iMyanmarHouse.com - Best Property Website for Myanmar
×


ခ်စ္သူရည္းစားခ်င္း တခါတေလစကားမ်ားတာရွိမွာပါ။ ဒါကိုဘယ္လိုေျဖ႐ွင္းရမလဲ? ေအာက္မွာ ၾကည့္ရေအာင္

လက္​မပါနဲ႔

ဒါက ဘာလို႔ ပထမဆံုးလဲဆိုရင္​ အ​ေရးႀကီးဆံုးမို႔လို႔ပါ။ ဘယ္​လိုပဲျဖစ္​ျဖစ္​ မိန္​းက​ေလးဆိုတာ အား​ႏြဲ႔သူပါ။ ကိုယ္​့ခ်စ္​သူနဲ႔ ျပသာနာကို လက္​နဲ႔​ေျဖ႐ွင္​းတာက​ေတာ့ သူရဲ​ေဘာ​ေၾကာင္​ၿပီး ​ေအာက္​တန္​းက်တာပါပဲ။ ျဖစ္​​ေနတဲ့အ​ေျခအတင္​က Negative အဆံုးထိ​ေရာက္​သြားႏိုင္​ပါတယ္​။

မ​ေအာ္​ပါနဲ႔

မိန္​းက​ေလး​ေတြကသူတို႔ကို ​ေအာ္​တာ လံုး၀မႀကိဳက္​ပါဘူး။ ဘာလို႔လဲဆိုရင္​ သူတို႔႐ွက္​တယ္​ ၊ ၀မ္​းနည္​းတယ္​ ၊ ၀မ္​းနည္​းတာကပိုပါတယ္​။ သာမန္​ျပသာနာ​ေလာက္​နဲ႔​ေတာ့ ကိုယ့္ခ်စ္​သူကို မ​ေအာ္​လိုက္​ပါနဲ႔။ တိတ္​ဆိတ္​စြာပါးစပ္​ပိတ္​ၿပီး​ေန​ေပးလိုက္​ပါ သူတို႔​ေျပာခ်င္​ရာ​ေတြ​ေျပာပါ​ေစ။ ဘာမွျပန္​မ​ေျပာနဲ႔။ သူတို႔​ေျပာတာ​ေမာလာရင္​ရပ္​သြားပါလိမ္​့မယ္​။

အဲ့အခါမွ ကိုယ္​က​ေသခ်ာ​ေအး​ေဆးစြာ နား၀င္​​ေအာင္​​ေျပာျပပါ။ တကယ္​ခ်စ္​တဲ့မိန္​းက​ေလး​ေတြက​ေတာ့ ဘယ္​လိုပဲျပသာနာတက္​တက္​ ခဏ​ေလာက္​ျပသာနာ႐ွာၿပီးရင္​ပံုမွန္​ျပန္​ျဖစ္​သြားပါတယ္​။

အျပင္​မွာျဖစ္​ျဖစ္​ ၊ ဖုန္​းထဲမွာျဖစ္​ျဖစ္​ ခဏ​ေလာက္​​ေ႐ွာင္​လိုက္​ပါ

တခ်ိဳ႕ျပသာနာ​ေတြကအရမ္​းႀကီးပါတယ္​။ ဒါ​ေၾကာင္​့မို႔​ ခဏ​ေ႐ွာင္​တာ​ေကာင္​းပါတယ္​။ တစ္​ဖက္​က ​ေဒါသ​ေတြအရမ္​းႀကီး​ေနတဲ့အခ်ိန္​မွာ ရင္​မဆိုင္​ပဲ သူ​ေသြး​ေအးသြား​ေလာက္​​ေတာ့ မွ ​ေသခ်ာျပန္​​ေဆြး​ေႏြးပါ။

ႏွစ္​​ေယာက္​လံုးနဲ႔အရမ္းခင္တဲ့​သူငယ္​ခ်င္​းကိုလွမ္​း​ေခၚပါ

စစ္​ကူသ​ေဘာမ်ိဳး​ေပါ့။ ၾကားထဲကဖ်န္​​ေျဖ​ေပးၿပီး ၿငိမ္​းခ်မ္​း​ေရးစာခ်ဳပ္​ ခ်ဳပ္ႏိုင္​​ေအာင္​ သူငယ္​ခ်င္​းကစြမ္​း​ေဆာင္​​ေပးမွာပါ။ မဟုတ္​လဲ သူနားၿငီးဘယ္​ခံမလဲ။ ၂​ေယာက္​အဆင္​​ေျပ​ေအာင္​ပဲလုပ္​မွာ​ေပါ့။

ဒါ​ေတြက​ေတာ့ ခ်စ္​သူနဲ႔အ​ေျခအတင္​ျဖစ္​တဲ့အခါ

အဆင္​​ေျပ​ေစမဲ့ ​ေျဖ႐ွင္​းနည္း​ေလး​ေတြပဲျဖစ္ပါတယ္။ ​​ကိုယ္​တိုင္​ၾကံဳ​ေတြ႔လာတာမို႔ တကယ္​အသံုး၀င္​လို႔ Sharing လုပ္​​ေပးလိုက္​တာပါ။ စံုတြဲတိုင္​း က​ေတာက္​ကဆ အျဖစ္​နည္​းၿပီး အခ်စ္​ျမဲၾကပါ​ေစလို႔ ဆု​ေတာင္​း​ေပးလိုက္​ပါတယ္​။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ချစ်သူရည်းစားချင်း တခါတလေစကားများတာရှိမှာပါ။ ဒါကိုဘယ်လိုဖြေရှင်းရမလဲ? အောက်မှာ ကြည့်ရအောင်

လက်မပါနဲ့

ဒါက ဘာလို့ ပထမဆုံးလဲဆိုရင် အရေးကြီးဆုံးမို့လို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် မိန်းကလေးဆိုတာ အားနွဲ့သူပါ။ ကိုယ့်ချစ်သူနဲ့ ပြသာနာကို လက်နဲ့ဖြေရှင်းတာကတော့ သူရဲဘောကြောင်ပြီး အောက်တန်းကျတာပါပဲ။ ဖြစ်နေတဲ့အခြေအတင်က Negative အဆုံးထိရောက်သွားနိုင်ပါတယ်။

မအော်ပါနဲ့

မိန်းကလေးတွေကသူတို့ကို အော်တာ လုံးဝမကြိုက်ပါဘူး။ ဘာလို့လဲဆိုရင် သူတို့ရှက်တယ် ၊ ဝမ်းနည်းတယ် ၊ ဝမ်းနည်းတာကပိုပါတယ်။ သာမန်ပြသာနာလောက်နဲ့တော့ ကိုယ့်ချစ်သူကို မအော်လိုက်ပါနဲ့။ တိတ်ဆိတ်စွာပါးစပ်ပိတ်ပြီးနေပေးလိုက်ပါ သူတို့ပြောချင်ရာတွေပြောပါစေ။ ဘာမှပြန်မပြောနဲ့။ သူတို့ပြောတာမောလာရင်ရပ်သွားပါလိမ့်မယ်။

အဲ့အခါမှ ကိုယ်ကသေချာအေးဆေးစွာ နားဝင်အောင်ပြောပြပါ။ တကယ်ချစ်တဲ့မိန်းကလေးတွေကတော့ ဘယ်လိုပဲပြသာနာတက်တက် ခဏလောက်ပြသာနာရှာပြီးရင်ပုံမှန်ပြန်ဖြစ်သွားပါတယ်။

အပြင်မှာဖြစ်ဖြစ် ၊ ဖုန်းထဲမှာဖြစ်ဖြစ် ခဏလောက်ရှောင်လိုက်ပါ

တချို့ပြသာနာတွေကအရမ်းကြီးပါတယ်။ ဒါကြောင့်မို့ ခဏရှောင်တာကောင်းပါတယ်။ တစ်ဖက်က ဒေါသတွေအရမ်းကြီးနေတဲ့အချိန်မှာ ရင်မဆိုင်ပဲ သူသွေးအေးသွားလောက်တော့ မှ သေချာပြန်ဆွေးနွေးပါ။

နှစ်ယောက်လုံးနဲ့အရမ်းခင်တဲ့သူငယ်ချင်းကိုလှမ်းခေါ်ပါ

စစ်ကူသဘောမျိုးပေါ့။ ကြားထဲကဖျန်ဖြေပေးပြီး ငြိမ်းချမ်းရေးစာချုပ် ချုပ်နိုင်အောင် သူငယ်ချင်းကစွမ်းဆောင်ပေးမှာပါ။ မဟုတ်လဲ သူနားငြီးဘယ်ခံမလဲ။ ၂ယောက်အဆင်ပြေအောင်ပဲလုပ်မှာပေါ့။

ဒါတွေကတော့ ချစ်သူနဲ့အခြေအတင်ဖြစ်တဲ့အခါ

အဆင်ပြေစေမဲ့ ဖြေရှင်းနည်းလေးတွေပဲဖြစ်ပါတယ်။ ကိုယ်တိုင်ကြုံတွေ့လာတာမို့ တကယ်အသုံးဝင်လို့ Sharing လုပ်ပေးလိုက်တာပါ။ စုံတွဲတိုင်း ကတောက်ကဆ အဖြစ်နည်းပြီး အချစ်မြဲကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top