iMyanmarHouse.com - Best Property Website for Myanmar
×


အခုထက္ထိ လူႀကိဳက္မ်ားပရိသတ္ေတြလက္ခံအားေပးေနတဲ့ သရုပ္ေဆာင္မင္းသားႀကီးတစ္ေယာက္႐ိွပါတယ္။ အဲ့ဒီတစ္ေယာက္ကေတာ့ အကယ္ဒမီေက်ာ္ရဲေအာင္ပါ မီဒီယာေတြနဲ႔ေတြ႕ဆံုတဲ့အင္တာဗ်ဴးတစ္ခုမွာ ေျပာျပခဲ့တဲ့အေၾကာင္းေတြကို ေျပာခ်င္လြန္းလို႔ ပရိသတ္ႀကီးသိေအာင္ ေျပာျပေပးလိုက္ပါတယ္။

က်ေနာ္တို႕ဒီေလာကထဲစဝင္ေတာ့  က်ေနာ္တို႔ကိုသိပ္မွလက္မခံၾကတာ။ ေနာက္ပိုင္းမွလက္ခံလာတာေလ ။က်ေနာ္တို႔က ေက်ာင္းေတြပါေတြမ႐ိွေတာ့ လုပ္ရင္းလုပ္ရင္းနဲ႔ပဲ အႏုပညာဆိုတာနည္းနည္းသိလာတယ္။အခုထိလည္းနည္းနည္းပဲသိတုန္းပဲ။ ဒီဘက္ေခတ္ကေလးေတြလည္းစလုပ္ခါစဆိုေတာ့ နည္းနည္းမွားမွားယြင္းယြင္းေလးေတြ႐ိွမွေပါ့ ။ က်ေနာ္တို႔တုန္းကလည္းဒီလိုပါပဲ ေနာက္ပိုင္းေတာ့ သူအလိုလိုျဖစ္သြားမွာပါ။ ဒီဘက္ေခတ္မွာက တခ်ိဳ႕က ဒီအႏုပညာကို ဂုဏ္တစ္ခုေလာက္အေနနဲ႔ဝါသနာတဲ့ သူနည္းနည္းပဲ႐ိွတယ္။ၾကာလာရင္ေတာ့ တကယ္အႏုပညာခ်စ္တဲ့သူေတြက်န္ခဲ့ပါမွာ။


အႏုပညာကိုဂုဏ္တစ္ခုအေနနဲ႔လုပ္သူေတြကေတာ့ သူ႔လာရာလမ္းကိုသြားပါလိမ့္မယ္ သူတို႔ကဖြဲမီးလိုပဲ ဝုန္းဝုန္းနဲ႔ေလာင္ၿပီးေပ်ာက္သြားပါလိမ့္မယ္။ေပၚပင္လုပ္ေနတဲ့သူေတြလည္းေတာ္ေတာ္မ်ားၾကပါတယ္။ ဒါ့အျပင္ေစာေစာကေျပာသလို တလြဲဆံပင္ေကာင္းေနတဲ့သူေတြလည္းအမ်ားႀကီး႐ိွပါတယ္။ ေပါက္ကရေတြနဲ႔နာမည္ႀကီးတာဂုဏ္ယူေနတဲ့သူေတြေတာင္႐ိွေသးတယ္။အဲ့တာေတြ လည္းတျဖည္းျဖည္းနဲ႔ေပ်ာက္သြားပါလိမ့္မယ္။လို႔ေျပာခဲ့ၿပီ္း အကယ္ဒမီပြဲကို က်န္းမာေရးအေျခအေနေၾကာင့္မတတ္ျဖစ္ေတာ့လို႔ေျပာသြားပါတယ္။

အဲ့ဒီအျပင္ အႏုပညာအလုပ္ေတြသိပ္မလုပ္ျဖစ္ေတာ့တဲ့အေၾကာင္းကိုလည္း “ က်ေနာ္တို႔အလုပ္လုပ္ရတာအရင္လို လုပ္ရတာမလြတ္လပ္ေတာ့ဘူး အရမ္းျမန္ၾကတာကိုးဗ်။ ျမန္လြန္းေတာ့ က်ေနာ္လည္းမလိုက္ႏိုင္ေတာ့ဘူး ။.မလိုက္ႏိုင္ေတာ့ မ႐ိုက္ျဖစ္ေတာ့တာပါ။ လာကမ္းလွမ္းတာေတြေတာ့႐ိွတယ္ တပတ္ဆယ္ရက္ရက္နဲ႔႐ုပ္ရွင္ဘယ္လို႐ိုက္ၾကလဲမသိ က်ေနာ္ဆုိ ဇာတ္ညႊန္းေတာင္ဖတ္လို႔ၿပီးမွာမဟုတ္ဘူး ။


က်ေနာ္ကဝတၳဳဖတ္ရင္ေတာင္အရမ္းၾကာတာ။အဲ့တာေၾကာင့္စိတ္ညစ္လာၿပီးမ႐ိုက္ျဖစ္ေတာ့တာ။ ဗီြဒီယိုေတြေပ်ာက္ခါစ ဖလင္ကေနကဒ္စနစ္ေျပာင္းတဲ့အခ်ိန္မွာေတာ္ေတာ္ေခတ္ပ်က္သြားတယ္ထင္ပါတယ္။ အဲ့ဒီမွာဝုန္းဝုန္းေတြျဖစ္ၿပီးစလြယ္ေတြ႐ိုက္ေတာ့တာပဲ။အဲ့ဒီထဲမွာကိုယ္ေတာင္ပါေသးတယ္။အခုေတာ့ ဇာတ္လမ္းကိုအေလးထားၿပီးေသခ်ာျပင္ဆင္႐ိုက္လာတာေလးေတြေတြ႕ရပါၿပီ” လို႕ေျပာျပသြားတယ္။

Credit:Nanmalgyi

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

အခုထက်ထိ လူကြိုက်များပရိသတ်တွေလက်ခံအားပေးနေတဲ့ သရုပ်ဆောင်မင်းသားကြီးတစ်ယောက်ရှိပါတယ်။ အဲ့ဒီတစ်ယောက်ကတော့ အကယ်ဒမီကျော်ရဲအောင်ပါ မီဒီယာတွေနဲ့တွေ့ဆုံတဲ့အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့တဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်ကြီးသိအောင် ပြောပြပေးလိုက်ပါတယ်။

ကျနော်တို့ဒီလောကထဲစဝင်တော့  ကျနော်တို့ကိုသိပ်မှလက်မခံကြတာ။ နောက်ပိုင်းမှလက်ခံလာတာလေ ။ကျနော်တို့က ကျောင်းတွေပါတွေမရှိတော့ လုပ်ရင်းလုပ်ရင်းနဲ့ပဲ အနုပညာဆိုတာနည်းနည်းသိလာတယ်။အခုထိလည်းနည်းနည်းပဲသိတုန်းပဲ။ ဒီဘက်ခေတ်ကလေးတွေလည်းစလုပ်ခါစဆိုတော့ နည်းနည်းမှားမှားယွင်းယွင်းလေးတွေရှိမှပေါ့ ။ ကျနော်တို့တုန်းကလည်းဒီလိုပါပဲ နောက်ပိုင်းတော့ သူအလိုလိုဖြစ်သွားမှာပါ။ ဒီဘက်ခေတ်မှာက တချို့က ဒီအနုပညာကို ဂုဏ်တစ်ခုလောက်အနေနဲ့ဝါသနာတဲ့ သူနည်းနည်းပဲရှိတယ်။ကြာလာရင်တော့ တကယ်အနုပညာချစ်တဲ့သူတွေကျန်ခဲ့ပါမှာ။

အနုပညာကိုဂုဏ်တစ်ခုအနေနဲ့လုပ်သူတွေကတော့ သူ့လာရာလမ်းကိုသွားပါလိမ့်မယ် သူတို့ကဖွဲမီးလိုပဲ ဝုန်းဝုန်းနဲ့လောင်ပြီးပျောက်သွားပါလိမ့်မယ်။ပေါ်ပင်လုပ်နေတဲ့သူတွေလည်းတော်တော်များကြပါတယ်။ ဒါ့အပြင်စောစောကပြောသလို တလွဲဆံပင်ကောင်းနေတဲ့သူတွေလည်းအများကြီးရှိပါတယ်။ ပေါက်ကရတွေနဲ့နာမည်ကြီးတာဂုဏ်ယူနေတဲ့သူတွေတောင်ရှိသေးတယ်။အဲ့တာတွေ လည်းတဖြည်းဖြည်းနဲ့ပျောက်သွားပါလိမ့်မယ်။လို့ပြောခဲ့ပြီ်း အကယ်ဒမီပွဲကို ကျန်းမာရေးအခြေအနေကြောင့်မတတ်ဖြစ်တော့လို့ပြောသွားပါတယ်။

အဲ့ဒီအပြင် အနုပညာအလုပ်တွေသိပ်မလုပ်ဖြစ်တော့တဲ့အကြောင်းကိုလည်း “ ကျနော်တို့အလုပ်လုပ်ရတာအရင်လို လုပ်ရတာမလွတ်လပ်တော့ဘူး အရမ်းမြန်ကြတာကိုးဗျ။ မြန်လွန်းတော့ ကျနော်လည်းမလိုက်နိုင်တော့ဘူး ။.မလိုက်နိုင်တော့ မရိုက်ဖြစ်တော့တာပါ။ လာကမ်းလှမ်းတာတွေတော့ရှိတယ် တပတ်ဆယ်ရက်ရက်နဲ့ရုပ်ရှင်ဘယ်လိုရိုက်ကြလဲမသိ ကျနော်ဆို ဇာတ်ညွှန်းတောင်ဖတ်လို့ပြီးမှာမဟုတ်ဘူး ။

ကျနော်ကဝတ္ထုဖတ်ရင်တောင်အရမ်းကြာတာ။အဲ့တာကြောင့်စိတ်ညစ်လာပြီးမရိုက်ဖြစ်တော့တာ။ ဗွီဒီယိုတွေပျောက်ခါစ ဖလင်ကနေကဒ်စနစ်ပြောင်းတဲ့အချိန်မှာတော်တော်ခေတ်ပျက်သွားတယ်ထင်ပါတယ်။ အဲ့ဒီမှာဝုန်းဝုန်းတွေဖြစ်ပြီးစလွယ်တွေရိုက်တော့တာပဲ။အဲ့ဒီထဲမှာကိုယ်တောင်ပါသေးတယ်။အခုတော့ ဇာတ်လမ်းကိုအလေးထားပြီးသေချာပြင်ဆင်ရိုက်လာတာလေးတွေတွေ့ရပါပြီ” လို့ပြောပြသွားတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top