iMyanmarHouse.com - Best Property Website for Myanmar
×







Credit: Burmese.asia

# Unicode Version ဖြင့် ဖတ်ပါ #

Beauty blogger မလေး နေခြည်ဦးကတော့ သူမကိုယ်တိုင်လည်း သူမရဲ့အလှကို ယုံကြည်မှုရှိသလို မိန်းကလေးတွေကိုလည်း ယုံကြည်မှုရှိရှိနဲ့လှစေဖို့ နည်းလမ်းကောင်းတွေကို ဝေမျှပေးလေ့ရှိသူ တစ်ဦးပဲ ဖြစ်ပါတယ်။ အမြဲလိုလို သူမရဲ့အမြင်တွေကို အရှိအတိုင်းထုတ်ပြောတတ်တဲ့ နေခြည်ဦးကတော့ လတ်တလောမှာ မော်ဒယ်တစ်ဦးဖြစ်တဲ့ လုလုအောင်ရဲ့ ပွဲတက်ပုံရိပ်တစ်ချို့က အွန်လိုင်းပေါ်မှာ လူပြောများနေတာမို့ ချီချီတစ်ယောက်လည်း သူမရဲ့အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောပြလာတာ တွေ့ရပါတယ်။

နေခြည်ဦးကတော့ လတ်တလောအွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ လုလုအောင်ရဲ့ပုံရိပ်နဲ့ပတ်သတ်ပြီး “I’m so fucking sick and tired of the photoshop.Show me something natural like ass with some stretch marks ” “တမင်လုပ်ယူပြီး ပြင်ဆင်ထားတဲ့ ပုံတွေကို ချီချီတော့ လုံးဝသဘောမတွေ့လှဘူး။ သင့်ရဲ့ ခန္ဓာကိုယ်ပေါ်က မပြည့်စုံဘူးထင်တဲ့ သဘာဝကျကျအလှတရားတွေကိုပဲ ပြသလိုက်စမ်းပါ။ ” ဆိုပြီး သူမရဲ့အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တာ တွေ့ရပါတယ်။

နေခြည်ဦးကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာဖြစ်ပြီး သူမရဲ့(၅)ကားမြောက်ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း အကောင်းဆုံးပုံဖော်ရိုက်ကူးနေမယ်လို့ တာပါ။ချစ်ပရိသတ်တွေလည်း မိမိရဲ့ခန္ဓာကိုယ်အရှိအတိုင်းကို ချစ်တတ်စေဖို့ ပြောပြခဲ့တဲ့ နေခြည်ဦးလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top