20% အထိDiscount ပေးမည့် (ကမ္ဘာအေး ကျောက်မျက်ရှေ့ ) Grand Wireless ကွန်ဒိုအရောင်းပြပွဲ
×









Credit: Felling

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

# Unicode Version ဖြင့် ဖတ်ပါ #

စနေသားသမီးတွေက လူ့ဘဝကိုစရောက်ပီဆိုကတည်းက စိတ်ကြီးတတ်ကြပါတယ် ဒေါသဖြစ်ပီဆိုရင်လည်းအရာဝတ္ထုတခုခုနဲ့ ကိုယ့်အသားကိုနာကျင်အောင်လုပ်တတ်တယ်။ပြောချင်တဲ့စကားကို သွယ်ဝိုက်မပြောတတ်ဘဲတိုက်ရိုက်ပွင့်ပွင့်လင်းလင်းပြောတတ်တာ စနေပါအစွဲအလန်းကြီးတယ် အမှတ်တရတွေကိုသတိရနေတတ်တယ်ကိုယ့်အပေါ်ကောင်းတဲ့လူဆိုရင် လွယ်လွယ်နဲ့မမေ့တတ်ကြဘူး။

ဒေါသကြီးရင်လည်း သူများနဲ့မတူအောင်ပါပဲ စိတ်ကြီးတယ်မဟုတ်မခံတတ်ဘူး အချိန်ခနလေးနဲ့ဒေါသအရမ်းထွက်တတ်ပေမဲ့ ဟုန်းခနဲထတောက်တဲ့မီးလိုပဲ ဒေါသတွေကခနပဲ ကြာကြာတော့စိတ်ထဲမထားတတ်ဘူး။ကိုယ့်ရှေ့မှာ သတ္တဝါတွေမြင်ရင် ချစ်တတ်တယ် သနားတတ်တဲ့စိတ်ထားရှိကြတယ်။

မျက်နှာတည်ပီး ရင်ထဲမှာတော့ တကယ်ခင်တတ်တဲ့စိတ်ထားစနေမှာအပြည့်အဝရှိတယ် အနေအေးပေမဲ့ကိုယ့်ကိုလာခင်တဲ့လူတွေနဲ့ဆို ဖော်ရွေစွာနေတတ်တာစနေပါ။သူငယ်ချင်းတွေရဲ့ အချစ် ခင်မင်မှုတွေကိုလည်းလိုချင်ကြတယ် မိသားစုတွေရဲ့ ဂရုစိုက်မှုကိုလည်းခံချင်ကြတာလည်း စနေပါ။

စိတ်ဆိုးနေရင်မျိုသိပ်မထားတတ်ဘူး ဖွင့်ပြောမိတတ်တယ် ပြောပီးရင်လည်း အကြောင်းတခုကို အပြန်ပြန်အလှန်လှန်စဉ်းစားတတ်ပီး စိတ်မကောင်းဖြစ်နေတတ်တာလည်းစနေပါဘဲ။ချစ်သူနဲ့ဖြစ်ဖြစ် သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ်ရန်ဖြစ်ပီးမခေါ်ကြရင် ကိုယ်ကဘယ်တော့မှအရင်စမခေါ်ချင်ကြဘူး မာနအိုးတွေပါ

သူ့ဘက်ကစခေါ်ပီဆိုရင်လည်း သူ့ထက်2ဆခင်မင်ပြတတ်တာစနေ ခင်ရတဲ့သူတွေကို ကိစ္စတွေတိုင်း မပြောပြတတ်ဘူး အချို့သောအရာတွေကို လျှို့ဝှက်ထားတတ်တယ်။ကိုယ်လုပ်တဲ့ကိစ္စတွေတိုင်းကိုလက်ကြောတင်းအောင်အကောင်းဆုံး လုပ်ကြပါတယ် ကိုယ်လုပ်ထားတဲ့အရာတွေကို အကောင်းပြောတာဘဲ ခံချင်ကြတာလည်းစနေပဲ

သီချင်းတွေ ဒဏ္ဍရီစိတ်ကူးယဉ်ဆန်ဆန်တွေကိုနှစ်သက်ကြတယ်တခါတလေ တယောက်ထဲရှိရင်သီချင်းတွေညည်းနေတတ်တယ်။အိမ်မက်တွေကိုလည်း အမျိုးမျိုးအထအနကောက်တတ်ကြတယ် အမျှော်အမြင်ကြီးတယ် တိုးတက်ချင်တဲ့စိတ်တွေအင်မတန်ရှိတယ်စိတ်သဘောထားကောင်းတတ်ကြတာ စနေပါ

အချစ်ရေးမှာတော့ ကိုယ့်ချစ်သူရဲ့မြတ်နိုးမှု အချစ်တွေကိုခံရပေမဲ့ ခေတ္တယာယီတော့ ဝေးနေတတ်ကြတယ် …!!
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top