့ပါတယ်။

အဲဒါကို တုံ့ပြန်တဲ့အနေနဲ့ အင်ဒိုနီးရှား ရုပ်သံလွှင့် ကော်မရှင်ကလည်း ကြော်ငြာထုတ်လွှင့်မှုတွေအတွက် ရုပ်သံဌာန ၁၁ ခုကို သတိပေးစာပေးပို့ပြီး အချက်အလက်တွေ ဖန်တီးတဲ့နေရာမှာ သတိထားကြဖို့ တိုက်တွန်းခဲ့ပါတယ်။
အင်ဒိုနီးရှားမှာ အဲဒီအငြင်းပွားဖွယ် ကြော်ငြာပြဿနာဖြစ်ပွားပြီး ၁ လလောက်ကြာပြီးတဲ့အခါ Shopee ဟာ ကြော်ငြာအသစ်တခုကို ဖန်တီးမှုကောင်းကောင်းနဲ့ ထုတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီ Blackpink အဖွဲ့ပဲ ပါဝင်ထားတဲ့ အဲဒီကြော်ငြာမှာ အဖွဲ့ရဲ့ အဝတ်အစားတွေက နည်းနည်းပြောင်းလဲသွားပါတယ်။ ဒါပေမဲ့ အရင်တုန်းက ရုပ်သံကြော်ငြာနဲ့ မတူတာက အဖွဲ့ရဲ့ ခြေထောက်တွေကို ဖော်ပြရမယ့်အစား ခါးအောက်ပိုင်းက စလို့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ပုံနဲ့ရေးဆွဲထားတာပဲ ဖြစ်ပါတယ်။အဲဒီကြော်ငြာဟာ အွန်လိုင်းနဲ့ သတင်းစာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပြီးတဲ့နောက် တုံ့ပြန်မှုတော်တော်များများ ရရှိခဲ့ပါတယ်။

Twitter အသုံးပြုသူတဦးက “Shopee ရဲ့ ကြော်ငြာအသစ်ဖန်တီးသူဟာ အိုင်ကျူ ၂၉၉ လောက်ရှိတယ်” လို့ပြောဆိုသလို တခြားတဦးကတော့ “ဖက်ရှင်အမြင်က တော်တော်လေးကောင်းတယ်။ ဆက်ဆံရေးအမြင်ဘက်ကနေ ကြည့်မယ်ဆိုရင် အေဂျင်စီကကောင်းတယ်။ မက်ဆေ့ချ်ပေးချင်တာလည်း ကောင်းတယ်။ Shopee မှာ ဈေးဝယ်ကို ငါ့ကို စိတ်ဝင်စားစေ တယ်” လို့ ဖော်ပြရေးသားခဲ့ကြပါတယ်။

Shopee ရဲ့ နိုင်ငံလုံးဆိုင်ရာ Brand မန်နေဂျာ Rezki Yanuar ကတော့ ဖန်တီးမှုမှာ အကန့်အသတ် မရှိဘူးဆိုတာကို ပြသဖို့အတွက် ကုမ္ပဏီက အဲဒီကြော်ငြာကို ပြန်လည်တည်းဖြတ်ခဲ့တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အရင် အငြင်းပွားဖွယ်ကိစ္စကြောင့် e-commerce ကုမ္ပဏီတွေအနေနဲ့ ပိုမိုကောင်းမွန်ဖို့ သင်ကြားပေးခဲ့တာဖြစ်ပြီး အမြင်တွေ ထပ်ပြောတာမျိုး၊ အချေအတင် အငြင်းခုံဖြစ်ကြတာမျိုး မလိုအပ်ဘဲ လူတိုင်းဟာ ကုမ္ပဏီရဲ့ ဖန်တီးမှုတန်ဖိုးတွေကို နားလည်သဘောနိုင်ဖို့ ရည်ရွယ်တယ်လို့ဆိုပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top