iMyanmarHouse.com - Best Property Website for Myanmar
×



ဇာတိေျမ ရုပ္ရွင္ဇာတ္ကားၾကီးမွာ ပါဝင္တဲ့ ျမန္မာျပည္ဖြား ဂ်ပန္နုိင္ငံသားေလး မိုရီဆာကီဝင္းကုိေတာ့ ခပ္တည္တည္နဲ ႔အထူးတလည္ မိတ္ဆက္ေပးစရာ မလိုတာ ေသခ်ာပါတယ္ ။ အဝင္းေဟ့ ဆိုတာနဲ႔ တစ္နုိင္ငံလံုးက ဖူးဖူးမႈတ္ သည္းသည္းလႈပ္ ဝုိင္းခ်စ္ရတဲ့ ပရိသတ္ အခ်စ္ေတာ္ေလး ျဖစ္တာကုိး ။

အဝင္းရဲ႕ အင္တာဗ်ဴးေလးေတြမွာ ပြင့္လင္း ရိုးသားစြာ ေျပာတဲ့ ဟန္ပန္ေလးေတြေၾကာင့္လည္း ပရိသတ္ေတြမွ ာအသည္းတယားယား ျဖစ္ေနရတာ ဆိုရင္ ပိုမွန္ပါမယ္ ။ အဝင္းေလးက မၾကာေသးမီက Media ေတြနဲ႔ Interview မွာ ခ်စ္စဖြယ္ ဟန္ပန္ေလးေတြနဲ႔ သူ႔ရဲ႕လက္ရွိ အနုပညာ လႈပ္ရွားမႈေလးေတြ အေၾကာင္းရယ္၊ ျမန္မာဝတ္စံု ဝတ္ရတာကုိ ၾကိဳက္နွစ္သက္ေၾကာင္းေတြရယ္ ေျပာျပသြား ပါတယ္ ။

အဝင္းက သူ႔ရဲ႕ လက္ရွိ အနုပညာ လႈပ္ရွားမႈေတြ အေၾကာင္းကုိ “ ျမန္မာျပည္မွာက Win Show Time ဆိုတဲ့ Program အသစ္ေလးက စေတာ့မယ္ခင္ဗ်ာ။ အဲဒါအတြက္လည္း ေနာက္လကုိ ဘာညာ ျဖစ္လာလိမ့္မယ္။ တစ္ခုခု။ အဲဒီအတြက္လည္း ရွိသလို ဂ်ပန္ျပည္မွာလည္း လႈပ္ရွားမႈေတြက အမ်ားၾကီးရွိတယ္ ။ အေကာင္းေျပာတာ အစ္ကုိတို႔ အစ္မတို႔ကုိ ကြ်န္ေတာ္ အားလံုးေျပာျပခ်င္တယ္ ။ ကြ်န္ေတာ္က ေျပာျပလို႔ မရဘူး။ အစ္ကုိတို႔ အစ္မတုိ႔ ေနာက္မွာ ျမင္ေနရတာ ကြ်န္ေတာ့္ မန္ေနဂ်ာပဲ ခင္ဗ်ာ ။ကြ်န္ေတာ့္ကို အျမဲတမ္း ၾကည့္ေနတယ္ ။ ျမန္မာစကား မတတ္လည္း မရဘူး ခင္ဗ်ာ ။ သူက သိတယ္ခင္ဗ် ” လို႔ ေျပာရင္း သူ႔ရဲ႕ Trade mark ပြင့္လင္းတဲ့ရယ္သံေလးနဲ႔ရယ္လိုက္ပါေသးတယ္ ။

အဝင္းေလးကို ျမန္မာနဲ႔ ဂ်ပန္နဲ႔ ဘယ္မွာပိုေပ်ာ္လဲ လုိ႔ေမးေတာ့လည္း “ ကြ်န္ေတာ့္ကုိ အကုန္လံုးက ေမးၾကတယ္ခင္ဗ် ။ ဘယ္ဟာ ပိုေပ်ာ္လဲ ဆိုေတာ့ ျမန္မာျပည္နဲ႔ ဂ်ပန္ျပည္က ဟုိေနရာက မတူ ဒီေနရာက မတူ ဆိုေတာ့ အားလံုးက တပံုစံတည္းမွ မဟုတ္တာခင္ဗ်ာ ။ အားလံုးက ဘာပဲျဖစ္ျဖစ္ အသစ္ျဖစ္သလို အေတြ႕အၾကံဳေတြလည္း အမ်ားၾကီး ရတယ္ ဆိုေတာ့ ဘယ္ေနရာမဆို ေပ်ာ္ပါတယ္ ခင္ဗ်ာ ”လို႔ သြက္လက္စြာ ေျဖၾကားထား ပါတယ္ ။

ျမန္မာပရိသတ္နဲ႔ ဂ်ပန္ ပရိသတ္ ဘယ္သူေတြက အားေပးပိုၾကမ္းလဲ ဆိုတဲ့ ေမးခြန္းကုိေတာ့ အဝင္းေလးက မေျဖခင္ အရင္ဆံုး ကတိေတြ ေတာင္းပါေသးတယ္။ “ အဲဒါဆိုလို႔ ရွိရင္ အစ္ကုိ တို႔အစ္မတုိ႔ကုိကြ်န္ေတာ္ေျပာခ်င္တယ္။ အခုရိုက္ေနတဲ့ ဗီဒီယုိကုိ ဂ်ပန္ျပည္မွာ မတင္နဲ႔ေနာ္ ။ အဲ့လို ကတိေပးမယ္ဆို ကြ်န္ေတာ္ ေျဖမယ္ခင္ဗ်ာ ” လို႔ ကေလးေလးလို ကတိေတာင္းျပီးမွ “ျမန္မာျပည္က ပုိျပီးေတာ့ အသားကုန္ ၾကမ္းတယ္ခင္ဗ်ာ ” လို႔ ေျဖျပီး အားပါးတရ ရယ္လုိက္ပါေသးတယ္ ..

“ ျမန္မာျပည္လာလို႔ရွိရင္ ကြ်န္ေတာ္ Facebook မွာေရးတယ္ခင္ဗ်ာ ။ ေရးေတာ့ Fans ေတြက ေရးေပးတဲ့ comment ေတြ ကြ်န္ေတာ္ ဖတ္တယ္ခင္ဗ်။ ကြိကြေရးထားတဲ့ comment ေတြ ရွိသလုိ အေကာင္းေတြ ေရးတာလည္း ရွိတယ္။ ေရးလိုက္တဲ့ comment ေတြက အရွည္ေတြက မ်ားတယ္ ခင္ဗ် ။ကြ်န္ေတာ္က Morning တစ္ခုပဲ ေရးလုိက္တာခင္ဗ်ာ။ အဲဒါကုိ အကုန္လံုး ဝိုင္းျပီးေတာ့ .. အဲေတာ့ ဘယ္လိုေျပာရမလဲ တကယ္ စိတ္ထဲက ခ်စ္ပါလား ဆိုတာ တကယ္ ခံစားရတယ္ခင္ဗ်ာ ။

အဲဒါေတြကို ကြ်န္ေတာ္ ဖတ္ျပီးေတာ့ ကုိယ့္ကုိအားေပးတဲ့ သူေတြ အမ်ားၾကီး ရွိတယ္ ဆိုေတာ့ ကြ်န္ေတာ္ ဒီလိုျဖစ္ေနတာ ေပါ့ေနာ္။ ငါ့မွာ ဖန္ေတြ အမ်ားၾကီးရွိတယ္ ဆိုျပီးေတာ့ သူမ်ားကုိေတာ့ ေလွ်ာက္မေျပာပါဘူး ခင္ဗ်ာ ရွက္လို႔ ” ဆိုျပီး တကယ္ပဲ ရွက္သြားပံုနဲ႔ မ်က္ေမွာင္ေလး တြန္႔ရင္း ျပံဳးရယ္ရင္း အသည္းယားစဖြယ္ ခ်စ္စဖြယ္ ေျဖၾကားထား ပါတယ္ ။

ျမန္မာျပည္ဖြားေလး အဝင္းက ျမန္မာဝတ္စံု ျဖစ္တဲ့ ပုဆိုးကုိ ဝတ္ရတာ ၾကိဳက္ေၾကာင္းကုိလည္း “ အဝင္းရဲ႕ ခံစားခ်က္ေလး ကေတာ့ ျမန္မာဝတ္စံုက ေအးတယ္ေနာ္ ခင္ဗ်ာ၊ ေလက အထဲထိ ေရာက္တယ္ ဟုတ္၊ ကြ်န္ေတာ္ ကြ်န္ေတာ္ ေျပာတာ နားလည္လားခင္ဗ်ာ ။ ေလေလေလ ေလဝင္ ေလထြက္ေကာင္းတယ္ေပါ့ ” ဆိုျပီး စကား မဆံုးခင္မွာပဲ ဝုိင္းထုိးထားတဲ့ မုိက္ခ္ေတြ ေအာက္ကို ေခါင္းငံု႔ဝင္သြားျပီး အားပါးတရကို ရယ္ေနပါေသးတယ္ ။ ျပီးမွ “ ထားပါေတာ့ .. ေလက အထဲအထိ လာတယ္ေပါ့ ” လို႔ အရယ္ရွိန္ မရပ္ေသးတာကုိ အတင္း ထိန္းခ်ဳပ္ထားရတဲ့ မ်က္နွာေလးနဲ႔ ေျဖၾကားထား ပါတယ္ ။

သူငယ္ခ်င္းတို႔ေရာ .. ေလက အထဲထိ ေရာက္တယ္လို႔ မခံစားရဘူးလား ။ အဲေလ .. အင္တာဗ်ဴးေလးမိနစ္စာ ေျဖရင္ သံုးမိနစ္ခြဲေလာက္ ရယ္ေနတတ္တဲ့ အဝင္းေလးကုိ အသည္း မယားၾကဘူးလား ။ အဝင္းရဲ႕ Variety Show ေလး ထြက္လာရင္လည္း ဝုိင္းဝန္း အားေပးၾကမယ္ေနာ္ ။

Credit: Can'twaittosay

# Unicode Version ျဖင့္ ဖတ္ပါ #

ဇာတိမြေ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်တဲ့ မြန်မာပြည်ဖွား ဂျပန်နိုင်ငံသားလေး မိုရီဆာကီဝင်းကိုတော့ ခပ်တည်တည်နဲ့အထူးတလည် မိတ်ဆက်ပေးစရာ မလိုတာ သေချာပါတယ် ။ အဝင်းဟေ့ ဆိုတာနဲ့ တစ်နိုင်ငံလုံးက ဖူးဖူးမှုတ် သည်းသည်းလှုပ် ဝိုင်းချစ်ရတဲ့ ပရိသတ် အချစ်တော်လေး ဖြစ်တာကိုး ။

အဝင်းရဲ့ အင်တာဗျူးလေးတွေမှာ ပွင့်လင်း ရိုးသားစွာ ပြောတဲ့ ဟန်ပန်လေးတွေကြောင့်လည်း ပရိသတ်တွေမှ ာအသည်းတယားယား ဖြစ်နေရတာ ဆိုရင် ပိုမှန်ပါမယ် ။ အဝင်းလေးက မကြာသေးမီက Media တွေနဲ့ Interview မှာ ချစ်စဖွယ် ဟန်ပန်လေးတွေနဲ့ သူ့ရဲ့လက်ရှိ အနုပညာ လှုပ်ရှားမှုလေးတွေ အကြောင်းရယ်၊ မြန်မာဝတ်စုံ ဝတ်ရတာကို ကြိုက်နှစ်သက်ကြောင်းတွေရယ် ပြောပြသွား ပါတယ် ။

အဝင်းက သူ့ရဲ့ လက်ရှိ အနုပညာ လှုပ်ရှားမှုတွေ အကြောင်းကို “ မြန်မာပြည်မှာက Win Show Time ဆိုတဲ့ Program အသစ်လေးက စတော့မယ်ခင်ဗျာ။ အဲဒါအတွက်လည်း နောက်လကို ဘာညာ ဖြစ်လာလိမ့်မယ်။ တစ်ခုခု။ အဲဒီအတွက်လည်း ရှိသလို ဂျပန်ပြည်မှာလည်း လှုပ်ရှားမှုတွေက အများကြီးရှိတယ် ။ အကောင်းပြောတာ အစ်ကိုတို့ အစ်မတို့ကို ကျွန်တော် အားလုံးပြောပြချင်တယ် ။ ကျွန်တော်က ပြောပြလို့ မရဘူး။ အစ်ကိုတို့ အစ်မတို့ နောက်မှာ မြင်နေရတာ ကျွန်တော့် မန်နေဂျာပဲ ခင်ဗျာ ။ကျွန်တော့်ကို အမြဲတမ်း ကြည့်နေတယ် ။ မြန်မာစကား မတတ်လည်း မရဘူး ခင်ဗျာ ။ သူက သိတယ်ခင်ဗျ ” လို့ ပြောရင်း သူ့ရဲ့ Trade mark ပွင့်လင်းတဲ့ရယ်သံလေးနဲ့ရယ်လိုက်ပါသေးတယ် ။

အဝင်းလေးကို မြန်မာနဲ့ ဂျပန်နဲ့ ဘယ်မှာပိုပျော်လဲ လို့မေးတော့လည်း “ ကျွန်တော့်ကို အကုန်လုံးက မေးကြတယ်ခင်ဗျ ။ ဘယ်ဟာ ပိုပျော်လဲ ဆိုတော့ မြန်မာပြည်နဲ့ ဂျပန်ပြည်က ဟိုနေရာက မတူ ဒီနေရာက မတူ ဆိုတော့ အားလုံးက တပုံစံတည်းမှ မဟုတ်တာခင်ဗျာ ။ အားလုံးက ဘာပဲဖြစ်ဖြစ် အသစ်ဖြစ်သလို အတွေ့အကြုံတွေလည်း အများကြီး ရတယ် ဆိုတော့ ဘယ်နေရာမဆို ပျော်ပါတယ် ခင်ဗျာ ”လို့ သွက်လက်စွာ ဖြေကြားထား ပါတယ် ။

မြန်မာပရိသတ်နဲ့ ဂျပန် ပရိသတ် ဘယ်သူတွေက အားပေးပိုကြမ်းလဲ ဆိုတဲ့ မေးခွန်းကိုတော့ အဝင်းလေးက မဖြေခင် အရင်ဆုံး ကတိတွေ တောင်းပါသေးတယ်။ “ အဲဒါဆိုလို့ ရှိရင် အစ်ကို တို့အစ်မတို့ကိုကျွန်တော်ပြောချင်တယ်။ အခုရိုက်နေတဲ့ ဗီဒီယိုကို ဂျပန်ပြည်မှာ မတင်နဲ့နော် ။ အဲ့လို ကတိပေးမယ်ဆို ကျွန်တော် ဖြေမယ်ခင်ဗျာ ” လို့ ကလေးလေးလို ကတိတောင်းပြီးမှ “မြန်မာပြည်က ပိုပြီးတော့ အသားကုန် ကြမ်းတယ်ခင်ဗျာ ” လို့ ဖြေပြီး အားပါးတရ ရယ်လိုက်ပါသေးတယ် ..

“ မြန်မာပြည်လာလို့ရှိရင် ကျွန်တော် Facebook မှာရေးတယ်ခင်ဗျာ ။ ရေးတော့ Fans တွေက ရေးပေးတဲ့ comment တွေ ကျွန်တော် ဖတ်တယ်ခင်ဗျ။ ကွိကွရေးထားတဲ့ comment တွေ ရှိသလို အကောင်းတွေ ရေးတာလည်း ရှိတယ်။ ရေးလိုက်တဲ့ comment တွေက အရှည်တွေက များတယ် ခင်ဗျ ။ကျွန်တော်က Morning တစ်ခုပဲ ရေးလိုက်တာခင်ဗျာ။ အဲဒါကို အကုန်လုံး ဝိုင်းပြီးတော့ .. အဲတော့ ဘယ်လိုပြောရမလဲ တကယ် စိတ်ထဲက ချစ်ပါလား ဆိုတာ တကယ် ခံစားရတယ်ခင်ဗျာ ။

အဲဒါတွေကို ကျွန်တော် ဖတ်ပြီးတော့ ကိုယ့်ကိုအားပေးတဲ့ သူတွေ အများကြီး ရှိတယ် ဆိုတော့ ကျွန်တော် ဒီလိုဖြစ်နေတာ ပေါ့နော်။ ငါ့မှာ ဖန်တွေ အများကြီးရှိတယ် ဆိုပြီးတော့ သူများကိုတော့ လျှောက်မပြောပါဘူး ခင်ဗျာ ရှက်လို့ ” ဆိုပြီး တကယ်ပဲ ရှက်သွားပုံနဲ့ မျက်မှောင်လေး တွန့်ရင်း ပြုံးရယ်ရင်း အသည်းယားစဖွယ် ချစ်စဖွယ် ဖြေကြားထား ပါတယ် ။

မြန်မာပြည်ဖွားလေး အဝင်းက မြန်မာဝတ်စုံ ဖြစ်တဲ့ ပုဆိုးကို ဝတ်ရတာ ကြိုက်ကြောင်းကိုလည်း “ အဝင်းရဲ့ ခံစားချက်လေး ကတော့ မြန်မာဝတ်စုံက အေးတယ်နော် ခင်ဗျာ၊ လေက အထဲထိ ရောက်တယ် ဟုတ်၊ ကျွန်တော် ကျွန်တော် ပြောတာ နားလည်လားခင်ဗျာ ။ လေလေလေ လေဝင် လေထွက်ကောင်းတယ်ပေါ့ ” ဆိုပြီး စကား မဆုံးခင်မှာပဲ ဝိုင်းထိုးထားတဲ့ မိုက်ခ်တွေ အောက်ကို ခေါင်းငုံ့ဝင်သွားပြီး အားပါးတရကို ရယ်နေပါသေးတယ် ။ ပြီးမှ “ ထားပါတော့ .. လေက အထဲအထိ လာတယ်ပေါ့ ” လို့ အရယ်ရှိန် မရပ်သေးတာကို အတင်း ထိန်းချုပ်ထားရတဲ့ မျက်နှာလေးနဲ့ ဖြေကြားထား ပါတယ် ။

သူငယ်ချင်းတို့ရော .. လေက အထဲထိ ရောက်တယ်လို့ မခံစားရဘူးလား ။ အဲလေ .. အင်တာဗျူးလေးမိနစ်စာ ဖြေရင် သုံးမိနစ်ခွဲလောက် ရယ်နေတတ်တဲ့ အဝင်းလေးကို အသည်း မယားကြဘူးလား ။ အဝင်းရဲ့ Variety Show လေး ထွက်လာရင်လည်း ဝိုင်းဝန်း အားပေးကြမယ်နော် ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top