iMyanmarHouse.com - Best Property Website for Myanmar
×

ေလ့လာခ်က္မ်ားစြာအရ ေပ်ာ္ရြင္ေသာ ဆက္ဆံေရး၊အိမ္ေထာင္ေရးကို ပိုင္ဆိုင္ထားေသာ စံုတြဲမ်ားအေနနဲ့ ပိုမို၀ိတ္တက္ေျကာင္းသိရျပီး ထိုအတြက္ သက္ေသျပခ်က္မ်ားလဲ ရွိပါတယ္။

အေမရိကန္နိုင္ငံံ North Carolina တကၠသိုလ္ရဲ့ သုေတသနအဖြဲ့က စံုတြဲေပါင္း၈၀၀၀ေက်ာ္ကို ကိုယ္အေလးခ်ိန္တိုင္းျပီး ေလ့လာရာမွာ

လက္ထပ္ျပီးအမ်ိဴးသမီးတစ္ေယာက္သည္္ လက္ထပ္ျပီး ၅နွစ္ကေန၆နွစ္အတြင္း ၂၄ေပါင္အထိ ၀ိတ္တက္နိုင္ပါတယ္။

ထို့ျပင္ လက္မထပ္ေသးေပမယ့္ ခ်စ္သူနဲ့အတူေနေသာအမ်ိဴးသမီးမ်ားဟာ ၂၂ေပါင္တက္နိုင္ျပီး အမ်ိဴးသားနဲ့အတူမေနပဲ ရိုးရိုးသာ တြဲသြားတြဲလာလုပ္သူမ်ားအေနနဲ့၁၃ေပါင္သာ ၀ိတ္တက္ေျကာင္းေတြ့ရွိပါတယ္။

ရည္းစားရွိေသာအမ်ိဴးသားမ်ားအေနနဲ့လဲ single ဘ၀ကထက္ ၀ိိတ္က္လာတာကိုေတြ့ရပါတယ္။အတူေနခ်စ္သူရွိသူအမ်ိဴးသားမ်ားဟာ မရွိသူအမ်ိဴးသားမ်ားထက္ ၂၅ေပါင္ပိုမို၀ိတ္တက္တာေတြ့ရပါတယ္။

ေလ့လာခ်က္ကို အခ်ဴပ္ဆိုရေသာ္ သာယာေသာဆက္ဆံေရးရွိျခင္းနဲ့ ၀ျဖိဳးျခင္းဟာ အမွန္ပဲဆက္စပ္မွုရွိေနတာေတြ့ရမွာပါ။ ကာလျကာရွည္ သာယာေသာ ဆက္ဆံေရးရွိသူမ်ားအေနနဲ့ ၀ျဖိဳးလာေသာ္လည္း ေဆးလိပ္အရက္ေသာက္သံုးေသာစံုတြဲေတြအေနနဲ့ေတာ့ ကိုယ္အေလးခ်ိန္က်တတ္ေျကာင္းေတြ့ရွိရပါတယ္။
လက္ထပ္ျပီးစ စံုတြဲမ်ား

အေမရိကန္နိုင္ငံ National Instistute of Health ရဲ့ေလ့လာခ်က္အေနနဲ့ လက္ထပ္ျပီးစ ျကင္စဦးေမာင္နွံမ်ားတြင္ ၀ျဖိဳးျခင္းကေတာ့ ေပ်ာ္ရြင္ျခင္းေျကာင့္ျဖစ္နိုင္သလို ၀မ္းနည္းျခင္းေျကာင့္လဲ ျဖစ္တယ္လို့ဆုိပါတယ္။

ဒါဟာ လက္ထပ္ျပီး၄နွစ္ျကာေသာစံုတြဲမ်ားကို ေလ့လာခဲ့ျခင္းျဖစ္ျပီး သုူတို့ရဲ့စိတ္ပိုင္းဆိုင္ရာက်န္းမာေရးနဲ့ စိတ္ဖိစီးမွုကို တိုင္းတာခဲ့တာ ျဖစ္ပါတယ္။

အခ်ဴပ္အားျဖင့္ ေပ်ာ္ရြင္ေသာအိမ္ေထာင္ေရးပိုင္ဆိုင္သူေတြဟာ တစ္ျခားတစ္ေယာက္ထပ္ရွာဖို့မလိုတာေျကာင့္ ၀ိတ္တက္လာျကျပီး ၀ိတ္တက္ျခင္းေျကာင့္လဲ

အထူးတလည္စိတ္ညစ္ျခင္းမရွိျကပါဘူး။ဒါေပမယ့္သာယာေသာအိမ္ေထာင္ေရးကိုမပိုင္ဆိုင္သူမ်ားအေနနဲ့ေတာ့ စိတ္ဖိစီးမွဳေျကာင့္လဲ ၀လာတာရွိသလို ပိန္သြားသူမ်ားလဲရွိပါတယ္။

၀ျခင္းက ကူးစက္ေစတယ္္

England ဂ်ာနယ္တစ္ခုရဲ့ေလ့လာခ်က္အရ စံုတြဲေတြဟာ

တစ္ေယာက္၀ရင္ေနာက္တစ္ေယာက္ပါ လိုက္၀လာတာေတြ့ရပါတယ္။ဒါဟာ တစ္ေယာက္နဲ့တစ္ေယာက္ေန့စဥ္ေတြ့ရာကေန အမူအက်င့္ေတြကူးသြားတာနဲ့ဆိုင္ပါတယ္။

ေျပာင္းျပန္အားျဖင့္ တစ္ေယာက္နဲ့တစ္ေယာက္အဆင္မေျပေသာ စံုတြဲေတြကေတာ့ တစ္ေယာက္နဲ့တစ္ေယာက္သိပ္မ်က္နွာခ်င္းမဆိုင္တာမို့ အက်င့္ေတြကူးစက္ဖို့ ခဲယဥ္းပါတယ္။

ဒါေျကာင့္ ခ်စ္ခင္ေပ်ာ္ရြင္ေသာစံုတြဲေတြြအေနနဲ့လဲ တစ္ေယာက္နဲ့တစ္ေယာက္ က်န္းမာေရးနဲ့ညီညြတ္ေသာအစာစားပံုနဲ့ က်န္းမာေရးလိုက္စားပံုမ်ားကို

မ်ွေ၀ဖို့လိုအပ္ပါတယ္။ဒါမွသာ အ၀လြန္ျခင္းကိုကာကြယ္နိုင္ျပီး က်န္းမာေရးေကာင္းမြန္ကာ အတူတကြ သက္တမ္းရွည္ရွည္ေနထိုင္နိုင္မွာ ျဖစ္ပါတယ္။
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:Dr Jue (Daily Hot News)

#Unicode Version#
လေ့လာချက်များစွာအရ ပျော်ရွင်သော ဆက်ဆံရေး၊အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားသော စုံတွဲများအနေနဲ့ ပိုမိုဝိတ်တက်ကြောင်းသိရပြီး ထိုအတွက် သက်သေပြချက်များလဲ ရှိပါတယ်။

အမေရိကန်နိုင်ငံံ North Carolina တက္ကသိုလ်ရဲ့ သုတေသနအဖွဲ့က စုံတွဲပေါင်း၈၀၀၀ကျော်ကို ကိုယ်အလေးချိန်တိုင်းပြီး လေ့လာရာမှာ

လက်ထပ်ပြီးအမျိူးသမီးတစ်ယောက်သည် လက်ထပ်ပြီး ၅နှစ်ကနေ၆နှစ်အတွင်း ၂၄ပေါင်အထိ ဝိတ်တက်နိုင်ပါတယ်။

ထို့ပြင် လက်မထပ်သေးပေမယ့် ချစ်သူနဲ့အတူနေသောအမျိူးသမီးများဟာ ၂၂ပေါင်တက်နိုင်ပြီး အမျိူးသားနဲ့အတူမနေပဲ ရိုးရိုးသာ တွဲသွားတွဲလာလုပ်သူများအနေနဲ့၁၃ပေါင်သာ ဝိတ်တက်ကြောင်းတွေ့ရှိပါတယ်။

ရည်းစားရှိသောအမျိူးသားများအနေနဲ့လဲ single ဘဝကထက် ဝိတ်က်လာတာကိုတွေ့ရပါတယ်။အတူနေချစ်သူရှိသူအမျိူးသားများဟာ မရှိသူအမျိူးသားများထက် ၂၅ပေါင်ပိုမိုဝိတ်တက်တာတွေ့ရပါတယ်။

လေ့လာချက်ကို အချူပ်ဆိုရသော် သာယာသောဆက်ဆံရေးရှိခြင်းနဲ့ ဝဖြိုးခြင်းဟာ အမှန်ပဲဆက်စပ်မှုရှိနေတာတွေ့ရမှာပါ။ ကာလကြာရှည် သာယာသော ဆက်ဆံရေးရှိသူများအနေနဲ့ ဝဖြိုးလာသော်လည်း ဆေးလိပ်အရက်သောက်သုံးသောစုံတွဲတွေအနေနဲ့တော့ ကိုယ်အလေးချိန်ကျတတ်ကြောင်းတွေ့ရှိရပါတယ်။
လက်ထပ်ပြီးစ စုံတွဲများ

အမေရိကန်နိုင်ငံ National Instistute of Health ရဲ့လေ့လာချက်အနေနဲ့ လက်ထပ်ပြီးစ ကြင်စဦးမောင်နှံများတွင် ဝဖြိုးခြင်းကတော့ ပျော်ရွင်ခြင်းကြောင့်ဖြစ်နိုင်သလို ဝမ်းနည်းခြင်းကြောင့်လဲ ဖြစ်တယ်လို့ဆိုပါတယ်။

ဒါဟာ လက်ထပ်ပြီး၄နှစ်ကြာသောစုံတွဲများကို လေ့လာခဲ့ခြင်းဖြစ်ပြီး သုူတို့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ စိတ်ဖိစီးမှုကို တိုင်းတာခဲ့တာ ဖြစ်ပါတယ်။

အချူပ်အားဖြင့် ပျော်ရွင်သောအိမ်ထောင်ရေးပိုင်ဆိုင်သူတွေဟာ တစ်ခြားတစ်ယောက်ထပ်ရှာဖို့မလိုတာကြောင့် ဝိတ်တက်လာကြပြီး ဝိတ်တက်ခြင်းကြောင့်လဲ

အထူးတလည်စိတ်ညစ်ခြင်းမရှိကြပါဘူး။ဒါပေမယ့်သာယာသောအိမ်ထောင်ရေးကိုမပိုင်ဆိုင်သူများအနေနဲ့တော့ စိတ်ဖိစီးမှုကြောင့်လဲ ဝလာတာရှိသလို ပိန်သွားသူများလဲရှိပါတယ်။

ဝခြင်းက ကူးစက်စေတယ်

England ဂျာနယ်တစ်ခုရဲ့လေ့လာချက်အရ စုံတွဲတွေဟာ

တစ်ယောက်ဝရင်နောက်တစ်ယောက်ပါ လိုက်ဝလာတာတွေ့ရပါတယ်။ဒါဟာ တစ်ယောက်နဲ့တစ်ယောက်နေ့စဉ်တွေ့ရာကနေ အမူအကျင့်တွေကူးသွားတာနဲ့ဆိုင်ပါတယ်။

ပြောင်းပြန်အားဖြင့် တစ်ယောက်နဲ့တစ်ယောက်အဆင်မပြေသော စုံတွဲတွေကတော့ တစ်ယောက်နဲ့တစ်ယောက်သိပ်မျက်နှာချင်းမဆိုင်တာမို့ အကျင့်တွေကူးစက်ဖို့ ခဲယဉ်းပါတယ်။

ဒါကြောင့် ချစ်ခင်ပျော်ရွင်သောစုံတွဲတွေအနေနဲ့လဲ တစ်ယောက်နဲ့တစ်ယောက် ကျန်းမာရေးနဲ့ညီညွတ်သောအစာစားပုံနဲ့ ကျန်းမာရေးလိုက်စားပုံများကို

မျှဝေဖို့လိုအပ်ပါတယ်။ဒါမှသာ အဝလွန်ခြင်းကိုကာကွယ်နိုင်ပြီး ကျန်းမာရေးကောင်းမွန်ကာ အတူတကွ သက်တမ်းရှည်ရှည်နေထိုင်နိုင်မှာ ဖြစ်ပါတယ်။
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Dr Jue (Daily Hot News)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top