iMyanmarHouse.com - Best Property Website for Myanmar
×


မၾကာခင္မွာေတာ့ ၂၀၁၈ခုႏွစ္အတြက္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲႀကီးဟာ က်င္းပျပဳလုပ္ေတာ့မွာျဖစ္ၿပီး အကယ္ဒမီထင္ေၾကးေပးခံရတဲ့ အႏုပညာရွင္မ်ားထဲမွာေတာ့ သ႐ုပ္ေဆာင္ ျမင့္ျမတ္လည္း ပါဝင္ေနပါတယ္။ျမင့္ျမတ္ကေတာ့ အကယ္ဒမီထင္ေၾကးေပးတဲ့အေပၚမွာေတာ့ ၾကည္ႏူးမိၿပီး မွန္းထားၿပီးေတာ့မွ မရခဲ့ရင္ ခံရခက္တယ္လို႔ ဆိုပါတယ္။

“က်ေနာ့္ကို အကယ္ဒမီထင္ေၾကးေပးတဲ့အေပၚမွာေတာ့ ၾကည္ႏူးမိပါတယ္။ ဒါေပမယ့္ အကယ္ဒမီကေတာ့ တကယ္ေၾကာက္ဖို႔ေကာင္းပါတယ္။ မွန္းထားၿပီး ေမွ်ာ္လင့္ထားၿပီးေတာ့ မရခဲ့ရင္ ခံရခက္တယ္။ အရွက္လည္းကြဲတယ္။ အဲဒီလိုသင္ခန္းစာေတြလည္း အမ်ားႀကီးပဲရဖူးမွာပါ”

“ အဲဒီေတာ့ က်ေနာ္ကေတာ့ ေပါ့ေပါ့ပါးပါးပဲထားတယ္။ ဒီႏွစ္မွာ က်ေနာ့္ကားေတြေတာ့ ပါေတာ့ေပါ့။ အကယ္ဒမီအကဲျဖတ္အဖြဲ႕က လူႀကီးေတြေပးရင္ေတာ့ရမွာေပါ့” လို႔ ျမင့္ျမတ္က ေျပာပါတယ္။ျမင့္ျမတ္ကိုေတာ့ “ငဒူ” ဇာတ္ကားနဲ႔ အကယ္ဒမီထင္ေၾကးေပးေနၾကၿပီး ၂၀၁၈ ခုႏွစ္မွာေတာ့ သူ႔ရဲ႕႐ုံတင္ျပသခဲ့တဲ့ ႐ုပ္ရွင္ဇာတ္ကားမ်ားမွာေတာ့ ဟာသကားေတြမ်ားေနတာကိုလည္း ေတြ႕ရပါတယ္။

“႐ုံတင္တဲ့ကားေတြကို ျပန္ေတာ့ၾကည့္ျဖစ္ပါတယ္။ အနည္းဆုံးေတာ့ ကားတကားၿပီးၿပီဆိုရင္ ၾကည့္ျဖစ္ပါတယ္။ အဲဒါက်ေတာ့ ေျပာရခက္တယ္။ က်ေနာ္က ဟာသလည္း႐ိုက္တယ္။ အက္ရွင္လည္း႐ိုက္တယ္။ ဒါေပမယ့္ခက္တာက ႐ုံေပၚေရာက္လာတဲ့ကားေတြက က်ေနာ္႐ိုက္ထားတဲ့ ဒရာမာေတြ ႐ိုမန႔္ဒရာမာေတြ တကားမွတက္မလာဘူး။ ဟာသေတြခ်ည္းပဲ။ က်ေနာ္အရမ္းအားရတဲ့ ဒရမ္မာေတြက ႐ုံေပၚမေရာက္လာေသးဘူး” လို႔ ျမင့္ျမတ္က ေျပာပါတယ္။


၂၀၁၉ ခုႏွစ္ထဲမွာေတာ့ ဟာသကား႐ိုက္တာေတြကို ေလ်ာ့ခ်သြားမွာျဖစ္ၿပီး ၂လပိုင္းမွာေတာ့ ေရခဲေတာင္မွာ သြား႐ိုက္ဖို႔လည္း ရွိတယ္လို႔ သိရပါတယ္။“၂၀၁၉ ထဲမွာေတာ့ အဲဒီလိုမလုပ္ေတာ့ဘူး။ ဟာသနည္းမယ္။ ပါေတာ့ပါမွာပါ။ ၂လပိုင္းထဲမွာဆို ေရခဲေတာင္မွာ သြား႐ိုက္ဖို႔ရွိတယ္။ ဇာတ္လမ္းေကာင္းတဲ့ဇာတ္ေတြ ႐ိုက္သြားဖို႔ရွိပါတယ္” လို႔ ျမင့္ျမတ္က ေျပာပါတယ္။

လတ္တေလာမွာလည္း ျမင့္ျမတ္ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ဟာသကားတကားျဖစ္တဲ့ “ေဟာက္စား” ႐ုပ္ရွင္ဇာတ္ကားႀကီးကိုလည္း ႐ုံတင္ျပေတာ့မွာျဖစ္ၿပီး ထပ္မံၿပီးေတာ့ “က်ားက်ားႀကိဳက္ႀကိဳက္” ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားမွာေတာ့ မိန္းမလ်ာ ၄ေယာက္နဲ႔အတူ ပါဝင္သ႐ုပ္ေဆာင္ေနပါတယ္။

ျမင့္ျမတ္ကေတာ့ ၂၀၁၇ ခုႏွစ္မွာေတာ့ “အေမွာင္မွာ႐ြာခ်တဲ့ မိုးတိမ္” ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ အေကာင္းဆုံးဇာတ္ပို႔သ႐ုပ္ေဆာင္ဆုျဖင့္ အကယ္ဒမီရရွိထားပါတယ္။

Credit:Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

မကြာခင်မှာတော့ ၂၀၁၈ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးဟာ ကျင်းပပြုလုပ်တော့မှာဖြစ်ပြီး အကယ်ဒမီထင်ကြေးပေးခံရတဲ့ အနုပညာရှင်များထဲမှာတော့ သရုပ်ဆောင် မြင့်မြတ်လည်း ပါဝင်နေပါတယ်။

မြင့်မြတ်ကတော့ အကယ်ဒမီထင်ကြေးပေးတဲ့အပေါ်မှာတော့ ကြည်နူးမိပြီး မှန်းထားပြီးတော့မှ မရခဲ့ရင် ခံရခက်တယ်လို့ ဆိုပါတယ်။

“ကျနော့်ကို အကယ်ဒမီထင်ကြေးပေးတဲ့အပေါ်မှာတော့ ကြည်နူးမိပါတယ်။ ဒါပေမယ့် အကယ်ဒမီကတော့ တကယ်ကြောက်ဖို့ကောင်းပါတယ်။ မှန်းထားပြီး မျှော်လင့်ထားပြီးတော့ မရခဲ့ရင် ခံရခက်တယ်။ အရှက်လည်းကွဲတယ်။ အဲဒီလိုသင်ခန်းစာတွေလည်း အများကြီးပဲရဖူးမှာပါ”

“ အဲဒီတော့ ကျနော်ကတော့ ပေါ့ပေါ့ပါးပါးပဲထားတယ်။ ဒီနှစ်မှာ ကျနော့်ကားတွေတော့ ပါတော့ပေါ့။ အကယ်ဒမီအကဲဖြတ်အဖွဲ့က လူကြီးတွေပေးရင်တော့ရမှာပေါ့” လို့ မြင့်မြတ်က ပြောပါတယ်။

မြင့်မြတ်ကိုတော့ “ငဒူ” ဇာတ်ကားနဲ့ အကယ်ဒမီထင်ကြေးပေးနေကြပြီး ၂၀၁၈ ခုနှစ်မှာတော့ သူ့ရဲ့ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားများမှာတော့ ဟာသကားတွေများနေတာကိုလည်း တွေ့ရပါတယ်။

“ရုံတင်တဲ့ကားတွေကို ပြန်တော့ကြည့်ဖြစ်ပါတယ်။ အနည်းဆုံးတော့ ကားတကားပြီးပြီဆိုရင် ကြည့်ဖြစ်ပါတယ်။ အဲဒါကျတော့ ပြောရခက်တယ်။ ကျနော်က ဟာသလည်းရိုက်တယ်။ အက်ရှင်လည်းရိုက်တယ်။ ဒါပေမယ့်ခက်တာက ရုံပေါ်ရောက်လာတဲ့ကားတွေက ကျနော်ရိုက်ထားတဲ့ ဒရာမာတွေ ရိုမန့်ဒရာမာတွေ တကားမှတက်မလာဘူး။ ဟာသတွေချည်းပဲ။ ကျနော်အရမ်းအားရတဲ့ ဒရမ်မာတွေက ရုံပေါ်မရောက်လာသေးဘူး” လို့ မြင့်မြတ်က ပြောပါတယ်။

၂၀၁၉ ခုနှစ်ထဲမှာတော့ ဟာသကားရိုက်တာတွေကို လျော့ချသွားမှာဖြစ်ပြီး ၂လပိုင်းမှာတော့ ရေခဲတောင်မှာ သွားရိုက်ဖို့လည်း ရှိတယ်လို့ သိရပါတယ်။

“၂၀၁၉ ထဲမှာတော့ အဲဒီလိုမလုပ်တော့ဘူး။ ဟာသနည်းမယ်။ ပါတော့ပါမှာပါ။ ၂လပိုင်းထဲမှာဆို ရေခဲတောင်မှာ သွားရိုက်ဖို့ရှိတယ်။ ဇာတ်လမ်းကောင်းတဲ့ဇာတ်တွေ ရိုက်သွားဖို့ရှိပါတယ်” လို့ မြင့်မြတ်က ပြောပါတယ်။

လတ်တလောမှာလည်း မြင့်မြတ်ပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသကားတကားဖြစ်တဲ့ “ဟောက်စား” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရုံတင်ပြတော့မှာဖြစ်ပြီး ထပ်မံပြီးတော့ “ကျားကျားကြိုက်ကြိုက်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာတော့ မိန်းမလျာ ၄ယောက်နဲ့အတူ ပါဝင်သရုပ်ဆောင်နေပါတယ်။

မြင့်မြတ်ကတော့ ၂၀၁၇ ခုနှစ်မှာတော့ “အမှောင်မှာရွာချတဲ့ မိုးတိမ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးဇာတ်ပို့သရုပ်ဆောင်ဆုဖြင့် အကယ်ဒမီရရှိထားပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top