iMyanmarHouse.com - Best Property Website for Myanmar
×


ေၾကာက္ရြံမႈဆိုတဲ့ အရာက လူတိုင္းမွာ ရွိတတ္ၾကစျမဲပါ။ သက္ရွိအရာဝတၳဳ တစ္ခုခုကိုျဖစ္ေစ၊ စိတ္ခံစားခ်က္ကို ျဖစ္ေစ၊ မျမင္ရတဲ့ တေစၦသရဲေတြ၊ မျဖစ္လာေသးတဲ့ အနာဂတ္ေတြ၊ အတိတ္ကအရိပ္မည္းေတြ အစရွိသျဖင့္ေပါ့။

 ေၾကာက္ရြံ႕မႈဆိုတာ ထူးဆန္းတဲ့အရာတစ္ခုေတာ့ မဟုတ္ေပမဲ့ လူေတာ္ေတာ္မ်ားမ်ားက ဒီေၾကာက္ရြံ႕မႈေတြကို ရင္မဆိုင္ဘဲ ထြက္ေျပးဖို႔ ၾကိဳးစားတတ္ၾကတာပါ။ ကိုယ္ေၾကာက္တဲ့ အရာတစ္ခုကို ေရွာင္ေျပးလိုက္တဲ့အခါ ေၾကာက္ရြံ႕မႈဟာ ေပ်ာက္သြားတာမဟုတ္ဘဲနဲ႔ ကိုယ့္ရဲ႕ စိတ္ကိုပါ ပိုျပီးေၾကာက္လာေစဖို႔၊ ေရွာင္ေျပးဖို႔ကို ပိုျပီးလႈံ႔ေဆာ္ေပးႏိုင္ပါတယ္။

ေၾကာက္ရြံ႕မႈေတြ ျပင္းထန္လာတဲ့အခါ ဘာေတြျဖစ္လာႏိုင္လဲ။

သာမန္အေျခအေနကေန အေၾကာက္လြန္တဲ့ အဆင့္ (Phobia) ကို ေရာက္လာတဲ့အခါမွာ ႏွလံုးခုန္ႏႈန္းျမန္လာတာ၊ အသက္ရွဴရခက္လာတာ၊ ေခါင္းမူးတာ၊ ေခၽြးေစျပန္ျပီး ေမာဟိုက္တာ၊ စိုးရိမ္စိတ္၊ ထိတ္လန္႔စိတ္ေတြ ၾကီးစိုးသြားျပီး အသိစိတ္ လြတ္သြားတာ၊ ထြက္ေျပးဖို႔ ၾကိဳးစားတာ၊ ဒီေၾကာက္စိတ္က ကိုယ့္ဘဝတစ္ေလွ်ာက္လံုး အရိပ္မည္းၾကီးလို လိုက္လာတာ အစရွိတဲ့ စိတ္ခံစားမႈပိုင္းဆိုင္ရာ လကၡဏာေတြ ၾကံဳလာမွာပါ။

ဒါဆို ေၾကာက္ရြံ႕မႈဟာ ပံုမွန္မဟုတ္တဲ့ စိတ္အေျခအေနလား။

အထက္မွာ ေျပာခဲ့သလိုပါပဲ။ လူတိုင္းမွာ ေၾကာက္ရြံ႕စိတ္ဆိုတာ ရွိပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ ေၾကာက္တဲ့ အရာခ်င္းမတူတာပဲ ရွိတာပါ။

ဒီေၾကာက္ရြံ႕မႈေၾကာင့္ ကိုယ့္ရဲ႕ ေနစဥ္ဘဝမွာ ျပႆနာၾကီးၾကီးမားမား ၾကံဳလာတာ၊ ကိုယ္ခႏၶာနဲ႔ က်န္းမာေရးကို ထိခိုက္လာတာ၊ အေၾကာက္လြန္တဲ့ အေျခအေန (Phobia) ကို ေရာက္လာျပီဆိုမွ ပံုမွန္မဟုတ္တဲ့၊ စိုးရိမ္ရတဲ့ စိတ္အေျခအေနလို႔ သတ္မွတ္လို႔ ရပါတယ္။

ေၾကာက္ရြံ႕မႈေတြဟာ ဘယ္အရြယ္မွာ အစပ်ိဳးတာလဲ။

မ်ားေသာအားျဖင့္ အရြယ္ငယ္ေသးတဲ့ ကေလးဘဝမွာ အစပ်ိဳးတတ္ပါတယ္။ ကိုယ့္ကေလးက ေၾကာက္ပါတယ္လို႔ ေျပာတဲ့အရာတစ္ခုကို မိဘေတြက သာမန္ေလာက္ပဲ သေဘာထားျပီး လႊတ္ေပးထားလိုက္တဲ့အခါ ဒီေၾကာက္ရြံ႕မႈေတြဟာ ၾကီးတဲ့အထိ ပါသြားႏိုင္ပါတယ္။

တခ်ိဳ႕ေတြမွာ မိဘေတြရဲ႕ ေၾကာက္ရြံ႕စိတ္ မ်ိဳးရိ္ုးဗီဇက ေမြးလာတဲ့ ကေလးကို သြားျပီး သက္ေရာက္မႈ ျဖစ္ေစတာမ်ိဳးလည္း ရွိပါတယ္။ တျဖည္းျဖည္း အစပ်ိဳးလာတာမဟုတ္ဘဲ ရုတ္တရက္ ေၾကာက္ စိတ္ဝင္သြားတဲ့ ျဖစ္ရပ္ေတြ ဥပမာ – အသက္ေဘးအႏၱရာယ္ ထိခိုက္မႈ ၾကံဳခဲ့ရတာ၊ စိတ္တုန္ လႈပ္ေျခာက္ျခားမႈေတြ၊ လိင္အၾကမ္းဖက္ေစာ္ကားခံရတာေတြေၾကာင့္လည္း စိတ္ဒဏ္ရာက်န္ခဲ့ျပီး ေၾကာက္စိတ္ေတြ ဝင္လာတတ္ပါတယ္။

ေၾကာက္ရြံ႕မႈေတြဟာ ကုသလို႔ ရလား။

တျခားေသာ စိတ္က်န္းမာေရး ျပႆနာေတြနဲ႔ ကြာသြားတဲ့အခ်က္ကေတာ့ ကိုယ္က ဘာကို ေၾကာက္ရြံ႕ေနတာလဲ၊ ဒီေၾကာက္ရြံ႕စိတ္ကို ခံစားေနရတဲ့သူက ေသေသခ်ာခ်ာ သိႏိုင္တာပါပဲ။ ဒီအခ်က္ေၾကာင့္ ေၾကာက္ရြံ႕မႈေတြဟာ ကုသဖို႔ အရမ္းလြယ္ကူပါတယ္။ ကုသရာမွာလည္း နည္းလမ္းအမ်ိဳးမ်ိဳးရွိပါတယ္။

စိတ္ေရာဂါကုထံုးပညာရွင္ သို႔မဟုတ္ စိတ္ေရာဂါ ကု ဆရာဝန္ေတြနဲ႔ ေသခ်ာျပသျပီး စိတ္ကုထံုး နည္းလမ္းနဲ႔ ကုသမႈခံယူလို႔လည္း အဆင္ေျပပါတယ္။ မ်ားေသာအားျဖင့္ ဒီစိတ္အေျခအေန ခံစားေန ရသူဟာ ေဆးေသာက္ဖို႔ မလိုအပ္ဘူးလို႔ ယူဆလို႔ ရပါတယ္။ အရမ္း စိုးရိမ္လြန္ျပီး အေၾကာက္လြန္ မႈေၾကာင့္ စိတ္ေရာ လူပါ ျပင္းျပင္းထန္ထန္ ထိခိုက္လာျပီဆိုမွ စိတ္ျငိမ္ေဆး ေသာက္ဖို႔အတြက္ ဆရာဝန္ ညႊန္းေပးမွာ ျဖစ္ပါတယ္။

ေၾကာက္ရြံ႕မႈေတြကို ကိုယ္တိုင္ ေဖ်ာက္လို႔ရတဲ့နည္းလမ္းေတြလည္း အမ်ားၾကီးရွိပါတယ္။ အေရး အၾကီးဆံုးအခ်က္ကေတာ့ ကိုယ္ေၾကာက္ေနတဲ့ အရာကို ေရွာင္မေျပးဘဲ ထိပ္တိုက္ ရင္ဆိုင္ဖို႔ပါပဲ။ အစပိုင္းမွာေတာ့ ခဲယဥ္းတယ္လို႔ ထင္ႏိုင္ေပမယ့္ တျဖည္းျဖည္းနဲ႔ အသားက်သြားတဲ့အခါ ကိုယ္က လိုတာထက္ပိုျပီး ေၾကာက္ေနတာပါလား ဆိုတဲ့ အသိ ဝင္လာမွာပါ။

ဘယ္လိုအေျခအေနေတြမွာ ကိုယ္က စိတ္တုန္လႈပ္ျခင္း ျဖစ္တတ္လဲ၊ ဘာေတြကို ေၾကာက္တတ္လဲဆိုတာ ေသခ်ာ သိထားရင္ ဒီေၾကာက္ရြံ႕မႈေတြကို ေျဖရွင္းဖို႔ ပိုမိုလြယ္ကူပါတယ္။

လူတိုင္းမွာ ေၾကာက္ရြံ႕စိတ္ဆိုတာ ရွိပါတယ္။ ဒီေၾကာက္ေနတဲ့ စိတ္ေၾကာင့္ပဲ အရာရာကို ေရွာင္ေျပးဖို႔ ၾကိဳးစားေနရင္ ကိုယ့္ဘဝက ထင္ထားသေလာက္ ေနေပ်ာ္ေတာ့မွာ မဟုတ္ေတာ့ပါဘူး။ ဒီစိတ္ကို ကိုယ္တိုင္ နားလည္လက္ခံထားျပီး ျပဳျပင္ေျပာင္းလဲဖို႔ အခ်ိန္ေပးျပီး စိတ္ရွည္ရွည္ထားဖို႔ေတာ့ လိုတယ္ေနာ္။

Credit:hellosayarwon

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ကြောက်ရွံမှုဆိုတဲ့ အရာက လူတိုင်းမှာ ရှိတတ်ကြစမြဲပါ။ သက်ရှိအရာဝတ္ထု တစ်ခုခုကိုဖြစ်စေ၊ စိတ်ခံစားချက်ကို ဖြစ်စေ၊ မမြင်ရတဲ့ တစ္ဆေသရဲတွေ၊ မဖြစ်လာသေးတဲ့ အနာဂတ်တွေ၊ အတိတ်ကအရိပ်မည်းတွေ အစရှိသဖြင့်ပေါ့။

 ကြောက်ရွံ့မှုဆိုတာ ထူးဆန်းတဲ့အရာတစ်ခုတော့ မဟုတ်ပေမဲ့ လူတော်တော်များများက ဒီကြောက်ရွံ့မှုတွေကို ရင်မဆိုင်ဘဲ ထွက်ပြေးဖို့ ကြိုးစားတတ်ကြတာပါ။ ကိုယ်ကြောက်တဲ့ အရာတစ်ခုကို ရှောင်ပြေးလိုက်တဲ့အခါ ကြောက်ရွံ့မှုဟာ ပျောက်သွားတာမဟုတ်ဘဲနဲ့ ကိုယ့်ရဲ့ စိတ်ကိုပါ ပိုပြီးကြောက်လာစေဖို့၊ ရှောင်ပြေးဖို့ကို ပိုပြီးလှုံ့ဆော်ပေးနိုင်ပါတယ်။

ကြောက်ရွံ့မှုတွေ ပြင်းထန်လာတဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ။

သာမန်အခြေအနေကနေ အကြောက်လွန်တဲ့ အဆင့် (Phobia) ကို ရောက်လာတဲ့အခါမှာ နှလုံးခုန်နှုန်းမြန်လာတာ၊ အသက်ရှူရခက်လာတာ၊ ခေါင်းမူးတာ၊ ချွေးစေပြန်ပြီး မောဟိုက်တာ၊ စိုးရိမ်စိတ်၊ ထိတ်လန့်စိတ်တွေ ကြီးစိုးသွားပြီး အသိစိတ် လွတ်သွားတာ၊ ထွက်ပြေးဖို့ ကြိုးစားတာ၊ ဒီကြောက်စိတ်က ကိုယ့်ဘဝတစ်လျှောက်လုံး အရိပ်မည်းကြီးလို လိုက်လာတာ အစရှိတဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ လက္ခဏာတွေ ကြုံလာမှာပါ။

ဒါဆို ကြောက်ရွံ့မှုဟာ ပုံမှန်မဟုတ်တဲ့ စိတ်အခြေအနေလား။

အထက်မှာ ပြောခဲ့သလိုပါပဲ။ လူတိုင်းမှာ ကြောက်ရွံ့စိတ်ဆိုတာ ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကြောက်တဲ့ အရာချင်းမတူတာပဲ ရှိတာပါ။

ဒီကြောက်ရွံ့မှုကြောင့် ကိုယ့်ရဲ့ နေစဉ်ဘဝမှာ ပြဿနာကြီးကြီးမားမား ကြုံလာတာ၊ ကိုယ်ခန္ဓာနဲ့ ကျန်းမာရေးကို ထိခိုက်လာတာ၊ အကြောက်လွန်တဲ့ အခြေအနေ (Phobia) ကို ရောက်လာပြီဆိုမှ ပုံမှန်မဟုတ်တဲ့၊ စိုးရိမ်ရတဲ့ စိတ်အခြေအနေလို့ သတ်မှတ်လို့ ရပါတယ်။

ကြောက်ရွံ့မှုတွေဟာ ဘယ်အရွယ်မှာ အစပျိုးတာလဲ။

များသောအားဖြင့် အရွယ်ငယ်သေးတဲ့ ကလေးဘဝမှာ အစပျိုးတတ်ပါတယ်။ ကိုယ့်ကလေးက ကြောက်ပါတယ်လို့ ပြောတဲ့အရာတစ်ခုကို မိဘတွေက သာမန်လောက်ပဲ သဘောထားပြီး လွှတ်ပေးထားလိုက်တဲ့အခါ ဒီကြောက်ရွံ့မှုတွေဟာ ကြီးတဲ့အထိ ပါသွားနိုင်ပါတယ်။

တချို့တွေမှာ မိဘတွေရဲ့ ကြောက်ရွံ့စိတ် မျိုးရိုးဗီဇက မွေးလာတဲ့ ကလေးကို သွားပြီး သက်ရောက်မှု ဖြစ်စေတာမျိုးလည်း ရှိပါတယ်။ တဖြည်းဖြည်း အစပျိုးလာတာမဟုတ်ဘဲ ရုတ်တရက် ကြောက် စိတ်ဝင်သွားတဲ့ ဖြစ်ရပ်တွေ ဥပမာ – အသက်ဘေးအန္တရာယ် ထိခိုက်မှု ကြုံခဲ့ရတာ၊ စိတ်တုန် လှုပ်ခြောက်ခြားမှုတွေ၊ လိင်အကြမ်းဖက်စော်ကားခံရတာတွေကြောင့်လည်း စိတ်ဒဏ်ရာကျန်ခဲ့ပြီး ကြောက်စိတ်တွေ ဝင်လာတတ်ပါတယ်။

ကြောက်ရွံ့မှုတွေဟာ ကုသလို့ ရလား။

တခြားသော စိတ်ကျန်းမာရေး ပြဿနာတွေနဲ့ ကွာသွားတဲ့အချက်ကတော့ ကိုယ်က ဘာကို ကြောက်ရွံ့နေတာလဲ၊ ဒီကြောက်ရွံ့စိတ်ကို ခံစားနေရတဲ့သူက သေသေချာချာ သိနိုင်တာပါပဲ။ ဒီအချက်ကြောင့် ကြောက်ရွံ့မှုတွေဟာ ကုသဖို့ အရမ်းလွယ်ကူပါတယ်။ ကုသရာမှာလည်း နည်းလမ်းအမျိုးမျိုးရှိပါတယ်။

စိတ်ရောဂါကုထုံးပညာရှင် သို့မဟုတ် စိတ်ရောဂါ ကု ဆရာဝန်တွေနဲ့ သေချာပြသပြီး စိတ်ကုထုံး နည်းလမ်းနဲ့ ကုသမှုခံယူလို့လည်း အဆင်ပြေပါတယ်။ များသောအားဖြင့် ဒီစိတ်အခြေအနေ ခံစားနေ ရသူဟာ ဆေးသောက်ဖို့ မလိုအပ်ဘူးလို့ ယူဆလို့ ရပါတယ်။ အရမ်း စိုးရိမ်လွန်ပြီး အကြောက်လွန် မှုကြောင့် စိတ်ရော လူပါ ပြင်းပြင်းထန်ထန် ထိခိုက်လာပြီဆိုမှ စိတ်ငြိမ်ဆေး သောက်ဖို့အတွက် ဆရာဝန် ညွှန်းပေးမှာ ဖြစ်ပါတယ်။

ကြောက်ရွံ့မှုတွေကို ကိုယ်တိုင် ဖျောက်လို့ရတဲ့နည်းလမ်းတွေလည်း အများကြီးရှိပါတယ်။ အရေး အကြီးဆုံးအချက်ကတော့ ကိုယ်ကြောက်နေတဲ့ အရာကို ရှောင်မပြေးဘဲ ထိပ်တိုက် ရင်ဆိုင်ဖို့ပါပဲ။ အစပိုင်းမှာတော့ ခဲယဉ်းတယ်လို့ ထင်နိုင်ပေမယ့် တဖြည်းဖြည်းနဲ့ အသားကျသွားတဲ့အခါ ကိုယ်က လိုတာထက်ပိုပြီး ကြောက်နေတာပါလား ဆိုတဲ့ အသိ ဝင်လာမှာပါ။

ဘယ်လိုအခြေအနေတွေမှာ ကိုယ်က စိတ်တုန်လှုပ်ခြင်း ဖြစ်တတ်လဲ၊ ဘာတွေကို ကြောက်တတ်လဲဆိုတာ သေချာ သိထားရင် ဒီကြောက်ရွံ့မှုတွေကို ဖြေရှင်းဖို့ ပိုမိုလွယ်ကူပါတယ်။

လူတိုင်းမှာ ကြောက်ရွံ့စိတ်ဆိုတာ ရှိပါတယ်။ ဒီကြောက်နေတဲ့ စိတ်ကြောင့်ပဲ အရာရာကို ရှောင်ပြေးဖို့ ကြိုးစားနေရင် ကိုယ့်ဘဝက ထင်ထားသလောက် နေပျော်တော့မှာ မဟုတ်တော့ပါဘူး။ ဒီစိတ်ကို ကိုယ်တိုင် နားလည်လက်ခံထားပြီး ပြုပြင်ပြောင်းလဲဖို့ အချိန်ပေးပြီး စိတ်ရှည်ရှည်ထားဖို့တော့ လိုတယ်နော်။

Credit:hellosayarwon

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top