iMyanmarHouse.com - Best Property Website for Myanmar
×






Credit:marry

အလှအပ

# Unicode Version # ဖြင့် ဖတ်ပါ #

အသားအရေစိုပြေလှပဖို့အတွက် ဈေးကြီးတဲ့အလှကုန်ပစ္စည်းတွေသုံးစရာမလိုဘဲ လွယ်လွယ်ကူကူ နဲ့သဘာဝအတိုင်းလှပအောင် အသုံးပြုလို့ရမဲ့အသီး အနှံလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်…။

ပထမဆုံးသစ်သီးကတော့ သခွားသီးပါ…။သခွားသီးကို အလှအပအတွက်စားလို့လည်းရသလို အကွင်းလေးတွေလှီးပြီး မျက်နှာပေါ်ကပ်ပေးရင် အသားအရေအေးမြပြီး ကြည်လင်လှပစေမှာပါ…။
ခရမ်းချဉ်သီးနဲ့အာလူးကလည်းဂျီးချွတ်ပေးနိုင်တဲ့သတ္တိရှိပါတယ်…။

သံပုရာသီးကတော့နေရာတိုင်းမှာမပါမဖြစ်ပါ…။သံပုရာသီးကိုမုန့်ဖုတ်ဆိုဒါနဲ့ရောပြီးသုံးရင် အသားအရေဝင်းပလာစေနိုင်ပါတယ်။ထောပတ်သီးနဲ့လည်းမျက်နှာကိုပေါင်းတင်နိုင်ပါသေးတယ်။ထောပတ်သီးပျားရည်ကြက်ဥအကာတို့ရောသမပေါင်းတင်ပြီးမျက်နှာကိုလိမ်းပေးမယ်ဆိုရင်တော့မျက်နှာမှာရှိတဲ့အမဲစက်တင်းတိပ်တွေကိုပျောက်ကင်းစေနိုင်ပါတယ်။

ပေါက်ပန်းဖြူအရွက်လည်းရှိပါသေးတယ်။အဲ့အရွက်ကိုမန်ကျဉ်းသီးနဲ့ပြုတ်ပြီးစားရင် အမျိုးသမီးတွေရဲ့ထိန်ချန်တဲ့ဓမ္မတာတွေကိုရှင်းလင်းပေးပါတယ်…။

Credit:marry

အလှအပ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top