iMyanmarHouse.com - Best Property Website for Myanmar
×


အလႉအတန္းနဲ႔ ပတ္သက္လာရင္ လက္မေႏွးတဲ့ သ႐ုပ္ေဆာင္ နႏၵာလႈိင္တို႔ မိသားစုဟာ ဒီေန႔မွာ အလႉတစ္ခု ျပဳခဲ့ပါတယ္။ ဝင္းစိန္ဆရာေတာ္ႀကီးရဲ႕ ေမြးေန႔ပြဲမွာ အလႉေငြ သိန္းေပါင္း(၆၀၀၀)ေက်ာ္ကို ပါဝင္ကုသိုလ္ယူ လႉဒါန္းခဲ့တာပါ။

သ႐ုပ္ေဆာင္ နႏၵာလႈိင္တို႔ မိသားစုဟာ ဒီေန႔(ဇန္နဝါရီ၃၀ရက္)မွာ က်ေရာက္တဲ့ ဝင္းစိန္ေတာရဆရာေတာ္ႀကီးရဲ႕ ေမြးေန႔ပြဲကို သြားေရာက္ရင္း အလႉဒါနျပဳခဲ့တာ ေတြ႕ရပါတယ္။ ဆရာေတာ္ႀကီးရဲ႕ ေမြးေန႔ပြဲမွာ အလႉေငြ သိန္းေပါင္း (၆၃၀၀)ကို လႉဒါန္းခဲ့တာပါ။

မိသားစုလိုက္ အလႉဒါနျပဳခဲ့တဲ့ ပုံေလးေတြကိုလည္း နႏၵာလႈိင္ရဲ႕ ခင္ပြန္းျဖစ္သူ ေဇသီဟရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ တင္ထားတာ ေတြ႕ရပါတယ္။သူတို႔မိသားစုရဲ႕ အလႉလုပ္ေနတဲ့ ပုံေလးေတြကို ၾကည့္ၿပီး ပရိသတ္ေတြလည္း ၾကည္ႏူးပီတိျဖစ္ေနၾကပါတယ္။


သ႐ုပ္ေဆာင္ နႏၵာလႈိင္ဟာ အလႉအတန္းေတြနဲ႔ ပတ္သက္လာရင္ လက္မေႏွးသူလည္း ျဖစ္ပါတယ္။ ခင္ပြန္းျဖစ္သူနဲ႔အတူ ဘုရားတည္၊ ေက်ာင္းေဆာက္တာေတြမွာ ပါဝင္ကုသိုလ္ယူျဖစ္သလို အျခားေသာ ပရဟိတလုပ္ငန္းေတြမွာလည္း ပါဝင္ေဆာင္႐ြက္လ်က္ရွိပါတယ္။

အိမ္ေထာင္က်သြားၿပီးေနာက္ပိုင္း အႏုပညာအလုပ္ေတြကို နားထားခဲ့တဲ့ သ႐ုပ္ေဆာင္ နႏၵာလႈိင္ဟာ ယခုအခ်ိန္ထိ ပရိသတ္ေတြရဲ႕ အားေပးမႈကို အခိုင္အမာ ရရွိထားသူ သ႐ုပ္ေဆာင္ တစ္ဦးလည္း ျဖစ္ပါတယ္။


နႏၵာလႈိင္က ႐ုပ္ရည္ေရာ ခႏၶာကိုယ္ပါ အလွဆုံး သ႐ုပ္ေဆာင္ မင္းသမီးတစ္လက္အျဖစ္ နာမည္ႀကီးခဲ့သူပါ။ အိမ္ေထာင္ျပဳၿပီး ေနာက္မွာ သူမရဲ႕အိမ္ေထာင္ေရးမွာပဲ စိတ္ႏွစ္ၿပီး သမီးေလး ၃ ေယာက္ကို ထိန္းရင္း အိမ္ရွင္မေကာင္းတစ္ေယာက္အျဖစ္ သူမရဲ႕ ဘဝကို တည္ေဆာက္ ေနသူျဖစ္ပါတယ္။

အႏုပညာေလာကမွာ တစ္ခ်ိန္က ေအာင္ျမင္ခဲ့တဲ့ သူမဟာ ၁၉၉၈ခုႏွစ္က ေ႐ႊနံ႔သာစံအိမ္နဲ႔ အေကာင္းဆုံးအမ်ိဳး သမီးဇာတ္ပို႔ဆုနဲ႔ ၂၀၀၆ ခုႏွစ္က ေတာင္တမန္သစၥာဇာတ္ကားနဲ႔အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆုစတဲ့ အကယ္ဒမီေ႐ႊစင္ဆုႏွစ္ဆုကို ရရွိပိုင္ ဆိုင္ခဲ့သူ တစ္ေယာက္ လည္း ျဖစ္ပါတယ္။

Credit: Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ သရုပ်ဆောင် နန္ဒာလှိုင်တို့ မိသားစုဟာ ဒီနေ့မှာ အလှူတစ်ခု ပြုခဲ့ပါတယ်။ ဝင်းစိန်ဆရာတော်ကြီးရဲ့ မွေးနေ့ပွဲမှာ အလှူငွေ သိန်းပေါင်း(၆၀၀၀)ကျော်ကို ပါဝင်ကုသိုလ်ယူ လှူဒါန်းခဲ့တာပါ။

သရုပ်ဆောင် နန္ဒာလှိုင်တို့ မိသားစုဟာ ဒီနေ့(ဇန်နဝါရီ၃၀ရက်)မှာ ကျရောက်တဲ့ ဝင်းစိန်တောရဆရာတော်ကြီးရဲ့ မွေးနေ့ပွဲကို သွားရောက်ရင်း အလှူဒါနပြုခဲ့တာ တွေ့ရပါတယ်။ ဆရာတော်ကြီးရဲ့ မွေးနေ့ပွဲမှာ အလှူငွေ သိန်းပေါင်း (၆၃၀၀)ကို လှူဒါန်းခဲ့တာပါ။

မိသားစုလိုက် အလှူဒါနပြုခဲ့တဲ့ ပုံလေးတွေကိုလည်း နန္ဒာလှိုင်ရဲ့ ခင်ပွန်းဖြစ်သူ ဇေသီဟရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတာ တွေ့ရပါတယ်။သူတို့မိသားစုရဲ့ အလှူလုပ်နေတဲ့ ပုံလေးတွေကို ကြည့်ပြီး ပရိသတ်တွေလည်း ကြည်နူးပီတိဖြစ်နေကြပါတယ်။

သရုပ်ဆောင် နန္ဒာလှိုင်ဟာ အလှူအတန်းတွေနဲ့ ပတ်သက်လာရင် လက်မနှေးသူလည်း ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူနဲ့အတူ ဘုရားတည်၊ ကျောင်းဆောက်တာတွေမှာ ပါဝင်ကုသိုလ်ယူဖြစ်သလို အခြားသော ပရဟိတလုပ်ငန်းတွေမှာလည်း ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။

အိမ်ထောင်ကျသွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို နားထားခဲ့တဲ့ သရုပ်ဆောင် နန္ဒာလှိုင်ဟာ ယခုအချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။

နန္ဒာလှိုင်က ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလှဆုံး သရုပ်ဆောင် မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးခဲ့သူပါ။ အိမ်ထောင်ပြုပြီး နောက်မှာ သူမရဲ့အိမ်ထောင်ရေးမှာပဲ စိတ်နှစ်ပြီး သမီးလေး ၃ ယောက်ကို ထိန်းရင်း အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် သူမရဲ့ ဘဝကို တည်ဆောက် နေသူဖြစ်ပါတယ်။

အနုပညာလောကမှာ တစ်ချိန်က အောင်မြင်ခဲ့တဲ့ သူမဟာ ၁၉၉၈ခုနှစ်က ရွှေနံ့သာစံအိမ်နဲ့ အကောင်းဆုံးအမျိုး သမီးဇာတ်ပို့ဆုနဲ့ ၂၀၀၆ ခုနှစ်က တောင်တမန်သစ္စာဇာတ်ကားနဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုစတဲ့ အကယ်ဒမီရွှေစင်ဆုနှစ်ဆုကို ရရှိပိုင် ဆိုင်ခဲ့သူ တစ်ယောက် လည်း ဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top