iMyanmarHouse.com - Best Property Website for Myanmar
×

လိပ္ေခါင္းေရာဂါရွင္မ်ား (၁၀၀) တြင္ (၈၀) သည္ အတြင္းလိပ္ေခါင္း သမားမ်ားျဖစ္ၾကပါသည္။ လူၾကီး၊ လူငယ္၊ က်ားမ/မ မေရြးလည္းျဖစ္ တတ္ပါသည္။

အစားအေသာက္တြင္ ပါ၀င္ေသာ အပူအစပ္ႏွင့္ အညီွအေဟာက္မ်ားသည္ ေနာက္ဆံုး စအို၀တြင္သြား စုေနတတ္ ပါသည္။ ထိုအညစ္အေၾကးမ်ား ႏွင့္ အူေခါင္းထိပ္ ထိေတြ႔ျပီး အူေရာင္ ေခါင္းေရာင္လာပါေတာ့သည္။ ထိုအူေရာင္ေခါင္းမွာ လိပ္ေကာင္ ၏ သ႑ာန္ႏွင့္တူကာ အညစ္အေၾကး စြန္႔ခ်ိန္တြင္ စအို၀တြင္ျပဴးထြက္ လာပါေတာ့ သည္။ ထိုေၾကာင့္ လိပ္ေခါင္းဟု ေခၚၾကျခင္းျဖစ္သည္။

ေဆးနည္း

ေသာက္ေဆးႏွင့္ လိမ္းေဆး (ထည့္ေဆး) လိပ္ေခါင္းေရာဂါကို နိုင္နိုင္နင္းနင္း ကုေပးနိုင္ေသာ ဘိုးေတာ္သိန္းဆိုသည့္ ေဆးနည္းမွာ-

(၁ ) မုရိုးရြက္ေျခာက္မွဳန္႔ (၁၀) သား

(၂) ဇာတိပၺိဳလ္သီးမွဳန္႔ (၁၀) သား

(၃) ေက်ာက္ခ်ဥ္ (၂) က်ပ္သား

(၄) ေညာင္ေခါက္မွဳန္႔ (၁၀) သား

ထို (၄) ပါးအား ေရာစပ္ျပီး ေသာက္ေဆးအျဖစ္ ေန႔စဥ္ လက္ဖက္ စားဇြန္း (၁) ဇြန္း နံနက္ည စားေပးရပါသည္။

ထိုျပင္ ထည့္ေဆး အေနျဖင့္ တင္ျပပါေဆးကို အိပ္ရာ၀င္ခိ်န္တြင္ သံပုရာရည္ျဖင့္ ေသြး၍ ဂြမ္းစတြင္ေဆးတို႔ျပီး စအို၀တြင္ ညွပ္ေပးရပါသည္။

တင္ျပပါ ေသာက္ေဆး၊ ထည့္ေဆးကို သံုးျခင္းျဖင့္ လိပ္ေခါင္းေရာဂါမွာ အလိုလိုပိန္ခ်ပ္ျပီး ေသြးလည္းမက်၊ အနာလည္းက်က္၊ ျဖတ္ေတာက္ စရာမလိုပါဘဲ လိပ္ေခါင္းေရာဂါ ေပ်ာက္ကင္းေစပါသည္။ အစားအေသာက္ ဆင္ျခင္ရန္ေတာ့ လိုအပ္ပါမည္။

တင္ျပပါေဆးနည္းမွာ လိပ္ေခါင္းသက္တမ္း မည္မွ်ပင္ ရင့္ရင့္ေပ်ာက္ကင္း ေစသည္ဟု ဆိုပါသည္။ ထိုျပင္ မုရိုး(ငျဖဴၾကီး)ပင္သည္ လမ္းေဘးတြင္ ေပါေပါသီသီ ေပါက္ေရာက္ေနတတ္၍ ရွာေဖြရန္အခက္အခဲမရွိပါ။

ဇာတိပၹိဳလ္ႏွင့္ ေက်ာက္ခ်ဥ္မွာ လည္း ပရေဆးဆိုင္တြင္ အခ်ိန္မေရြး၀ယ္ ယူနိုင္ပါသည္။ လိပ္ေခါင္းေရာဂါရွင္မ်ား ယံုယံုၾကည္ၾကည္ လက္ေတြ႔လုပ္ေဆာင္ျခင္းျဖင့္ အျမန္ဆံုး ေပ်ာက္ကင္းနိုင္ပါေစ။

Credit: ရဲမ်ိဳးသူ (ေဗာဓိျမိဳင္)
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
လိပ်ခေါင်းရောဂါရှင်များ (၁၀၀) တွင် (၈၀) သည် အတွင်းလိပ်ခေါင်း သမားများဖြစ်ကြပါသည်။ လူကြီး၊ လူငယ်၊ ကျားမ/မ မရွေးလည်းဖြစ် တတ်ပါသည်။

အစားအသောက်တွင် ပါဝင်သော အပူအစပ်နှင့် အညှီအဟောက်များသည် နောက်ဆုံး စအိုဝတွင်သွား စုနေတတ် ပါသည်။ ထိုအညစ်အကြေးများ နှင့် အူခေါင်းထိပ် ထိတွေ့ပြီး အူရောင် ခေါင်းရောင်လာပါတော့သည်။ ထိုအူရောင်ခေါင်းမှာ လိပ်ကောင် ၏ သဏ္ဍာန်နှင့်တူကာ အညစ်အကြေး စွန့်ချိန်တွင် စအိုဝတွင်ပြူးထွက် လာပါတော့ သည်။ ထိုကြောင့် လိပ်ခေါင်းဟု ခေါ်ကြခြင်းဖြစ်သည်။

ဆေးနည်း

သောက်ဆေးနှင့် လိမ်းဆေး (ထည့်ဆေး) လိပ်ခေါင်းရောဂါကို နိုင်နိုင်နင်းနင်း ကုပေးနိုင်သော ဘိုးတော်သိန်းဆိုသည့် ဆေးနည်းမှာ-

(၁ ) မုရိုးရွက်ခြောက်မှုန့် (၁၀) သား

(၂) ဇာတိပ္ဗိုလ်သီးမှုန့် (၁၀) သား

(၃) ကျောက်ချဉ် (၂) ကျပ်သား

(၄) ညောင်ခေါက်မှုန့် (၁၀) သား

ထို (၄) ပါးအား ရောစပ်ပြီး သောက်ဆေးအဖြစ် နေ့စဉ် လက်ဖက် စားဇွန်း (၁) ဇွန်း နံနက်ည စားပေးရပါသည်။

ထိုပြင် ထည့်ဆေး အနေဖြင့် တင်ပြပါဆေးကို အိပ်ရာဝင်ချိန်တွင် သံပုရာရည်ဖြင့် သွေး၍ ဂွမ်းစတွင်ဆေးတို့ပြီး စအိုဝတွင် ညှပ်ပေးရပါသည်။

တင်ပြပါ သောက်ဆေး၊ ထည့်ဆေးကို သုံးခြင်းဖြင့် လိပ်ခေါင်းရောဂါမှာ အလိုလိုပိန်ချပ်ပြီး သွေးလည်းမကျ၊ အနာလည်းကျက်၊ ဖြတ်တောက် စရာမလိုပါဘဲ လိပ်ခေါင်းရောဂါ ပျောက်ကင်းစေပါသည်။ အစားအသောက် ဆင်ခြင်ရန်တော့ လိုအပ်ပါမည်။

တင်ပြပါဆေးနည်းမှာ လိပ်ခေါင်းသက်တမ်း မည်မျှပင် ရင့်ရင့်ပျောက်ကင်း စေသည်ဟု ဆိုပါသည်။ ထိုပြင် မုရိုး(ငဖြူကြီး)ပင်သည် လမ်းဘေးတွင် ပေါပေါသီသီ ပေါက်ရောက်နေတတ်၍ ရှာဖွေရန်အခက်အခဲမရှိပါ။

ဇာတိပ္ဖိုလ်နှင့် ကျောက်ချဉ်မှာ လည်း ပရဆေးဆိုင်တွင် အချိန်မရွေးဝယ် ယူနိုင်ပါသည်။ လိပ်ခေါင်းရောဂါရှင်များ ယုံယုံကြည်ကြည် လက်တွေ့လုပ်ဆောင်ခြင်းဖြင့် အမြန်ဆုံး ပျောက်ကင်းနိုင်ပါစေ။


Credit: ရဲမျိုးသူ (ဗောဓိမြိုင်)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top