iMyanmarHouse.com - Best Property Website for Myanmar
×


အလွအပအတြက္ skin care လည္း လုပ္တယ္၊ မိတ္ကပ္နဲ႔ အစားအေသာက္လည္း ဂ႐ုစိုက္ပါလ်က္နဲ႔ မ်က္ႏွာမွာ ဝက္ျခံနဲ႔ အျပစ္အနာအဆာေတြ ရွိေနတယ္ဆိုရင္ေတာ့ ျပန္လည္စဥ္းစားဖုိ႔ လိုလာပါၿပီ။ တကယ္ေတာ့ မ်က္ႏွာေလး လွခ်င္တယ္ဆိုရင္ Skin care ေတြအျပင္ မိတ္ကပ္လိမ္းတဲ့ ပစၥည္းေတြကိုပါ သန္႔ရွင္းေအာင္ ထားဖို႔လိုပါတယ္။အညစ္အေၾကးရွိေနတဲ့ မိတ္ကပ္သံုး ပစၥည္းေတြကို ထားမယ္ဆိုရင္ေတာ့ ဘာေတြျဖစ္မလဲဆိုရင္..

(၁) အနီစက္ေတြနဲ႔ အသားအေရ ယားယံျခင္း

တစ္ခါတစ္ေလမွာ ဘာေၾကာင့္မွန္း မသိ မ်က္ႏွာအသားေရ ယားယံေနတတ္ပါတယ္။ ဒါဟာ မသန္႔ရွင္းတဲ့ ဘရက္ရွ္ေတြနဲ႔ မ်က္ႏွာကို ထိေတြ႔မိၿပီး ဘက္တီးရီးယားေတြ ဝင္တာေၾကာင့္ပါပဲ။ ယားယံတာေတြ မဟုတ္ဘဲ အနီစက္ေတြ ေပါက္တာလည္း ျဖစ္ႏုိင္ပါေသးတယ္။

(၂) ေခၽြးေပါက္က်ယ္ျခင္း

ေခၽြးေပါက္က်ယ္ဆိုရင္ တိုနာသံုးဖို႔ စိတ္ကူးၾကပါတယ္။ တိုနာသံုးတဲ့အခါမွာ သံုးတဲ့ ဂြမ္းဖတ္ေလးေတြ မသန္႔ရွင္းဘူးဆိုရင္ေတာ့ ေခၽြးေပါက္ေတြထဲကို ဘက္တီးရီးယားေတြ ဝင္သြားၿပီး ေခၽြးေပါက္ ပိုက်ယ္လာမွာပါ။ ဒါ့အျပင္ မ်က္ႏွာမွာ အဆီဖုေတြေတာင္ ျဖစ္ႏိုင္ပါေသးတယ္။

(၃) အေရးအေၾကာင္းျဖစ္လြယ္ျခင္း

စိတ္ဖိစီးမႈေတြေၾကာင့္လည္း အေရးအေၾကာင္းျဖစ္ႏိုင္ၿပီး အသက္အရြယ္မတိုင္ခင္ ရင့္ေရာ္တာေၾကာင့္လည္း အေရးအေၾကာင္း ျဖစ္လြယ္ပါတယ္။ မိတ္ကပ္ဘရက္ရွ္ေတြ မသန္႔ရွင္းတာနဲ႔ အခ်ိန္ၾကာၾကာ သံုးတာေၾကာင့္ ဘရက္ရွ္အေမႊးေလးေတြ မႏုေတာ့တဲ့အခါမွာလည္း အသားအေရ တင္းရင္းမႈကို ထိခုိက္ေစၿပီး အေရးအေၾကာင္း ျဖစ္ေစပါတယ္။

(၄) မ်က္လံုးနီရဲျခင္း

မ်က္လံုးအတြင္းဘက္မွာ နီရဲၿပီး နာက်င္တာေတြ ျဖစ္ႏိုင္ပါတယ္။ ဒါကေတာ့ မ်က္ေတာ့ေကာ့ေဆးေတြနဲ႔ Liner ပစၥည္းေတြ မသန္႔ရွင္းတာေၾကာင့္ပါ။ မ်က္ေတာင္ေကာ့ေဆးေတြ စုတ္တံေလးေတြမွာ ဘက္တီးရီးယားေတြ ရွိေနႏိုင္ၿပီး မ်က္စိထဲကုိ ဝင္တာေၾကာင့္ပါ။ အထူးသတိျပဳဖို႔ေတာ့ လိုပါတယ္ေနာ္။

(၅) ဝက္ျခံ

ဝက္ျခံကေတာ့ မသန္႔ရွင္းေၾကာင့္ျဖစ္တဲ့ အလွအပပ်က္စီးရျခင္း အေၾကာင္းရင္းမွာ ထိပ္ဆံုးက ပါဝင္ပါတယ္။ ဝက္ျခံထြက္လြယ္တဲ့ အသားအေရပိုင္ရွင္ေတြဟာ မ်က္ႏွာကို သန္႔ရွင္းတဲ့ ပစၥည္းေတြနဲ႔သာ ထိဖို႔ လိုပါတယ္။ မဟုတ္ရင္ ဘယ္လိုမွ မေပ်ာက္ႏိုင္ပါဘူး။ လက္သည္းအပါအဝင္ မိတ္ကပ္သံုးပစၥည္းေတြမွာ ဘက္တီးရီးယားေတြ ရွိေနျခင္းဟာ ဝက္ျခံျဖစ္ေစပါတယ္။ ဘက္တီးရီးယားေတြေၾကာင့္ အဆီျပန္တာေတြ ပိုျဖစ္ႏိုင္ၿပီး အဆီျပန္လိုက္ ဝက္ျခံထြက္လိုက္ သံသရာလည္ေနမွာမို႔ သန္႔ရွင္းေအာင္ ထားပါ။

Credit: Hellosayarwon

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

အလှအပအတွက် skin care လည်း လုပ်တယ်၊ မိတ်ကပ်နဲ့ အစားအသောက်လည်း ဂရုစိုက်ပါလျက်နဲ့ မျက်နှာမှာ ဝက်ခြံနဲ့ အပြစ်အနာအဆာတွေ ရှိနေတယ်ဆိုရင်တော့ ပြန်လည်စဉ်းစားဖို့ လိုလာပါပြီ။ တကယ်တော့ မျက်နှာလေး လှချင်တယ်ဆိုရင် Skin care တွေအပြင် မိတ်ကပ်လိမ်းတဲ့ ပစ္စည်းတွေကိုပါ သန့်ရှင်းအောင် ထားဖို့လိုပါတယ်။အညစ်အကြေးရှိနေတဲ့ မိတ်ကပ်သုံး ပစ္စည်းတွေကို ထားမယ်ဆိုရင်တော့ ဘာတွေဖြစ်မလဲဆိုရင်..

(၁) အနီစက်တွေနဲ့ အသားအရေ ယားယံခြင်း

တစ်ခါတစ်လေမှာ ဘာကြောင့်မှန်း မသိ မျက်နှာအသားရေ ယားယံနေတတ်ပါတယ်။ ဒါဟာ မသန့်ရှင်းတဲ့ ဘရက်ရှ်တွေနဲ့ မျက်နှာကို ထိတွေ့မိပြီး ဘက်တီးရီးယားတွေ ဝင်တာကြောင့်ပါပဲ။ ယားယံတာတွေ မဟုတ်ဘဲ အနီစက်တွေ ပေါက်တာလည်း ဖြစ်နိုင်ပါသေးတယ်။

(၂) ချွေးပေါက်ကျယ်ခြင်း

ချွေးပေါက်ကျယ်ဆိုရင် တိုနာသုံးဖို့ စိတ်ကူးကြပါတယ်။ တိုနာသုံးတဲ့အခါမှာ သုံးတဲ့ ဂွမ်းဖတ်လေးတွေ မသန့်ရှင်းဘူးဆိုရင်တော့ ချွေးပေါက်တွေထဲကို ဘက်တီးရီးယားတွေ ဝင်သွားပြီး ချွေးပေါက် ပိုကျယ်လာမှာပါ။ ဒါ့အပြင် မျက်နှာမှာ အဆီဖုတွေတောင် ဖြစ်နိုင်ပါသေးတယ်။

(၃) အရေးအကြောင်းဖြစ်လွယ်ခြင်း

စိတ်ဖိစီးမှုတွေကြောင့်လည်း အရေးအကြောင်းဖြစ်နိုင်ပြီး အသက်အရွယ်မတိုင်ခင် ရင့်ရော်တာကြောင့်လည်း အရေးအကြောင်း ဖြစ်လွယ်ပါတယ်။ မိတ်ကပ်ဘရက်ရှ်တွေ မသန့်ရှင်းတာနဲ့ အချိန်ကြာကြာ သုံးတာကြောင့် ဘရက်ရှ်အမွှေးလေးတွေ မနုတော့တဲ့အခါမှာလည်း အသားအရေ တင်းရင်းမှုကို ထိခိုက်စေပြီး အရေးအကြောင်း ဖြစ်စေပါတယ်။

(၄) မျက်လုံးနီရဲခြင်း

မျက်လုံးအတွင်းဘက်မှာ နီရဲပြီး နာကျင်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကတော့ မျက်တော့ကော့ဆေးတွေနဲ့ Liner ပစ္စည်းတွေ မသန့်ရှင်းတာကြောင့်ပါ။ မျက်တောင်ကော့ဆေးတွေ စုတ်တံလေးတွေမှာ ဘက်တီးရီးယားတွေ ရှိနေနိုင်ပြီး မျက်စိထဲကို ဝင်တာကြောင့်ပါ။ အထူးသတိပြုဖို့တော့ လိုပါတယ်နော်။

(၅) ဝက်ခြံ

ဝက်ခြံကတော့ မသန့်ရှင်းကြောင့်ဖြစ်တဲ့ အလှအပပျက်စီးရခြင်း အကြောင်းရင်းမှာ ထိပ်ဆုံးက ပါဝင်ပါတယ်။ ဝက်ခြံထွက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေဟာ မျက်နှာကို သန့်ရှင်းတဲ့ ပစ္စည်းတွေနဲ့သာ ထိဖို့ လိုပါတယ်။ မဟုတ်ရင် ဘယ်လိုမှ မပျောက်နိုင်ပါဘူး။ လက်သည်းအပါအဝင် မိတ်ကပ်သုံးပစ္စည်းတွေမှာ ဘက်တီးရီးယားတွေ ရှိနေခြင်းဟာ ဝက်ခြံဖြစ်စေပါတယ်။ ဘက်တီးရီးယားတွေကြောင့် အဆီပြန်တာတွေ ပိုဖြစ်နိုင်ပြီး အဆီပြန်လိုက် ဝက်ခြံထွက်လိုက် သံသရာလည်နေမှာမို့ သန့်ရှင်းအောင် ထားပါ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top