iMyanmarHouse.com - Best Property Website for Myanmar
×


က်ား၊ မ၊ အသက္အရြယ္မေရြး ကိုယ့္ရဲ႕ မ်က္ႏွာေလး ျဖဴစင္၀င္းပျပီး အျပစ္အနာအဆာေတြ ကင္းေနတာကိုပဲ ျမင္ခ်င္ၾကမွာပါ။ ဒါဆို အလွအပအတြက္ အသားအေရျပဳျပင္ထိန္းသိမ္း တာပဲျဖစ္ေစ၊ အလွကုန္ပစၥည္းေရြး၀ယ္ေတာ့မယ္ဆိုရင္ ကိုယ့္ရဲ႕ မ်က္ႏွာက ဘယ္လိုအ မ်ိဳးအစားထဲမွာ ပါေနလဲဆိုတာ သိထားဖို႔ လိုပါတယ္။ အဓိကအားျဖင့္

၁။ ပံုမွန္ အသားအေရ (Normal Skin)

၂။ ေျခာက္ေသြ႔ အသားအေရ (Dry Skin)

၃။ အဆီျပန္္ အသားအေရ (Oily Skin)

၄။ ေပါင္းစပ္ အသားအေရ (Combination Skin)

၅။ ထိခိုက္လြယ္ အသားအေရ (Sensitive Skin) ဆိုျပီး အသားအေရအမ်ိဳးအစား ၅ မ်ိဳး ရွိပါတယ္။

ဒီေန႔ေျပာျပေပးမယ့္ ေဆာင္းပါးေလးကေတာ့ မတူူညီတဲ့ အသားအေရအမ်ိဳးအစား ခြဲျခားပံုနဲ႔ ဘယ္လိုအေရျပားျပႆနာေတြ ျဖစ္ႏိုင္လဲ၊ ဘယ္လို ဂရုစိုက္သင့္လဲဆိုတာကို ဗဟုသုတ အေနနဲ႔ ေျပာျပေပးမယ္ေနာ္။

၁။ ပံုမွန္အသားအေရ (Normal Skin)

အဆီျပန္ျခင္း၊ ေျခာက္ေသြ႔ျခင္းမရွိဘဲ ပံုမွန္အတိုင္း ျဖစ္ေနတဲ့ မ်က္ႏွာအသားအေရပိုင္ ရွင္မ်ိဳးေတြ ျဖစ္ပါတယ္။ ရာသီဥတုအေျပာင္းအလဲေၾကာင့္ တစ္ခါတေလမွာ အဆီျပန္တာ၊ အသားေျခာက္တာ ျဖစ္လာခဲ့ရင္ေတာင္ အခ်ိန္တိုေလးအတြင္းမွာ ကိုယ့္မ်က္ႏွာကို သန္႔ စင္ေပးလိုက္တာနဲ႔ နဂိုပံုမွန္အတိုင္း ျပန္ျဖစ္ေစတဲ့ အသားအေရမ်ိဳးေပါ့။

ပံုမွန္အသားအေရရွိသူေတြရဲ႕ မ်က္ႏွာေပၚက ေခၽြးေပါက္ေတြဟာ ေသခ်ာ မျမင္ႏိုင္ေလာက္ေအာင္ က်ဥ္းလြန္းပါတယ္။ တျခားအသားအေရ အမ်ိဳးအစားနဲ႔ ယွဥ္လိုက္တဲ့ အခါ ျဖဴ၀င္းျပီး ေတာက္ပေနတာမ်ိဳးလည္း မဟုတ္သလို ထိခိုက္ပ်က္စီးဖို႔လည္း မလြယ္ကူပါ ဘူး။ မ်က္ႏွာေပၚမွာ အေရးအေၾကာင္း အနည္းငယ္ ထင္ေနတတ္တယ္။ အသားအေရာင္ ဟာ ညီေနျပီး မွဲ႔ေျခာက္ အစြန္းအထင္းေတြ သိပ္မေပၚပါဘူး။

အေရျပားျပႆနာေတြ ရံဖန္ရံခါမွ ျဖစ္တတ္ေပမဲ့ ကိုယ့္အသားအေရကို ေသခ်ာဂရုမစိုက္ဘဲ ပစ္ထားမယ္ဆိုရင္ေတာ့ ပ်က္စီးႏိုင္ေျခရွိပါတယ္။ အထူးသျဖင့္ ကိုယ္၀န္ေဆာင္ခ်ိန္၊ ေသြးဆံုး ခ်ိန္နဲ႔ အသက္အရြယ္ ၾကီးလာတဲ့အခါ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ အသားအေရမွာ ျပႆနာေတြ ၾကံဳလာႏိုင္ပါတယ္။

ပံုမွန္အသားအေရ ပိုင္ရွင္ေတြအေနနဲ႔ တျခားအသားအေရထက္စာရင္ ျပဳျပင္ထိန္းသိမ္းရ လြယ္ကူေပမယ့္ ဒီအတိုင္း ပစ္ထားလို႔ေတာ့ မရပါဘူး။ အသားအေရထိန္းသိမ္းဖို႔ အလွကုန္ ပစၥည္းေတြ ၀ယ္တဲ့အခါ အေရျပားကို အဆီရႊဲေနေစမယ့္၊ ေျခာက္ေသြ႔သြားေစမယ့္ ပစၥည္း  ေတြကို ေရွာင္သင့္ပါတယ္။

၂။ ေျခာက္ေသြ႔ အသားအေရ (Dry Skin)

အသားအေရေျခာက္တဲ့သူေတြမွာ အေရျပားကို လက္နဲ႔ ထိမိခ်ိန္ တင္းေနသလို၊ ေခ်ာေမြ႔မႈမ ရွိဘဲ အနည္းငယ္ ၾကမ္းရွေနသလို ခံစားရႏိုင္ပါတယ္။ အဆီျပန္ျခင္း မရွိလို႔ ၀က္ျခံ၊ အဆီ ဖုေတြ အထြက္နည္းတယ္။

မွဲ႔ေျခာက္ေတြ၊ ႏွင္းခူေတြ အျဖစ္မ်ားတယ္။ ေဆာင္းရာသီလို ရာသီဥတုေအးလြန္းတဲ့အခ်ိန္ မ်ိဳးမွာ အသားအေရ ပပ္ၾကားအက္တာ၊ အျဖဴဖတ္ေတြ မၾကာခဏ ကြာက်တာ၊ အသားက ေျခာက္ျပီး ၾကမ္းတာမ်ိဳးေတြ ျဖစ္ႏိုင္ပါတယ္။

အေရျပားကို ႏူးည့ံေခ်ာေမြ႔သြားေစမယ့္ သဘာ၀အဆီ (Sebum) ကို အေရျပားတြင္းမွာရွိတဲ့ အဆီဂလန္းေတြက ထုတ္ေပးပါတယ္။ မ်ိဳးရိုးဗီဇေၾကာင့္ အေရျပားက သဘာ၀အဆီေတြ ေကာင္းစြာ မထုတ္ေပးႏိုင္တဲ့အခါ အသားအေရ ေျခာက္လာပါတယ္။

ပံုမွန္အသားအေရကို ေရဓာတ္၊ အစိုဓာတ္ ျဖည့္တင္းမႈနည္းတာေၾကာင့္ ၾကာလာတာနဲ႔အမွ် အသားအေရ ေျခာက္လာတဲ့သူေတြလည္း ရွိပါတယ္။ အသားေျခာက္တဲ့သူေတြမွာ မၾကာခဏဆိုသလို အေရျပား ယားယံတာ၊ အလွကုန္ပစၥည္းေတြေၾကာင့္ အေရျပားနဲ႔ ဓာတ္မတည့္တာေတြ ျဖစ္ႏိုင္ပါတယ္။

 ဒါေၾကာင့္ အလွကုန္ပစၥည္းေတြ ၀ယ္မယ္ဆိုရင္ ကိုယ့္အသားအေရနဲ႔ ကိုက္ညီမႈရွိဖို႔ အရင္လက္ေပၚမွာ စမ္းသံုးၾကည့္ဖို႔ လိုအပ္ပါတယ္။ အထူးသျဖင့္ အေရျပားအတြင္းထဲထိ စိမ့္၀င္သြားေစဖို႔ အဆီပါ၀င္မႈမ်ားတဲ့ အစိုဓာတ္ထိန္္းခရင္မ္ (Moisturizer) ကို မျဖစ္မေန သံုးေပးဖို႔ လိုအပ္ပါတယ္။

 ျပင္းလြန္းတဲ့ မ်က္ႏွာသန္႔စင္ေဆးရည္ေတြအစား သဘာ၀ပစၥည္းေတြနဲ႔ ျပဳလုပ္ထားျပီး အသားအေရကို အတြင္းေရာ အျပင္ပါ အစိုဓာတ္ထိိန္းေပးႏိုင္မယ့္ မ်က္ႏွာသန္႔စင္ေဆး ရည္မ်ိဳးကို ေရြးခ်ယ္၀ယ္ယူသင့္ပါတယ္။

ခႏၶာကိုယ္တြင္း ေရဓာတ္ျပည့္၀ေနေစဖို႔ ေရမ်ားမ်ားေသာက္ေပးရပါမယ္။ ေရဓာတ္မ်ားတဲ့ အသီးအႏွံေတြ၊ အရြက္ေတြကို မ်ားမ်ားစားေပးရမယ္။ အသားအေရ ေျခာက္ေသြ႔ေစႏိုင္တဲ့ အျပဳအမူေတြ ျဖစ္တဲ့ ေဆးလိပ္နဲ႔ အရက္ေသာက္တာမ်ိဳးကိုလည္း ေရွာင္ၾကဥ္သင့္ပါတယ္။

ပူလြန္းတဲ့ ေရနဲ႔ ေရခ်ိဳးတာ၊ ေရစိမ္တာမ်ိဳးကိုလည္း တတ္ႏိုင္သေလာက္ ေရွာင္ေပးပါ။ ေရေအး သို႔မဟုတ္ ေရက်က္ေႏြးေလးနဲ႔ ေရကို ၅မိနစ္ေလာက္ပဲ ခ်ိဳးေပးပါ။

၃။ အဆီျပန္ အသားအေရ (Oily Skin)

ပူလြန္းတဲ့ ႏိုင္ငံေတြမွာ ေတာ္ေတာ္ေလးကို အေတြ႔မ်ားတဲ့ အသားအေရအမ်ိဳးအစားပါပဲ။ ဖုန္တလိမ္းလိမ္း၊ အဆီတ၀င္း၀င္းနဲ႔ ရုတ္တရက္ၾကည့္လိုက္ရင္ မ်က္ႏွာက ေျပာင္လက္ေန တာပဲလို႔ေတာင္ ထင္ရက္စရာပါ။ ဒီလို အဆီျပန္တဲ့ အသားအေရပိုင္ရွင္ေတြအတြက္ အိပ္မက္ဆိုးကေတာ့ ၀က္ျခံေတြ မၾကာခဏဆိုသလို ေပါက္တာပါပဲ။

အသားအေရ အဆီျပန္ျခင္းဟာလည္း မ်ိဳးရိုးဗီဇနဲ႔ ကိုယ့္ရဲ႕ေနပံုထိုင္ပံု၊ ေနထိုင္ရာ ပတ္၀န္း က်င္နဲ႔လည္း အမ်ားၾကီး သက္ဆိုင္မႈ ရွိပါတယ္။ အသားေျခာက္တဲ့သူေတြနဲ႔ ကြာသြားတဲ့ တစ္ခ်က္ကေတာ့ အေရျပားတြင္း အဆီဂလန္းဟာ လိုတာထက္ ပိုျပီး သဘာ၀အဆီ (Sebum) ေတြကို ထုတ္လုပ္ေပးႏိုင္တာေၾကာင့္ မ်က္ႏွာက ႏူးညံ့ေခ်ာေမြ႔တာထက္ အ ဆီေတြ ရႊဲေနသလို ျဖစ္ေနတတ္ပါတယ္။

 ေကာင္းတဲ့အခ်က္ကေတာ့ အဆီျပန္အသားအေရပိုင္ရွင္ေတြမွာ အေရျပားထူတဲ့အတြက္ ေရဓာတ္ခမ္းေျခာက္တာ၊ အေရးအေၾကာင္း ထင္တာမ်ိိဳးေတြ သိပ္မျဖစ္ေစပါဘူး။ မ်က္ႏွာမွာ အဆီေတြ ျပန္ေနတဲ့အခါ အျပင္ေလထုမွာ ပါလာတဲ့ ဖုန္မႈန္႔ေတြ ကပ္ဖို႔ ပိုလြယ္ကူသြားပါတယ္။

 ေနပူေနတဲ့အခ်ိန္မွာဆိုရင္ ေခၽြးေရာ အဆီပါျပန္ျပီး ေခၽြးေပါက္ေတြ က်ယ္လာတယ္။ မ်က္ႏွာ ကို ေသခ်ာမသန္႔စင္တဲ့အခါ ဖုန္ေတြဟာ ေခၽြးေပါက္အတြင္းထဲထိ ပိတ္ေနျပီး ၀က္ျခံျဖစ္ဖို႔ လမ္းစေဖာ္ေပးလိုက္တာပါပဲ။ ရိုးရိုး၀က္ျခံေတြတင္ မကဘဲ ဆား၀က္ျခံ၊ အဆီဖု၊ ျပည္ဖုေတြ ပါ ျဖစ္လာႏိုင္သည္အထိ ဒုကၡေပးႏိုင္ပါတယ္။

အသားအေရကို ေျခာက္ေသြ႔သြားေစမယ့္ အာနိသင္ပါတဲ့ အလွကုန္ပစၥည္းေတြ သံုးလိုက္တဲ့ အခါ အက်ိဳးရွိမယ္လို႔ ထင္ရေပမဲ့ တကယ္တမ္းက ကိုယ့္အေရျပားက အဆီေတြ ထပ္ျပီး ထုတ္လုပ္ဖို႔ လႈံ႕ေဆာ္ေပးလိုက္သလိုပါပဲ။

ဒါေၾကာင့္ အဆီျပန္တဲ့ အသားအေရအတြက္ အေရးအၾကီးဆံုးကေတာ့ မ်က္ႏွာအသား အေရေပၚက ပ်က္စီးသြားတဲ့ ဆဲလ္အေသေတြကို ျဖည္းညင္းစြာ တိုက္ခၽြတ္ေပးျခင္း (Exfoliation) လုပ္ေပးတာပါပဲ။ ျပီးသြားရင္ အစိုဓာတ္ထိန္းခရင္မ္တစ္မ်ိဳးမ်ိဳးနဲ႔ မ်က္ႏွာကို လိမ္းေပးပါ။

မ်က္ႏွာကို ခဏခဏ သစ္တာထက္ ကိုယ့္အသားအေရနဲ႔ လိုက္ဖက္တဲ့ သန္႔စင္ေဆးရည္နဲ႔ မ်က္ႏွာကို တစ္ေန႔ ၂ၾကိမ္ သန္႔ရွင္းေရးလုပ္ေပးပါ။ မ်က္ႏွာကို လက္နဲ႔ မၾကာခဏ ထိတာ၊ ၀က္ျခံရွိေနတဲ့အခ်ိန္မွာ ကုတ္လိုက္တာမ်ိဳး မလုပ္ပါနဲ႔။

အျပင္က ျပန္ေရာက္လာျပီဆိုရင္ ခဏေစာင့္ျပီး မ်က္ႏွာသစ္၊ ေရခ်ိဳးေပးပါ။ ၀က္ျခံနဲ႔ အဖုအပိမ့္ေတြအတြက္ကို အေရျပားအထူးကု ဆရာ၀န္ေတြ ညႊန္ၾကားတဲ့ ေဆးကို သူ႔အညႊန္းအတိုင္း သံုးေပးပါ။

အဆီမ်ားတဲ့ အစားအစာေတြ၊ အပူအစပ္ေတြကို ေလွ်ာ့စားပါ။ မိတ္ကပ္ေတြကို အထူၾကီး ဖံုးထားတာမ်ိဳး မလုပ္ပါနဲ႔။ မအိပ္ခင္မွာ မ်က္ႏွာေပၚက မိတ္ကပ္ေတြအကုန္ ခၽြတ္ျပီးမွ အိပ္ပါ။

၄။ ေပါင္းစပ္ အသားအေရ (Combination Skin)

အဆီျပန္ျခင္း၊ အသားအေရေျခာက္ျခင္း ၂မ်ိဳးလံုး ေတြ႔ရတတ္တဲ့ အသားအေရ အမ်ိဳးအစား ျဖစ္ပါတယ္။ လူေတာ္ေတာ္မ်ားမ်ားက ေပါင္းစပ္အသားအေရနဲ႔ အဆီျပန္ အသားအေရကို အမွတ္မွားတတ္ၾကပါတယ္။

T-zone လို႔ ေခၚတဲ့ နဖူး၊ ႏွာေခါင္းနဲ႔ ပါးပတ္လည္တစ္၀ိုက္မွာ အဆီျပန္ေနျပီး က်န္တဲ့ ေနရာေတြမွာ အသားပပ္ျပီး ေျခာက္ေနတာကို ေပါင္းစပ္ အသားအေရပိုင္ရွင္ေတြမွာ မၾကာခဏ ေတြ႔ရတတ္ပါတယ္။

ဒီလိုအသားအေရပိုင္ရွင္ေတြမွာ အလွကုန္ပစၥည္း ၀ယ္တဲ့အခါ အသားအေရကို ယားယံျခင္း၊ ေျခာက္ေသြ႔ေစျခင္း၊ အဆီျပန္ျခင္း မျဖစ္ေစတဲ့ အသားအေရ ၂မ်ိဳးလံုးနဲ႔ ကိုက္ညီမယ့္ ပစၥည္း ကို ေရြးျပီး ၀ယ္ရတာေၾကာင့္ နည္းနည္းေလးေတာ့ အလုပ္ပိုရႈပ္ေစပါတယ္။

မ်က္ႏွာအေရျပားကို ထိခိုက္ေစႏိုင္တဲ့ ဓာတုပစၥည္း ပါ၀င္တဲ့ အလွကုန္ပစၥည္းေတြအစား သဘာ၀အိမ္တြင္းပစၥည္းေတြပါ၀င္တဲ့ ပစၥည္းေလးေတြကို အဓိကသံုးေပးပါ။ အေမႊးနံ႔ သာေတြ မ်ားစြာ ပါ၀င္တဲ့ ပစၥည္းေတြဟာ အသားကို ပိုျပီး ယားယံေစႏိုင္လို႔ တတ္ႏိုင္ သေလာက္ အေမႊးနံ႔ နည္းျပီး အရည္အေသြးေကာင္းတဲ့ ပစၥည္းမ်ိဳးေတြကို ေရြး၀ယ္သင့္ပါ တယ္။

အစိုဓာတ္ထိန္းခရင္မ္ကို ေပါင္းစပ္ အသားအေရသီးသန္႔ထုတ္ ပစၥည္းရွာ၀ယ္ရခက္မယ္ ဆိုရင္ အဆီျပန္တဲ့ ေနရာတစ္၀ိုက္အတြက္ တစ္မ်ိဳး၊ ေျခာက္ေသြ႔ျပီး အသားပပ္ေနတဲ့ ေနရာအတြက္ တစ္မ်ိဳး၊ ၂မ်ိဳးစီ သံုးေပးလို႔ ရပါတယ္။

 ေပါင္းစပ္ အသားအေရပိုင္ရွင္ေတြမွာ ပ်က္စီးေနတဲ့ အေပၚယံအေရျပားဆဲလ္အေသေတြ အမ်ားအျပား ရွိေနႏိုင္တဲ့အတြက္ တစ္ပတ္ကို အနည္းဆံုး တစ္ၾကိမ္ေလာက္ ေခ်းခၽြတ္သန္႔ စင္ေပးဖိို႔လည္း အေရးၾကီးပါတယ္။

၅။ ထိခိုက္လြယ္ အသားအေရ (Sensitive Skin)

အသားေျခာက္တာ၊ အဆီျပန္တာ၊ ေပါင္းစပ္ အသားအေရေတြမွာ အျဖစ္မ်ားတဲ့ လကၡ ဏာေတြကို ေတြ႔ရတတ္ျပီး ဓာတုေဗဒပစၥည္းေတြကို အသံုးျပဳတဲ့အခါ အသားအေရ ပ်က္စီးလြယ္တာ၊ နီရဲျပီး ယားယံလာတာမ်ိဳး မၾကာခဏ ျဖစ္တတ္ပါတယ္။

ကိုယ္သံုးလိုက္တဲ့ အလွကုန္ေတြထဲမွာ ဓာတုေဗဒပစၥည္း နည္းနည္းေလး ျပင္းတာ ပါလိုက္ျပီဆိုတာနဲ႔ အသားက ပ်က္စီးသြားေတာ့တာပါပဲ။ဒီလိုအသားအေရပိုင္ရွင္ေတြအေနနဲ႔ အလွကုန္ပစၥည္း ၀ယ္တဲ့အခါ၊ မ်က္ႏွာအသားအေရ ထိန္းသိမ္းတဲ့အခါ ေတာ္ေတာ္ေလးကို ဂရုစိုက္ဖို႔ လိုပါတယ္။

 ေနပူထဲ သြားတဲ့အခါ ေနေလာင္ကာခရင္မ္ ပါးပါးေလး လိမ္းသြားေပးပါ။ မိတ္ကပ္ကို ပါးပါးေလးသာ လိမ္းပါ။ ေရခ်ိဳးျပီးတဲ့အခါ အစိုဓာတ္ထိန္းခရင္မ္ လိမ္းေပးပါ။ မ်က္ႏွာေပၚမွာ ၀က္ျခံ၊ အဆီဖု၊ အဖုအပိမ့္ေတြ ေပါက္လာရင္လည္း လက္နဲ႔ လံုး၀မထိပါနဲ႔။

ပိုး၀င္သြားတဲ့အခါ ပိုဆိုးသြားေစႏုိင္ပါတယ္။ မ်က္ႏွာကို ထိေတြ႔ကိုင္တယ္တဲ့အခါ ႏူးညံ့တဲ့ ဂြမ္းစေလးနဲ႔သာ ျဖည္းျဖည္းခ်င္း ကိုင္တြယ္ေပးပါ။ မ်က္ႏွာေပၚမွာ အသံုးျပဳမယ့္ ဘယ္ပစၥည္း ကိုမဆို ေသခ်ာစစ္ေဆးျပီးမွ ေရြး၀ယ္ပါ။ ထိခိုက္လြယ္တဲ့ အသားအေရပိုင္ရွင္ေတြအတြက္ အဓိကထုတ္ထားတဲ့ ပစၥည္းေတြျဖစ္ေစ၊ သဘာ၀ပစၥည္းေတြနဲ႔ ျပဳလုပ္ထားတာျဖစ္ေစ ၀ယ္လို႔ ရသလို ကိုယ္ျပသေနတဲ့ အေရျပားအထူးကုဆရာ၀န္ ညႊန္ၾကားခ်က္အတိုင္း ေရြး၀ယ္လို႔လည္း ရပါတယ္။


Credit:hellosayarwon

 အလွအပ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ကျား၊ မ၊ အသက်အရွယ်မရွေး ကိုယ့်ရဲ့ မျက်နှာလေး ဖြူစင်ဝင်းပပြီး အပြစ်အနာအဆာတွေ ကင်းနေတာကိုပဲ မြင်ချင်ကြမှာပါ။ ဒါဆို အလှအပအတွက် အသားအရေပြုပြင်ထိန်းသိမ်း တာပဲဖြစ်စေ၊ အလှကုန်ပစ္စည်းရွေးဝယ်တော့မယ်ဆိုရင် ကိုယ့်ရဲ့ မျက်နှာက ဘယ်လိုအ မျိုးအစားထဲမှာ ပါနေလဲဆိုတာ သိထားဖို့ လိုပါတယ်။ အဓိကအားဖြင့်

၁။ ပုံမှန် အသားအရေ (Normal Skin)

၂။ ခြောက်သွေ့ အသားအရေ (Dry Skin)

၃။ အဆီပြန် အသားအရေ (Oily Skin)

၄။ ပေါင်းစပ် အသားအရေ (Combination Skin)

၅။ ထိခိုက်လွယ် အသားအရေ (Sensitive Skin) ဆိုပြီး အသားအရေအမျိုးအစား ၅ မျိုး ရှိပါတယ်။

ဒီနေ့ပြောပြပေးမယ့် ဆောင်းပါးလေးကတော့ မတူူညီတဲ့ အသားအရေအမျိုးအစား ခွဲခြားပုံနဲ့ ဘယ်လိုအရေပြားပြဿနာတွေ ဖြစ်နိုင်လဲ၊ ဘယ်လို ဂရုစိုက်သင့်လဲဆိုတာကို ဗဟုသုတ အနေနဲ့ ပြောပြပေးမယ်နော်။

၁။ ပုံမှန်အသားအရေ (Normal Skin)

အဆီပြန်ခြင်း၊ ခြောက်သွေ့ခြင်းမရှိဘဲ ပုံမှန်အတိုင်း ဖြစ်နေတဲ့ မျက်နှာအသားအရေပိုင် ရှင်မျိုးတွေ ဖြစ်ပါတယ်။ ရာသီဥတုအပြောင်းအလဲကြောင့် တစ်ခါတလေမှာ အဆီပြန်တာ၊ အသားခြောက်တာ ဖြစ်လာခဲ့ရင်တောင် အချိန်တိုလေးအတွင်းမှာ ကိုယ့်မျက်နှာကို သန့် စင်ပေးလိုက်တာနဲ့ နဂိုပုံမှန်အတိုင်း ပြန်ဖြစ်စေတဲ့ အသားအရေမျိုးပေါ့။

ပုံမှန်အသားအရေရှိသူတွေရဲ့ မျက်နှာပေါ်က ချွေးပေါက်တွေဟာ သေချာ မမြင်နိုင်လောက်အောင် ကျဉ်းလွန်းပါတယ်။ တခြားအသားအရေ အမျိုးအစားနဲ့ ယှဉ်လိုက်တဲ့ အခါ ဖြူဝင်းပြီး တောက်ပနေတာမျိုးလည်း မဟုတ်သလို ထိခိုက်ပျက်စီးဖို့လည်း မလွယ်ကူပါ ဘူး။ မျက်နှာပေါ်မှာ အရေးအကြောင်း အနည်းငယ် ထင်နေတတ်တယ်။ အသားအရောင် ဟာ ညီနေပြီး မှဲ့ခြောက် အစွန်းအထင်းတွေ သိပ်မပေါ်ပါဘူး။

အရေပြားပြဿနာတွေ ရံဖန်ရံခါမှ ဖြစ်တတ်ပေမဲ့ ကိုယ့်အသားအရေကို သေချာဂရုမစိုက်ဘဲ ပစ်ထားမယ်ဆိုရင်တော့ ပျက်စီးနိုင်ခြေရှိပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်၊ သွေးဆုံး ချိန်နဲ့ အသက်အရွယ် ကြီးလာတဲ့အခါ ဟော်မုန်းအပြောင်းအလဲကြောင့် အသားအရေမှာ ပြဿနာတွေ ကြုံလာနိုင်ပါတယ်။

ပုံမှန်အသားအရေ ပိုင်ရှင်တွေအနေနဲ့ တခြားအသားအရေထက်စာရင် ပြုပြင်ထိန်းသိမ်းရ လွယ်ကူပေမယ့် ဒီအတိုင်း ပစ်ထားလို့တော့ မရပါဘူး။ အသားအရေထိန်းသိမ်းဖို့ အလှကုန် ပစ္စည်းတွေ ဝယ်တဲ့အခါ အရေပြားကို အဆီရွှဲနေစေမယ့်၊ ခြောက်သွေ့သွားစေမယ့် ပစ္စည်း  တွေကို ရှောင်သင့်ပါတယ်။

၂။ ခြောက်သွေ့ အသားအရေ (Dry Skin)

အသားအရေခြောက်တဲ့သူတွေမှာ အရေပြားကို လက်နဲ့ ထိမိချိန် တင်းနေသလို၊ ချောမွေ့မှုမ ရှိဘဲ အနည်းငယ် ကြမ်းရှနေသလို ခံစားရနိုင်ပါတယ်။ အဆီပြန်ခြင်း မရှိလို့ ဝက်ခြံ၊ အဆီ ဖုတွေ အထွက်နည်းတယ်။

မှဲ့ခြောက်တွေ၊ နှင်းခူတွေ အဖြစ်များတယ်။ ဆောင်းရာသီလို ရာသီဥတုအေးလွန်းတဲ့အချိန် မျိုးမှာ အသားအရေ ပပ်ကြားအက်တာ၊ အဖြူဖတ်တွေ မကြာခဏ ကွာကျတာ၊ အသားက ခြောက်ပြီး ကြမ်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

အရေပြားကို နူးညံ့ချောမွေ့သွားစေမယ့် သဘာဝအဆီ (Sebum) ကို အရေပြားတွင်းမှာရှိတဲ့ အဆီဂလန်းတွေက ထုတ်ပေးပါတယ်။ မျိုးရိုးဗီဇကြောင့် အရေပြားက သဘာဝအဆီတွေ ကောင်းစွာ မထုတ်ပေးနိုင်တဲ့အခါ အသားအရေ ခြောက်လာပါတယ်။

ပုံမှန်အသားအရေကို ရေဓာတ်၊ အစိုဓာတ် ဖြည့်တင်းမှုနည်းတာကြောင့် ကြာလာတာနဲ့အမျှ အသားအရေ ခြောက်လာတဲ့သူတွေလည်း ရှိပါတယ်။ အသားခြောက်တဲ့သူတွေမှာ မကြာခဏဆိုသလို အရေပြား ယားယံတာ၊ အလှကုန်ပစ္စည်းတွေကြောင့် အရေပြားနဲ့ ဓာတ်မတည့်တာတွေ ဖြစ်နိုင်ပါတယ်။

 ဒါကြောင့် အလှကုန်ပစ္စည်းတွေ ဝယ်မယ်ဆိုရင် ကိုယ့်အသားအရေနဲ့ ကိုက်ညီမှုရှိဖို့ အရင်လက်ပေါ်မှာ စမ်းသုံးကြည့်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အရေပြားအတွင်းထဲထိ စိမ့်ဝင်သွားစေဖို့ အဆီပါဝင်မှုများတဲ့ အစိုဓာတ်ထိန်းခရင်မ် (Moisturizer) ကို မဖြစ်မနေ သုံးပေးဖို့ လိုအပ်ပါတယ်။

 ပြင်းလွန်းတဲ့ မျက်နှာသန့်စင်ဆေးရည်တွေအစား သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားပြီး အသားအရေကို အတွင်းရော အပြင်ပါ အစိုဓာတ်ထိန်းပေးနိုင်မယ့် မျက်နှာသန့်စင်ဆေး ရည်မျိုးကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

ခန္ဓာကိုယ်တွင်း ရေဓာတ်ပြည့်ဝနေစေဖို့ ရေများများသောက်ပေးရပါမယ်။ ရေဓာတ်များတဲ့ အသီးအနှံတွေ၊ အရွက်တွေကို များများစားပေးရမယ်။ အသားအရေ ခြောက်သွေ့စေနိုင်တဲ့ အပြုအမူတွေ ဖြစ်တဲ့ ဆေးလိပ်နဲ့ အရက်သောက်တာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

ပူလွန်းတဲ့ ရေနဲ့ ရေချိုးတာ၊ ရေစိမ်တာမျိုးကိုလည်း တတ်နိုင်သလောက် ရှောင်ပေးပါ။ ရေအေး သို့မဟုတ် ရေကျက်နွေးလေးနဲ့ ရေကို ၅မိနစ်လောက်ပဲ ချိုးပေးပါ။

၃။ အဆီပြန် အသားအရေ (Oily Skin)

ပူလွန်းတဲ့ နိုင်ငံတွေမှာ တော်တော်လေးကို အတွေ့များတဲ့ အသားအရေအမျိုးအစားပါပဲ။ ဖုန်တလိမ်းလိမ်း၊ အဆီတဝင်းဝင်းနဲ့ ရုတ်တရက်ကြည့်လိုက်ရင် မျက်နှာက ပြောင်လက်နေ တာပဲလို့တောင် ထင်ရက်စရာပါ။ ဒီလို အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအတွက် အိပ်မက်ဆိုးကတော့ ဝက်ခြံတွေ မကြာခဏဆိုသလို ပေါက်တာပါပဲ။

အသားအရေ အဆီပြန်ခြင်းဟာလည်း မျိုးရိုးဗီဇနဲ့ ကိုယ့်ရဲ့နေပုံထိုင်ပုံ၊ နေထိုင်ရာ ပတ်ဝန်း ကျင်နဲ့လည်း အများကြီး သက်ဆိုင်မှု ရှိပါတယ်။ အသားခြောက်တဲ့သူတွေနဲ့ ကွာသွားတဲ့ တစ်ချက်ကတော့ အရေပြားတွင်း အဆီဂလန်းဟာ လိုတာထက် ပိုပြီး သဘာဝအဆီ (Sebum) တွေကို ထုတ်လုပ်ပေးနိုင်တာကြောင့် မျက်နှာက နူးညံ့ချောမွေ့တာထက် အ ဆီတွေ ရွှဲနေသလို ဖြစ်နေတတ်ပါတယ်။

 ကောင်းတဲ့အချက်ကတော့ အဆီပြန်အသားအရေပိုင်ရှင်တွေမှာ အရေပြားထူတဲ့အတွက် ရေဓာတ်ခမ်းခြောက်တာ၊ အရေးအကြောင်း ထင်တာမျိုးတွေ သိပ်မဖြစ်စေပါဘူး။ မျက်နှာမှာ အဆီတွေ ပြန်နေတဲ့အခါ အပြင်လေထုမှာ ပါလာတဲ့ ဖုန်မှုန့်တွေ ကပ်ဖို့ ပိုလွယ်ကူသွားပါတယ်။

 နေပူနေတဲ့အချိန်မှာဆိုရင် ချွေးရော အဆီပါပြန်ပြီး ချွေးပေါက်တွေ ကျယ်လာတယ်။ မျက်နှာ ကို သေချာမသန့်စင်တဲ့အခါ ဖုန်တွေဟာ ချွေးပေါက်အတွင်းထဲထိ ပိတ်နေပြီး ဝက်ခြံဖြစ်ဖို့ လမ်းစဖော်ပေးလိုက်တာပါပဲ။ ရိုးရိုးဝက်ခြံတွေတင် မကဘဲ ဆားဝက်ခြံ၊ အဆီဖု၊ ပြည်ဖုတွေ ပါ ဖြစ်လာနိုင်သည်အထိ ဒုက္ခပေးနိုင်ပါတယ်။

အသားအရေကို ခြောက်သွေ့သွားစေမယ့် အာနိသင်ပါတဲ့ အလှကုန်ပစ္စည်းတွေ သုံးလိုက်တဲ့ အခါ အကျိုးရှိမယ်လို့ ထင်ရပေမဲ့ တကယ်တမ်းက ကိုယ့်အရေပြားက အဆီတွေ ထပ်ပြီး ထုတ်လုပ်ဖို့ လှုံ့ဆော်ပေးလိုက်သလိုပါပဲ။

ဒါကြောင့် အဆီပြန်တဲ့ အသားအရေအတွက် အရေးအကြီးဆုံးကတော့ မျက်နှာအသား အရေပေါ်က ပျက်စီးသွားတဲ့ ဆဲလ်အသေတွေကို ဖြည်းညင်းစွာ တိုက်ချွတ်ပေးခြင်း (Exfoliation) လုပ်ပေးတာပါပဲ။ ပြီးသွားရင် အစိုဓာတ်ထိန်းခရင်မ်တစ်မျိုးမျိုးနဲ့ မျက်နှာကို လိမ်းပေးပါ။

မျက်နှာကို ခဏခဏ သစ်တာထက် ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ သန့်စင်ဆေးရည်နဲ့ မျက်နှာကို တစ်နေ့ ၂ကြိမ် သန့်ရှင်းရေးလုပ်ပေးပါ။ မျက်နှာကို လက်နဲ့ မကြာခဏ ထိတာ၊ ဝက်ခြံရှိနေတဲ့အချိန်မှာ ကုတ်လိုက်တာမျိုး မလုပ်ပါနဲ့။

အပြင်က ပြန်ရောက်လာပြီဆိုရင် ခဏစောင့်ပြီး မျက်နှာသစ်၊ ရေချိုးပေးပါ။ ဝက်ခြံနဲ့ အဖုအပိမ့်တွေအတွက်ကို အရေပြားအထူးကု ဆရာဝန်တွေ ညွှန်ကြားတဲ့ ဆေးကို သူ့အညွှန်းအတိုင်း သုံးပေးပါ။

အဆီများတဲ့ အစားအစာတွေ၊ အပူအစပ်တွေကို လျှော့စားပါ။ မိတ်ကပ်တွေကို အထူကြီး ဖုံးထားတာမျိုး မလုပ်ပါနဲ့။ မအိပ်ခင်မှာ မျက်နှာပေါ်က မိတ်ကပ်တွေအကုန် ချွတ်ပြီးမှ အိပ်ပါ။

၄။ ပေါင်းစပ် အသားအရေ (Combination Skin)

အဆီပြန်ခြင်း၊ အသားအရေခြောက်ခြင်း ၂မျိုးလုံး တွေ့ရတတ်တဲ့ အသားအရေ အမျိုးအစား ဖြစ်ပါတယ်။ လူတော်တော်များများက ပေါင်းစပ်အသားအရေနဲ့ အဆီပြန် အသားအရေကို အမှတ်မှားတတ်ကြပါတယ်။

T-zone လို့ ခေါ်တဲ့ နဖူး၊ နှာခေါင်းနဲ့ ပါးပတ်လည်တစ်ဝိုက်မှာ အဆီပြန်နေပြီး ကျန်တဲ့ နေရာတွေမှာ အသားပပ်ပြီး ခြောက်နေတာကို ပေါင်းစပ် အသားအရေပိုင်ရှင်တွေမှာ မကြာခဏ တွေ့ရတတ်ပါတယ်။

ဒီလိုအသားအရေပိုင်ရှင်တွေမှာ အလှကုန်ပစ္စည်း ဝယ်တဲ့အခါ အသားအရေကို ယားယံခြင်း၊ ခြောက်သွေ့စေခြင်း၊ အဆီပြန်ခြင်း မဖြစ်စေတဲ့ အသားအရေ ၂မျိုးလုံးနဲ့ ကိုက်ညီမယ့် ပစ္စည်း ကို ရွေးပြီး ဝယ်ရတာကြောင့် နည်းနည်းလေးတော့ အလုပ်ပိုရှုပ်စေပါတယ်။

မျက်နှာအရေပြားကို ထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်း ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေအစား သဘာဝအိမ်တွင်းပစ္စည်းတွေပါဝင်တဲ့ ပစ္စည်းလေးတွေကို အဓိကသုံးပေးပါ။ အမွှေးနံ့ သာတွေ များစွာ ပါဝင်တဲ့ ပစ္စည်းတွေဟာ အသားကို ပိုပြီး ယားယံစေနိုင်လို့ တတ်နိုင် သလောက် အမွှေးနံ့ နည်းပြီး အရည်အသွေးကောင်းတဲ့ ပစ္စည်းမျိုးတွေကို ရွေးဝယ်သင့်ပါ တယ်။

အစိုဓာတ်ထိန်းခရင်မ်ကို ပေါင်းစပ် အသားအရေသီးသန့်ထုတ် ပစ္စည်းရှာဝယ်ရခက်မယ် ဆိုရင် အဆီပြန်တဲ့ နေရာတစ်ဝိုက်အတွက် တစ်မျိုး၊ ခြောက်သွေ့ပြီး အသားပပ်နေတဲ့ နေရာအတွက် တစ်မျိုး၊ ၂မျိုးစီ သုံးပေးလို့ ရပါတယ်။

 ပေါင်းစပ် အသားအရေပိုင်ရှင်တွေမှာ ပျက်စီးနေတဲ့ အပေါ်ယံအရေပြားဆဲလ်အသေတွေ အများအပြား ရှိနေနိုင်တဲ့အတွက် တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ်လောက် ချေးချွတ်သန့် စင်ပေးဖို့လည်း အရေးကြီးပါတယ်။

၅။ ထိခိုက်လွယ် အသားအရေ (Sensitive Skin)

အသားခြောက်တာ၊ အဆီပြန်တာ၊ ပေါင်းစပ် အသားအရေတွေမှာ အဖြစ်များတဲ့ လက္ခ ဏာတွေကို တွေ့ရတတ်ပြီး ဓာတုဗေဒပစ္စည်းတွေကို အသုံးပြုတဲ့အခါ အသားအရေ ပျက်စီးလွယ်တာ၊ နီရဲပြီး ယားယံလာတာမျိုး မကြာခဏ ဖြစ်တတ်ပါတယ်။

ကိုယ်သုံးလိုက်တဲ့ အလှကုန်တွေထဲမှာ ဓာတုဗေဒပစ္စည်း နည်းနည်းလေး ပြင်းတာ ပါလိုက်ပြီဆိုတာနဲ့ အသားက ပျက်စီးသွားတော့တာပါပဲ။ဒီလိုအသားအရေပိုင်ရှင်တွေအနေနဲ့ အလှကုန်ပစ္စည်း ဝယ်တဲ့အခါ၊ မျက်နှာအသားအရေ ထိန်းသိမ်းတဲ့အခါ တော်တော်လေးကို ဂရုစိုက်ဖို့ လိုပါတယ်။

 နေပူထဲ သွားတဲ့အခါ နေလောင်ကာခရင်မ် ပါးပါးလေး လိမ်းသွားပေးပါ။ မိတ်ကပ်ကို ပါးပါးလေးသာ လိမ်းပါ။ ရေချိုးပြီးတဲ့အခါ အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးပါ။ မျက်နှာပေါ်မှာ ဝက်ခြံ၊ အဆီဖု၊ အဖုအပိမ့်တွေ ပေါက်လာရင်လည်း လက်နဲ့ လုံးဝမထိပါနဲ့။

ပိုးဝင်သွားတဲ့အခါ ပိုဆိုးသွားစေနိုင်ပါတယ်။ မျက်နှာကို ထိတွေ့ကိုင်တယ်တဲ့အခါ နူးညံ့တဲ့ ဂွမ်းစလေးနဲ့သာ ဖြည်းဖြည်းချင်း ကိုင်တွယ်ပေးပါ။ မျက်နှာပေါ်မှာ အသုံးပြုမယ့် ဘယ်ပစ္စည်း ကိုမဆို သေချာစစ်ဆေးပြီးမှ ရွေးဝယ်ပါ။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် အဓိကထုတ်ထားတဲ့ ပစ္စည်းတွေဖြစ်စေ၊ သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားတာဖြစ်စေ ဝယ်လို့ ရသလို ကိုယ်ပြသနေတဲ့ အရေပြားအထူးကုဆရာဝန် ညွှန်ကြားချက်အတိုင်း ရွေးဝယ်လို့လည်း ရပါတယ်။


Credit:hellosayarwon

အလှအပ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top