iMyanmarHouse.com - Best Property Website for Myanmar
×


သင့္ က်န္းမာေရး ကိုထိမ္းသိမ္းကာကြယ္ဖို႔ ေက်ာက္ကပ္ရဲ႕ အခန္းကဟာလဲ အေရးပါလွပါ တယ္။ေက်ာက္ကပ္ဟာ ဆီးစြန႔္ထုတ္ေပးတဲ့လုပ္ငန္းသာမက ေသြးနီဥ ထုတ္ေပးျခင္း၊အျခားေသာ ကလီဇာမ်ားမွအဆိပ္အေတာက္မ်ားစြန႔္ထုတ္ေပးျခင္း၊ေသြးေပါင္ပုံမွန္ျဖစ္ေအာင္ထိမ္းညႇိေပးျခင္း၊သတုဓာတ္မ်ားပုံမွန္ျဖစ္ေအာင္ထိမ္းညႇိေပးျခင္းစေသာ တာဝန္မ်ားကိုပါေဆာင္႐ြက္ေပးတာမို႔ ေက်ာက္ကပ္ကို က်န္းမာေအာင္ထိမ္းသိမ္းဖို႔ အလြန္အေရးႀကီးပါတယ္။ဒါေၾကာင့္ ေက်ာက္ ကပ္ကိုပ်က္စီးေစမယ့္အေလ့အထဆိုးေတြကို သိရွိၿပီး ေရွာင္ၾကဥ္ဖို႔လဲ မျဖစ္မေနလိုအပ္လွပါတယ္။

ေက်ာက္ကပ္ကိုပ်က္စီးေစေသာအေလ့အထဆိုးမ်ားမွာ

(၁) ဆီးေအာင့္ထားျခင္း

သင္ဟာ ဆီး မသြားပဲ ဆီးေအာင့္ထားပါက သင့္ဆီးအိမ္ထဲမွာ ဆီးေတြဟာ အခ်ိန္ၾကာေအာင္ ရွိေနမွာျဖစ္ပါတယ္။ထိုသို႔ရွိေနျခင္းဟာ ဆီးအိမ္ထဲမွာ ဘတ္တီးရီးယားေတြ ပြားမ်ားဖို႔အခြင့္အလမ္းပိုမိုေပးသလိုျဖစ္ေစၿပီး ေနာက္ဆက္တြဲအေနျဖင့္ ေက်ာက္ကပ္ပိုးဝင္ျခင္းနဲ႔ဆီးမထိမ္းႏိုင္ျခင္းတို႔ကို ျဖစ္ေပၚေစပါတယ္။

(၂) အထိုင္မ်ားျခင္း

သင့္ေသြးတြင္းသၾကားlevelပုံမွန္ျဖစ္ဖို႔နဲ႔ ေသြးေပါင္ခ်ိန္ပုံမွန္ျဖစ္ေစဖို႔က ကိုယ္လက္လႈပ္ရွားမႈေကာင္းေကာင္းလိုပါတယ္။အထိုင္မ်ားျခင္းဟာ သင့္ေက်ာက္ကပ္ကိုပ်က္စီးေစဖို႔ ၃၀ရာႏႈန္းပိုမိုျမင့္တက္ေစပါတယ္။
သင္ဟာတစ္ေန႔ကို၈နာရီေလာက္ အလုပ္မွာထိုင္ေနရပါက အိမ္ျပန္ေရာက္တဲ့အခ်ိန္မွာ ေလ့က်င့္ခန္းအနည္းငယ္ျပဳလုပ္သင့္ပါတယ္။

(၃)ေလ့က်င့္ခန္းအလြန္အကြၽံျပဳလုပ္ျခင္း

ေလ့က်င့္ခန္းအလြန္အကြၽံျပဳလုပ္ျခင္းဟာ ႂကြက္သားေတြကို ၿပိဳကြဲေစၿပီး ထိုႂကြက္သားမွ်င္အပုတ္အသိုးအပိုင္းအစေတြေသြးထဲသို႔စီးဆင္းရာမွ ေက်ာက္ကပ္ကို ပ်က္စီးေစပါတယ္။ဒါေၾကာင့္ သင္ဟာ အလြန္အကြၽံေလ့က်င့္ခန္းျပဳလုပ္သူျဖစ္ၿပီး သင့္ဆီးအေရာင္ရင့္လာျခင္းနဲ႔ႂကြက္သားနာက်င္ျခင္းတို႔ကို ပူးတြဲခံစားရပါက မေပါ့ဆပဲ ေဆးကုသမႈခံယူသင့္ပါတယ္။

(၄)အကိုက္အခဲေပ်ာက္ေဆးအလြန္အကြၽံေသာက္ျခင္း

အကိုက္အခဲေပ်ာက္ေဆးမ်ားကို ႏွစ္ရွည္လမ်ားစြဲေသာက္ျခင္းေၾကာင့္ ေက်ာက္ကပ္ကိုေသြးစီးဆင္းမႈက်ဆင္းေစၿပီး ေက်ာက္ကပ္လုပ္ငန္းေဆာင္တာမ်ားကို ပ်က္စီးေစပါတယ္။ ေက်ာက္ကပ္ေရာဂါရွိသူေတြအတြက္ဆို ပိုဆိုးတာေပါ့။ဒါေၾကာင့္ မလိုအပ္ပဲ အကိုက္အခဲေပ်ာက္ေဆးေတြေသာက္သုံးျခင္းကို ေရွာင္ၾကဥ္သင့္ပါတယ္။

(၅)ေရပုံမွန္မေသာက္ျခင္း

ေရဓာတ္ျပည့္ဝေနမွသာ သင့္ေက်ာက္ကပ္ကေန ဆားဓာတ္နဲ႔ အဆိပ္ေတြကိုေကာင္းစြာစြန႔္ထုတ္ႏိုင္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ သင္ဟာ ေရပုံမွန္မေသာက္ပါက ေက်ာက္ကပ္ေက်ာက္တည္ျခင္းနဲ႔ အျခားေသာက်န္းမာေရးဆိုးက်ိဴးမ်ားကိုရရွိေစမွာ ျဖစ္ပါတယ္။တစ္ေန႔ကို ေရ၂လီတာခန႔္ အနည္းဆုံးေသာက္သုံးေပးရပါမယ္။

(၆)အိပ္ေရးမဝျခင္း

လုံေလာက္ေသာအိပ္စက္မႈရွိျခင္းဟာ ေက်ာက္ကပ္က်န္းမာေရးကိုလဲ ေကာင္းမြန္ေစပါတယ္။သင္ဟာ လုံေလာက္တဲ့အိပ္စက္မႈမရွိပါက သင့္ေက်ာက္ကပ္လုပ္ငန္းေဆာင္တာေတြကိုေႏွးေကြးေစမွာ ျဖစ္ပါတယ္။

(၇)အသားမ်ားလြန္ကဲစြာစားျခင္း

အသားမ်ားအလြန္အကြၽံစားျခင္းေၾကာင့္ သင့္ ေသြးထဲတြင္ အက္ဆစ္မ်ား မ်ားျပားေစပါတယ္။ထိုအခါ ေက်ာက္ကပ္မွ သင့္ pH level ကိုထိမ္းညႇိရာမွာ အခက္အခဲေတြ႕လာေစပါတယ္။အခ်ိန္ၾကာလာနဲ႔အမွ် သင့္ေက်ာက္ကပ္ပ်က္စီးမႈစတင္လာမွာ ျဖစ္ပါတယ္။

(၈)ဆား နဲ႔ သၾကားအလြန္အကြၽံစားသုံးျခင္း

သင့္အစာထဲကတဆင့္စားသုံးလိုက္ေသာ ဆား ၉၅ ရာႏႈန္းကို ေက်ာက္ကပ္ကေန ၿဖိဳခြဲသန႔္စင္ပါတယ္။ဒါေၾကာင့္မို႔ သင္စားေသာအစာမွာ ဆားမ်ားမ်ားပါေလ ေက်ာက္ကပ္ က ပိုမိုအလုပ္မ်ားေလျဖစ္ပါတယ္။

အခ်ိန္ၾကာတာနဲ႔အမွ် ေက်ာက္ကပ္ရဲ႕ လုပ္ငန္းေဆာင္တာေတြထိခိုက္ေစတဲ့အျပင္ ေသြး တိုးေရာဂါပါရရွိလာမွာ ျဖစ္ပါတယ္။ထိုနည္းတူ သၾကားအစားမ်ားျခင္းေၾကာင့္ အဝလြန္ျခင္းနဲ႔ ဆီးခ်ိဴေရာဂါျဖစ္ပြားေစပါတယ္။ဒါေတြဟာလဲ ေက်ာက္ကပ္ပ်က္စီးေစျခင္းရဲ႕ လမ္းေၾကာင္း အစျဖစ္ပါတယ္။

Credit:Dr Jue ( Daily Hot News)

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


သင့် ကျန်းမာရေး ကိုထိမ်းသိမ်းကာကွယ်ဖို့ ကျောက်ကပ်ရဲ့ အခန်းကဟာလဲ အရေးပါလှပါ တယ်။ကျောက်ကပ်ဟာ ဆီးစွန့်ထုတ်ပေးတဲ့လုပ်ငန်းသာမက သွေးနီဥ ထုတ်ပေးခြင်း၊အခြားသော ကလီဇာများမှအဆိပ်အတောက်များစွန့်ထုတ်ပေးခြင်း၊သွေးပေါင်ပုံမှန်ဖြစ်အောင်ထိမ်းညှိပေးခြင်း၊သတုဓာတ်များပုံမှန်ဖြစ်အောင်ထိမ်းညှိပေးခြင်းစသော တာဝန်များကိုပါဆောင်ရွက်ပေးတာမို့ ကျောက်ကပ်ကို ကျန်းမာအောင်ထိမ်းသိမ်းဖို့ အလွန်အရေးကြီးပါတယ်။ဒါကြောင့် ကျောက် ကပ်ကိုပျက်စီးစေမယ့်အလေ့အထဆိုးတွေကို သိရှိပြီး ရှောင်ကြဉ်ဖို့လဲ မဖြစ်မနေလိုအပ်လှပါတယ်။

ကျောက်ကပ်ကိုပျက်စီးစေသောအလေ့အထဆိုးများမှာ

(၁) ဆီးအောင့်ထားခြင်း

သင်ဟာ ဆီး မသွားပဲ ဆီးအောင့်ထားပါက သင့်ဆီးအိမ်ထဲမှာ ဆီးတွေဟာ အချိန်ကြာအောင် ရှိနေမှာဖြစ်ပါတယ်။ထိုသို့ရှိနေခြင်းဟာ ဆီးအိမ်ထဲမှာ ဘတ်တီးရီးယားတွေ ပွားများဖို့အခွင့်အလမ်းပိုမိုပေးသလိုဖြစ်စေပြီး နောက်ဆက်တွဲအနေဖြင့် ကျောက်ကပ်ပိုးဝင်ခြင်းနဲ့ဆီးမထိမ်းနိုင်ခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။

(၂) အထိုင်များခြင်း

သင့်သွေးတွင်းသကြားlevelပုံမှန်ဖြစ်ဖို့နဲ့ သွေးပေါင်ချိန်ပုံမှန်ဖြစ်စေဖို့က ကိုယ်လက်လှုပ်ရှားမှုကောင်းကောင်းလိုပါတယ်။အထိုင်များခြင်းဟာ သင့်ကျောက်ကပ်ကိုပျက်စီးစေဖို့ ၃၀ရာနှုန်းပိုမိုမြင့်တက်စေပါတယ်။
သင်ဟာတစ်နေ့ကို၈နာရီလောက် အလုပ်မှာထိုင်နေရပါက အိမ်ပြန်ရောက်တဲ့အချိန်မှာ လေ့ကျင့်ခန်းအနည်းငယ်ပြုလုပ်သင့်ပါတယ်။

(၃)လေ့ကျင့်ခန်းအလွန်အကျွံပြုလုပ်ခြင်း

လေ့ကျင့်ခန်းအလွန်အကျွံပြုလုပ်ခြင်းဟာ ကြွက်သားတွေကို ပြိုကွဲစေပြီး ထိုကြွက်သားမျှင်အပုတ်အသိုးအပိုင်းအစတွေသွေးထဲသို့စီးဆင်းရာမှ ကျောက်ကပ်ကို ပျက်စီးစေပါတယ်။ဒါကြောင့် သင်ဟာ အလွန်အကျွံလေ့ကျင့်ခန်းပြုလုပ်သူဖြစ်ပြီး သင့်ဆီးအရောင်ရင့်လာခြင်းနဲ့ကြွက်သားနာကျင်ခြင်းတို့ကို ပူးတွဲခံစားရပါက မပေါ့ဆပဲ ဆေးကုသမှုခံယူသင့်ပါတယ်။

(၄)အကိုက်အခဲပျောက်ဆေးအလွန်အကျွံသောက်ခြင်း

အကိုက်အခဲပျောက်ဆေးများကို နှစ်ရှည်လများစွဲသောက်ခြင်းကြောင့် ကျောက်ကပ်ကိုသွေးစီးဆင်းမှုကျဆင်းစေပြီး ကျောက်ကပ်လုပ်ငန်းဆောင်တာများကို ပျက်စီးစေပါတယ်။ ကျောက်ကပ်ရောဂါရှိသူတွေအတွက်ဆို ပိုဆိုးတာပေါ့။ဒါကြောင့် မလိုအပ်ပဲ အကိုက်အခဲပျောက်ဆေးတွေသောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

(၅)ရေပုံမှန်မသောက်ခြင်း

ရေဓာတ်ပြည့်ဝနေမှသာ သင့်ကျောက်ကပ်ကနေ ဆားဓာတ်နဲ့ အဆိပ်တွေကိုကောင်းစွာစွန့်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ ရေပုံမှန်မသောက်ပါက ကျောက်ကပ်ကျောက်တည်ခြင်းနဲ့ အခြားသောကျန်းမာရေးဆိုးကျိူးများကိုရရှိစေမှာ ဖြစ်ပါတယ်။တစ်နေ့ကို ရေ၂လီတာခန့် အနည်းဆုံးသောက်သုံးပေးရပါမယ်။

(၆)အိပ်ရေးမဝခြင်း

လုံလောက်သောအိပ်စက်မှုရှိခြင်းဟာ ကျောက်ကပ်ကျန်းမာရေးကိုလဲ ကောင်းမွန်စေပါတယ်။သင်ဟာ လုံလောက်တဲ့အိပ်စက်မှုမရှိပါက သင့်ကျောက်ကပ်လုပ်ငန်းဆောင်တာတွေကိုနှေးကွေးစေမှာ ဖြစ်ပါတယ်။

(၇)အသားများလွန်ကဲစွာစားခြင်း

အသားများအလွန်အကျွံစားခြင်းကြောင့် သင့် သွေးထဲတွင် အက်ဆစ်များ များပြားစေပါတယ်။ထိုအခါ ကျောက်ကပ်မှ သင့် pH level ကိုထိမ်းညှိရာမှာ အခက်အခဲတွေ့လာစေပါတယ်။အချိန်ကြာလာနဲ့အမျှ သင့်ကျောက်ကပ်ပျက်စီးမှုစတင်လာမှာ ဖြစ်ပါတယ်။

(၈)ဆား နဲ့ သကြားအလွန်အကျွံစားသုံးခြင်း

သင့်အစာထဲကတဆင့်စားသုံးလိုက်သော ဆား ၉၅ ရာနှုန်းကို ကျောက်ကပ်ကနေ ဖြိုခွဲသန့်စင်ပါတယ်။ဒါကြောင့်မို့ သင်စားသောအစာမှာ ဆားများများပါလေ ကျောက်ကပ် က ပိုမိုအလုပ်များလေဖြစ်ပါတယ်။

အချိန်ကြာတာနဲ့အမျှ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေထိခိုက်စေတဲ့အပြင် သွေး တိုးရောဂါပါရရှိလာမှာ ဖြစ်ပါတယ်။ထိုနည်းတူ သကြားအစားများခြင်းကြောင့် အဝလွန်ခြင်းနဲ့ ဆီးချိူရောဂါဖြစ်ပွားစေပါတယ်။ဒါတွေဟာလဲ ကျောက်ကပ်ပျက်စီးစေခြင်းရဲ့ လမ်းကြောင်း အစဖြစ်ပါတယ်။

Credit:Dr Jue ( Daily Hot News)

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top