iMyanmarHouse.com - Best Property Website for Myanmar
×

ပ်ိဳေမေလးတို႕ေရ….ခ်စ္ရသူနဲ႕ဒိတ္လုပ္ရတယ္ဆိုတာဟာ တကယ့္ကိုေပ်ာ္စရာေကာင္းတဲ့ အခ်ိန္ေလးတစ္ခုပါေနာ္။ သူနဲ႕ပတ္သက္လို႕ ပိုသိလာရတယ္၊ သူ႕အေၾကာင္းေတြ ပိုနားေထာင္မိႏိုင္ပါတယ္။

ဒါေပမယ့္ ဒီလိုတန္ဖိုးရွိတဲ့အခ်ိန္ေလးေတြ ေပ်ာက္ပ်က္သြားျခင္းမရွိရေအာင္ ဒီလိုအက်င့္ဆိုးေလးေတြကို ေရွာင္ၾကဥ္တတ္ဖို႕ေတာ့လိုပါမယ္။

၁။ အိုးတို႕အန္းတန္႕နဲ႕ ရွက္ရြံ႕ေနျခင္း

ပထမဦးဆံုးဒိတ္လုပ္ခ်ိန္မွာ ရင္ခုန္ရင္တုန္ျဖစ္တာက သဘာဝဆိုေပမယ့္လည္း ငါစားေနတာ တအားေပပြေနလား၊ လက္ေမာင္းႀကီးကတုတ္သလိုျဖစ္ေနလား၊ ပါးစပ္ကမ်ားနံေနၿပီလား စသျဖင့္ အရာရာတိုင္းကို လိုက္ေတြးၿပီးေတာ့ စိတ္ပူမေနပါနဲ႕။ အရွိအတိုင္းေလးေနလိုက္ပါ။

၂။ ေတာင္းပန္စကားအေျပာမ်ားျခင္း

ကိုယ္စားတဲ့ပံုစံပဲျဖစ္ျဖစ္ ဘယ္လိုအေၾကာင္းအရင္းေၾကာင့္ပဲျဖစ္ျဖစ္ ေတာင္းပန္စကားမဆိုပါနဲ႕။ ဒီလိုအၿမဲတမ္းေျပာျခင္းက ကိုယ့္ကိုယ္ကိုယံုၾကည္မႈမရွိတာကို ျပသေနသလိုပါပဲ။ အဲ…တစ္ခုရွိတာကေတာ့ တစ္ေယာက္ေယာက္ကိုဝင္တိုက္မိတာတို႕ အေအးေတြဖိတ္ကုန္တာတို႕လို အေျခအေနေတြကေတာ့ ခၽြင္းခ်က္တစ္ခုပါ။

၃။ အခ်ိန္ျပည့္မေက်မနပ္ျဖစ္ျခင္း သို႕မဟုတ္ သူမ်ားအတင္းေျပာျခင္း

ႀကံဳလာရတဲ့ ကိစၥတိုင္း အမွားတိုင္းေပၚမွာ ညည္းတြားေျပာဆိုေနမယ့္အစား ဟာသေလးေတြေဖာက္တာျဖစ္ျဖစ္၊ ဒီအတိုင္းေပါ့ေပါ့ပါးပါးေျပာလိုက္ျဖစ္ျဖစ္လုပ္ပါ။

၄။ မ်က္လံုးေလွ်ာက္ကစားျခင္း

ဒီလိုမ်ိဳး တစ္ဖက္သားကိုမၾကည့္ဘဲနဲ႕ အျခားေနရာေတြကို ေလွ်ာက္ၾကည့္ေနျခင္းက သူ႕ကိုစိတ္မဝင္စားဘူး၊ ပ်င္းစရာေကာင္းတယ္ဆိုတာမ်ိဳးကို ျပသသလိုျဖစ္သြားႏိုင္ပါတယ္။ ဒါေၾကာင့္ အတတ္ႏိုင္ဆံုး မ်က္စိကို ၿငိမ္ၿငိမ္ထားပါ။

၅။ ဖုန္းအခ်ိန္ျပည့္သံုးေနျခင္း

ဘယ္ေလာက္ပဲ နာမည္ႀကီးတဲ့လူေတြ၊ အလုပ္မအားတဲ့လူေတြဆိုေစကာမူ လူတစ္ေယာက္နဲ႕စကားေျပာေနခ်ိန္မွာ သူ႕အတြက္အခ်ိန္ေပးထားခ်ိန္မွာ ၾကားျဖတ္ၿပီးေတာ့ ဖုန္းသံုးတာမ်ိဳးေတြ လုပ္ေလ့မရွိၾကပါဘူး။ ရိုင္းရာလည္းက်ပါတယ္။

၆။ သူမ်ားပိုက္ဆံရွင္းတာပဲ ထိုင္မေစာင့္ပါနဲ႕

2019 ခုႏွစ္လို ေခတ္မွီတိုးတက္ေနတဲ့ေခတ္ႀကီးထဲမွာ အားလံုးက သူလိုကိုယ္လိုျဖစ္ေနၾကပါၿပီ။ ေယာက်ာ္းေလးနဲ႕ မိန္းကေလးေတြ႕ၾကလို႕ ေယာက္်ားေလးက ေပးရတယ္ဆိုတဲ့ ေခတ္ေတြမရွိေတာ့ပါဘူး။

၇။ ရည္းစားေဟာင္းအေၾကာင္းကို အဆက္မျပတ္ေျပာျခင္း

စကားေျပာေနရင္းနဲ႕ အနည္းဆံုးတစ္ႀကိမ္၊ အမ်ားဆံုးႏွစ္ႀကိမ္ေလာက္ ေျပာမိတာက ကိစၥမရွိေပမယ့္လည္း တဖက္သားရဲ႕ ခံစားခ်က္ကို ထည့္သြင္းစဥ္းစားပါ။

Credit: mystylemyanmar.

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ပျိုမေလေးတို့ရေ….ချစ်ရသူနဲ့ဒိတ်လုပ်ရတယ်ဆိုတာဟာ တကယ့်ကိုပျော်စရာကောင်းတဲ့ အချိန်လေးတစ်ခုပါနော်။ သူနဲ့ပတ်သက်လို့ ပိုသိလာရတယ်၊ သူ့အကြောင်းတွေ ပိုနားထောင်မိနိုင်ပါတယ်။

ဒါပေမယ့် ဒီလိုတန်ဖိုးရှိတဲ့အချိန်လေးတွေ ပျောက်ပျက်သွားခြင်းမရှိရအောင် ဒီလိုအကျင့်ဆိုးလေးတွေကို ရှောင်ကြဉ်တတ်ဖို့တော့လိုပါမယ်။

၁။ အိုးတို့အန်းတန့်နဲ့ ရှက်ရွံ့နေခြင်း

ပထမဦးဆုံးဒိတ်လုပ်ချိန်မှာ ရင်ခုန်ရင်တုန်ဖြစ်တာက သဘာဝဆိုပေမယ့်လည်း ငါစားနေတာ တအားပေပွနေလား၊ လက်မောင်းကြီးကတုတ်သလိုဖြစ်နေလား၊ ပါးစပ်ကများနံနေပြီလား စသဖြင့် အရာရာတိုင်းကို လိုက်တွေးပြီးတော့ စိတ်ပူမနေပါနဲ့။ အရှိအတိုင်းလေးနေလိုက်ပါ။

၂။ တောင်းပန်စကားအပြောများခြင်း

ကိုယ်စားတဲ့ပုံစံပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းအရင်းကြောင့်ပဲဖြစ်ဖြစ် တောင်းပန်စကားမဆိုပါနဲ့။ ဒီလိုအမြဲတမ်းပြောခြင်းက ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတာကို ပြသနေသလိုပါပဲ။ အဲ…တစ်ခုရှိတာကတော့ တစ်ယောက်ယောက်ကိုဝင်တိုက်မိတာတို့ အအေးတွေဖိတ်ကုန်တာတို့လို အခြေအနေတွေကတော့ ချွင်းချက်တစ်ခုပါ။

၃။ အချိန်ပြည့်မကျေမနပ်ဖြစ်ခြင်း သို့မဟုတ် သူများအတင်းပြောခြင်း

ကြုံလာရတဲ့ ကိစ္စတိုင်း အမှားတိုင်းပေါ်မှာ ညည်းတွားပြောဆိုနေမယ့်အစား ဟာသလေးတွေဖောက်တာဖြစ်ဖြစ်၊ ဒီအတိုင်းပေါ့ပေါ့ပါးပါးပြောလိုက်ဖြစ်ဖြစ်လုပ်ပါ။

၄။ မျက်လုံးလျှောက်ကစားခြင်း

ဒီလိုမျိုး တစ်ဖက်သားကိုမကြည့်ဘဲနဲ့ အခြားနေရာတွေကို လျှောက်ကြည့်နေခြင်းက သူ့ကိုစိတ်မဝင်စားဘူး၊ ပျင်းစရာကောင်းတယ်ဆိုတာမျိုးကို ပြသသလိုဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး မျက်စိကို ငြိမ်ငြိမ်ထားပါ။

၅။ ဖုန်းအချိန်ပြည့်သုံးနေခြင်း

ဘယ်လောက်ပဲ နာမည်ကြီးတဲ့လူတွေ၊ အလုပ်မအားတဲ့လူတွေဆိုစေကာမူ လူတစ်ယောက်နဲ့စကားပြောနေချိန်မှာ သူ့အတွက်အချိန်ပေးထားချိန်မှာ ကြားဖြတ်ပြီးတော့ ဖုန်းသုံးတာမျိုးတွေ လုပ်လေ့မရှိကြပါဘူး။ ရိုင်းရာလည်းကျပါတယ်။

၆။ သူများပိုက်ဆံရှင်းတာပဲ ထိုင်မစောင့်ပါနဲ့

2019 ခုနှစ်လို ခေတ်မှီတိုးတက်နေတဲ့ခေတ်ကြီးထဲမှာ အားလုံးက သူလိုကိုယ်လိုဖြစ်နေကြပါပြီ။ ယောကျာ်းလေးနဲ့ မိန်းကလေးတွေ့ကြလို့ ယောက်ျားလေးက ပေးရတယ်ဆိုတဲ့ ခေတ်တွေမရှိတော့ပါဘူး။

၇။ ရည်းစားဟောင်းအကြောင်းကို အဆက်မပြတ်ပြောခြင်း

စကားပြောနေရင်းနဲ့ အနည်းဆုံးတစ်ကြိမ်၊ အများဆုံးနှစ်ကြိမ်လောက် ပြောမိတာက ကိစ္စမရှိပေမယ့်လည်း တဖက်သားရဲ့ ခံစားချက်ကို ထည့်သွင်းစဉ်းစားပါ။

Credit: mystylemyanmar.

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top