iMyanmarHouse.com - Best Property Website for Myanmar
×

ပရိသတ္အခိုင္အမာရရွိထားျပီးသား ျဖစ္တဲ့ မင္းသားေခ်ာေဇရဲထက္ကေတာ့ ပရိသတ္ေတြကို အျမဲေလးစားျပီး ရိုေသတဲ့ မင္းသားတေယာက္လည္း ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ရက္ပိုင္းတုန္းကလည္း ပန္းတေနာ္က အေရျပားေရာဂါေဝဒနာ ခံစားေနရတဲ့ သူ႔ရဲ့အမာခံပရိသတ္ ေကာင္မေလး တေယာက္နားကို ကိုယ္တိုင္သြားျပီးေတာ့ ေတြ႔ခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ပရိသတ္ေတြရဲ့ ခ်စ္ခင္ေလးစားမႈကို ပုိျပီးေတာ့ ရခဲ့သလို သူ႔ရဲ့ပရိသတ္ေကာင္မေလးအတြက္လည္း ဘဝမွာ အမွတ္တရေလး ျဖစ္ခဲ့ရတာျဖစ္ပါတယ္။

MCC နဲ႔ အင္တာဗ်ဴးမွာေတာ့ ေဇရဲထက္က ပန္းတေန္ာက ေကာင္မေလးကို သြားျပီးေတာ့ ေတြ႔ျဖစ္တာက “ကြ်န္ေတာ္တကယ္ကို ခံစားခ်က္ေလးထည့္ျပီးေတာ့ သြားခဲ့တာပါ။ ေပ်ာ္ရႊင္မႈ အစစ္အမွန္ကို ရခဲ့တာပါ။ သြားလွဴတာ မဟုတ္ပါဘူး။ သြားျပီးေတာ့ ေတြ႔တာပါ။ ကြ်န္ေတာ္ ညီမေလးကို မုန္႔ဖိုးေပးတာပဲ ရွိတာပါ။ ညီမေလးက သာမန္လူမွ မဟုတ္တာ။ သာမန္လူတေယာက္ မဟုတ္တဲ့သူက ကြ်န္ေတာ္တို႔လို အႏုပညာရွင္ေတြကို ရင္ထဲေရာက္ေအာင္ လုပ္ရတာခဲယဥ္းတဲ့ ကိစၥေပါ့ေနာ္။

အခုကြ်န္ေတာ့္ကို သူ႔စိတ္ထဲမွာ ရွိေနတာကိုက ကြ်န္ေတာ္ေပ်္ာေနတာ။ သူ႔စိတ္ထဲမွာ ကြ်န္ေတာ္ရွိေနတာေလ။ ကြ်န္ေတာ္ ကုသိုလ္ကံေကာင္းလို႔ ညီမေလးပါးစပ္ေပၚမွာ ရွိေနတာပါ။ သူ႔ေနရာမွာသာ ကိုယ္ဆိုရင္ေရာ ဆိုတဲ့ စိတ္နဲ႔ ညီမေလးကို ကြ်န္ေတာ္သြားျပီးေတာ့ ေတြ႔ခဲ့တာ။ အရင္ကလည္း ကြ်န္ေတာ္ဆို အႏုပညာရွင္ေတြကို အရမ္း မက္ေမာရူးသြပ္ခဲ့ဖူးတယ္။ ေထြေထြထူးထူးေတာ့ မရွိပါဘူး။ အဲ့မွာ မာမီတိုးဆိုတာ ရွိတယ္။ သူ႔ကုိဆက္သြယ္ျပီးေတာ့ သြားမယ့္ရက္ေလးကို ေျပာလိုက္တာပါ” ဟု ေျဖၾကားသြားခဲ့ပါတယ္။

လက္ရွိလုပ္ျဖစ္ေနတဲ့ အရာေတြနဲ႔ ပတ္သက္ျပီး “ကြ်န္ေတာ္ဂ်င္းေကာင္ ဇာတ္ကား Red carpet show တက္ေရာက္ျဖစ္ပါတယ္။ ဒီကားက ေကာင္းပါတယ္။ ဘဝ အေမာေျပေစတဲ့ ဇာတ္ကားေလးဆိုလည္း မမွားပါဘူး။ အကုန္လံုးေတာ္ပါတယ္။ ကိုျမင့္ျမတ္ကလည္း အရမ္းေတာ္တဲ့ မင္းသားတေယာက္ပါ။ ဒီကားေလးက အရမ္းေပ်ာ္စရာေကာင္းျပီး ကိုျမင့္ျမတ္ကိုခ်စ္ရင္ လာျပီးေတာ့ အားေပးၾကပါ” ဟု ဂ်င္းေကာင္ ဇာတ္ကားနဲ႔ ပတ္သက္ျပီးလည္း ေျပာၾကားသြားခဲ့ပါတယ္။

Credit:nanmalgyi

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

ပရိသတ်အခိုင်အမာရရှိထားပြီးသား ဖြစ်တဲ့ မင်းသားချောဇေရဲထက်ကတော့ ပရိသတ်တွေကို အမြဲလေးစားပြီး ရိုသေတဲ့ မင်းသားတယောက်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း ပန်းတနော်က အရေပြားရောဂါဝေဒနာ ခံစားနေရတဲ့ သူ့ရဲ့အမာခံပရိသတ် ကောင်မလေး တယောက်နားကို ကိုယ်တိုင်သွားပြီးတော့ တွေ့ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေရဲ့ ချစ်ခင်လေးစားမှုကို ပိုပြီးတော့ ရခဲ့သလို သူ့ရဲ့ပရိသတ်ကောင်မလေးအတွက်လည်း ဘဝမှာ အမှတ်တရလေး ဖြစ်ခဲ့ရတာဖြစ်ပါတယ်။

MCC နဲ့ အင်တာဗျူးမှာတော့ ဇေရဲထက်က ပန်းတနေ်ာက ကောင်မလေးကို သွားပြီးတော့ တွေ့ဖြစ်တာက “ကျွန်တော်တကယ်ကို ခံစားချက်လေးထည့်ပြီးတော့ သွားခဲ့တာပါ။ ပျော်ရွှင်မှု အစစ်အမှန်ကို ရခဲ့တာပါ။ သွားလှူတာ မဟုတ်ပါဘူး။ သွားပြီးတော့ တွေ့တာပါ။ ကျွန်တော် ညီမလေးကို မုန့်ဖိုးပေးတာပဲ ရှိတာပါ။ ညီမလေးက သာမန်လူမှ မဟုတ်တာ။ သာမန်လူတယောက် မဟုတ်တဲ့သူက ကျွန်တော်တို့လို အနုပညာရှင်တွေကို ရင်ထဲရောက်အောင် လုပ်ရတာခဲယဉ်းတဲ့ ကိစ္စပေါ့နော်။

အခုကျွန်တော့်ကို သူ့စိတ်ထဲမှာ ရှိနေတာကိုက ကျွန်တော်ပျေ်ာနေတာ။ သူ့စိတ်ထဲမှာ ကျွန်တော်ရှိနေတာလေ။ ကျွန်တော် ကုသိုလ်ကံကောင်းလို့ ညီမလေးပါးစပ်ပေါ်မှာ ရှိနေတာပါ။ သူ့နေရာမှာသာ ကိုယ်ဆိုရင်ရော ဆိုတဲ့ စိတ်နဲ့ ညီမလေးကို ကျွန်တော်သွားပြီးတော့ တွေ့ခဲ့တာ။ အရင်ကလည်း ကျွန်တော်ဆို အနုပညာရှင်တွေကို အရမ်း မက်မောရူးသွပ်ခဲ့ဖူးတယ်။ ထွေထွေထူးထူးတော့ မရှိပါဘူး။ အဲ့မှာ မာမီတိုးဆိုတာ ရှိတယ်။ သူ့ကိုဆက်သွယ်ပြီးတော့ သွားမယ့်ရက်လေးကို ပြောလိုက်တာပါ” ဟု ဖြေကြားသွားခဲ့ပါတယ်။

လက်ရှိလုပ်ဖြစ်နေတဲ့ အရာတွေနဲ့ ပတ်သက်ပြီး “ကျွန်တော်ဂျင်းကောင် ဇာတ်ကား Red carpet show တက်ရောက်ဖြစ်ပါတယ်။ ဒီကားက ကောင်းပါတယ်။ ဘဝ အမောပြေစေတဲ့ ဇာတ်ကားလေးဆိုလည်း မမှားပါဘူး။ အကုန်လုံးတော်ပါတယ်။ ကိုမြင့်မြတ်ကလည်း အရမ်းတော်တဲ့ မင်းသားတယောက်ပါ။ ဒီကားလေးက အရမ်းပျော်စရာကောင်းပြီး ကိုမြင့်မြတ်ကိုချစ်ရင် လာပြီးတော့ အားပေးကြပါ” ဟု ဂျင်းကောင် ဇာတ်ကားနဲ့ ပတ်သက်ပြီးလည်း ပြောကြားသွားခဲ့ပါတယ်။

Credit:nanmalgyi

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top