iMyanmarHouse.com - Best Property Website for Myanmar
×

အားလံုးပဲ မဂၤလာပါ၊ အသည္းကြဲေရာဂါကို ဘယ္ႏွႀကိမ္ေလာက္ ခံစားဖူးၾကပါသလဲ။ ႏွစ္႐ွည္လမ်ား တြဲလာတဲ့ ခ်စ္သူရည္းစားနဲ႔ သေဘာထားခ်င္း မတိုက္ဆိုင္ေတာ့လို႔၊ စ႐ိုက္ခ်င္းမတူလို႔၊ ကိုယ့္ အေပၚမွာ သစၥာမ႐ွိလို႔ စသျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လမ္းခြဲျပတ္စဲတာေတြ ႐ွိၾကပါတယ္။

အသည္းကြဲေဝဒနာက စကားလံုးနဲ႔ မေဖာ္ျပတတ္ေလာက္ေအာင္ကို ခံစားရခက္ပါတယ္။ ခံစားဖူးတဲ့ လူေတြသာ ကိုယ္ခ်င္းစာပါလိမ့္မယ္။ အဲ့ဒီလို ခံစားေနရတဲ့ ႏြံထံကေန ဘယ္လို႐ုန္းထြက္ၾကမလဲ။

ဒီတစ္ခါမွာေတာ့ အသည္းကြဲေဝဒနာ လတ္လတ္ဆတ္ဆတ္ခံစားေနရတဲ့သူေတြအတြက္ ဘယ္လိုျပန္ကုစားယူမလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

သင္က စိတ္ဓာတ္ႀကံ႕ခိုင္တဲ့သူျဖစ္ေၾကာင္း ကိုယ့္ကိုယ္ကို အသိအမွတ္ျပဳပါ

သင့္ရည္းစားေဟာင္းနဲ႔ မေတြ႔ခင္တုန္းက သင္ဘဝကို ဘယ္လိုျဖတ္သန္းခဲ့သလဲ ျပန္စဥ္းစားၾကည့္ပါ။ သင္က သင္ထင္ထားထက္ကို ပိုၿပီး စိတ္ဓာတ္ႀကံ႕ခိုင္တဲ့သူတစ္ေယာက္၊ တန္ဖိုး႐ွိတဲ့ သူတစ္ေယာက္၊ စမတ္က်တဲ့သူတစ္ေယာက္ဆိုတာ မေမ့ပါနဲ႔။ အသည္းကြဲေဝဒနာခံစားေနရခ်ိန္မွာေတာ့ အရာအားလံုးက ပိန္းပိတ္ေအာင္ ေမွာင္မိုက္ေနသလိုခံစားရပါ လိမ့္မယ္။ ဒါေပမဲ့ မနက္ခင္းအလင္းေရာင္ဆိုတာ မနက္လင္းတိုင္း ထြက္ေပၚလာတယ္ဆိုတာ မေမ့ပါနဲ႔။

ျဖစ္ပ်က္သြားတာေတြ အကုန္လံုးကို လက္ခံလိုက္ပါ

ကိုယ္က သူ႔အေပၚမွာ ဒီေလာက္ေကာင္းရဲ႕သားနဲ႔ ဘာေၾကာင့္ထားခဲ့ရက္တာလဲဆိုတဲ့ ေမးခြန္းနဲ႔ ကိုယ့္ကိုယ္ကို မညွင္းဆဲပါနဲ႔။ ငိုခ်င္သလား၊ အက်ယ္ႀကီး ေအာ္ငိုပစ္လိုက္ပါ။ ငိုၿပီးရင္ေတာ့ ၿပီးခဲ့တာေတြ အားလံုးကို အတိတ္မွာပဲ ထားခဲ့လိုက္ပါ။ ကိုယ့္ဆီျပန္လာဖို႔လည္း ေတာင္းပန္မေနပါနဲ႔ေတာ့။ သင့္ကို တစ္ခါပစ္သြားခဲ့တဲ့သူက ေနာက္တစ္ခါလည္း ထပ္ထားသြားဦးမွာပါပဲ။

အလုပ္႐ႈပ္ခ်င္ ေယာင္ေဆာင္ပါ

သင့္ရဲ႕ စိတ္၊ ဦးေႏွာက္နဲ႔ ခႏၶာကိုယ္ကို အလုပ္မ်ားမ်ားခိုင္းပါ။ သူငယ္ခ်င္းေတြနဲ႔ အျပင္ေလွ်ာက္လည္မယ္၊ ဝါသနာအသစ္ေတြအတြက္ အခ်ိန္ေပးမယ္၊ ေလ့က်င့္ခန္း မ်ားမ်ားလုပ္မယ္၊ အရင္ကထက္ လွေအာင္ေနမယ္ စသျဖင့္ ျပဳလုပ္ျခင္းက သင့္ဒဏ္ရာအက်က္ျမန္ေစဖို႔အတြက္ ကူညီေပးပါတယ္။

ေပ်ာ္ေပ်ာ္ေနတတ္တဲ့သူေတြနဲ႔ အခ်ိန္ကုန္ဆံုးပါ

ေပ်ာ္ေပ်ာ္ေနတတ္တဲ့ သူငယ္ခ်င္းေတြနဲ႔ ဟာသကားၾကည့္မယ္၊ ဟာသစာအုပ္ဖတ္မယ္၊ ေဖ့ဘုတ္ေပၚက ဟာသဗြီဒီယိုေလးေတြၾကည့္ျခင္းျဖင့္ မ်ားမ်ားရယ္ေမာေပးပါ။

Single ဘဝကို ေပ်ာ္ေပ်ာ္ႀကီး ျဖတ္သန္းလိုက္ပါ
တကယ္ေတာ့ Single ဘဝက အားသာခ်က္ေတြ အမ်ားႀကီးပါပဲ။ သူငယ္ခ်င္းေတြနဲ႔ Night Out ထြက္ရင္လည္း ဖုန္းတဂြမ္ဂြမ္ဆက္ၿပီး လိုက္ခ်ဳပ္ခ်ယ္မယ့္သူမ႐ွိပါဘူး။ ေပ်ာ္ေပ်ာ္ပါးပါးနဲ႔ မိုင္ကုန္သာကဲပစ္လိုက္ၾကရေအာင္ေနာ္။

Credit:mystylemyanmar
ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

အားလုံးပဲ မင်္ဂလာပါ၊ အသည်းကွဲရောဂါကို ဘယ်နှကြိမ်လောက် ခံစားဖူးကြပါသလဲ။ နှစ်ရှည်လများ တွဲလာတဲ့ ချစ်သူရည်းစားနဲ့ သဘောထားချင်း မတိုက်ဆိုင်တော့လို့၊ စရိုက်ချင်းမတူလို့၊ ကိုယ့် အပေါ်မှာ သစ္စာမရှိလို့ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲပြတ်စဲတာတွေ ရှိကြပါတယ်။

အသည်းကွဲဝေဒနာက စကားလုံးနဲ့ မဖော်ပြတတ်လောက်အောင်ကို ခံစားရခက်ပါတယ်။ ခံစားဖူးတဲ့ လူတွေသာ ကိုယ်ချင်းစာပါလိမ့်မယ်။ အဲ့ဒီလို ခံစားနေရတဲ့ နွံထံကနေ ဘယ်လိုရုန်းထွက်ကြမလဲ။

ဒီတစ်ခါမှာတော့ အသည်းကွဲဝေဒနာ လတ်လတ်ဆတ်ဆတ်ခံစားနေရတဲ့သူတွေအတွက် ဘယ်လိုပြန်ကုစားယူမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

သင်က စိတ်ဓာတ်ကြံ့ခိုင်တဲ့သူဖြစ်ကြောင်း ကိုယ့်ကိုယ်ကို အသိအမှတ်ပြုပါ

သင့်ရည်းစားဟောင်းနဲ့ မတွေ့ခင်တုန်းက သင်ဘဝကို ဘယ်လိုဖြတ်သန်းခဲ့သလဲ ပြန်စဉ်းစားကြည့်ပါ။ သင်က သင်ထင်ထားထက်ကို ပိုပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတစ်ယောက်၊ တန်ဖိုးရှိတဲ့ သူတစ်ယောက်၊ စမတ်ကျတဲ့သူတစ်ယောက်ဆိုတာ မမေ့ပါနဲ့။ အသည်းကွဲဝေဒနာခံစားနေရချိန်မှာတော့ အရာအားလုံးက ပိန်းပိတ်အောင် မှောင်မိုက်နေသလိုခံစားရပါ လိမ့်မယ်။ ဒါပေမဲ့ မနက်ခင်းအလင်းရောင်ဆိုတာ မနက်လင်းတိုင်း ထွက်ပေါ်လာတယ်ဆိုတာ မမေ့ပါနဲ့။

ဖြစ်ပျက်သွားတာတွေ အကုန်လုံးကို လက်ခံလိုက်ပါ

ကိုယ်က သူ့အပေါ်မှာ ဒီလောက်ကောင်းရဲ့သားနဲ့ ဘာကြောင့်ထားခဲ့ရက်တာလဲဆိုတဲ့ မေးခွန်းနဲ့ ကိုယ့်ကိုယ်ကို မညှင်းဆဲပါနဲ့။ ငိုချင်သလား၊ အကျယ်ကြီး အော်ငိုပစ်လိုက်ပါ။ ငိုပြီးရင်တော့ ပြီးခဲ့တာတွေ အားလုံးကို အတိတ်မှာပဲ ထားခဲ့လိုက်ပါ။ ကိုယ့်ဆီပြန်လာဖို့လည်း တောင်းပန်မနေပါနဲ့တော့။ သင့်ကို တစ်ခါပစ်သွားခဲ့တဲ့သူက နောက်တစ်ခါလည်း ထပ်ထားသွားဦးမှာပါပဲ။

အလုပ်ရှုပ်ချင် ယောင်ဆောင်ပါ

သင့်ရဲ့ စိတ်၊ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို အလုပ်များများခိုင်းပါ။ သူငယ်ချင်းတွေနဲ့ အပြင်လျှောက်လည်မယ်၊ ဝါသနာအသစ်တွေအတွက် အချိန်ပေးမယ်၊ လေ့ကျင့်ခန်း များများလုပ်မယ်၊ အရင်ကထက် လှအောင်နေမယ် စသဖြင့် ပြုလုပ်ခြင်းက သင့်ဒဏ်ရာအကျက်မြန်စေဖို့အတွက် ကူညီပေးပါတယ်။

ပျော်ပျော်နေတတ်တဲ့သူတွေနဲ့ အချိန်ကုန်ဆုံးပါ

ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတွေနဲ့ ဟာသကားကြည့်မယ်၊ ဟာသစာအုပ်ဖတ်မယ်၊ ဖေ့ဘုတ်ပေါ်က ဟာသဗွီဒီယိုလေးတွေကြည့်ခြင်းဖြင့် များများရယ်မောပေးပါ။

Single ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းလိုက်ပါ
တကယ်တော့ Single ဘဝက အားသာချက်တွေ အများကြီးပါပဲ။ သူငယ်ချင်းတွေနဲ့ Night Out ထွက်ရင်လည်း ဖုန်းတဂွမ်ဂွမ်ဆက်ပြီး လိုက်ချုပ်ချယ်မယ့်သူမရှိပါဘူး။ ပျော်ပျော်ပါးပါးနဲ့ မိုင်ကုန်သာကဲပစ်လိုက်ကြရအောင်နော်။

Credit:mystylemyanmar
ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top