iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူ၊အိမ္ေထာင္ဘက္က အျခားတစ္ေယာက္ေယာက္နဲ႕ေဖာက္ျပန္ေနၿပီဆိုုရင္အသဲနာၿပီး ေဒါသေတြထြက္၊

အျပစ္ေတြအျပန္အလွန္တင္၊ရန္ျဖစ္၊အအိ္ပ္ပ်က္အစားပ်က္ၿပီးရုုပ္ပ်က္ဆင္းပ်က္နဲ႔ ေသခ်င္ေလာက္ေအာင္ စိတ္ဆင္းရဲကိုယ္ဆင္းရဲ ျဖစ္ၾကရပါတယ္၊အခ်ိဳ႕ဆိုု ဘ၀ပ်က္၊အနာဂတ္မဲ႕တဲ႕အထိ ျဖစ္ၾကတာ ေတြ႕ရတယ္။

က်မအေနနဲ႕အဲဒီလိုု မျဖစ္ၾကေစလိုုပါဘူး။ အေရးၾကီးတာကေတာ႕ ေဖာက္ျပန္ခံရတဲ႕အခါကိုုယ္႔အတြက္ စိတ္ေရာရုုပ္ပါ ထိခိုု္္က္မႈ နည္းပါးစြာနဲ႕ အလွမပ်က္၊ ဘ၀မပ်က္ဘဲနဲ႕ ရွင္သန္ႏိုု္င္ဖိုု႕ပါပဲ။

တကယ္ေတာ႕ က်မတိုု႕အမ်ိဳးသမီးေတြက အိမ္ေထာင္သက္တမ္းရလာတာနဲ႕အမ ွ် အမ်ိဳးသားေတြထက္ အရြယ္က်တာ ျမန္ပါတယ္သားသမီးေတြ ေမြးလိုုက္ရတဲ႕အခါ ေသြးေတြအမ်ားၾကီး ဆံုုးရွံဳးခဲ႕ရတယ္၊ ကေလးမ်ားမ်ား ယူေလ ရုုပ္ျမန္ျမန္က်ေလပါပဲ၊

ဒါေပမဲ႕ မိန္းမတိုု႕ရ႕ဲေမတၱာစိတ္နဲ႕ သားသမီးကိုုသာမက လင္ကိုုပါ ေကာင္းရာမြန္ရာအစားအေသာက္ေတြေကၽြး၊ေကာင္းမြန္စြာ ၀တ္ဆင္ေပးၿပီး ျပဳစုုရင္း ထိန္းသိမ္းတတ္ၾကရပါတယ္။

ဒါေၾကာင္႔လည္း အခ်ိဳ႕မိန္းမေတြက အသက္ရလာတာနဲ႕အမ ွ် အသားအရည္တြန္႕တာ၊ အစားအေသာက္မွာလည္း ျခိဳးျခံတာေတြ၊ကေလးငယ္ငယ္ေလးနဲ႕အိမ္မႈကိစၥေတြစတဲ႕ စိတ္ဖိစီးမႈေတြက အမ်ိဳးသားေတြထက္ ပိုုခံစားၾကရပါတယ္။

အမ်ိဳးသားေတြက်ေတာ႕ အိမ္ေထာင္သက္ရလာေလ စိုုစိုုေျပေျပနဲ႕တင္႔တယ္လာၾကေလပါပဲ။အမ်ိဳးသားတစ္ေယာက္ အိမ္ေထာင္က်ၿပီးမွ အရင္ကထက္ပိုုၿပီး စိုုေျပတင္႔တယ္ေနတယ္ဆိုုရင္ သူ႕အမ်ိဳးသမီးရဲ႕ေက်းဇူးပါ၊

အမ်ိဳးသမီးတစ္ေယာက္ကလည္း အိမ္ေထာင္က်ၿပီးမွ ပိုုလွလာတယ္ ပိုုတင္႔တယ္လာတယ္ဆိုုရင္ သူ႕အမ်ိဳးသားရဲ႕ေက်းဇူးပါ။

အဲဒီလိုု ပိုတင္႔တယ္လာတဲ႕အခ်ိန္မွာ ကိုုယ္႔ဘ၀လက္တြဲေဖာ္ကိုုပဲျငီးေငြ႕သလိုုလိုုအသစ္ကိုုပဲတပ္မက္သလိုုလိုုနဲ႕ျဖစ္တတ္ၾကပါတယ္ဒီေန႕ေခတ္မွာေတာ႕အြန္လိုုင္းက ေတြ႕တဲ႕သူတိုုင္းပ်ိဳပ်ိဳ အိုုအိုု မသိ၊႕စိတ္သာယာမႈရွာရင္း လူခ်င္းေတြ႕ဖိုု႕ၾကိဳးစားၾကတယ္။

အဲဒီအခ်ိန္မွာ ကိုုယ္႔စိတ္ကိုုယ္ကိုု မထိန္းႏိုုင္တဲ႕သူေတြ၊ ေက်းဇူးတရားမသိတတ္တဲ႕သူေတြ(က်ား/မ)က ေဖာက္ျပန္တတ္ၾကပါတယ္။

အိမ္ေထာင္ေရးေဖာက္ျပန္ၿပီဆိုုတာ ကိုုယ္႔ရဲ႕လက္တြဲေဖာ္၊ေက်းဇူးရွင္အေပၚသစၥာေဖာက္ျခင္းပါပဲ။အဲဒီလိုု သစၥာေဖာက္ခံရၿပီဆိုုရင္ရင္နာေၾကကြဲၿပီး ဘာလုုပ္သင္႔သလဲဆိုုၿပီး နီးစပ္ရာကို အၾကံဥာဏ္ေတာင္းယူေလ႔ရွိၾကတယ္။

အခ်ိဳ႕က ေျပာတယ္၊ သစၥာမဲ႕တဲ႕သူ စိတ္ျပန္လည္လာေအာင္ ပိုုၿပီး ဂရုုစိုုက္ပါတဲ႕အခ်ိဳ႕က ေျပာတယ္၊ ဟိုုတစ္ေယာက္ကိုု ေတြ႕ၿပီး ေျပာၾကည္႔ ေတာင္းပန္ၾကည္႔ပါလားတဲ႕အခ်ိဳ႕က ေျပာတယ္၊ သားေတြသမီးေတြကိုု ပိုုဂရုုစိုုက္ၿပီး သူတိုု႕ဘက္ပါေအာင္ လုုပ္ခိုုင္းပါတဲ႕…။

အဲဒီနည္းလမ္းေတြဟာ က်မအျမင္မွာေတာ႕ ခံရတဲ႕သူအတြက္ မတရားလွပါဘူး။သူက အသစ္နဲ႕ေပ်ာ္ေနခ်ိန္မွာ ကိုုယ္က ကေလးေတြ ထိန္းၿပီး စိတ္ဖိစီးမႈေတြနဲ႕ အိမ္အလုုပ္ေတြနဲ႕ စိတ္ဆင္းရဲကိုုယ္ဆင္းရဲစြာ ျဖတ္သန္းရမွာလား၊

ၿပီးေတာ႕ …စိတ္ညစ္တိုုင္း ဘာသာေရးလုုပ္တယ္ဆိုုဦးေတာ႕ ကိုုယ္က ၂၄ နာရီလံု းဘာသာေရးလုုပ္ၿပီး ေနႏိုုင္သလား၊ေနႏိုုင္တယ္ဆိုုရင္ေတာ႕ အေကာင္းဆံုုးေပါ႕။

ဒါေၾကာင္႔ အေၾကာင္းေၾကာင္းေၾကာင္႔ သစၥာေဖာက္ခံေနရၿပီလိုု႕ ခံစားမိတာနဲ႕ အရင္ဆံုုး လုုပ္ရမွာက သူ႕ကိုု လိုုက္စူးစမ္းဖိုု႕ ရန္လုုပ္ဖိုု႕ မလိုုပါဘူး၊

သူ႕ကိုု မ်က္ေျခမျပတ္လိုုက္ၿပီး အကဲခတ္ေနရတာလည္း မလိုုပါဘူး၊ဟိုုတစ္ေယာက္ကိုု သြားေတြ႕ၿပီး ေတာင္းပန္စရာလည္း မလိုုပါဘူး၊ကေလးေတြမ်က္ႏွာၾကည္႔ပါ သစၥာမေဖာက္ပါနဲ႕လိုု႕ ကိုုယ္႔အိမ္ေထာင္ဘက္ကိုု ဒူးေထာက္ ေတာင္းပန္စရာမိလုုိဘူးအဲဒါေတြကိုု ကိုုယ္႔ကိုုယ္ပိုုၿပီး ထိခိုုက္နစ္နာေစပါတယ္။

ၿပီးေတာ႕ ေဒါသနဲ႕စိတ္မကိုု မထိန္းႏုုိင္ျဖစ္ၿပီး သူ႕ကိုု ရန္လုုပ္ၿပီး ကိုုယ္႔ကိုုယ္ကိုု ထိခိုုက္ေစမဲ႕ အလုုပ္ေတြ လုုပ္ေနမဲ႕အစားအဆင္ျမင္႔တဲ႕နည္းလမ္းနဲ႕ ကိုုယ္႔ကိုုယ္ကိုု ျပင္ဆင္လိုုက္ပါ။

ဒါေၾကာင္႕သစၥာေဖာက္ခံရၿပီလိုု႕သိလိုုက္တာနဲ႕ အရင္ဆံုုး သူ႕ကိုု ဂရုုစိုုက္ခဲ႕တာေတြ ၊ေပးဆပ္အနစ္နာခံခဲ႕တာေတြ အားလံုုးကိုု လံုုး၀ ရပ္ပစ္လိုုက္ပါ။

ပစ္ထားလိုုက္ပါ၊ ပစ္ထားျခင္းဆိုုတာကလည္း ဥပကၡာျပဳျခင္းတစ္မ်ိဳးပါပဲ။သူ႕အေၾကာင္း စဥ္းစားၿပီး စိတ္ညစ္ေနမဲံ႔အစား မစဥ္းစားပါနဲ႕ကိုုယ္႕ဘ၀တိုုးတက္ဖိုု႕ကိုု ေျပာင္းၿပီး စဥ္းစားလိုုက္

သူ႕ရဲ႕သစၥာမဲ႕မႈေၾကာင္႕ကိုုယ္႔ရဲ႕စိတ္ေရာ ရုုပ္ပါ အထိခိုုက္ခံေနမဲ႕အစား၊ သူ႕ကိုု ပိုုဂရုုစိုုက္ၿပီး သူ႕ေရွ႕မွာဒူးေထာက္ေနမဲ႕အစားကိုုယ္႔ကိုုယ္ကိုု ပိုုခ်စ္ၿပီး ပိုုေကာင္းလာေအာင္ ပိုုလွလာေအာင္ ပိုုၿပီး အရည္အခ်င္းေတြ တက္လာေအာင္ လုုပ္လိုု္က္ပါ။

ဒါေၾကာင္႕သစၥာေဖာက္တဲ႕ ႏြားကိုု စားေကာင္းေသာက္ဖြယ္ေတြ ခ်က္ျပဳတ္ေကၽြးစရာမလိုုပါဘူး၊သားေတြ သမီးေတြနဲ႕အတူတူ အစားအေသာက္ေကာင္းေကာင္းစားပါ၊shopping ထြက္ပီး စိတ္ေပ်ာ္ေအာင္ေနပါ၊

ခႏၶာကုိယ္ကိုု ျပန္ထိန္းပါ။လွေအာင္ျပင္ဆင္ၿပီဆိုုတာနဲ႕တင္ စိတ္ပိုုင္းဆိုုင္ရာ တက္ၾကြလန္းဆန္းမႈရွိေစပါတယ္။အစားအေသာက္ကိုု ေကာင္းေကာင္းစားပါ(အ၀လြန္မဲ႕အစားအေသာက္ေတြေတာ႕ေရွာင္ပါ)၊ ၀တ္စားဆင္ယင္မႈကိုု ဂရုုတစိုုက္ ၀တ္ပါ။

က်န္းမာေရးနဲ႕အသားအရည္ပိုေကာင္းေအာင္ အစားအေသာက္ဂ၇ုုစိုုက္ပါ။ ခႏၶာကိုုယ္ အဆီခ်ပါ၊ သူငယ္ခ်င္းေတြနဲ႕ ပိုုေတြ႕ၿပီး ရယ္စရာေတြ ေျပာပါ။

အဲဒီလိုု စိတ္ပိုုင္းဆိုုင္ရာ ျပန္လည္ လန္းဆန္းလာၿပီဆိုုရင္ေတာ႕ကိုုယ္႔ဘ၀ရဲ႕အရည္အေသြးတိုုးတက္ေစမဲ႕ ကိစၥေတြ ေဆာင္ရြက္ပါ၊

သင္တန္းေတြ တက္ခ်င္ရင္လည္း တက္ပါ၊ (သင္တန္းတက္တာ၊ပညာ သင္တယ္ဆိုုတာ အသက္အရြယ္ အကန္႕အသတ္မရွိပါဘူး)

ကိုုယ္႕အရည္အခ်င္းတိုုးတက္လာေလ ကိုုယ္႔ကိုုယ္ကိုု ယံုုၾကည္မႈပိုုရွိၿပီး ဘ၀မွာ ေနလိုု႕ထုုိင္လိုု႕ ေကာင္းလာေလပါပဲ။

အဲဒီလိုု လုုပ္ရင္းနဲ႕တစ္ဖက္ကလည္း ကိုုယ္႔အလုုပ္ထဲမွာ အလုုပ္ကိုု ပိုုအာရံုုစိုုက္လိုု႕ အလုုပ္ထဲမွာေအာင္ျမင္မႈရလာရင္လည္း ကိုုယ္႔ဘ၀ကိုု ေက်နပ္ၿပီး ဘ၀ဟာေနေပ်ာ္လာပါတယ္။

ကိုုယ္႕ရဲ႕တိုုးတက္ဖြံ႕ျဖိဳးမႈဟာ သားသမီးေတြအတြက္ေရာ ကုုိယ္႕အတြက္ပါ ခြန္အားေရာ အင္အားပါ ျဖစ္ေစမွာပါ။

သားသမီးေတြကလည္း စိတ္ဓါတ္က်ၿပီး ငိုုေနမဲ႕အေမမ်ိဳးထက္ ထက္ထက္ျမက္ျမက္ နဲ႕ အရာရာကိုု တည္ျငိမ္ လွပစြာရင္ဆိုုင္ျဖတ္သန္းမဲ႕အေမကိုု ပိုုၿပီး လိုုလားတတ္ၾကပါတယ္။

ေဖာက္ျပန္ခံရေပမဲ႕ အရွံဳး မေပး၊ စိတ္ဓါတက္မက်ဘဲနဲ႕ ကိုုယ္႔ကိုုယ္႔ကိုုယ္ကိုုေရာ ဘ၀ကိုုပါ အရင္ကထက္ ပိုုလွေအာင္ ေနပါလိုု႕ဆိုုခ်င္ပါတယ္။

ရုုပ္တင္မက စိတ္နဲ႕ဘ၀ပါ လွေအာင္ ၾကိဳးစားေျပာင္းလဲဖိုု႕အၾကံျပဳ တိုုက္တြန္းခ်င္တာပါ။

ခုုလိုုကိုုယ္႔ကိုုယ္ကိုု ေျပာင္းလဲျခင္းဟာ သစၥာေဖာက္သူအေပၚ ဂလဲ႔စားေခ်ဖိုု႕ မဟုုတ္ပါဘူး၊ ကိုုယ္ကလည္း ေနာက္အသစ္တစ္ေယာက္နဲ႕ ေပ်ာ္ပါးဖိုု႕မဟုုတ္ပါဘူး။

သစၥာေဖာက္တဲ႕သူအတြက္ စိတ္နဲ႕ရုုပ္သာမက ဘ၀နဲ႕အနာဂတ္ကိုုပါ အထိအခိုုက္မခံဘဲနဲ႕ လွလွပပေက်ာ႔ေက်ာ႕ေမာ႕ေမာ႔ေလး ျဖတ္သန္း ၾကေစခ်င္ပါတယ္။

ကိုုယ္႔ဘ၀ကိုု လွပေအာင္ ဖန္တီဖိုု႕အတြက္ ကိုုယ္႔မွာ တာ၀န္အရွိဆံုုးပါ။ဒါေၾကာင္႕ ကိုုယ္ကိုုယ္တန္ဖိုုးထားၿပီး ရင္ဆိုုင္ပါ။

သစၥာေဖာက္ခံရေပမဲ႕ ဘ၀ကိုု အရွံဳးမေပးဘဲနဲ႕တိုုးတက္စြာနဲ႕ေအာင္ျမင္စြာ ျဖတ္သန္းရင္ဆိုုင္ေစခ်င္တာပါ။

ဒီေနရာမွာ ေယာက်္ားရဲ႕၀င္ေငြကိုု မွီခိုုေနရတဲ႕ အမ်ိဳးသမီးေတြအေနနဲ႕လည္း ေဖာက္ျပန္ေနတဲ႕ခင္ပြန္းကိုု

ေငြေၾကာင္႕သည္းခံၿပီး ၾကိတ္မွိတ္ေပါင္းေနရမဲ႕အစားကိုုယ္ပိုုင္ ၀င္ေငြရရွိေအာင္ၾကိဳးစားသင္႔ပါတယ္။

အခ်ိဳ႕က ထင္ၾကပါတယ္။ ကိုုယ္က စြန္႔လႊတ္လိုုက္ရင္ ဟိုုမယားငယ္က ပိုုေပ်ာ္မွာေပါ႕လိုု႕ ယူဆၾကပါတယ္၊ အဲဒီအယူအဆ အျမဲတမ္း မမွန္ပါဘူး။

လူဆိုုတာ…လိုုက္ရင္…ေျပးတတ္တဲ႕သဘာ၀ ရွိပါတယ္၊ ကိုုယ္က မလိုုက္ဘဲနဲ႕ ေနတဲ႕အခါ သူက ကိုုယ္႔ေနာက္ကိုု ျပန္လိုုက္လာပါလိမ္႕မယ္၊

အဲဒီအခ်ိန္ကိုု လွလွပပ ေစာင္႔ၿပီး ေအာင္ျမင္စြာ ျဖတ္သန္းလိုုက္ပါ။

သစၥာမဲ႔သူကိုု ေပါင္းျခင္းမေပါင္းျခင္းဆိုုတာ ကိုုယ္႔ရဲ႕ဆံုုးျဖတ္ခ်က္ေပၚမွာမူတည္ပါတယ္။

မတူတဲ႕အျမင္မ်ားရွိရင္လည္း ေဆြးေႏြးဖိုု႕ဖိ္တ္ေခၚပါတယ္ေနာ္

ေက်းဇူးတင္ပါတယ္ရွင္။
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:ေမသၾကၤန္ဟိန္(ျမစ္မခ)
 #Unicode Version#
 ချစ်သူ၊အိမ်ထောင်ဘက်က အခြားတစ်ယောက်ယောက်နဲ့ဖောက်ပြန်နေပြီဆိုရင်အသဲနာပြီး ဒေါသတွေထွက်၊

အပြစ်တွေအပြန်အလှန်တင်၊ရန်ဖြစ်၊အအိပ်ပျက်အစားပျက်ပြီးရုပ်ပျက်ဆင်းပျက်နဲ့ သေချင်လောက်အောင် စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်ကြရပါတယ်၊အချို့ဆို ဘဝပျက်၊အနာဂတ်မဲ့တဲ့အထိ ဖြစ်ကြတာ တွေ့ရတယ်။

ကျမအနေနဲ့အဲဒီလို မဖြစ်ကြစေလိုပါဘူး။ အရေးကြီးတာကတော့ ဖောက်ပြန်ခံရတဲ့အခါကိုယ့်အတွက် စိတ်ရောရုပ်ပါ ထိခို်က်မှု နည်းပါးစွာနဲ့ အလှမပျက်၊ ဘဝမပျက်ဘဲနဲ့ ရှင်သန်နိုင်ဖို့ပါပဲ။

တကယ်တော့ ကျမတို့အမျိုးသမီးတွေက အိမ်ထောင်သက်တမ်းရလာတာနဲ့အမ ျှ အမျိုးသားတွေထက် အရွယ်ကျတာ မြန်ပါတယ်သားသမီးတွေ မွေးလိုက်ရတဲ့အခါ သွေးတွေအများကြီး ဆုံးရှုံးခဲ့ရတယ်၊ ကလေးများများ ယူလေ ရုပ်မြန်မြန်ကျလေပါပဲ၊

ဒါပေမဲ့ မိန်းမတို့ရဲ့မေတ္တာစိတ်နဲ့ သားသမီးကိုသာမက လင်ကိုပါ ကောင်းရာမွန်ရာအစားအသောက်တွေကျွေး၊ကောင်းမွန်စွာ ဝတ်ဆင်ပေးပြီး ပြုစုရင်း ထိန်းသိမ်းတတ်ကြရပါတယ်။

ဒါကြောင့်လည်း အချို့မိန်းမတွေက အသက်ရလာတာနဲ့အမ ျှ အသားအရည်တွန့်တာ၊ အစားအသောက်မှာလည်း ခြိုးခြံတာတွေ၊ကလေးငယ်ငယ်လေးနဲ့အိမ်မှုကိစ္စတွေစတဲ့ စိတ်ဖိစီးမှုတွေက အမျိုးသားတွေထက် ပိုခံစားကြရပါတယ်။

အမျိုးသားတွေကျတော့ အိမ်ထောင်သက်ရလာလေ စိုစိုပြေပြေနဲ့တင့်တယ်လာကြလေပါပဲ။အမျိုးသားတစ်ယောက် အိမ်ထောင်ကျပြီးမှ အရင်ကထက်ပိုပြီး စိုပြေတင့်တယ်နေတယ်ဆိုရင် သူ့အမျိုးသမီးရဲ့ကျေးဇူးပါ၊

အမျိုးသမီးတစ်ယောက်ကလည်း အိမ်ထောင်ကျပြီးမှ ပိုလှလာတယ် ပိုတင့်တယ်လာတယ်ဆိုရင် သူ့အမျိုးသားရဲ့ကျေးဇူးပါ။

အဲဒီလို ပိုတင့်တယ်လာတဲ့အချိန်မှာ ကိုယ့်ဘဝလက်တွဲဖော်ကိုပဲငြီးငွေ့သလိုလိုအသစ်ကိုပဲတပ်မက်သလိုလိုနဲ့ဖြစ်တတ်ကြပါတယ်ဒီနေ့ခေတ်မှာတော့အွန်လိုင်းက တွေ့တဲ့သူတိုင်းပျိုပျို အိုအို မသိ၊့စိတ်သာယာမှုရှာရင်း လူချင်းတွေ့ဖို့ကြိုးစားကြတယ်။

အဲဒီအချိန်မှာ ကိုယ့်စိတ်ကိုယ်ကို မထိန်းနိုင်တဲ့သူတွေ၊ ကျေးဇူးတရားမသိတတ်တဲ့သူတွေ(ကျား/မ)က ဖောက်ပြန်တတ်ကြပါတယ်။

အိမ်ထောင်ရေးဖောက်ပြန်ပြီဆိုတာ ကိုယ့်ရဲ့လက်တွဲဖော်၊ကျေးဇူးရှင်အပေါ်သစ္စာဖောက်ခြင်းပါပဲ။အဲဒီလို သစ္စာဖောက်ခံရပြီဆိုရင်ရင်နာကြေကွဲပြီး ဘာလုပ်သင့်သလဲဆိုပြီး နီးစပ်ရာကို အကြံဉာဏ်တောင်းယူလေ့ရှိကြတယ်။

အချို့က ပြောတယ်၊ သစ္စာမဲ့တဲ့သူ စိတ်ပြန်လည်လာအောင် ပိုပြီး ဂရုစိုက်ပါတဲ့အချို့က ပြောတယ်၊ ဟိုတစ်ယောက်ကို တွေ့ပြီး ပြောကြည့် တောင်းပန်ကြည့်ပါလားတဲ့အချို့က ပြောတယ်၊ သားတွေသမီးတွေကို ပိုဂရုစိုက်ပြီး သူတို့ဘက်ပါအောင် လုပ်ခိုင်းပါတဲ့…။

အဲဒီနည်းလမ်းတွေဟာ ကျမအမြင်မှာတော့ ခံရတဲ့သူအတွက် မတရားလှပါဘူး။သူက အသစ်နဲ့ပျော်နေချိန်မှာ ကိုယ်က ကလေးတွေ ထိန်းပြီး စိတ်ဖိစီးမှုတွေနဲ့ အိမ်အလုပ်တွေနဲ့ စိတ်ဆင်းရဲကိုယ်ဆင်းရဲစွာ ဖြတ်သန်းရမှာလား၊

ပြီးတော့ …စိတ်ညစ်တိုင်း ဘာသာရေးလုပ်တယ်ဆိုဦးတော့ ကိုယ်က ၂၄ နာရီလုံ းဘာသာရေးလုပ်ပြီး နေနိုင်သလား၊နေနိုင်တယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။

ဒါကြောင့် အကြောင်းကြောင်းကြောင့် သစ္စာဖောက်ခံနေရပြီလို့ ခံစားမိတာနဲ့ အရင်ဆုံး လုပ်ရမှာက သူ့ကို လိုက်စူးစမ်းဖို့ ရန်လုပ်ဖို့ မလိုပါဘူး၊

သူ့ကို မျက်ခြေမပြတ်လိုက်ပြီး အကဲခတ်နေရတာလည်း မလိုပါဘူး၊ဟိုတစ်ယောက်ကို သွားတွေ့ပြီး တောင်းပန်စရာလည်း မလိုပါဘူး၊ကလေးတွေမျက်နှာကြည့်ပါ သစ္စာမဖောက်ပါနဲ့လို့ ကိုယ့်အိမ်ထောင်ဘက်ကို ဒူးထောက် တောင်းပန်စရာမိလိုဘူးအဲဒါတွေကို ကိုယ့်ကိုယ်ပိုပြီး ထိခိုက်နစ်နာစေပါတယ်။

ပြီးတော့ ဒေါသနဲ့စိတ်မကို မထိန်းနိုင်ဖြစ်ပြီး သူ့ကို ရန်လုပ်ပြီး ကိုယ့်ကိုယ်ကို ထိခိုက်စေမဲ့ အလုပ်တွေ လုပ်နေမဲ့အစားအဆင်မြင့်တဲ့နည်းလမ်းနဲ့ ကိုယ့်ကိုယ်ကို ပြင်ဆင်လိုက်ပါ။

ဒါကြောင့်သစ္စာဖောက်ခံရပြီလို့သိလိုက်တာနဲ့ အရင်ဆုံး သူ့ကို ဂရုစိုက်ခဲ့တာတွေ ၊ပေးဆပ်အနစ်နာခံခဲ့တာတွေ အားလုံးကို လုံး၀ ရပ်ပစ်လိုက်ပါ။

ပစ်ထားလိုက်ပါ၊ ပစ်ထားခြင်းဆိုတာကလည်း ဥပက္ခာပြုခြင်းတစ်မျိုးပါပဲ။သူ့အကြောင်း စဉ်းစားပြီး စိတ်ညစ်နေမဲံ့အစား မစဉ်းစားပါနဲ့ကိုယ့်ဘဝတိုးတက်ဖို့ကို ပြောင်းပြီး စဉ်းစားလိုက်

သူ့ရဲ့သစ္စာမဲ့မှုကြောင့်ကိုယ့်ရဲ့စိတ်ရော ရုပ်ပါ အထိခိုက်ခံနေမဲ့အစား၊ သူ့ကို ပိုဂရုစိုက်ပြီး သူ့ရှေ့မှာဒူးထောက်နေမဲ့အစားကိုယ့်ကိုယ်ကို ပိုချစ်ပြီး ပိုကောင်းလာအောင် ပိုလှလာအောင် ပိုပြီး အရည်အချင်းတွေ တက်လာအောင် လုပ်လိုက်ပါ။

ဒါကြောင့်သစ္စာဖောက်တဲ့ နွားကို စားကောင်းသောက်ဖွယ်တွေ ချက်ပြုတ်ကျွေးစရာမလိုပါဘူး၊သားတွေ သမီးတွေနဲ့အတူတူ အစားအသောက်ကောင်းကောင်းစားပါ၊shopping ထွက်ပီး စိတ်ပျော်အောင်နေပါ၊

ခန္ဓာကိုယ်ကို ပြန်ထိန်းပါ။လှအောင်ပြင်ဆင်ပြီဆိုတာနဲ့တင် စိတ်ပိုင်းဆိုင်ရာ တက်ကြွလန်းဆန်းမှုရှိစေပါတယ်။အစားအသောက်ကို ကောင်းကောင်းစားပါ(အဝလွန်မဲ့အစားအသောက်တွေတော့ရှောင်ပါ)၊ ဝတ်စားဆင်ယင်မှုကို ဂရုတစိုက် ဝတ်ပါ။

ကျန်းမာရေးနဲ့အသားအရည်ပိုကောင်းအောင် အစားအသောက်ဂရုစိုက်ပါ။ ခန္ဓာကိုယ် အဆီချပါ၊ သူငယ်ချင်းတွေနဲ့ ပိုတွေ့ပြီး ရယ်စရာတွေ ပြောပါ။

အဲဒီလို စိတ်ပိုင်းဆိုင်ရာ ပြန်လည် လန်းဆန်းလာပြီဆိုရင်တော့ကိုယ့်ဘဝရဲ့အရည်အသွေးတိုးတက်စေမဲ့ ကိစ္စတွေ ဆောင်ရွက်ပါ၊

သင်တန်းတွေ တက်ချင်ရင်လည်း တက်ပါ၊ (သင်တန်းတက်တာ၊ပညာ သင်တယ်ဆိုတာ အသက်အရွယ် အကန့်အသတ်မရှိပါဘူး)

ကိုယ့်အရည်အချင်းတိုးတက်လာလေ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိပြီး ဘဝမှာ နေလို့ထိုင်လို့ ကောင်းလာလေပါပဲ။

အဲဒီလို လုပ်ရင်းနဲ့တစ်ဖက်ကလည်း ကိုယ့်အလုပ်ထဲမှာ အလုပ်ကို ပိုအာရုံစိုက်လို့ အလုပ်ထဲမှာအောင်မြင်မှုရလာရင်လည်း ကိုယ့်ဘဝကို ကျေနပ်ပြီး ဘဝဟာနေပျော်လာပါတယ်။

ကိုယ့်ရဲ့တိုးတက်ဖွံ့ဖြိုးမှုဟာ သားသမီးတွေအတွက်ရော ကိုယ့်အတွက်ပါ ခွန်အားရော အင်အားပါ ဖြစ်စေမှာပါ။

သားသမီးတွေကလည်း စိတ်ဓါတ်ကျပြီး ငိုနေမဲ့အမေမျိုးထက် ထက်ထက်မြက်မြက် နဲ့ အရာရာကို တည်ငြိမ် လှပစွာရင်ဆိုင်ဖြတ်သန်းမဲ့အမေကို ပိုပြီး လိုလားတတ်ကြပါတယ်။

ဖောက်ပြန်ခံရပေမဲ့ အရှုံး မပေး၊ စိတ်ဓါတက်မကျဘဲနဲ့ ကိုယ့်ကိုယ့်ကိုယ်ကိုရော ဘဝကိုပါ အရင်ကထက် ပိုလှအောင် နေပါလို့ဆိုချင်ပါတယ်။

ရုပ်တင်မက စိတ်နဲ့ဘဝပါ လှအောင် ကြိုးစားပြောင်းလဲဖို့အကြံပြု တိုက်တွန်းချင်တာပါ။

ခုလိုကိုယ့်ကိုယ်ကို ပြောင်းလဲခြင်းဟာ သစ္စာဖောက်သူအပေါ် ဂလဲ့စားချေဖို့ မဟုတ်ပါဘူး၊ ကိုယ်ကလည်း နောက်အသစ်တစ်ယောက်နဲ့ ပျော်ပါးဖို့မဟုတ်ပါဘူး။

သစ္စာဖောက်တဲ့သူအတွက် စိတ်နဲ့ရုပ်သာမက ဘဝနဲ့အနာဂတ်ကိုပါ အထိအခိုက်မခံဘဲနဲ့ လှလှပပကျော့ကျော့မော့မော့လေး ဖြတ်သန်း ကြစေချင်ပါတယ်။

ကိုယ့်ဘဝကို လှပအောင် ဖန်တီဖို့အတွက် ကိုယ့်မှာ တာဝန်အရှိဆုံးပါ။ဒါကြောင့် ကိုယ်ကိုယ်တန်ဖိုးထားပြီး ရင်ဆိုင်ပါ။

သစ္စာဖောက်ခံရပေမဲ့ ဘဝကို အရှုံးမပေးဘဲနဲ့တိုးတက်စွာနဲ့အောင်မြင်စွာ ဖြတ်သန်းရင်ဆိုင်စေချင်တာပါ။

ဒီနေရာမှာ ယောကျ်ားရဲ့ဝင်ငွေကို မှီခိုနေရတဲ့ အမျိုးသမီးတွေအနေနဲ့လည်း ဖောက်ပြန်နေတဲ့ခင်ပွန်းကို

ငွေကြောင့်သည်းခံပြီး ကြိတ်မှိတ်ပေါင်းနေရမဲ့အစားကိုယ်ပိုင် ဝင်ငွေရရှိအောင်ကြိုးစားသင့်ပါတယ်။

အချို့က ထင်ကြပါတယ်။ ကိုယ်က စွန့်လွှတ်လိုက်ရင် ဟိုမယားငယ်က ပိုပျော်မှာပေါ့လို့ ယူဆကြပါတယ်၊ အဲဒီအယူအဆ အမြဲတမ်း မမှန်ပါဘူး။

လူဆိုတာ…လိုက်ရင်…ပြေးတတ်တဲ့သဘာ၀ ရှိပါတယ်၊ ကိုယ်က မလိုက်ဘဲနဲ့ နေတဲ့အခါ သူက ကိုယ့်နောက်ကို ပြန်လိုက်လာပါလိမ့်မယ်၊

အဲဒီအချိန်ကို လှလှပပ စောင့်ပြီး အောင်မြင်စွာ ဖြတ်သန်းလိုက်ပါ။

သစ္စာမဲ့သူကို ပေါင်းခြင်းမပေါင်းခြင်းဆိုတာ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ပေါ်မှာမူတည်ပါတယ်။

မတူတဲ့အမြင်များရှိရင်လည်း ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်နော်

ကျေးဇူးတင်ပါတယ်ရှင်။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit:မေသြင်္ကန်ဟိန်(မြစ်မခ)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top