iMyanmarHouse.com - Best Property Website for Myanmar
×

  ေမနႏၵဟာ Tiktok ေလးေတြေဆာ့ရင္း ပရိသတ္ေတြရဲ႕အားေပးမႈေတြမ်ားစြာရရွိလာျပီးတစ္ဟုန္ထုိးနာမည္ၾကီးလာတဲ့ ေမာ္ဒယ္အနုပညာရွင္ေလးတစ္ဦးျဖစ္ပါတယ္။ ေမနႏၵက တစ္ဖက္မွာလည္း တစ္နုိင္တစ္ပုိင္စီးပြားေရးေလးလည္းလုပ္ေနသလုိ ဝါသနာပါတဲ့အနုပညာကုိလည္းတစ္ဖက္တစ္လမ္းကလုပ္ေနတာျဖစ္ပါတယ္။ ေမနႏၵက အနုပညာကုိေရာ စီးပြားေရးကုိပါမ်ွတေအာင္လုပ္လ်က္ရွိျပီး ေမနႏၵကုိခ်စ္တဲ့ပရိသတ္ေတြကလည္း တစ္ေန႔ထက္တစ္ေန႔တိုးပြားလာေနဆဲပါ။ ေမနႏၵက မၾကာေသးမီက အင္တာဗ်ဴးတစ္ခုမွာ LGBT ကုိ အားေပးတယ္လုိ႔ေျဖသြားခဲ့တာျဖစ္ျပီး ခ်စ္သူကလည္း Tom Boy ေလးျဖစ္ေၾကာင္းသိရပါတယ္။

ေမနႏၵက LGBT နဲ႔ ပတ္သက္ျပီးအားေပးေၾကာင္းနဲ႔ ခ်စ္သူကမိန္းကေလးျဖစ္ေၾကာင္းကုိ “အမ်ားၾကီးေတာ့မသိေပမယ့္ LGBT ပြဲေတြဆိုရင္ မ်ားေသာအားျဖင့္ သူငယ္ခ်င္းေတြနဲ႔ တက္ျဖစ္တယ္ေပါ့ေနာ္။ ကုိယ္လည္းအခုလက္ရွိမိန္းကေလးခ်င္းၾကိဳက္ေနတာဆိုေတာ့ ဘယ္လိုေျပာမလဲ ခ်စ္တယ္၊ေပ်ာ္တယ္၊စိတ္ခ်မ္းသာတယ္၊ ဒီေလာက္ပါပဲ။သူတို႔လည္းသူတို႔အခ်စ္နဲ႔သူတု႔ိရွိတယ္။ ေမဆိုလည္းေမ့အခ်စ္နဲ႔ေမရွိတယ္။ အမ်ားၾကီးေတာ့မေျပာခ်င္ဘူး။ဒါက သဘာဝကုိလြန္ဆန္ထားေတာ့ေလ။ မၾကိဳက္တဲ့လူကေတာ့ မၾကိဳက္ပါဘူး။ support လုပ္ေပးတဲ့လူကေတာ့ support လုပ္ေပးတယ္”လို႔ ေျပာျပထားပါတယ္။

Tom Boy နဲ႔ ၾကိဳက္လို႔ေတြ႕ရတဲ့အခက္အခဲေတြကုိလည္း “သူနဲ႔ေတာ့ဘာအခက္အခဲမွမရွိပါဘူး။အရာရာအားလံုးအဆင္ေျပပါတယ္ေပ့ါေနာ္။ အခက္အခဲရွိတာကေတာ့ ညီမ fans ေတြေပါ့ေနာ္။ အခက္အခဲကေတာ့ ညီမ fans အခ်ိဳ႕ရယ္ ညီမကုိသိပ္မၾကိဳက္တဲ့လူေတြေပ့ါေနာ္။ သူတို႔ကေဝဖန္တာေပါ့။ ေဝဖန္တာပဲခံရတာေပါ့။ က်န္တာကေတာ့ဘာအခက္အခဲမွမရွိပါဘူး။ သာသာယာယာပါပဲ”လို႔ ေျပာျပထားပါတယ္။

Tom Boy ေလးကုိခ်စ္သူအျဖစ္ေရြးခ်ယ္ျဖစ္ခဲ့ပံုကုိ ေမနႏၵက “သူနဲ႔က ညီမနဲ႔ စိတ္တူကုိယ္တူ၊ဒီအလုပ္အေပၚလည္းနားလည္ေပးတယ္။ ျပီးေတာ့ သူငယ္ခ်င္းအျဖစ္ကေန ခ်စ္သူျဖစ္သြားတာဆိုေတာ့ အရာရာအားလံုးနားလည္ေပးတယ္။ စိတ္တူကုိယ္တူဆိုေတာ့ အဆင္ေျပလို႔ေပါ့ေနာ္။ အဲဒါေၾကာင့္ခ်စ္သူေတြျဖစ္သြားတာ”လို႔ ေျဖၾကားထားပါတယ္။ ခ်စ္သူက ပရိသတ္ေတြနဲ႔သဝန္တိုတာဘာညာမရွိလုိ႔လည္းအဆင္ေျပပါတယ္တဲ့။

Tom Boy နဲ႔ တြဲသြားလို႔အသည္းကြဲသြားတဲ့ ပရိသတ္ေတြကုိလည္းေမနႏၵက “ဒီ RS က တည္ျမဲရင္လည္းတည္ျမဲမယ္။ မတည္ျမဲရင္လည္းမတည္ျမဲဘူးေပါ့ေနာ္။ အမ်ားၾကီးေျပာထားလို႔မရဘူးေပါ့။ တစ္ခ်ိန္ခ်ိန္က်ရင္ေတာ့ စိတ္ေတြဘာေတြျပန္ေျပာင္းသြားရင္ေတာ့ ေယာက္်ားယူဖို႔ကုိ အခုကေတာ့ မစီစဥ္ထားရေသးပါဘူး။ ဒါကေတာ့ သဘာဝတရားၾကီးကုိလြန္ဆန္လို႔မရဘူးေလ”လို႔ နွစ္သိမ့္ထားပါတယ္။

ေမနႏၵက မၾကာေသးမီကမွ ခ်စ္သူေလးနဲ႔ ခ်စ္သူသက္တမ္းတစ္လျပည့္ထားတာပါ။ ေျပာခ်င္္လြန္းလို႔ပရိသတ္ၾကီးေရာ ေမနႏၵကုိအားေပးၾကလား။ Tom Boy ေလးနဲ႔တည္ျမဲေစခ်င္ၾကလား..ဒါမွမဟုတ္ေယာက္်ားအစစ္နဲ႔ပဲၾကိဳက္ေစခ်င္ၾကလား။ ေမနႏၵရဲ႕ အနုပညာလႈပ္ရွားမႈေတြကုိေရာ အားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

Credit:burmese.asia
အႏုပညာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

မေနန္ဒဟာ Tiktok လေးတွေဆော့ရင်း ပရိသတ်တွေရဲ့အားပေးမှုတွေများစွာရရှိလာပြီးတစ်ဟုန်ထိုးနာမည်ကြီးလာတဲ့ မော်ဒယ်အနုပညာရှင်လေးတစ်ဦးဖြစ်ပါတယ်။ မေနန္ဒက တစ်ဖက်မှာလည်း တစ်နိုင်တစ်ပိုင်စီးပွားရေးလေးလည်းလုပ်နေသလို ဝါသနာပါတဲ့အနုပညာကိုလည်းတစ်ဖက်တစ်လမ်းကလုပ်နေတာဖြစ်ပါတယ်။ မေနန္ဒက အနုပညာကိုရော စီးပွားရေးကိုပါမျှတအောင်လုပ်လျက်ရှိပြီး မေနန္ဒကိုချစ်တဲ့ပရိသတ်တွေကလည်း တစ်နေ့ထက်တစ်နေ့တိုးပွားလာနေဆဲပါ။ မေနန္ဒက မကြာသေးမီက အင်တာဗျူးတစ်ခုမှာ LGBT ကို အားပေးတယ်လို့ဖြေသွားခဲ့တာဖြစ်ပြီး ချစ်သူကလည်း Tom Boy လေးဖြစ်ကြောင်းသိရပါတယ်။

မေနန္ဒက LGBT နဲ့ ပတ်သက်ပြီးအားပေးကြောင်းနဲ့ ချစ်သူကမိန်းကလေးဖြစ်ကြောင်းကို “အများကြီးတော့မသိပေမယ့် LGBT ပွဲတွေဆိုရင် များသောအားဖြင့် သူငယ်ချင်းတွေနဲ့ တက်ဖြစ်တယ်ပေါ့နော်။ ကိုယ်လည်းအခုလက်ရှိမိန်းကလေးချင်းကြိုက်နေတာဆိုတော့ ဘယ်လိုပြောမလဲ ချစ်တယ်၊ပျော်တယ်၊စိတ်ချမ်းသာတယ်၊ ဒီလောက်ပါပဲ။သူတို့လည်းသူတို့အချစ်နဲ့သူတု့ိရှိတယ်။ မေဆိုလည်းမေ့အချစ်နဲ့မေရှိတယ်။ အများကြီးတော့မပြောချင်ဘူး။ဒါက သဘာဝကိုလွန်ဆန်ထားတော့လေ။ မကြိုက်တဲ့လူကတော့ မကြိုက်ပါဘူး။ support လုပ်ပေးတဲ့လူကတော့ support လုပ်ပေးတယ်”လို့ ပြောပြထားပါတယ်။

Tom Boy နဲ့ ကြိုက်လို့တွေ့ရတဲ့အခက်အခဲတွေကိုလည်း “သူနဲ့တော့ဘာအခက်အခဲမှမရှိပါဘူး။အရာရာအားလုံးအဆင်ပြေပါတယ်ပေ့ါနော်။ အခက်အခဲရှိတာကတော့ ညီမ fans တွေပေါ့နော်။ အခက်အခဲကတော့ ညီမ fans အချို့ရယ် ညီမကိုသိပ်မကြိုက်တဲ့လူတွေပေ့ါနော်။ သူတို့ကဝေဖန်တာပေါ့။ ဝေဖန်တာပဲခံရတာပေါ့။ ကျန်တာကတော့ဘာအခက်အခဲမှမရှိပါဘူး။ သာသာယာယာပါပဲ”လို့ ပြောပြထားပါတယ်။

Tom Boy လေးကိုချစ်သူအဖြစ်ရွေးချယ်ဖြစ်ခဲ့ပုံကို မေနန္ဒက “သူနဲ့က ညီမနဲ့ စိတ်တူကိုယ်တူ၊ဒီအလုပ်အပေါ်လည်းနားလည်ပေးတယ်။ ပြီးတော့ သူငယ်ချင်းအဖြစ်ကနေ ချစ်သူဖြစ်သွားတာဆိုတော့ အရာရာအားလုံးနားလည်ပေးတယ်။ စိတ်တူကိုယ်တူဆိုတော့ အဆင်ပြေလို့ပေါ့နော်။ အဲဒါကြောင့်ချစ်သူတွေဖြစ်သွားတာ”လို့ ဖြေကြားထားပါတယ်။ ချစ်သူက ပရိသတ်တွေနဲ့သဝန်တိုတာဘာညာမရှိလို့လည်းအဆင်ပြေပါတယ်တဲ့။

Tom Boy နဲ့ တွဲသွားလို့အသည်းကွဲသွားတဲ့ ပရိသတ်တွေကိုလည်းမေနန္ဒက “ဒီ RS က တည်မြဲရင်လည်းတည်မြဲမယ်။ မတည်မြဲရင်လည်းမတည်မြဲဘူးပေါ့နော်။ အများကြီးပြောထားလို့မရဘူးပေါ့။ တစ်ချိန်ချိန်ကျရင်တော့ စိတ်တွေဘာတွေပြန်ပြောင်းသွားရင်တော့ ယောက်ျားယူဖို့ကို အခုကတော့ မစီစဉ်ထားရသေးပါဘူး။ ဒါကတော့ သဘာဝတရားကြီးကိုလွန်ဆန်လို့မရဘူးလေ”လို့ နှစ်သိမ့်ထားပါတယ်။

မေနန္ဒက မကြာသေးမီကမှ ချစ်သူလေးနဲ့ ချစ်သူသက်တမ်းတစ်လပြည့်ထားတာပါ။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော မေနန္ဒကိုအားပေးကြလား။ Tom Boy လေးနဲ့တည်မြဲစေချင်ကြလား..ဒါမှမဟုတ်ယောက်ျားအစစ်နဲ့ပဲကြိုက်စေချင်ကြလား။ မေနန္ဒရဲ့ အနုပညာလှုပ်ရှားမှုတွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Credit:burmese.asia
အနုပညာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top