iMyanmarHouse.com - Best Property Website for Myanmar
×

အားလံုးပဲ မဂၤလာပါေနာ္။ မီးဖိုေခ်ာင္ဆိုတာဟာ မိန္းကေလးေတြပဲ ဝင္ရမယ္လို႕ အရင္တုန္းက ေရွးလူႀကီးေတြ သတ္မွတ္ထားခဲ့ၾကတယ္ဆိုေပမယ့္ အခုေခတ္ေရာက္လာတဲ့အခါမွာေတာ့ အမ်ိဳးသားေတြပါ ဝင္ေရာက္လာၾကပါၿပီ။

ဒီလိုမီးဖိုေခ်ာင္ထဲကို ဝင္ရတာဟာ ဝါသနာေၾကာင့္ျဖစ္ျဖစ္၊ အလုပ္ေၾကာင့္ျဖစ္ျဖစ္၊ မတတ္သာလို႕ျဖစ္ျဖစ္ မီးဖိုေခ်ာင္ထဲဝင္ရတဲ့သူေတြအတြက္ ျမန္ဆန္လြယ္ကူသက္သာေစမယ့္ နည္းလမ္းေကာင္းေတြကို ေဝမွ်ေပးခ်င္ပါတယ္။

၁။ ေထာပတ္ ျမန္ျမန္အရည္ေပ်ာ္ေစဖို႕

ဖန္ခြက္တစ္ခြက္ထဲကို ေရပူပူေလာင္းထည့္လိုက္ၿပီး ျပန္သြန္လိုက္ပါ။ အပူေပးၿပီးသားျဖစ္သြားတဲ့ ဖန္ခြက္ကို ေထာပတ္အေပၚအုပ္လိုက္မယ္ဆိုရင္ မိနစ္အနည္းငယ္အတြင္းမွာ အရည္ေပ်ာ္သြားပါလိမ့္မယ္။

၂။ သံပုရာသီးအရည္ညွစ္ဖို႕

သံပုရာသီးကို အရည္လြယ္လြယ္ညွစ္ခ်င္ပါက အိမ္မွာရွိတဲ့ ညွပ္ႀကီးႀကီးကိုယူကာ သံပုရာသီးကို အလယ္မွာထားၿပီး ညွစ္လိုက္ပါ။ အရည္ေတြ လြယ္လြယ္ထြက္လာပါလိမ့္မယ္။

၃။ စေတာ္ဘယ္ရီသီးေတြ ၾကာရွည္ခံဖို႕

စေတာ္ဘယ္ရီသီးေတြကို ေရခြက္ေျခာက္ခြက္၊ ရွာလကာရည္ႏွစ္ခြက္ အခ်ိဳးအဆနဲ႕ေရာစပ္ကာ ၁၀ မိနစ္ၾကာ စိမ္ေပးပါ။ ၿပီးရင္ ေရနဲ႕မေဆးဘဲ ဒီအတိုင္းအေျခာက္ခံကာ ျပန္ၿပီးသိမ္းလိုက္ပါ။

၄။ ဇြန္းေတြေခ်ာ္မက်ေအာင္

ဟင္းအိုးေမႊေနရင္းနဲ႕ ခဏနားခ်င္လို႕ ဇြန္းေလး ေဘာင္ေပၚတင္လိုက္ရံုပဲရိွေသး၊ ပလံုဆိုၿပီး အထဲနစ္မသြားေအာင္ ဇြန္းရဲ႕ထိပ္မွာ သေရပင္စည္းေပးထားလိုက္ပါ။

၅။ ၾကက္ဥအခြံလြယ္လြယ္ခြာဖို႕

ၾကက္ဥခြာတဲ့အခါ ပဲ့ရြံ႕ျခင္းမရွိဘဲ စင္းလံုးေခ်ာသပ္သပ္ရပ္ရပ္ေလးျဖစ္ေအာင္ ၾကက္ဥျပဳတ္ခ်ိန္မွာ သံပုရာသီးတစ္ျခမ္းထည့္ေပးပါ။

၆။ ပဲေတြအခြံခြာျမန္ဖို႕

ပဲမခ်က္မွီ ပဲေတြေရစိမ္ထားတဲ့ အခ်ိန္ကို ျမန္ဆန္ေစဖို႕အတြက္ ေရစိမ္ထားတဲ့ပဲခြက္ကို မိုက္ခရိုေဝ့ဖ္ထဲမွာ ၁၅ မိနစ္အပူေပးပါ။

၇။ အသားႏူးညံ့ေစဖို႕အတြက္

အသားေတြကို ခ်က္ျပဳတ္ၿပီး စားသံုးတဲ့အခါမွာ ႏူးညံ့အိစက္ေစဖို႕အတြက္ ေကာ္ဖီေစ့ေတြနဲ႕ ေရာစိမ္ေပးပါ။

၈။ အသားပါးပါးေလးကို လြယ္လြယ္လွီးႏိုင္ဖို႕

အသားကို ပါးပါးေလးေတြ လွီးခ်င္သူမ်ားအေနနဲ႕ မလွီးခင္ ၁၀-၁၅ မိနစ္ေလာက္ အေအးခံထားမယ္ဆိုရင္ေတာ့ လြယ္လြယ္ေလးလွီးႏိုင္မွာပါ။

၉။ ဂ်င္းအခြံခြာဖို႕အတြက္

ဂ်င္းအခြံခြာဖို႕ ဓားသံုးမယ္ဆိုရင္ မေတာ္တဆ လက္ကိုဓားထိႏိုင္တာေၾကာင့္ ဇြန္းကိုအသံုးျပဳၾကည့္ပါ။ လြယ္လြယ္ခြာႏိုင္ပါလိမ့္မယ္။

၁၀။ ေကာ္ဖီတံုးေလးေတြ

ေကာ္ဖီမွမဟုတ္ဘဲ အေအးေတြေသာက္တဲ့အခါ ေရခဲအရည္ေပ်ာ္ၿပီး အေအးအရသာေပါ့သြားမွာစိုးသူေတြအေနနဲ႕ အေအးေတြ၊ ေကာ္ဖီေတြကို အရင္ခဲထားၿပီးေတာ့ ေသာက္သံုးႏိုင္ပါတယ္။

Credit:myfoodmyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

အားလုံးပဲ မင်္ဂလာပါနော်။ မီးဖိုချောင်ဆိုတာဟာ မိန်းကလေးတွေပဲ ဝင်ရမယ်လို့ အရင်တုန်းက ရှေးလူကြီးတွေ သတ်မှတ်ထားခဲ့ကြတယ်ဆိုပေမယ့် အခုခေတ်ရောက်လာတဲ့အခါမှာတော့ အမျိုးသားတွေပါ ဝင်ရောက်လာကြပါပြီ။

ဒီလိုမီးဖိုချောင်ထဲကို ဝင်ရတာဟာ ဝါသနာကြောင့်ဖြစ်ဖြစ်၊ အလုပ်ကြောင့်ဖြစ်ဖြစ်၊ မတတ်သာလို့ဖြစ်ဖြစ် မီးဖိုချောင်ထဲဝင်ရတဲ့သူတွေအတွက် မြန်ဆန်လွယ်ကူသက်သာစေမယ့် နည်းလမ်းကောင်းတွေကို ဝေမျှပေးချင်ပါတယ်။

၁။ ထောပတ် မြန်မြန်အရည်ပျော်စေဖို့

ဖန်ခွက်တစ်ခွက်ထဲကို ရေပူပူလောင်းထည့်လိုက်ပြီး ပြန်သွန်လိုက်ပါ။ အပူပေးပြီးသားဖြစ်သွားတဲ့ ဖန်ခွက်ကို ထောပတ်အပေါ်အုပ်လိုက်မယ်ဆိုရင် မိနစ်အနည်းငယ်အတွင်းမှာ အရည်ပျော်သွားပါလိမ့်မယ်။

၂။ သံပုရာသီးအရည်ညှစ်ဖို့

သံပုရာသီးကို အရည်လွယ်လွယ်ညှစ်ချင်ပါက အိမ်မှာရှိတဲ့ ညှပ်ကြီးကြီးကိုယူကာ သံပုရာသီးကို အလယ်မှာထားပြီး ညှစ်လိုက်ပါ။ အရည်တွေ လွယ်လွယ်ထွက်လာပါလိမ့်မယ်။

၃။ စတော်ဘယ်ရီသီးတွေ ကြာရှည်ခံဖို့

စတော်ဘယ်ရီသီးတွေကို ရေခွက်ခြောက်ခွက်၊ ရှာလကာရည်နှစ်ခွက် အချိုးအဆနဲ့ရောစပ်ကာ ၁၀ မိနစ်ကြာ စိမ်ပေးပါ။ ပြီးရင် ရေနဲ့မဆေးဘဲ ဒီအတိုင်းအခြောက်ခံကာ ပြန်ပြီးသိမ်းလိုက်ပါ။

၄။ ဇွန်းတွေချော်မကျအောင်

ဟင်းအိုးမွှေနေရင်းနဲ့ ခဏနားချင်လို့ ဇွန်းလေး ဘောင်ပေါ်တင်လိုက်ရုံပဲရှိသေး၊ ပလုံဆိုပြီး အထဲနစ်မသွားအောင် ဇွန်းရဲ့ထိပ်မှာ သရေပင်စည်းပေးထားလိုက်ပါ။

၅။ ကြက်ဥအခွံလွယ်လွယ်ခွာဖို့

ကြက်ဥခွာတဲ့အခါ ပဲ့ရွံ့ခြင်းမရှိဘဲ စင်းလုံးချောသပ်သပ်ရပ်ရပ်လေးဖြစ်အောင် ကြက်ဥပြုတ်ချိန်မှာ သံပုရာသီးတစ်ခြမ်းထည့်ပေးပါ။

၆။ ပဲတွေအခွံခွာမြန်ဖို့

ပဲမချက်မှီ ပဲတွေရေစိမ်ထားတဲ့ အချိန်ကို မြန်ဆန်စေဖို့အတွက် ရေစိမ်ထားတဲ့ပဲခွက်ကို မိုက်ခရိုဝေ့ဖ်ထဲမှာ ၁၅ မိနစ်အပူပေးပါ။

၇။ အသားနူးညံ့စေဖို့အတွက်

အသားတွေကို ချက်ပြုတ်ပြီး စားသုံးတဲ့အခါမှာ နူးညံ့အိစက်စေဖို့အတွက် ကော်ဖီစေ့တွေနဲ့ ရောစိမ်ပေးပါ။

၈။ အသားပါးပါးလေးကို လွယ်လွယ်လှီးနိုင်ဖို့

အသားကို ပါးပါးလေးတွေ လှီးချင်သူများအနေနဲ့ မလှီးခင် ၁၀-၁၅ မိနစ်လောက် အအေးခံထားမယ်ဆိုရင်တော့ လွယ်လွယ်လေးလှီးနိုင်မှာပါ။

၉။ ဂျင်းအခွံခွာဖို့အတွက်

ဂျင်းအခွံခွာဖို့ ဓားသုံးမယ်ဆိုရင် မတော်တဆ လက်ကိုဓားထိနိုင်တာကြောင့် ဇွန်းကိုအသုံးပြုကြည့်ပါ။ လွယ်လွယ်ခွာနိုင်ပါလိမ့်မယ်။

၁၀။ ကော်ဖီတုံးလေးတွေ

ကော်ဖီမှမဟုတ်ဘဲ အအေးတွေသောက်တဲ့အခါ ရေခဲအရည်ပျော်ပြီး အအေးအရသာပေါ့သွားမှာစိုးသူတွေအနေနဲ့ အအေးတွေ၊ ကော်ဖီတွေကို အရင်ခဲထားပြီးတော့ သောက်သုံးနိုင်ပါတယ်။

Credit: myfoodmyanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top