iMyanmarHouse.com - Best Property Website for Myanmar
×


ေဗါက္ေတြ ၊ ဒက္ေတြဟာ ကိုယ့္အေပၚ အျခားသူရဲ႕ အျမင္ကို ေျပာင္းလဲေစႏိုင္ပါတယ္ ။ သင္ဟာ လုံးဝ စမတ္က်ေအာင္ ဝတ္ဆင္ ထားျပီး ၊ ဆံပင္ပံုစံကိုလည္း ေသခ်ာသပ္သပ္ရပ္ျပဳလုပ္ထားတယ္ျဖစ္ဦး ေခါင္းမွာ ေဗါက္ေတြ ၊ ဒက္ေတြ နဲ႕ ပုံစံကို ျမင္ေယာင္ၾကည့္လိုက္ပါ ။ ျမင္လို႕မေကာင္းဘူး ဟုတ္တယ္ဟုတ္ ။

ေဗါက္ ၊ ဒက္ေတြ ဟာ တကယ္ေတာ့ ကုိယ့္ရဲ႕ ဆံပင္ကို ပုံမွန္ ေသခ်ာ ထိန္းသိမ္းျခင္း မရွိလို႕ ျဖစ္ေပၚလာတဲ့ ျပႆနာ ေတြထဲက တစ္ခုပဲျဖစ္ပါတယ္ ။ သင့္ရဲ႕ ဦးေခါင္း အရည္ျပားမွာရွိတဲ့ ေသဆုံးသြားတဲ့ ဆဲလ္ေတြဟာ အခ်ိန္တန္တဲ့အခ်ိန္က်ရင္ ဦးေခါင္းအနံ႕အျပားမွာ ကြာက်လာျပီး ဦးေရျပားကို ယားယံေစပါတယ္ ။

ဘယ္မွ သြားစရာ မလိုဘဲ အိမ္မွာ ကိုယ္တိုင္ျပဳလုပ္ႏိုင္မယ့္ ေဗါက္၊ဒက္ ကင္းရွင္းနည္း (၉) မ်ိဳးကို ေဖာ္ျပထားပါတယ္ ။ ဒီနည္းလမ္းေတြဟာ ေဗါက္ ၊ ဒက္ေတြ ကို ကင္းရွင္းေစရုံသာမက ဆံပင္ကို လည္း ပိုမို သန္မာ လွပ ေစမွာပဲျဖစ္ပါတယ္ ။

(၁) ေခါင္းေလွ်ာ္ျခင္း

ေဗါက္ ၊ ဒက္ မ်ားျပားျခင္း ရဲ႕ အဓိက အေၾကာင္းအရင္းတစ္ရပ္ကေတာ့ ေကာင္းေကာင္း မြန္မြန္ ေခါင္းေလွ်ာ္ေပးျခင္း မရွိလို႕ပဲျဖစ္ပါတယ္ ။ ေခါင္းကုိ ေသခ်ာေကာင္းမြန္စြာ ေလွ်ာ္ေပးျခင္းက က်န္းမာေသာ ဆံပင္ကို ပိုင္ဆိုင္ဖို႕ အတြက္ အေျခခံ အက်ဆုံး ေသာ အခ်က္ပဲ ျဖစ္ပါတယ္ ။ သင့္ရဲ႕ ဆံပင္ ကို ဖုန္မႈန္႕ေတြ ၊ ဦးေခါင္းမွ ထြက္လာတဲ့ ေခြ်းေတြ ၊ အဆီအညစ္အေၾကးေတြဟာ ေန႕စဥ္ ပုံမွန္ ညစ္ေပ ေစပါတယ္ ။ ဒါေၾကာင့္မို႕လို႕ ေခါင္းကိုေသခ်ာ ေလွ်ာ္ေပးျခင္းဟာ ေဗါက္ ၊ ဒက္ ျပႆနာအတြက္ အေရးၾကီးဆုံး ေျဖရွင္းေပးမယ့္ နည္းလမ္းတစ္ခုပါပဲ ။ အနည္းဆုံး တပါတ္ကို (၂) ၾကိမ္ ၊ (၃) ၾကိမ္ေတာ့ ေခါင္းေလွ်ာ္ေပးပါ ။ သဘာဝ ပစၥည္းမ်ားကို အသုံးျပဳထားတဲ့ ေခါင္းေလွ်ာ္ရည္ကို ေရြးခ်ယ္ အသုံးျပဳဖို႕က လည္းအေရးၾကီးပါတယ္ ။

( ၂ ) သဘာဝ အဆီ အသုံးျပဳ၍ ႏိွပ္ႏွယ္ေပးျခင္း

ေဗါက္ ၊ ဒက္ ကင္းဆင္ျပီး ေကာင္းမြန္ေသာ ဆံေကသ ကို ပိုင္ဆိုင္ႏိုင္ဖို႕အတြက္ သဘာဝ ေခါင္းလိမ္း ဆီ အသုံးျပဳ၍ ႏိွပ္ႏွယ္ေပးျခင္းဟာလည္း အေရးၾကီးေသာ အခ်က္တစ္ရပ္ ျဖစ္ပါတယ္ ။ သင့္ရဲ႕ဆံပင္ကို ေခါင္းလိမ္းဆီ ႏွင့္ ေသခ်ာလိမ္းျပီး ဦးေခါင္းအတြင္းသာကို ညွင္ညွင္သာသာ ႏွိပ္ႏွယ္ေပးျခင္းဟာ သင့္ရဲ႕ ဆံပင္ကို ေက်ာ့ရွင္း , လွပ , သန္မာ ေစျပီး ေဗါက္ ၊ ဒက္ေတြကို ကင္းေဝး ေစမွာ ျဖစ္ပါတယ္ ။ ဦးေခါင္းႏွင့္ ဆံပင္ ႏွိပ္ႏွယ္ေပးျခင္းကိုလည္း အနည္းဆုံး တပါတ္ကို (၂) ၾကိမ္ ၊ (၃) ၾကိမ္ ျပဳလုပ္ေပးပါ ။

(၃) ဒိန္ခ်ဥ္ကုထုံး

ဒိန္ခ်ဥ္ ကုထုံးကလည္း လြယ္ကူရိုးရွင္းျပီး ေဗါက္ ၊ ဒက္ မ်ားကို အေကာင္းဆုံး ကာကြယ္ေပးမည့္ နည္းလမ္း တစ္ရပ္ ျဖစ္ပါတယ္ ။ ဦးစြာ သင့္ရဲ႕ ဆံပင္ကို ေသခ်ာေလွ်ာ္ျပီးေနာက္ ေျခာက္ေအာင္ျပဳလုပ္ပါ ။ ျပီးလွ်င္ ဒိန္ခ်ဥ္ တစ္မ်ိဳးတည္းကို ဦးေရျပား အထိ လိမ္းျပီး (၁၀) မိနစ္ ၊ (၁၅) မိနစ္ ခန္႕ ေပါင္းခံထားပါ ။ ေပါင္းခံျပီးလွ်င္ သင့္ဦးရည္ျပား ႏွင့္ ဆံပင္အႏွံ ဒိန္ခ်ဥ္ လုံးဝ မက်န္ေစေအာင္ ေသခ်ာ ေလွ်ာ္ေပးျပီး ပုဝါ ကိုသာ အသုံးျပဳကာ ဆံပင္ကို ေျခာက္ေသြ႕ေစပါ ။

(၄) အမ္လာ ( Amla )

အမ္လာ ကို အဂၤလိပ္ ေဝါဟာရ အရ ဂူးစ္ဘယ္ရီ ( Goosebery ) ဟု ေခၚေဝၚျပီး က်န္းမာျပီး လွပေသာ ဆံေကသာအတြက္ အေရးပါေသာ ကာရိုတင္း ( carotene ) ဓါတ္ပါဝင္ပါတယ္ ။ ပင္ဆိမ္း အႏွစ္ ႏွင့္ အမ္လာ အမႈန္႕ကို ေသခ်ာေရာေႏွာျပီး သင့္ရဲ႕ ဦးေရျပားအႏွံ လိမ္းေပးပါ ။ အနည္းဆုံး တစ္နာရီခန္႕ ၾကာေခါင္ ႏွပ္ထားျပီးမွ ေခါင္းကိုေလွ်ာ္ေပးပါ ။ အခုနည္းကို အၾကိမ္အနည္းငယ္ ျပဳလုပ္ျပီးလွ်င္ သင့္ရဲ႕ ဆံေကသ ဟာ ထူးျခားလာမွာကို သင္ကိုယ္တိုင္ သတိထားမိမွာ ျဖစ္ပါတယ္ ။

(၅) ေရွာက္သီး

သင့္ဦးေခါင္းကို ယားယံေစျပီး ခနခန ကုတ္မိေစတဲ့ ေဗါက္ အမ်ိဳးအစား ကို ၾကဳံေတြ႕ေနရတယ္ဆိုရင္ေတာ့ ေရွာက္သီး ဟာသင့္ အတြက္ အေကာင္းဆုံးေသာ အေဖာ္မြန္ပါပဲ ။ စားပြဲတင္ဇြန္း (၂) ဇြန္း ခန္႕ ေရွာက္သီး အရည္ကို ညစ္ျပီး သင့္ ဦးေရျပားကို ေသျခာလိမ္းပါ ။ ျပီးလွ်င္ စားပြဲတင္ဇြန္း (၁) ဇြန္းတစ္ခြန္း ခန္႕ ေရွာက္သီးအရည္ နဲ႕ ေရတစ္ခြက္ကို ေရာျပီး သင့္ရဲ႕ ဆံပင္ကို ေဆးေပးပါ ။ သင့္ေခါင္းမွာ ေဗါက္ ၊ ဒက္ လုံးဝ ကင္းစင္သြားတဲ့ အခ်ိန္အတြက္ ဒီနည္းလမ္းကို အသုံးျပဳႏိုင္ပါတယ္ ။

(၆) ဖန္ႏုဂရိ ( Fenugreek )

မဲသီ ( Methi ) ဟု လည္းသိၾကေသာ္ ဖန္ႏုဂရိသည္ ဆံပင္ရဲ႕ အျမစ္ကို အားျဖည့္ ရွင္သန္ေစတဲ့ နီကိုတီနစ္ အက္္စစ္ ႏွင့္ ပရိုတင္း ပါဝင္ပါတယ္ ။ စားပြဲတင္ဇြန္း (၂) ဇြန္း စာ ဖန္ႏုဂရိကို နံနက္အခ်ိန္မွာ အသုံးျပဳဖို႕အတြက္ ညမွာ ေရတြင္ စိမ္ထားေပးပါ။ စိတ္ထားျပီးေသာ ဖန္ႏုဂရိ ကို နံနက္ အခ်ိန္မွာ သင့္ရဲ႕ ဆံပင္ ႏွင့္ ဦးေရျပားတြင္ ေသခ်ာလိမ္းေပးျပီး မိနစ္ (၂၀) ခန္႕ ႏွပ္ထားေပးပါ ။ ျပီးမွ ေပါ့ပါးေသာ ေခါင္းေလွ်ာ္ရည္ အမ်ိဳးအစားကို အသုံးျပဳျပီး ေခါင္းကိုေလွ်ာ္ေပးပါ ။ ေဗါက္ ၊ ဒက္ ကင္းေဝးျပီး သန္မာေသာ ဆံေကသကို ပိုင္ဆိုင္လာမွာ ကို သင္ျမင္ေတြ႕ရပါလိမ့္မယ္ ။

(၇) ႏွမ္းဆီ

သင့္ရဲ႕ ဆံပင္ ကို ပိုမိုျပီး သာမာန္ ၊ သိပ္သည္း ၊ ရွည္လ်ား လာေစရန္ ႏွမ္းဆီ ကို အသုံးျပဳႏိုင္သလို ေဗါက္ ၊ ဒက္ ကင္းေဝးေစဖို႕လဲ အသုံးျပဳႏိုင္ပါတယ္ ။ ႏွမ္းဆီကို အသုံးျပဳျပီး သင့္ဆံပင္ႏွင့္ ဦးေရျပားကို (၅) မိနစ္ခန္႕ ႏွိပ္ႏွယ္ေပးပါ ။ ျပီးလွ်င္ ခန အနားေပးျပီး ေခါင္းေလွ်ာ္ေပးပါက ထူးျခားေကာင္းမြန္တဲ့ အာနိသင္ကို သင္ခံစားရမွာပါ ။

(၈) ေခါင္ရန္းပန္း

ေခါင္ရန္းပန္းရဲ႕ အဆီကို သင့္ ဆံပင္တြင္ အသုံးျပဳေပးျခင္းသည္လည္း က်န္းမာေသာ ဆံပင္ အတြက္ အလြန္ေကာင္းမြန္ေသာ နည္းလမ္းတစ္ရပ္ျဖစ္ပါတယ္ ။ ေခါင္ရန္းပန္း ႏွင့္ အုန္းဆီ ကို တူတူ ေရာ၍ ေရေႏြးဆူဆူတြင္ မိနစ္ အနည္းငယ္ က်ိဳေပးပါ ။ က်ိဳျပီးသား အရည္ကို အေအးခံျပီးလွ်င္ မအိပ္ခင္သင့္ ရဲ႕ ဦးေရျပားမွာ လိမ္းျပီး တစ္ည လုံးႏွပ္ထားပါ ။ ျပီးမွ မနက္ အခ်ိန္မွ ေခါင္းေလွ်ာ္ရည္ အသုံးျပဳျပီး ေဆးေၾကာလိုက္ပါ ။ ရက္အနည္းငယ္ အတြင္း မွာပဲ ေဗါက္ ၊ ဒက္ေတြ ကင္းစင္ သြားမွာပဲျဖစ္ပါတယ္ ။

(၉) ဆားကုထုံး

ဆားဟာ သင့္ရဲ႕ အစားအေသာက္တြင္ လုိအပ္သလို ထည့္သြင္းျခင္းျဖင့္ အစားအစာကို ပိုမို အရသာရွိေစ ႏိုင္သလို ေခါင္းမေလွ်ာ္မွီ ဆားကို သင့္ရဲ႕ ဦးေရျပား အႏွံျဖဴးေပးျပီး ေခါင္းကို ႏွိပ္ေပးျခင္း ဟာလည္း ေဗါက္ ၊ ဒက္ ျပႆနာကို ေျဖရွင္းေပးႏိုင္ပါတယ္ ။

Credit:Popolay

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

ဗေါက်တွေ ၊ ဒက်တွေဟာ ကိုယ့်အပေါ် အခြားသူရဲ့ အမြင်ကို ပြောင်းလဲစေနိုင်ပါတယ် ။ သင်ဟာ လုံးဝ စမတ်ကျအောင် ဝတ်ဆင် ထားပြီး ၊ ဆံပင်ပုံစံကိုလည်း သေချာသပ်သပ်ရပ်ပြုလုပ်ထားတယ်ဖြစ်ဦး ခေါင်းမှာ ဗေါက်တွေ ၊ ဒက်တွေ နဲ့ ပုံစံကို မြင်ယောင်ကြည့်လိုက်ပါ ။ မြင်လို့မကောင်းဘူး ဟုတ်တယ်ဟုတ် ။

ဗေါက် ၊ ဒက်တွေ ဟာ တကယ်တော့ ကိုယ့်ရဲ့ ဆံပင်ကို ပုံမှန် သေချာ ထိန်းသိမ်းခြင်း မရှိလို့ ဖြစ်ပေါ်လာတဲ့ ပြဿနာ တွေထဲက တစ်ခုပဲဖြစ်ပါတယ် ။ သင့်ရဲ့ ဦးခေါင်း အရည်ပြားမှာရှိတဲ့ သေဆုံးသွားတဲ့ ဆဲလ်တွေဟာ အချိန်တန်တဲ့အချိန်ကျရင် ဦးခေါင်းအနံ့အပြားမှာ ကွာကျလာပြီး ဦးရေပြားကို ယားယံစေပါတယ် ။

ဘယ်မှ သွားစရာ မလိုဘဲ အိမ်မှာ ကိုယ်တိုင်ပြုလုပ်နိုင်မယ့် ဗေါက်၊ဒက် ကင်းရှင်းနည်း (၉) မျိုးကို ဖော်ပြထားပါတယ် ။ ဒီနည်းလမ်းတွေဟာ ဗေါက် ၊ ဒက်တွေ ကို ကင်းရှင်းစေရုံသာမက ဆံပင်ကို လည်း ပိုမို သန်မာ လှပ စေမှာပဲဖြစ်ပါတယ် ။

(၁) ခေါင်းလျှော်ခြင်း

ဗေါက် ၊ ဒက် များပြားခြင်း ရဲ့ အဓိက အကြောင်းအရင်းတစ်ရပ်ကတော့ ကောင်းကောင်း မွန်မွန် ခေါင်းလျှော်ပေးခြင်း မရှိလို့ပဲဖြစ်ပါတယ် ။ ခေါင်းကို သေချာကောင်းမွန်စွာ လျှော်ပေးခြင်းက ကျန်းမာသော ဆံပင်ကို ပိုင်ဆိုင်ဖို့ အတွက် အခြေခံ အကျဆုံး သော အချက်ပဲ ဖြစ်ပါတယ် ။ သင့်ရဲ့ ဆံပင် ကို ဖုန်မှုန့်တွေ ၊ ဦးခေါင်းမှ ထွက်လာတဲ့ ချွေးတွေ ၊ အဆီအညစ်အကြေးတွေဟာ နေ့စဉ် ပုံမှန် ညစ်ပေ စေပါတယ် ။ ဒါကြောင့်မို့လို့ ခေါင်းကိုသေချာ လျှော်ပေးခြင်းဟာ ဗေါက် ၊ ဒက် ပြဿနာအတွက် အရေးကြီးဆုံး ဖြေရှင်းပေးမယ့် နည်းလမ်းတစ်ခုပါပဲ ။ အနည်းဆုံး တပါတ်ကို (၂) ကြိမ် ၊ (၃) ကြိမ်တော့ ခေါင်းလျှော်ပေးပါ ။ သဘာဝ ပစ္စည်းများကို အသုံးပြုထားတဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ် အသုံးပြုဖို့က လည်းအရေးကြီးပါတယ် ။

( ၂ ) သဘာဝ အဆီ အသုံးပြု၍ နှိပ်နှယ်ပေးခြင်း

ဗေါက် ၊ ဒက် ကင်းဆင်ပြီး ကောင်းမွန်သော ဆံကေသ ကို ပိုင်ဆိုင်နိုင်ဖို့အတွက် သဘာဝ ခေါင်းလိမ်း ဆီ အသုံးပြု၍ နှိပ်နှယ်ပေးခြင်းဟာလည်း အရေးကြီးသော အချက်တစ်ရပ် ဖြစ်ပါတယ် ။ သင့်ရဲ့ဆံပင်ကို ခေါင်းလိမ်းဆီ နှင့် သေချာလိမ်းပြီး ဦးခေါင်းအတွင်းသာကို ညှင်ညှင်သာသာ နှိပ်နှယ်ပေးခြင်းဟာ သင့်ရဲ့ ဆံပင်ကို ကျော့ရှင်း , လှပ , သန်မာ စေပြီး ဗေါက် ၊ ဒက်တွေကို ကင်းဝေး စေမှာ ဖြစ်ပါတယ် ။ ဦးခေါင်းနှင့် ဆံပင် နှိပ်နှယ်ပေးခြင်းကိုလည်း အနည်းဆုံး တပါတ်ကို (၂) ကြိမ် ၊ (၃) ကြိမ် ပြုလုပ်ပေးပါ ။

(၃) ဒိန်ချဉ်ကုထုံး

ဒိန်ချဉ် ကုထုံးကလည်း လွယ်ကူရိုးရှင်းပြီး ဗေါက် ၊ ဒက် များကို အကောင်းဆုံး ကာကွယ်ပေးမည့် နည်းလမ်း တစ်ရပ် ဖြစ်ပါတယ် ။ ဦးစွာ သင့်ရဲ့ ဆံပင်ကို သေချာလျှော်ပြီးနောက် ခြောက်အောင်ပြုလုပ်ပါ ။ ပြီးလျှင် ဒိန်ချဉ် တစ်မျိုးတည်းကို ဦးရေပြား အထိ လိမ်းပြီး (၁၀) မိနစ် ၊ (၁၅) မိနစ် ခန့် ပေါင်းခံထားပါ ။ ပေါင်းခံပြီးလျှင် သင့်ဦးရည်ပြား နှင့် ဆံပင်အနှံ ဒိန်ချဉ် လုံးဝ မကျန်စေအောင် သေချာ လျှော်ပေးပြီး ပုဝါ ကိုသာ အသုံးပြုကာ ဆံပင်ကို ခြောက်သွေ့စေပါ ။

(၄) အမ်လာ ( Amla )

အမ်လာ ကို အင်္ဂလိပ် ဝေါဟာရ အရ ဂူးစ်ဘယ်ရီ ( Goosebery ) ဟု ခေါ်ဝေါ်ပြီး ကျန်းမာပြီး လှပသော ဆံကေသာအတွက် အရေးပါသော ကာရိုတင်း ( carotene ) ဓါတ်ပါဝင်ပါတယ် ။ ပင်ဆိမ်း အနှစ် နှင့် အမ်လာ အမှုန့်ကို သေချာရောနှောပြီး သင့်ရဲ့ ဦးရေပြားအနှံ လိမ်းပေးပါ ။ အနည်းဆုံး တစ်နာရီခန့် ကြာခေါင် နှပ်ထားပြီးမှ ခေါင်းကိုလျှော်ပေးပါ ။ အခုနည်းကို အကြိမ်အနည်းငယ် ပြုလုပ်ပြီးလျှင် သင့်ရဲ့ ဆံကေသ ဟာ ထူးခြားလာမှာကို သင်ကိုယ်တိုင် သတိထားမိမှာ ဖြစ်ပါတယ် ။

(၅) ရှောက်သီး

သင့်ဦးခေါင်းကို ယားယံစေပြီး ခနခန ကုတ်မိစေတဲ့ ဗေါက် အမျိုးအစား ကို ကြုံတွေ့နေရတယ်ဆိုရင်တော့ ရှောက်သီး ဟာသင့် အတွက် အကောင်းဆုံးသော အဖော်မွန်ပါပဲ ။ စားပွဲတင်ဇွန်း (၂) ဇွန်း ခန့် ရှောက်သီး အရည်ကို ညစ်ပြီး သင့် ဦးရေပြားကို သေခြာလိမ်းပါ ။ ပြီးလျှင် စားပွဲတင်ဇွန်း (၁) ဇွန်းတစ်ခွန်း ခန့် ရှောက်သီးအရည် နဲ့ ရေတစ်ခွက်ကို ရောပြီး သင့်ရဲ့ ဆံပင်ကို ဆေးပေးပါ ။ သင့်ခေါင်းမှာ ဗေါက် ၊ ဒက် လုံးဝ ကင်းစင်သွားတဲ့ အချိန်အတွက် ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ် ။

(၆) ဖန်နုဂရိ ( Fenugreek )

မဲသီ ( Methi ) ဟု လည်းသိကြသော် ဖန်နုဂရိသည် ဆံပင်ရဲ့ အမြစ်ကို အားဖြည့် ရှင်သန်စေတဲ့ နီကိုတီနစ် အက်စစ် နှင့် ပရိုတင်း ပါဝင်ပါတယ် ။ စားပွဲတင်ဇွန်း (၂) ဇွန်း စာ ဖန်နုဂရိကို နံနက်အချိန်မှာ အသုံးပြုဖို့အတွက် ညမှာ ရေတွင် စိမ်ထားပေးပါ။ စိတ်ထားပြီးသော ဖန်နုဂရိ ကို နံနက် အချိန်မှာ သင့်ရဲ့ ဆံပင် နှင့် ဦးရေပြားတွင် သေချာလိမ်းပေးပြီး မိနစ် (၂၀) ခန့် နှပ်ထားပေးပါ ။ ပြီးမှ ပေါ့ပါးသော ခေါင်းလျှော်ရည် အမျိုးအစားကို အသုံးပြုပြီး ခေါင်းကိုလျှော်ပေးပါ ။ ဗေါက် ၊ ဒက် ကင်းဝေးပြီး သန်မာသော ဆံကေသကို ပိုင်ဆိုင်လာမှာ ကို သင်မြင်တွေ့ရပါလိမ့်မယ် ။

(၇) နှမ်းဆီ

သင့်ရဲ့ ဆံပင် ကို ပိုမိုပြီး သာမာန် ၊ သိပ်သည်း ၊ ရှည်လျား လာစေရန် နှမ်းဆီ ကို အသုံးပြုနိုင်သလို ဗေါက် ၊ ဒက် ကင်းဝေးစေဖို့လဲ အသုံးပြုနိုင်ပါတယ် ။ နှမ်းဆီကို အသုံးပြုပြီး သင့်ဆံပင်နှင့် ဦးရေပြားကို (၅) မိနစ်ခန့် နှိပ်နှယ်ပေးပါ ။ ပြီးလျှင် ခန အနားပေးပြီး ခေါင်းလျှော်ပေးပါက ထူးခြားကောင်းမွန်တဲ့ အာနိသင်ကို သင်ခံစားရမှာပါ ။

(၈) ခေါင်ရန်းပန်း

ခေါင်ရန်းပန်းရဲ့ အဆီကို သင့် ဆံပင်တွင် အသုံးပြုပေးခြင်းသည်လည်း ကျန်းမာသော ဆံပင် အတွက် အလွန်ကောင်းမွန်သော နည်းလမ်းတစ်ရပ်ဖြစ်ပါတယ် ။ ခေါင်ရန်းပန်း နှင့် အုန်းဆီ ကို တူတူ ရော၍ ရေနွေးဆူဆူတွင် မိနစ် အနည်းငယ် ကျိုပေးပါ ။ ကျိုပြီးသား အရည်ကို အအေးခံပြီးလျှင် မအိပ်ခင်သင့် ရဲ့ ဦးရေပြားမှာ လိမ်းပြီး တစ်ည လုံးနှပ်ထားပါ ။ ပြီးမှ မနက် အချိန်မှ ခေါင်းလျှော်ရည် အသုံးပြုပြီး ဆေးကြောလိုက်ပါ ။ ရက်အနည်းငယ် အတွင်း မှာပဲ ဗေါက် ၊ ဒက်တွေ ကင်းစင် သွားမှာပဲဖြစ်ပါတယ် ။

(၉) ဆားကုထုံး

ဆားဟာ သင့်ရဲ့ အစားအသောက်တွင် လိုအပ်သလို ထည့်သွင်းခြင်းဖြင့် အစားအစာကို ပိုမို အရသာရှိစေ နိုင်သလို ခေါင်းမလျှော်မှီ ဆားကို သင့်ရဲ့ ဦးရေပြား အနှံဖြူးပေးပြီး ခေါင်းကို နှိပ်ပေးခြင်း ဟာလည်း ဗေါက် ၊ ဒက် ပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ် ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top