iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ားအားျဖင့္ အမ်ိဳးသမီးေတြက အမ်ိဳးသားမ်ားထက္ပို၍ တင္းတိပ္ေပါက္ တတ္ၾကျပီး၊ မ်က္ႏွာ အလွအပကို ဖ်က္ဆီးသည့္ တင္းတိပ္ေပါက္မွာကို စိုး ထိတ္ေနၾကရပါတယ္။

တင္းတိပ္ျဖစ္ရတဲ့အေၾကာင္းရင္းေတြကေတာ့၊ မ်က္ႏွာသန္ ့ရွင္းမႈမရွိျခင္း၊ မသန္ု ့ ရွင္းေသာမ်က္ႏွာသုပ္ပု၀ါ(သို ့မဟုတ္)တို ့ဖတ္ ပု၀ါ(သို ့မဟုတ္)ကရင္မ္ပပ္ဖ္ေရျမွံဳ ့တို ့ ကိုသံုးစြဲျခင္း၊ မသန္ ့ရွင္းေသာလက္ျဖင့္ ပြတ္သပ္ကိုင္တြယ္ျခင္း၊ မိမိနဲ ့ဓာတ္မတည့္ သည့္ ဓာတုပစၥည္းမ်ားပါ၀င္ေသာ မိတ္ကပ္မ်ားလိမ္းက်ံျခင္း၊ ေနေလာင္ျခင္း၊ ဓမၼတာမ မွန္ဘဲ ေသြးပုပ္ေသြးညစ္မ်ားၾကြင္းက်န္ျခင္း၊ နံ ့ သာျဖဴလိမ္းျခင္း စသည္တို ့ေၾကာင့္ တင္း တိပ္ စြဲနိုင္ပါတယ္။ ပင္ကိုယ္မ်က္ႏွာအသားအေရေျခာက္ေသြ ့သူမ်ားမွာ တင္း တိပ္ေပါက္ ဖို ့ ရာႏႈန္းျပည့္နီးပါးေသခ်ာေနပါျပီ္။ ခႏၶာကိုယ္အပူဓာတ္မ်ားသည့္ အမ်ိဳး သမီး မ်ား ေသြးမဆံုးခင္ ႏွင့္ ေသြးဆံုးျပီးစအခ်ိန္ေတြမွာ တင္းတိပ္ေပါက္ေလ့ ရွိျပီး၊ ေသြးဆံုးျပီးႏွစ္ အတန္ငယ္ၾကာတဲ့အခါမွာေတာ့ သူ ့အလိုလိုေပ်ာက္သြားတတ္္ ပါတယ္။ 

တင္းတိပ္ေဖ်ာက္နည္း။

လက္တကမ္းမွာ အလြယ္တကူရရွိနိုင္တဲ့ ေအာက္ေဖာ္ျပပါ သဘာ၀ကုထံုးေလးေတြက ဓာတုပစၥညး္မပါရွိတာေၾကာင့္ ေဘးထြက္ ဆိုးကိ်ဳးမရွိဘဲ တင္းတိပ္ေပ်ာက္ေစနိုင္ပါ တယ္။ သို ့ေသာ္ ဘယ္နည္းကိုဘဲသံုးသံုး ဇြဲရွိဖို ့ေတာ့လုိအပ္ပါတယ္။

(၁) ဒႏၱသုခအရြက္စိမ္းရည္(သတၱဳရည္)ႏွင့္ သနပ္ခါးေရာစပ္၍ အိပ္ရာ၀င္တိုင္းလူးအိပ္ ပါ။ ညစဥ္လိမ္းက်ံျခင္းျဖင့္ ရက္ပိုင္းအ တြင္း တင္းတိပ္ေပ်ာက္ကင္းသြားပါလိမ့္မယ္။

(၂) သန္ ့ရွင္းစင္ၾကယ္စြာ ေဆးေၾကာထားေသာ ကင္ပြန္းခ်ဥ္ရြက္ မနုမရင့္ လက္ဆစ္ ဆုပ္ စာခန္ ့ကို ထန္းလ်က္ (၇)လံုးခန္ ့ႏွင့္ သံုးခြက္တစ္ခြက္တင္က်ိဳ၍၊ ဆူလာတဲ့အခါ အိုးထဲကိုဆားအနည္းငယ္ခပ္ထည့္ပါ။ ခ်ိဳခ်ဥ္ခ်ဥ္အရသာအရည္ကို မနက္တစ္ၾကိမ္၊ ညတစ္ၾကိမ္ေသာက္ေပးျခင္းျဖင့္ တင္းတိပ္မ်ားပါးလႊာျပီး မၾကာခင္ေပ်ာက္သြားပါ လိမ့္မယ္။

(၃) မ်က္ႏွာကို သန္ ့ရွင္းစြာေဆးေၾကာ၍ ေရသုပ္ျပီးေနာက္၊ သန္ ့ရွင္းေသာ အုန္းမႈတ္ ခြက္အခြံကို ေက်ာက္ပ်ဥ္သန္ ့သန္ ့ေပၚ မွာ ေရအစား သံပုရာရည္ျဖင့္ေသြး၍ သနပ္ခါး လိမ္း သကဲ့သို ့လိမ္းပါ။ တင္းတိပ္ ႏွင့္ ၄င္းေဆးရည္တို ့ထိေတြ ့တဲ့အခါ၊ အနည္း ငယ္ စပ္ဖ်ဥ္းဖ်ဥ္းခံစားရပါလိမ့္မယ္။ အေရာင္က၀ါလြန္းတာေၾကာင့္ ညအိပ္ယာ၀င္ခါနီးမွာ လိမ္း ၍အိပ္ပါ။ (စပ္ဖ်ဥ္းဖ်ဥ္း ခံစားမႈကို သီးခံ၍ တစ္လခန ့္ လိမ္းေပးျခင္းျဖင့္ လက္ေတြ ့ေပ်ာက္ ကင္းနိုင္ပါတယ္)

(၄) ၾကက္သြန္နီကိုေထာင္း၍ ရလာတဲ့့အရည္ကို ရွာလကာရည္ ေရာစပ္ျပီး ညင္သာ စြာလိမ္းပါ။

(၅) ေထာပတ္သီး အမွည့္ထဲက၊ အေစ့၀ိုင္း၀ိုင္းၾကီးကို အရိပ္ထဲမွာအေျခာက္လွန္း ပါ(ေနပူထဲမလွန္းရ)။ ေျခာက္ေသြ ့သြားတဲ့အခါ ညအိပ္ယာ ၀င္ခါနီးတိုင္းေသြး၍၊ မ်က္ႏွာကိုစင္ၾကယ္စြာ ေဆးေၾကာသုတ္သင္ျပီးေနာက္ သနပ္ခါးလိမ္းသကဲ့သို ့လိမ္း အိပ္ပါ။ တင္းတိပ္ေတြ ေပ်ာက္ရံုသာမက၊ မ်က္ႏွာအသားအရည္ နုေခ်ာလာပါလိမ့္မယ္။

(၆) မ်က္ႏွာကိုသန္ ့စင္ေအာင္ ေဆးေၾကာျပီးေနာက္ ဖရဲသီးေအာက္ခံအျဖဴသားကို ဓား(သို ့မဟုတ္)ဇြန္းျဖင့္ ပါးပါးလွီး၍ မ်က္ႏွာ ေပမွာ နာရီ၀က္ခန္ ့ၾကာေအာင္ တင္ ထားေပးပါ။

(၇) သနပ္ခါးေသြးၿပီးေနာက္ သိေႏၶာဆားကို စပါးေစ့တစ္ေစ့ခန္႔ေရာစပ္ၿပီး တင္းတိပ္ ရွိေသာေနရာကို တစ္ေန႔တစ္ႀကိမ္ ေန႔စဥ္ လိမ္းေပးပါ။

(၈) သနပ္ခါးေသြးတဲ့အခါ၊ ပင္လယ္ေရျမွပ္ကုိ အနည္းငယ္ထည့္ေသြး၍ ရရွိတဲ့သနပ္ခါး ရည္ျဖင့္ တင္းတိပ္ရွိေသာ ေနရာတဝုိက္ ကုိ တစ္ေန႔သုံးႀကိမ္ လိမ္းေပးပါ။ (ပင္ လယ္ေရျမွပ္ ကုိ ပရေဆးဆုိင္မ်ားတြင္ ဝယ္ယူရရွိႏုိင္ပါတယ္)

(၉) မ်က္ႏွာကို စင္ၾကယ္ေအာင္ေဆးေၾကာျပီးေနာက္၊ သနပ္ခါးေသြးတဲ့အ ခါ ေက်ာက္ ခ်ဥ္ ကုိ မုန္႔ညွင္းေစ့ တစ္ေစ့ခန္႔ထည့္ေသြး ၿပီး လိမ္းေပးပါ။ နံနက္တစ္ႀကိမ္၊ ည တစ္ႀကိမ္ တစ္ေန႔ ၂ ႀကိမ္လိမ္းေပးႏုိင္ပါတယ္။(မ်က္ႏွာေပၚရွိ တင္းတိပ္မ်ားသာမက၊ အစက္္ အေျပာက္မ်ား ႏွင့္ မ်က္ႏွာအေရျပား ၾကမ္းတမ္းမႈကိုပါ သက္သာေပ်ာက္ ကင္းေစနိုင္ပါတယ္)

(၁၀) သန္႔စင္လတ္ဆတ္ေသာ နႏြင္းတစ္တက္ကုိ ေရအစား ႏြားႏုိ႔အနည္းငယ္ႏွင့္ေသြး ၍၊ ရရွိေသာေဆးရည္ကုိ တင္းတိပ္ရွိ ေသာ ေနရာတစ္ဝုိက္မွာ လိမ္းေပးပါ။ တစ္ေန႔ သုံးႀကိမ္ လိမ္းေပးသင့္ပါတယ္။

(၁၁) ကြမ္းရြက္ကုိ ပါးပါးလွီးျဖတ္ေတာက္၍ ေရအနည္းငယ္ႏွင့္ျပဳတ္ပါ။ အေအး ခံျပီးေနာက္ ကြမ္းရြက္ျပဳတ္ရည္ ၂-ဆ၊ ပ်ားရည္ ၁-ဆ ေရာစပ္၍ ပုလင္းႏွင့္ထည့္ပါ။ ထိုကြမ္းရြက္ေပါင္းေဆးရည္ကုိ နံက္တစ္ႀကိမ္၊ ညေနတစ္ႀကိမ္ လိမ္းေပးပါ။ လိမ္းခါနီးတိုင္း၊ မ်က္ႏွာကို သန္ ့စင္စြာ ေဆးေၾကာ၍ ပုလင္းကုိလႈပ္ၿပီးမွ လိမ္းပါ။

(၁၂) နံနံေစ့ကုိျပဳတ္၍ ရလာတဲ့ေဆးရည္ကိုအေအးခံကာ ညအိပ္ယာဝင္တုိင္း မ်က္ႏွာကုိလိမ္းေပးပါ။ (တင္းတိပ္သာမက၊ မွဲ႔ ေျခာက္ ႏွင့္ ဆားဝက္ၿခံမ်ားကုိ သိသိသာသာ ေလ်ာ့ပါးသြားေစပါတယ္)

(၁၃) နန္းလုံးႀကိဳင္ အသီး ၁-ဆ၊ ဂုံမင္းသီး ၁-ဆတုိ႔ကုိ ကၽြမ္းေအာင္မီးဖုတ္၍ အမႈန္႔ျပဳလုပ္ပါ။ ျပီးရင္ ထိုအမႈန္ ့ေတြ ျမဳပ္သြားတဲ့ အထိ၊ ႏွမ္းဆီစစ္စစ္ ႏွင့္ ေရာစပ္၍ ပုလင္းထဲထည့္ထားပါ။ အသုံးျပဳခါနီးတိုင္း ပုလင္းကုိလႈပ္ၿပီး တင္းတိပ္ရွိေသာ ေနရာေတြ ေပၚလူးေပးပါ။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit: ေပါက္ေပါက္

#Unicode Version#
 အများအားဖြင့် အမျိုးသမီးတွေက အမျိုးသားများထက်ပို၍ တင်းတိပ်ပေါက် တတ်ကြပြီး၊ မျက်နှာ အလှအပကို ဖျက်ဆီးသည့် တင်းတိပ်ပေါက်မှာကို စိုး ထိတ်နေကြရပါတယ်။

တင်းတိပ်ဖြစ်ရတဲ့အကြောင်းရင်းတွေကတော့၊ မျက်နှာသန့်ရှင်းမှုမရှိခြင်း၊ မသန်ု့ ရှင်းသောမျက်နှာသုပ်ပုဝါ(သို့မဟုတ်)တို့ဖတ် ပုဝါ(သို့မဟုတ်)ကရင်မ်ပပ်ဖ်ရေမြှုံ့တို့ ကိုသုံးစွဲခြင်း၊ မသန့်ရှင်းသောလက်ဖြင့် ပွတ်သပ်ကိုင်တွယ်ခြင်း၊ မိမိနဲ့ဓာတ်မတည့် သည့် ဓာတုပစ္စည်းများပါဝင်သော မိတ်ကပ်များလိမ်းကျံခြင်း၊ နေလောင်ခြင်း၊ ဓမ္မတာမ မှန်ဘဲ သွေးပုပ်သွေးညစ်များကြွင်းကျန်ခြင်း၊ နံ့ သာဖြူလိမ်းခြင်း စသည်တို့ကြောင့် တင်း တိပ် စွဲနိုင်ပါတယ်။ ပင်ကိုယ်မျက်နှာအသားအရေခြောက်သွေ့သူများမှာ တင်း တိပ်ပေါက် ဖို့ ရာနှုန်းပြည့်နီးပါးသေချာနေပါပြီ်။ ခန္ဓာကိုယ်အပူဓာတ်များသည့် အမျိုး သမီး များ သွေးမဆုံးခင် နှင့် သွေးဆုံးပြီးစအချိန်တွေမှာ တင်းတိပ်ပေါက်လေ့ ရှိပြီး၊ သွေးဆုံးပြီးနှစ် အတန်ငယ်ကြာတဲ့အခါမှာတော့ သူ့အလိုလိုပျောက်သွားတတ် ပါတယ်။

တင်းတိပ်ဖျောက်နည်း။

လက်တကမ်းမှာ အလွယ်တကူရရှိနိုင်တဲ့ အောက်ဖော်ပြပါ သဘာဝကုထုံးလေးတွေက ဓာတုပစ္စည်းမပါရှိတာကြောင့် ဘေးထွက် ဆိုးကျိုးမရှိဘဲ တင်းတိပ်ပျောက်စေနိုင်ပါ တယ်။ သို့သော် ဘယ်နည်းကိုဘဲသုံးသုံး ဇွဲရှိဖို့တော့လိုအပ်ပါတယ်။

(၁) ဒန္တသုခအရွက်စိမ်းရည်(သတ္တုရည်)နှင့် သနပ်ခါးရောစပ်၍ အိပ်ရာဝင်တိုင်းလူးအိပ် ပါ။ ညစဉ်လိမ်းကျံခြင်းဖြင့် ရက်ပိုင်းအ တွင်း တင်းတိပ်ပျောက်ကင်းသွားပါလိမ့်မယ်။

(၂) သန့်ရှင်းစင်ကြယ်စွာ ဆေးကြောထားသော ကင်ပွန်းချဉ်ရွက် မနုမရင့် လက်ဆစ် ဆုပ် စာခန့်ကို ထန်းလျက် (၇)လုံးခန့်နှင့် သုံးခွက်တစ်ခွက်တင်ကျို၍၊ ဆူလာတဲ့အခါ အိုးထဲကိုဆားအနည်းငယ်ခပ်ထည့်ပါ။ ချိုချဉ်ချဉ်အရသာအရည်ကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ်သောက်ပေးခြင်းဖြင့် တင်းတိပ်များပါးလွှာပြီး မကြာခင်ပျောက်သွားပါ လိမ့်မယ်။

(၃) မျက်နှာကို သန့်ရှင်းစွာဆေးကြော၍ ရေသုပ်ပြီးနောက်၊ သန့်ရှင်းသော အုန်းမှုတ် ခွက်အခွံကို ကျောက်ပျဉ်သန့်သန့်ပေါ် မှာ ရေအစား သံပုရာရည်ဖြင့်သွေး၍ သနပ်ခါး လိမ်း သကဲ့သို့လိမ်းပါ။ တင်းတိပ် နှင့် ၎င်းဆေးရည်တို့ထိတွေ့တဲ့အခါ၊ အနည်း ငယ် စပ်ဖျဉ်းဖျဉ်းခံစားရပါလိမ့်မယ်။ အရောင်ကဝါလွန်းတာကြောင့် ညအိပ်ယာဝင်ခါနီးမှာ လိမ်း ၍အိပ်ပါ။ (စပ်ဖျဉ်းဖျဉ်း ခံစားမှုကို သီးခံ၍ တစ်လခန့် လိမ်းပေးခြင်းဖြင့် လက်တွေ့ပျောက် ကင်းနိုင်ပါတယ်)

(၄) ကြက်သွန်နီကိုထောင်း၍ ရလာတဲ့အရည်ကို ရှာလကာရည် ရောစပ်ပြီး ညင်သာ စွာလိမ်းပါ။

(၅) ထောပတ်သီး အမှည့်ထဲက၊ အစေ့ဝိုင်းဝိုင်းကြီးကို အရိပ်ထဲမှာအခြောက်လှန်း ပါ(နေပူထဲမလှန်းရ)။ ခြောက်သွေ့သွားတဲ့အခါ ညအိပ်ယာ ဝင်ခါနီးတိုင်းသွေး၍၊ မျက်နှာကိုစင်ကြယ်စွာ ဆေးကြောသုတ်သင်ပြီးနောက် သနပ်ခါးလိမ်းသကဲ့သို့လိမ်း အိပ်ပါ။ တင်းတိပ်တွေ ပျောက်ရုံသာမက၊ မျက်နှာအသားအရည် နုချောလာပါလိမ့်မယ်။

(၆) မျက်နှာကိုသန့်စင်အောင် ဆေးကြောပြီးနောက် ဖရဲသီးအောက်ခံအဖြူသားကို ဓား(သို့မဟုတ်)ဇွန်းဖြင့် ပါးပါးလှီး၍ မျက်နှာ ပေမှာ နာရီဝက်ခန့်ကြာအောင် တင် ထားပေးပါ။

(၇) သနပ်ခါးသွေးပြီးနောက် သိန္ဓောဆားကို စပါးစေ့တစ်စေ့ခန့်ရောစပ်ပြီး တင်းတိပ် ရှိသောနေရာကို တစ်နေ့တစ်ကြိမ် နေ့စဉ် လိမ်းပေးပါ။

(၈) သနပ်ခါးသွေးတဲ့အခါ၊ ပင်လယ်ရေမြှပ်ကို အနည်းငယ်ထည့်သွေး၍ ရရှိတဲ့သနပ်ခါး ရည်ဖြင့် တင်းတိပ်ရှိသော နေရာတဝိုက် ကို တစ်နေ့သုံးကြိမ် လိမ်းပေးပါ။ (ပင် လယ်ရေမြှပ် ကို ပရဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါတယ်)

(၉) မျက်နှာကို စင်ကြယ်အောင်ဆေးကြောပြီးနောက်၊ သနပ်ခါးသွေးတဲ့အ ခါ ကျောက် ချဉ် ကို မုန့်ညှင်းစေ့ တစ်စေ့ခန့်ထည့်သွေး ပြီး လိမ်းပေးပါ။ နံနက်တစ်ကြိမ်၊ ည တစ်ကြိမ် တစ်နေ့ ၂ ကြိမ်လိမ်းပေးနိုင်ပါတယ်။(မျက်နှာပေါ်ရှိ တင်းတိပ်များသာမက၊ အစက် အပြောက်များ နှင့် မျက်နှာအရေပြား ကြမ်းတမ်းမှုကိုပါ သက်သာပျောက် ကင်းစေနိုင်ပါတယ်)

(၁၀) သန့်စင်လတ်ဆတ်သော နနွင်းတစ်တက်ကို ရေအစား နွားနို့အနည်းငယ်နှင့်သွေး ၍၊ ရရှိသောဆေးရည်ကို တင်းတိပ်ရှိ သော နေရာတစ်ဝိုက်မှာ လိမ်းပေးပါ။ တစ်နေ့ သုံးကြိမ် လိမ်းပေးသင့်ပါတယ်။

(၁၁) ကွမ်းရွက်ကို ပါးပါးလှီးဖြတ်တောက်၍ ရေအနည်းငယ်နှင့်ပြုတ်ပါ။ အအေး ခံပြီးနောက် ကွမ်းရွက်ပြုတ်ရည် ၂-ဆ၊ ပျားရည် ၁-ဆ ရောစပ်၍ ပုလင်းနှင့်ထည့်ပါ။ ထိုကွမ်းရွက်ပေါင်းဆေးရည်ကို နံက်တစ်ကြိမ်၊ ညနေတစ်ကြိမ် လိမ်းပေးပါ။ လိမ်းခါနီးတိုင်း၊ မျက်နှာကို သန့်စင်စွာ ဆေးကြော၍ ပုလင်းကိုလှုပ်ပြီးမှ လိမ်းပါ။

(၁၂) နံနံစေ့ကိုပြုတ်၍ ရလာတဲ့ဆေးရည်ကိုအအေးခံကာ ညအိပ်ယာဝင်တိုင်း မျက်နှာကိုလိမ်းပေးပါ။ (တင်းတိပ်သာမက၊ မှဲ့ ခြောက် နှင့် ဆားဝက်ခြံများကို သိသိသာသာ လျော့ပါးသွားစေပါတယ်)

(၁၃) နန်းလုံးကြိုင် အသီး ၁-ဆ၊ ဂုံမင်းသီး ၁-ဆတို့ကို ကျွမ်းအောင်မီးဖုတ်၍ အမှုန့်ပြုလုပ်ပါ။ ပြီးရင် ထိုအမှုန့်တွေ မြုပ်သွားတဲ့ အထိ၊ နှမ်းဆီစစ်စစ် နှင့် ရောစပ်၍ ပုလင်းထဲထည့်ထားပါ။ အသုံးပြုခါနီးတိုင်း ပုလင်းကိုလှုပ်ပြီး တင်းတိပ်ရှိသော နေရာတွေ ပေါ်လူးပေးပါ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit: ပေါက်ပေါက်
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top