iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာအိုင္ေဒါလ္ ျပိဳင္ပြဲ Season 2 ျပိဳင္ပြဲမွာ Winner ရရွိသြားျပီး ပရိသတ္ အခ်စ္ေတြကို သိမ္းပိုက္ သြားတဲ့ သားငယ္ကေတာ့ ေတာ္ေတာ္မ်ားမ်ား သိျပီးသား ျဖစ္မွာပါ။ သားငယ္ကေတာ့ ျပန္ဆိုေတးေတြကို အေကာင္းဆံုး သူ႕ပံုစံန႔ဲ ျပန္လည္သီဆိုႏိုင္ခဲ့ျပီး ပရိသတ္ေတြလည္း အၾကိဳက္ေတြ႔ခဲ့တာ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ပြဲေတာ္ေတာ္မ်ားမ်ားကိုလည္း လိုက္ဆိုေနရတာ ျဖစ္ျပီး သူ႔အေနနဲ႔ ျဖစ္ႏိုင္ရင္ေတာ့ စီနီယာသီခ်င္းေတြကို မဆိုခ်င္ေတာ့ဘူးလို႔ ဖြင့္ဟလာခဲ့ပါတယ္။

သားငယ္ကေတာ့ ဆယ္လီရပ္ကြက္နဲ႔ အင္တာဗ်ဴးမွာေတာ့ စီနီယာသီခ်င္းေတြဆိုျပီး ေအာင္ျမင္တယ္လို႔ ေျပာေနၾကတဲ့ အေပၚမွာေတာ့ “ကြ်န္ေတာ္တို႔လည္း ရွင္းရွင္းေျပာရရင္ မၾကိဳက္ဘူးဗ်ာ။ ကိုယ္ေတြလည္း ပရိသတ္ေတြထဲက ပရိသတ္ေတြပဲေလ။ စီနီယာသီခ်င္းေတြနဲ႔ လွည့္လည္ျပီး ဆိုေနရတာကိုး။ ကြ်န္ေတာ္တို႔ ေစ်းေတြကလည္း ေခါင္ခိုက္ေနတာကို။ အဲ့လိုမ်ိဳးမျဖစ္ေအာင္ အဆိုေတာ္တေယာက္ကေတာ့ သီခ်င္းေတြဆိုတာ လိုတာပဲေလ။ ကြ်န္ေတာ္တို႔လည္း ရွက္ပါတယ္။

အကိုတို႔ဆီမွာ အေမးခံရတာလည္း ရွက္တယ္။ ပြဲေတြမွာလည္း ဒီလိုမ်ိဳး သူမ်ားေတြ သီခ်င္းေတြဆိုရတာ ရွက္လာျပီ။ အကိုတိ႔ု ျဖစ္ေစခ်င္သလို ျဖစ္လာပါလိမ့္မယ္။ ဒီအေခြလည္း ထြက္ျပီးရင္ေတာ့ သူမ်ားသီခ်င္းေတြကို မဆိုခ်င္ေတာ့ဘူး။ ကြ်န္ေတာ္အခု ပြဲေတြသြားရင္ တျခားသီခ်င္းေတြဆိုရတာပဲ။ မင္းသီခ်င္းက ငါတို႔မသိဘူးကြာ။ ကြ်န္ေတာ့္သီခ်င္းမဟုတ္ရင္ မဆိုႏိုင္ဘူးဆိုရင္လည္း မျဖစ္ႏုိင္ဘူး။ ေတာင္းဆိုရင္ေတာ့ ဆိုေပးရတာပဲ။ လုပ္စားရတဲ့ အေနထားကလည္း ၾကပ္ပါတယ္။ အဆိုေတာ္ တေယာက္ကလည္း သူ႔သီခ်င္းေတြ ေပါက္ဖို႔ဆိုတာ တာဝန္ရွိတယ္။ ကြ်န္ေတာ္တို႔ဆို ပိုျပီးေတာ့ တာဝန္ရွိပါတယ္။ ျပိဳင္ပြဲကေန တက္လာရတဲ့ေကာင္ေတြဆိုေတာ့ ပိုလည္း ၾကိဳးစားေနပါတယ္”

ခြင့္ျပဳခ်က္ရမွ ဆိုတာလားဆိုတဲ့ အေပၚမွာေတာ့ “Live လႊင့္ရင္ေတာ့ ကြ်န္ေတာ္တို႔ ခြင့္ျပဳခ်က္ေတာင္းရတယ္။ တခ်ိဳ႔ပြဲေတြက်ေတာ့ ခြင့္ျပဳခ်က္မေတာင္းပဲဆိုတာ။ အဲ့အတြက္လည္း အားနာပါတယ္။ ကြ်န္ေတာ္ဆိုေနတဲ့ သီခ်င္းရွင္ေတြ အားလံုးကို ေတာင္းပန္ပါတယ္။ သူတို႔က်ေတာ့ ပြဲဆိုခ်င္မွ ဆိုရမယ္။ ဒါေပမယ့္ ကြ်န္ေတာ္တို႔က်ေတာ့ သူတို႔သီခ်င္းေတြနဲ႔ ပြဲေတြသြားရတယ္။ ဒါကသိပ္လည္း တရားသလိုေတာ့ မခံစားရဘူး။ ကြ်န္ေတာ္လည္း သူတို႔ေနရာမွာဆို ျဖစ္မွာပဲေလ။ သူတို႔အခ်ိန္ကုန္ျပီး ၾကိဳးစားထားတာကို ကြ်န္ေတာ္တို႔က ေျပာင္းျပီးဆိုေနရတာဆိုေတာ့ သူတို႔ဖက္က ၾကည့္ရင္ေတာ့လည္း မွန္ပါတယ္။ ကြ်န္ေတာ္တို႔ဖက္ကေတာ့ မွားပါတယ္” ဟု ေျပာၾကားသြားခဲ့ပါတယ္။

Credit:nanmalgyi

 အႏုပညာ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

မြန်မာအိုင်ဒေါလ် ပြိုင်ပွဲ Season 2 ပြိုင်ပွဲမှာ Winner ရရှိသွားပြီး ပရိသတ် အချစ်တွေကို သိမ်းပိုက် သွားတဲ့ သားငယ်ကတော့ တော်တော်များများ သိပြီးသား ဖြစ်မှာပါ။ သားငယ်ကတော့ ပြန်ဆိုတေးတွေကို အကောင်းဆုံး သူ့ပုံစံနဲ့ ပြန်လည်သီဆိုနိုင်ခဲ့ပြီး ပရိသတ်တွေလည်း အကြိုက်တွေ့ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပွဲတော်တော်များများကိုလည်း လိုက်ဆိုနေရတာ ဖြစ်ပြီး သူ့အနေနဲ့ ဖြစ်နိုင်ရင်တော့ စီနီယာသီချင်းတွေကို မဆိုချင်တော့ဘူးလို့ ဖွင့်ဟလာခဲ့ပါတယ်။

သားငယ်ကတော့ ဆယ်လီရပ်ကွက်နဲ့ အင်တာဗျူးမှာတော့ စီနီယာသီချင်းတွေဆိုပြီး အောင်မြင်တယ်လို့ ပြောနေကြတဲ့ အပေါ်မှာတော့ “ကျွန်တော်တို့လည်း ရှင်းရှင်းပြောရရင် မကြိုက်ဘူးဗျာ။ ကိုယ်တွေလည်း ပရိသတ်တွေထဲက ပရိသတ်တွေပဲလေ။ စီနီယာသီချင်းတွေနဲ့ လှည့်လည်ပြီး ဆိုနေရတာကိုး။ ကျွန်တော်တို့ ဈေးတွေကလည်း ခေါင်ခိုက်နေတာကို။ အဲ့လိုမျိုးမဖြစ်အောင် အဆိုတော်တယောက်ကတော့ သီချင်းတွေဆိုတာ လိုတာပဲလေ။ ကျွန်တော်တို့လည်း ရှက်ပါတယ်။

အကိုတို့ဆီမှာ အမေးခံရတာလည်း ရှက်တယ်။ ပွဲတွေမှာလည်း ဒီလိုမျိုး သူများတွေ သီချင်းတွေဆိုရတာ ရှက်လာပြီ။ အကိုတိ့ု ဖြစ်စေချင်သလို ဖြစ်လာပါလိမ့်မယ်။ ဒီအခွေလည်း ထွက်ပြီးရင်တော့ သူများသီချင်းတွေကို မဆိုချင်တော့ဘူး။ ကျွန်တော်အခု ပွဲတွေသွားရင် တခြားသီချင်းတွေဆိုရတာပဲ။ မင်းသီချင်းက ငါတို့မသိဘူးကွာ။ ကျွန်တော့်သီချင်းမဟုတ်ရင် မဆိုနိုင်ဘူးဆိုရင်လည်း မဖြစ်နိုင်ဘူး။ တောင်းဆိုရင်တော့ ဆိုပေးရတာပဲ။ လုပ်စားရတဲ့ အနေထားကလည်း ကြပ်ပါတယ်။ အဆိုတော် တယောက်ကလည်း သူ့သီချင်းတွေ ပေါက်ဖို့ဆိုတာ တာဝန်ရှိတယ်။ ကျွန်တော်တို့ဆို ပိုပြီးတော့ တာဝန်ရှိပါတယ်။ ပြိုင်ပွဲကနေ တက်လာရတဲ့ကောင်တွေဆိုတော့ ပိုလည်း ကြိုးစားနေပါတယ်”

ခွင့်ပြုချက်ရမှ ဆိုတာလားဆိုတဲ့ အပေါ်မှာတော့ “Live လွှင့်ရင်တော့ ကျွန်တော်တို့ ခွင့်ပြုချက်တောင်းရတယ်။ တချို့ပွဲတွေကျတော့ ခွင့်ပြုချက်မတောင်းပဲဆိုတာ။ အဲ့အတွက်လည်း အားနာပါတယ်။ ကျွန်တော်ဆိုနေတဲ့ သီချင်းရှင်တွေ အားလုံးကို တောင်းပန်ပါတယ်။ သူတို့ကျတော့ ပွဲဆိုချင်မှ ဆိုရမယ်။ ဒါပေမယ့် ကျွန်တော်တို့ကျတော့ သူတို့သီချင်းတွေနဲ့ ပွဲတွေသွားရတယ်။ ဒါကသိပ်လည်း တရားသလိုတော့ မခံစားရဘူး။ ကျွန်တော်လည်း သူတို့နေရာမှာဆို ဖြစ်မှာပဲလေ။ သူတို့အချိန်ကုန်ပြီး ကြိုးစားထားတာကို ကျွန်တော်တို့က ပြောင်းပြီးဆိုနေရတာဆိုတော့ သူတို့ဖက်က ကြည့်ရင်တော့လည်း မှန်ပါတယ်။ ကျွန်တော်တို့ဖက်ကတော့ မှားပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။

Credit:nanmalgyi

အလှအပ၊ အနုပညာ၊ ဖက်ရှင်

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top