iMyanmarHouse.com - Best Property Website for Myanmar
×









Credit: Burmese.asia

# Unicode Version ဖြင့် ဖတ်ပါ #

နိုင်ငံကျော် ဟာသလူရွှင်တော် ကြီး ဦးကင်းကောင် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင်ကြီးပါ။ ဦးကင်းကောင်က ပရိသတ်တွေကို အမြဲရယ်မောအောင် သူရဲ့ ပြောင်မြောက်တဲ့ အနုပညာများနဲ့ ပြသလေ့ရှိသလို သူ့ရဲ့ သူငယ်ချင်း အပေါင်းအသင်းတွေကြားမှာလည်း စိတ်ထားကောင်းတာကြောင့် လူချစ်လူခင်ပေါများသူလည်း ဖြစ်ပါတယ်။

ဦးကင်းကောင်က ၂၂.၀၁. ၂၀၁၉ ပုပ္ပါးမှာရိုက်ကူးရေးလုပ်ရင်း ကွယ်လွန်သွားခဲ့တာကြောင့် သူ့ရဲ့မိသားစု မိတ်ဆွေအပေါင်းအသင်း ၊ပရိသတ်တွေ ပူဆွေးဝမ်းနည်းခဲ့တာပါ။ဒီနေ့ လေးကတော့ ဦးကင်းကောင်ရဲ့ ရက်လည် ဖြစ်ပြီး ရက်လည်မှ video နဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

လူရွှင်တော် သရုပ်ဆောင် ကြာစိက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဦးကင်းကောင် ရဲ့ ရက်လည်မှာ သံဃာတော်များ တရားနာအမျှဝေ ကြတဲ့ Video လေးကို ဖော်ပြထားတာပဲ ဖြစ်ပါတယ်။ကြာစိက ” ဦးကင်းကြားပါစေ ကောင်းရာသုဂတိ ရောက်ပါစေ ယနေ့ပြုသမျှကုသိုလ်အတွက် မိသားစုနဲ့လုပ်ဖော်ကိုင်ဖက်များက အမျှ အမျှ အမျှပေးဝေပါ၏…” လို့ပြောထားပါတယ်။

ဦးကင်းကောင် ရဲ့ရက်လည်အလှူပုံရိပ်ကလေးတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။

ကွယ်လွန်သူ ဦးကင်းကောင် က ၂၂. ၁.၂၀၁၆ မှာ ကွယ်လွန်ခဲ့ပြီး ဒီနေ့ ၂၈ ရက်နေ့မှာရက်လည် ဆွမ်းကပ်လှူခဲ့ပြီး သံဃာတော်များက အမျှပေးဝေခဲ့တာကြောင့် ဦးကင်းကောင် တစ်ယောက် ကောင်းရာဘုံဘဝကို ရောက်ပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်နော်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top