iMyanmarHouse.com - Best Property Website for Myanmar
×


မီးဖိုေခ်ာင္ထဲမွာ ဇနီးေမာင္ႏွံ ၂ ေယာက္ အတူတကြ ထမင္း ၊ ဟင္း ခ်က္ျပဳတ္ျခင္း ေလာက္ ကဗ်ာဆန္တဲ့အရာ မရွိေသးပါဘူး။ Elite Daily ၀က္ဘ္ဆိုက္ရဲ ႔ ေဖာ္ျပမႈ တစ္ခုအရေတာ့ အတူတကြ ထမင္း ၊ ဟင္း ခ်က္ျပဳတ္ျခင္းဟာ သင္နဲ႔ သင့္ရဲ ႔ လက္တြဲေဖာ္ကို ပိုမိုနီးကပ္ ရင္းႏွီးသြားေစတယ္လို႔ သိရပါတယ္။ အဲဒီလို လက္တြဲေဖာ္ ၂ ေယာက္ အတူတကြ ထမင္း ၊ ဟင္း ခ်က္ျပဳတ္ျခင္းဟာ သင့္အခ်စ္ေရးအတြက္ ဘာေတြ ေကာင္းက်ိဳးရွိလာႏိုင္လည္း ဆိုတာကို ေတာ့ ေအာက္ပါ အခ်က္အလက္မ်ားကိုသာ ဖတ္ရႈၿပီး ေလ့လာၾကည့္လိုက္ပါ။

၁။ စိတ္ဖိစီးမႈ ေတြကို ေျဖေလ်ာ့ ေပးႏိုင္စြမ္း ရွိပါတယ္

“ခ်က္ျပဳတ္ျခင္းဟာ အေကာင္းဆံုး စိတ္ဖိစီးမႈ ေျဖေလ်ာ့ေပးသူျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုတာ ခ်က္ျပဳတ္ျခင္းဟာ ဖန္တီးမႈဆိုင္ရာ ထြက္ေပါက္တစ္ခုအျဖစ္ လုပ္ေဆာင္ရလို႔ပါပဲ” လို႔ စိတ္ဖိစီးမႈေတြကိုၿငိတြယ္ျခင္း ဆိုတဲ့ စာအုပ္ကိုေရးသားခဲ့သူ စာေရးဆရာ Debbie Mandel က ဆိုပါတယ္။ စိတ္ဖိစီးမႈေတြက သင့္ရဲ ႔ အာရံုခံစားမႈေတြကို ထံုထိုင္းေနေစတဲ့အခ်ိန္မွာ ခ်က္ျပဳတ္ျခင္းက အာရံုခံစားမႈေတြကို ျပန္လည္ လံႈ႕ေဆာ္ေပးလိုင္ပါတယ္။ ရနံ႔ ၊ အရသာ ၊ အထိအေတြ႔ ၊ အျမင္တင့္တယ္ျခင္း နဲ႔ အသံ စတဲ့ အာရံုခံစားမႈ(၅) ပါးလံုးကို ျဖစ္ေပၚလာေစပါတယ္။

၂။ သင့္ကို ပိုမိုဆြဲေဆာင္မႈ ရွိလာေစပါတယ္

Reddit သံုးစြဲသူ ေကာင္မေလး တစ္ေယာက္ရဲ ႔ ေရးသားမႈတစ္ခုကိုပဲ ျပန္ေဖာ္ျပေပးခ်င္ပါတယ္။ “သူဟာ ၿပိဳင္ဘက္ကင္းမဲ့ခဲ့တယ္ ၊ တစ္ကိုယ္ေကာင္းမဆန္ပဲ စားစရာ ဖန္တီးဖို႔ပဲ အာရံုစိုက္ခဲ့တယ္ ၊ စားစရာေတြ အဆင္သင့္ျဖစ္တဲ့အခ်ိန္မွာ သူ႔ကိုၾကည့္ၿပီး ကၽြန္မ သူ႔ရဲ ႔အက်ီၤေတြကို ဆြဲၿဖဲ ခ်င္သြားတယ္။ ညစာကို ေနာက္မွာ စားၿပီး သူနဲ႔သာ အရင္ဆံုး ခ်စ္ရည္လူးေနခ်င္ေတာ့တယ္”

၃။ ခ်စ္တင္းေႏွာျခင္းေတြ ပိုမို မ်ားျပားလာဖို႔ ဦးတည္ေပးပါတယ္

၀ါရွင္တန္ပို႔စ္ သတင္းစာ ရဲ ႔ ေဆာင္းပါတစ္ပုဒ္ အရေတာ့ ခ်က္ျပဳတ္ျခင္း အပါအ၀င္ အိမ္အလုပ္ေတြ အတူလုပ္တဲ့ စံုတြဲေတြဟာ အေပ်ာ္ရႊင္ဆံုး စံုတြဲေတြ ျဖစ္ပါတယ္တဲ့။ သူတို႔ဟာ ခ်စ္တင္းေႏွာမႈ အလြန္မ်ားသလို သူတို႔ရဲ ႔ လိင္ပိုင္းဆိုင္ရာ ေနထိုင္မႈေတြမွာလည္း စိတ္ေက်နပ္မႈ အလြန္ရရွိခဲ့ၾကတယ္လို႔ ေဖာ္ျပထားပါတယ္။

၄။ သင့္ကို ပိုမို က်န္းမာလာ ေစပါတယ္

ဂၽြန္ေဟာ့ကင္းရဲ ႔ ဘလြန္းဘာ့ဂ္ျပည္သူ႔က်န္းမာေရး ေက်ာင္း က ျပဳလုပ္ခဲ့တဲ့ ေလ့လာမႈ တစ္ခုအရေတာ့ အိမ္မွာ ခ်က္ျပဳတ္ၿပီး အခ်ိန္မွန္မွန္ စားသံုးသူေတြဟာ ပိုမို က်န္းမာၾကၿပီး ကယ္လိုရီ ရရွိမႈလည္း အျခားသူေတြထက္ နည္းပါးေနတတ္တယ္ဆိုတာကို ေတြ႕ရွိခဲ့ၾကပါတယ္။

၅။ ေျပာဆိုဆက္ဆံ မႈ ကုိ ပိုမုိ အဆင္ေျပေစပါတယ္

ေဂါ့တ္မန္း တကၠသိုလ္ က ျပဳလုပ္တဲ့သုေတသန တစ္ခုကေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ ေျပာဆိုဆက္ဆံမႈ ေကာင္းေကာင္း မျပဳလုပ္သူေတြဟာ ၾကာရွည္ မၿမဲၾကဘူးဆိုတာကို ေဖာ္ျပခဲ့ပါတယ္။ ကိုယ့္လက္တြဲေဖာ္နဲ႔အတူ ခ်က္ျပဳတ္တဲ့အခါမွာ သင့္မွာ ေျပာစရာ ေတြ အမ်ားႀကီး ျဖစ္လာမွာ ေသခ်ာပါတယ္။

၆။ “အစပ်ိဳးျခင္း” ပံုစံကြဲတစ္ခုလည္း ျဖစ္ပါတယ္

အတူတကြ ခ်က္ျပဳတ္ေနတဲ့အခါမွာ သင္ဟာ အီစီကလီေတြလည္း ေျပာႏိုင္ၿပီး အာရံုခံစားမႈကိုလည္း အသံုးခ် ႏိုင္ပါတယ္။ ခ်က္ျပဳတ္ျခင္းဟာ အာရံုခံစားျခင္းကို အစြမ္းကုန္ လံႈ႔ေဆာ္ေပးႏိုင္တဲ့ အရာဆိုလည္း ဟုတ္ပါတယ္။ထမင္း ၊ ဟင္း အတူတကြ ခ်က္ျပဳတ္ျခင္းဟာ သင့္အခ်စ္ေရးနဲ႔ သင့္က်န္းမာေရးအတြက္ ေကာင္းမြန္ေစ ႏိုင္ပါတယ္။ ေပ်ာ္ဖို႔လည္းေကာင္းသလို ဖန္တီးႏိုင္စြမ္းလည္း ရွိလာေစတဲ့အျပင္ စိန္ေခၚမႈ တစ္ခုလည္း ျဖစ္ေနၿပီး အရသာ ရွိတဲ့ ရလဒ္ေတြကို အၿမဲတမ္း ရရွိေစႏိုင္တာေၾကာင့္ မိမိ လက္တြဲေဖာ္နဲ႔ အတူ မီးဖိုေခ်ာင္ ၀င္ႏိုင္ဖို႔ ႀကိဳးစားလိုက္ပါ။

Credit:Popolay

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

မီးဖိုချောင်ထဲမှာ ဇနီးမောင်နှံ ၂ ယောက် အတူတကွ ထမင်း ၊ ဟင်း ချက်ပြုတ်ခြင်း လောက် ကဗျာဆန်တဲ့အရာ မရှိသေးပါဘူး။ Elite Daily ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြမှု တစ်ခုအရတော့ အတူတကွ ထမင်း ၊ ဟင်း ချက်ပြုတ်ခြင်းဟာ သင်နဲ့ သင့်ရဲ့ လက်တွဲဖော်ကို ပိုမိုနီးကပ် ရင်းနှီးသွားစေတယ်လို့ သိရပါတယ်။ အဲဒီလို လက်တွဲဖော် ၂ ယောက် အတူတကွ ထမင်း ၊ ဟင်း ချက်ပြုတ်ခြင်းဟာ သင့်အချစ်ရေးအတွက် ဘာတွေ ကောင်းကျိုးရှိလာနိုင်လည်း ဆိုတာကို တော့ အောက်ပါ အချက်အလက်များကိုသာ ဖတ်ရှုပြီး လေ့လာကြည့်လိုက်ပါ။

၁။ စိတ်ဖိစီးမှု တွေကို ဖြေလျော့ ပေးနိုင်စွမ်း ရှိပါတယ်

“ချက်ပြုတ်ခြင်းဟာ အကောင်းဆုံး စိတ်ဖိစီးမှု ဖြေလျော့ပေးသူဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတာ ချက်ပြုတ်ခြင်းဟာ ဖန်တီးမှုဆိုင်ရာ ထွက်ပေါက်တစ်ခုအဖြစ် လုပ်ဆောင်ရလို့ပါပဲ” လို့ စိတ်ဖိစီးမှုတွေကိုငြိတွယ်ခြင်း ဆိုတဲ့ စာအုပ်ကိုရေးသားခဲ့သူ စာရေးဆရာ Debbie Mandel က ဆိုပါတယ်။ စိတ်ဖိစီးမှုတွေက သင့်ရဲ့ အာရုံခံစားမှုတွေကို ထုံထိုင်းနေစေတဲ့အချိန်မှာ ချက်ပြုတ်ခြင်းက အာရုံခံစားမှုတွေကို ပြန်လည် လှုံ့ဆော်ပေးလိုင်ပါတယ်။ ရနံ့ ၊ အရသာ ၊ အထိအတွေ့ ၊ အမြင်တင့်တယ်ခြင်း နဲ့ အသံ စတဲ့ အာရုံခံစားမှု(၅) ပါးလုံးကို ဖြစ်ပေါ်လာစေပါတယ်။

၂။ သင့်ကို ပိုမိုဆွဲဆောင်မှု ရှိလာစေပါတယ်

Reddit သုံးစွဲသူ ကောင်မလေး တစ်ယောက်ရဲ့ ရေးသားမှုတစ်ခုကိုပဲ ပြန်ဖော်ပြပေးချင်ပါတယ်။ “သူဟာ ပြိုင်ဘက်ကင်းမဲ့ခဲ့တယ် ၊ တစ်ကိုယ်ကောင်းမဆန်ပဲ စားစရာ ဖန်တီးဖို့ပဲ အာရုံစိုက်ခဲ့တယ် ၊ စားစရာတွေ အဆင်သင့်ဖြစ်တဲ့အချိန်မှာ သူ့ကိုကြည့်ပြီး ကျွန်မ သူ့ရဲ့အကျီၤတွေကို ဆွဲဖြဲ ချင်သွားတယ်။ ညစာကို နောက်မှာ စားပြီး သူနဲ့သာ အရင်ဆုံး ချစ်ရည်လူးနေချင်တော့တယ်”

၃။ ချစ်တင်းနှောခြင်းတွေ ပိုမို များပြားလာဖို့ ဦးတည်ပေးပါတယ်

ဝါရှင်တန်ပို့စ် သတင်းစာ ရဲ့ ဆောင်းပါတစ်ပုဒ် အရတော့ ချက်ပြုတ်ခြင်း အပါအဝင် အိမ်အလုပ်တွေ အတူလုပ်တဲ့ စုံတွဲတွေဟာ အပျော်ရွှင်ဆုံး စုံတွဲတွေ ဖြစ်ပါတယ်တဲ့။ သူတို့ဟာ ချစ်တင်းနှောမှု အလွန်များသလို သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာ နေထိုင်မှုတွေမှာလည်း စိတ်ကျေနပ်မှု အလွန်ရရှိခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

၄။ သင့်ကို ပိုမို ကျန်းမာလာ စေပါတယ်

ဂျွန်ဟော့ကင်းရဲ့ ဘလွန်းဘာ့ဂ်ပြည်သူ့ကျန်းမာရေး ကျောင်း က ပြုလုပ်ခဲ့တဲ့ လေ့လာမှု တစ်ခုအရတော့ အိမ်မှာ ချက်ပြုတ်ပြီး အချိန်မှန်မှန် စားသုံးသူတွေဟာ ပိုမို ကျန်းမာကြပြီး ကယ်လိုရီ ရရှိမှုလည်း အခြားသူတွေထက် နည်းပါးနေတတ်တယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။

၅။ ပြောဆိုဆက်ဆံ မှု ကို ပိုမို အဆင်ပြေစေပါတယ်

ဂေါ့တ်မန်း တက္ကသိုလ် က ပြုလုပ်တဲ့သုတေသန တစ်ခုကတော့ တစ်ယောက်နဲ့ တစ်ယောက် ပြောဆိုဆက်ဆံမှု ကောင်းကောင်း မပြုလုပ်သူတွေဟာ ကြာရှည် မမြဲကြဘူးဆိုတာကို ဖော်ပြခဲ့ပါတယ်။ ကိုယ့်လက်တွဲဖော်နဲ့အတူ ချက်ပြုတ်တဲ့အခါမှာ သင့်မှာ ပြောစရာ တွေ အများကြီး ဖြစ်လာမှာ သေချာပါတယ်။

၆။ “အစပျိုးခြင်း” ပုံစံကွဲတစ်ခုလည်း ဖြစ်ပါတယ်

အတူတကွ ချက်ပြုတ်နေတဲ့အခါမှာ သင်ဟာ အီစီကလီတွေလည်း ပြောနိုင်ပြီး အာရုံခံစားမှုကိုလည်း အသုံးချ နိုင်ပါတယ်။ ချက်ပြုတ်ခြင်းဟာ အာရုံခံစားခြင်းကို အစွမ်းကုန် လှုံ့ဆော်ပေးနိုင်တဲ့ အရာဆိုလည်း ဟုတ်ပါတယ်။ထမင်း ၊ ဟင်း အတူတကွ ချက်ပြုတ်ခြင်းဟာ သင့်အချစ်ရေးနဲ့ သင့်ကျန်းမာရေးအတွက် ကောင်းမွန်စေ နိုင်ပါတယ်။ ပျော်ဖို့လည်းကောင်းသလို ဖန်တီးနိုင်စွမ်းလည်း ရှိလာစေတဲ့အပြင် စိန်ခေါ်မှု တစ်ခုလည်း ဖြစ်နေပြီး အရသာ ရှိတဲ့ ရလဒ်တွေကို အမြဲတမ်း ရရှိစေနိုင်တာကြောင့် မိမိ လက်တွဲဖော်နဲ့ အတူ မီးဖိုချောင် ဝင်နိုင်ဖို့ ကြိုးစားလိုက်ပါ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top