iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ေယာက္နဲ႔တစ္ေယာက္ ဖက္တာဟာ ရုပ္ပိုင္းဆိုင္ရာေရာ၊ စိတ္ပိုင္းဆိုင္ရာ ေကာင္းက်ိဳးေတြပါ အမ်ားႀကီးရွိပါတယ္။

ကိုယ္ခံအားစနစ္ကို ပိုေကာင္းေစပါတယ္။

စကၠန္႔၂၀ သို႔မဟုတ္ စကၠန္႔ ၂၀ ထက္ပိုၿပီး ဖက္ေပးထားရင္ ကိုယ္ခံအားစနစ္ကို ပိုေကာင္းေစၿပီး ေရာဂါေတြကို ကာကြယ္ေပးပါတယ္။

အိုမင္းတဲ့ႏႈန္းကို ေလ်ာ့ခ်ေပးျခင္း

ဖက္ထားေပးတာဟာ စိတ္ဖိစီးမႈကို ေလ်ာ့က်ေစၿပီး အိုမင္းတဲ့ႏႈန္းကိုလည္းေလ်ာ့ေစပါတယ္။

အားအင္ေတြ ေပးစြမ္းႏိုင္

တစ္ေနကုန္ အလုပ္ကေန ျပန္လာလို႔ပင္ပန္း ႏြမ္းနယ္ေနခ်ိန္မွာ တစ္ေယာက္ေယာက္က ဖက္ထားေပးရင္ အားအင္ေတြ ျပန္ျဖည့္ေပးသလို ခံစားရပါလိမ့္မယ္။ ဥပမာ ဘက္ထရီအားျပန္သြင္းသလိုေပါ့။

ခက္ခဲတဲ့ အေျခအေနေတြမွာ ေက်ာ္လႊားႏိုင္ေအာင္ ကူညီေပး

အရမ္း ခက္ခဲေနတဲ့ အေျခအေနေရာက္ေနရင္ လူတစ္ေယာက္ရဲ႕ဖက္ၿပီး အားေပးမႈကို လိုအပ္ပါတယ္။ ဒီလို ဖက္ၿပီး အားေပးလိုက္တာဟာ စိတ္ပိုင္းဆိုင္ရာေရာ၊ ရုပ္ပိုင္းဆိုင္ရာပါ အားအင္ေတြျပည့္၀ေစၿပီး အခက္အခဲကို ေက်ာ္လႊားႏိုင္ေအာင္ကူညီေပးပါတယ္။

ပိုေပ်ာ္ရႊင္ေစ

လူတစ္ေယာက္နဲ႔တစ္ေယာက္ဖက္ရင္ Oxytocin ေဟာ္မႈန္းေတြထြက္ပါတယ္။ ဒီေဟာ္မႈန္းက ေပ်ာ္ရႊင္မႈကို ခံစားရလို မိသားစု၀င္အခ်င္းခ်င္း၊ လုပ္ေဖာ္ကိုင္ဖက္အခ်င္းခ်င္းမွာ ခိုင္မာတဲ့ သံေယာဇဥ္ျဖစ္ေအာင္ ကူညီေပးပါတယ္။

စိတ္ဓာတ္က်မႈကို တိုက္ဖ်က္ေပး

လူတစ္ေယာက္နဲ႔တစ္ေယာက္ဖက္ရင္ စိတ္ဓာတ္က်တာကိုျဖစ္ေစတဲ့ Cortisol ေဟာ္မႈန္းကို ေလ်ာ့ခ်ေပးႏိုင္သလို ေပ်ာ္ရႊင္တဲ့ ေဟာ္မႈန္းျဖစ္တဲ့ Serotonin ကို ပိုၿပီး ထြက္ေစပါတယ္။

ဒါ့ေၾကာင့္ ဖက္လိုက္ရင္ အာရုံေၾကာစနစ္နဲ႔စိတ္ပိုင္းဆိုင္ရာ ခံစားခ်က္ေတြကို တည္ၿငိမ္ေစပါတယ္။

ကိုယ့္ကိုကို ယံုၾကည္မႈ တိုးေစ

ဖက္ထားရင္ ပိုၿပီး လံုၿခံဳမႈကို ခံစားရမွာပါ။ အဲ့ဒီအျပင္ ကိုယ့္ကို ယံုၾကည္မႈကို ပိုတိုးေစၿပီး ခက္ခဲတဲ့ ျပႆနာေတြကို ေျဖရွင္းႏိုင္ေအာင္ ကူညီေပးႏိုင္ပါတယ္။

ပါးစပ္နဲ႔ေျပာရခက္တဲ့ စကားလံုးေတြကို နားလည္ေအာင္ကူညီေပး

ခ်စ္ျခင္းေမတၱာလိုမ်ိဳးေတြက ပါးစပ္နဲ႔တိတိ က်က် ေျပာရခက္တဲ့ အေၾကာင္းအရာေတြပါ။ ဒါ့ေၾကာင္ ပါးစပ္နဲ႔ေျပာတာထက္ ဖက္လိုက္တာက ခ်စ္ျခင္းေမတၱာကို ပိုၿပီး ထိထိေရာက္ေရာက္ ေဖာ္ျပႏုိင္ပါတယ္။

Credit: myhealthmyanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#


တစ်ယောက်နဲ့တစ်ယောက် ဖက်တာဟာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးတွေပါ အများကြီးရှိပါတယ်။

ကိုယ်ခံအားစနစ်ကို ပိုကောင်းစေပါတယ်။

စက္ကန့်၂၀ သို့မဟုတ် စက္ကန့် ၂၀ ထက်ပိုပြီး ဖက်ပေးထားရင် ကိုယ်ခံအားစနစ်ကို ပိုကောင်းစေပြီး ရောဂါတွေကို ကာကွယ်ပေးပါတယ်။

အိုမင်းတဲ့နှုန်းကို လျော့ချပေးခြင်း

ဖက်ထားပေးတာဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီး အိုမင်းတဲ့နှုန်းကိုလည်းလျော့စေပါတယ်။

အားအင်တွေ ပေးစွမ်းနိုင်

တစ်နေကုန် အလုပ်ကနေ ပြန်လာလို့ပင်ပန်း နွမ်းနယ်နေချိန်မှာ တစ်ယောက်ယောက်က ဖက်ထားပေးရင် အားအင်တွေ ပြန်ဖြည့်ပေးသလို ခံစားရပါလိမ့်မယ်။ ဥပမာ ဘက်ထရီအားပြန်သွင်းသလိုပေါ့။

ခက်ခဲတဲ့ အခြေအနေတွေမှာ ကျော်လွှားနိုင်အောင် ကူညီပေး

အရမ်း ခက်ခဲနေတဲ့ အခြေအနေရောက်နေရင် လူတစ်ယောက်ရဲ့ဖက်ပြီး အားပေးမှုကို လိုအပ်ပါတယ်။ ဒီလို ဖက်ပြီး အားပေးလိုက်တာဟာ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ အားအင်တွေပြည့်ဝစေပြီး အခက်အခဲကို ကျော်လွှားနိုင်အောင်ကူညီပေးပါတယ်။

ပိုပျော်ရွှင်စေ

လူတစ်ယောက်နဲ့တစ်ယောက်ဖက်ရင် Oxytocin ဟော်မှုန်းတွေထွက်ပါတယ်။ ဒီဟော်မှုန်းက ပျော်ရွှင်မှုကို ခံစားရလို မိသားစုဝင်အချင်းချင်း၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်းမှာ ခိုင်မာတဲ့ သံယောဇဉ်ဖြစ်အောင် ကူညီပေးပါတယ်။

စိတ်ဓာတ်ကျမှုကို တိုက်ဖျက်ပေး

လူတစ်ယောက်နဲ့တစ်ယောက်ဖက်ရင် စိတ်ဓာတ်ကျတာကိုဖြစ်စေတဲ့ Cortisol ဟော်မှုန်းကို လျော့ချပေးနိုင်သလို ပျော်ရွှင်တဲ့ ဟော်မှုန်းဖြစ်တဲ့ Serotonin ကို ပိုပြီး ထွက်စေပါတယ်။

ဒါ့ကြောင့် ဖက်လိုက်ရင် အာရုံကြောစနစ်နဲ့စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို တည်ငြိမ်စေပါတယ်။

ကိုယ့်ကိုကို ယုံကြည်မှု တိုးစေ

ဖက်ထားရင် ပိုပြီး လုံခြုံမှုကို ခံစားရမှာပါ။ အဲ့ဒီအပြင် ကိုယ့်ကို ယုံကြည်မှုကို ပိုတိုးစေပြီး ခက်ခဲတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်အောင် ကူညီပေးနိုင်ပါတယ်။

ပါးစပ်နဲ့ပြောရခက်တဲ့ စကားလုံးတွေကို နားလည်အောင်ကူညီပေး

ချစ်ခြင်းမေတ္တာလိုမျိုးတွေက ပါးစပ်နဲ့တိတိ ကျကျ ပြောရခက်တဲ့ အကြောင်းအရာတွေပါ။ ဒါ့ကြောင် ပါးစပ်နဲ့ပြောတာထက် ဖက်လိုက်တာက ချစ်ခြင်းမေတ္တာကို ပိုပြီး ထိထိရောက်ရောက် ဖော်ပြနိုင်ပါတယ်။

Credit: myhealthmyanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top