
စစ္မွဳထမ္းတာ၀န္ျပီးေျမာက္သြားလို႔ ျပန္လာျပီျဖစ္တဲ႔ Ji Chang Wook ကို ပရိသတ္ေတြမ်ားစြနဲ႔ မီဒီယာေတြက သြားေရာက္ၾကိဳဆိုခဲ႔ၾကပါတယ္။ စစ္မွဳထမ္းျပီးဆံုးသြားတဲ႔ ခံစားခ်က္ကို ေမးျမန္းရာမွာေတာ႔ ၂ ႏွစ္တာနီးပါး စစ္သားဘ၀ကို ကုန္ဆံုးခဲ႔ရျပီး ကင္မရာမီးေရာင္ေတြနဲ႔ ေ၀းကြာေနခဲ႔ရတာမို႔လို႔ အနုပညာရွင္တစ္ေယာက္အေနနဲ႔ ျပန္လည္ေနထိုင္ဖို႔အတြက္က အခုအခ်ိန္မွာ နည္းနည္းေနရခက္ေနတယ္လို႔ Ji Chang Wook က ေျပာခဲ႔ပါတယ္။

ဒါ႔အျပင္ စစ္တပ္ထဲမွာ လက္ရွိ စစ္မွဳထမ္းေဆာင္ေနၾကတဲ႔ အနုပညာရွင္ေတြနဲ႔ ခင္မင္ရင္းႏွီးမွဳအေၾကာင္းကိုလည္း “ေတးသရုပ္ေဖာ္ပံုစံမ်ိုးေတြ တင္ဆက္ၾကရေတာ႔ အဲဒီမွာ Kang Ha Neul နဲ႔ ပထမဆံုး ရင္းႏွီးခြင္႔ရခဲ႔ပါတယ္။ ျပီးေတာ႔ INFINITE ရဲ႕ Sunggyu, SHINee ရဲ႕ Onew, မင္းသား Kim Min Ho နဲ႔ ေတးဂီတျပဇာတ္မင္းသား Go Eun Sung တို႔နဲ႔လည္း ခင္မင္ခြင္႔ရခဲ႔ပါတယ္။ သူတို႔ေတြက ကၽြန္ေတာ႔္ကို အမ်ားၾကီးကူညီေပးခဲ႔ၾကပါတယ္။ ဒီမိတ္ေဆြသူငယ္ခ်င္းေတြေၾကာင္႔ပဲ ကၽြန္ေတာ္႔ရဲ႕ စစ္မွဳထမ္းကာလေတြဟာ အဓိပၸါယ္ရွိရွိနဲ႔ သက္ေတာင္႔သက္သာေလး ကုန္ဆံုးသြားခဲ႔တာပါ။ သူတို႔ေတြကို တကယ္ေက်းဇူးတင္ပါတယ္” လို႔ ေျပာခဲ႔ပါတယ္။

စစ္မွုထမ္းေဆာင္ျပီး ျပန္လာတဲ႔ လက္ရွိအခ်ိန္မွာ ဘာကိ္ုအလုပ္ခ်င္ဆံုးလဲဆိုတာကို ေမးခဲ႔ရမွာေတာ႔ “ကၽြန္ေတာ္လား…..ကၽြန္ေတာ္ အခုအခိိ်န္မွာ အရသာရွိတဲ႔ အစားအေသာက္ေတြပဲ စားခ်င္ေနတယ္ဗ်” လို႔ ျပန္လည္ေျဖၾကားခဲ႔ပါတယ္။
၂ ႏွစ္တာ နီးပါးမွ် ေစာင္႔ဆိုင္းေနခဲ႔ၾကတဲ႔ ပရိသတ္ေတြကိုေတာ႔ “အခ်ိန္အၾကာၾကီး ေစာင္႔ေနေပးခဲ႔ၾကတဲ႔ ပရိသတ္ေတြကို ေတြ႕ရတာ တကယ္ကို စိတ္လွုပ္ရွားမိပါတယ္။ ကၽြန္ေတာ္ အခု စစ္မွုထမ္းေဆာင္လို႔ျပီးပါျပီ။ ေကာင္းမြန္တဲ႔အရာေတြ၊ ပိုျပီးေကာင္းမြန္တဲ႔ အစီအစဥ္ေတြနဲ႔ ပရိသတ္ေတြဆီကို ျပန္လာခဲ႔မွာပါ။ ေစာင္႔ေမွ်ာ္အားေပးေပးၾကပါဦး။ ေက်းဇူးတင္ပါတယ္” လို႔ ႏွုတ္ဆက္စကားေျပာခဲ႔ပါတယ္။
Ji Chang Wook ဟာ စစ္မွုထမ္းမျပီးခင္ကတည္းက ဇာတ္ကားေတြမွာ ပါ၀င္သရုပ္ေဆာင္ဖို႔ကို ကမ္းလွမ္းခံထားရသူျဖစ္တာေၾကာင္႔ ပရိသတ္ေတြကေတာ႔ သူ႕ရဲ႕ ဇာတ္ကားအသစ္ေတြကို ေစာင္႔ေမွ်ာ္လို႔ေနၾကပါျပီ။ စစ္မွုထမ္း ျပန္လာျပီျဖစ္တဲ႔ Ji Chang Wook ကို လက္ခိ်ဳးေရတြက္ျပီးေစာင္႔ေနခဲ႔ၾကရတဲ႔ ပရိသတ္ေတြမ်ား ရွိၾကသလားဗ်ို႕။
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:BurmeseAsia
#Unicode Version#
နာမည်ကျော် ကိုရီးယား မင်းသားတစ်လက်ဖြစ်တဲ့ Ji Chang Wook ဟာ ဆိုရင် တောင်ကိုရီးယားနိုင်ငံရဲ့ စစ်မှုထမ်းဥပဒေအရ ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ကနေစတင်ပြီး ၂ နှစ်ပတ်ဝန်းကျင်မျှ စစ်မှုထမ်းဆောင်နေခဲ့ရမှ ဒီနေ့ ၂၀၁၉ ခုနှစ် ဧပြီလ ၂၇ ရက်နေ့မှာတော့ စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်ပြီးမြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
စစ်မှုထမ်းတာဝန်ပြီးမြောက်သွားလို့ ပြန်လာပြီဖြစ်တဲ့ Ji Chang Wook ကို ပရိသတ်တွေများစွနဲ့ မီဒီယာတွေက သွားရောက်ကြိုဆိုခဲ့ကြပါတယ်။ စစ်မှုထမ်းပြီးဆုံးသွားတဲ့ ခံစားချက်ကို မေးမြန်းရာမှာတော့ ၂ နှစ်တာနီးပါး စစ်သားဘဝကို ကုန်ဆုံးခဲ့ရပြီး ကင်မရာမီးရောင်တွေနဲ့ ဝေးကွာနေခဲ့ရတာမို့လို့ အနုပညာရှင်တစ်ယောက်အနေနဲ့ ပြန်လည်နေထိုင်ဖို့အတွက်က အခုအချိန်မှာ နည်းနည်းနေရခက်နေတယ်လို့ Ji Chang Wook က ပြောခဲ့ပါတယ်။
ဒါ့အပြင် စစ်တပ်ထဲမှာ လက်ရှိ စစ်မှုထမ်းဆောင်နေကြတဲ့ အနုပညာရှင်တွေနဲ့ ခင်မင်ရင်းနှီးမှုအကြောင်းကိုလည်း “တေးသရုပ်ဖော်ပုံစံမျိုးတွေ တင်ဆက်ကြရတော့ အဲဒီမှာ Kang Ha Neul နဲ့ ပထမဆုံး ရင်းနှီးခွင့်ရခဲ့ပါတယ်။ ပြီးတော့ INFINITE ရဲ့ Sunggyu, SHINee ရဲ့ Onew, မင်းသား Kim Min Ho နဲ့ တေးဂီတပြဇာတ်မင်းသား Go Eun Sung တို့နဲ့လည်း ခင်မင်ခွင့်ရခဲ့ပါတယ်။ သူတို့တွေက ကျွန်တော့်ကို အများကြီးကူညီပေးခဲ့ကြပါတယ်။ ဒီမိတ်ဆွေသူငယ်ချင်းတွေကြောင့်ပဲ ကျွန်တော့်ရဲ့ စစ်မှုထမ်းကာလတွေဟာ အဓိပ္ပါယ်ရှိရှိနဲ့ သက်တောင့်သက်သာလေး ကုန်ဆုံးသွားခဲ့တာပါ။ သူတို့တွေကို တကယ်ကျေးဇူးတင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
စစ်မှုထမ်းဆောင်ပြီး ပြန်လာတဲ့ လက်ရှိအချိန်မှာ ဘာကိုအလုပ်ချင်ဆုံးလဲဆိုတာကို မေးခဲ့ရမှာတော့ “ကျွန်တော်လား…..ကျွန်တော် အခုအချိန်မှာ အရသာရှိတဲ့ အစားအသောက်တွေပဲ စားချင်နေတယ်ဗျ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
၂ နှစ်တာ နီးပါးမျှ စောင့်ဆိုင်းနေခဲ့ကြတဲ့ ပရိသတ်တွေကိုတော့ “အချိန်အကြာကြီး စောင့်နေပေးခဲ့ကြတဲ့ ပရိသတ်တွေကို တွေ့ရတာ တကယ်ကို စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော် အခု စစ်မှုထမ်းဆောင်လို့ပြီးပါပြီ။ ကောင်းမွန်တဲ့အရာတွေ၊ ပိုပြီးကောင်းမွန်တဲ့ အစီအစဉ်တွေနဲ့ ပရိသတ်တွေဆီကို ပြန်လာခဲ့မှာပါ။ စောင့်မျှော်အားပေးပေးကြပါဦး။ ကျေးဇူးတင်ပါတယ်” လို့ နှုတ်ဆက်စကားပြောခဲ့ပါတယ်။
Ji Chang Wook ဟာ စစ်မှုထမ်းမပြီးခင်ကတည်းက ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ဖို့ကို ကမ်းလှမ်းခံထားရသူဖြစ်တာကြောင့် ပရိသတ်တွေကတော့ သူ့ရဲ့ ဇာတ်ကားအသစ်တွေကို စောင့်မျှော်လို့နေကြပါပြီ။ စစ်မှုထမ်း ပြန်လာပြီဖြစ်တဲ့ Ji Chang Wook ကို လက်ချိုးရေတွက်ပြီးစောင့်နေခဲ့ကြရတဲ့ ပရိသတ်တွေများ ရှိကြသလားဗျို့။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:BurmeseAsia