iMyanmarHouse.com - Best Property Website for Myanmar
×
Credit:nanmalgyi
 အနုပညာ
#Unicode Version# ဖြင့်ဖတ်ပါ ။
လူငယ်အနုပညာရှင် တယောက်ဖြစ်တဲ့ Russell ကိုတော့ တော်တော်များများလည်း ရင်းနှီးကြမယ် ထင်ပါတယ်။ ပြီးခဲ့တဲ့ Star Awards ပွဲကြီးမှာလည်း အစီစဉ် တင်ဆက်တဲ့သူအဖြစ် လုပ်ခဲ့ပြီး နာမည်ကြီး ဇာတ်လမ်းတွေထဲမှာလည်း ပါဝင်ခဲ့ပါသေးတယ်။ အရည်ချင်းရှိတဲ့ လူငယ်တယောက်ဖြစ်တာကြောင့် Social Influence တွေအပေါ် သူ့အမြင်ကို သုံးသပ်ခဲ့ပြီး Star Awards မှာလည်း ခီ ရလို့ ထခုန်မိတာ ဖိနပ်တောင်ကျွတ်သွားတယ်လို့ ပြောကြားခဲ့ပါတယ်။
Russell ကတော့ Sunday နဲ့ အင်တာဗျူးမှာတော့ “ပွဲလေးကတော့ သေချာစီစဉ်ထားတာပါ။ ဒါပေမယ့်လည်း အပြောင်းလဲတွေကတော့ အမြဲတမ်းရှိတတ်တာပေါ့။ အဲ့ထဲကမှ ကျနော်ကတော့ မခီ ဆုရတဲ့အချိန်မှာ အရမ်းတော့ ပျော်ပါတယ်။ ကျနော်ဆို ထတောင်ခုန်လိုက်တာ ဖိနပ်တောင် ကျွတ်သွားတယ်”
အလွဲလေးတွေ အပေါ် ဘယ်လိုသုံးသပ်မိလဲဆိုတဲ့ အပေါ်မှာတော့ “လွဲသွားတယ်ထက်ကို Awards ကိုမှားပြီးတော့ ကြော်ငြာလိုက်တဲ့ အချိန်မှာ လွဲသွားတယ်ပေါ့။ အဲ့ဒါလေးပေါ့။ ဒါပေမယ့်လည်းထင်သလောက်ကြီးတော့ မဖြစ်သွားဘူးပေါ့။ ဒီပွဲက ဆုတွေကိုလည်း ရပ်ဆဲလ်တို့တောင် မသိရဘူး။ စည်းကမ်းကလည်း တော်တော်ကို တင်းကြပ်ပါတယ်”
Social Influence တွေအပေါ် အမြင်နဲ့ ပတ်သက်ပြီး “Social Influence တွေကတော့ အများကြီး ရှိပါတယ်။ တကယ့်အတွေးအခေါ်တွေကြောင်းပြောတဲ့သူ အလှအပတွေအကြောင်း ပြီးတော့ နည်းပညာတွေ အကြောင်း အဲ့လိုလူတွေကတော့ တကယ့်ကို တော်ပါတယ်။ တချို့ Social Influence တွေကတော့ ပြည်သူတွေကို အကျိုးမပြုပဲ နဲ့ နာမည်ကြီးဖို့ သက်သက်ပဲ လုပ်ကြတာပေါ့။ အဲ့လို Social Influence တွေကို မေးချင်တယ်။ သူတို့အစားရှက်တယ်။ သူတို့ကတော့ ဘယ်ကသတ္တိတွေ ရနေလည်း မသိပါဘူး။ အရင်တုန်းကတော့ သူတို့ကို ဒေါသထွက်တယ်။ သူတို့ ပို့စ်တွေမြင်ရတာလည်း Social Media ပေါ်မှာ ခွေးအီးပုံကြီးကို ကျော်ကျော်ပြီးတော့ နင်းနေရတဲ့ အတိုင်းပါပဲ။
တခါတလေကျရင် စိတ်အနှောက်အယှက်ဖြစ်တယ်။ အခုနောက်ပိုင်းမှာတော့ သူတို့က သနားလာတယ်။ အသက်အရွယ်နဲ့ မလိုက်သူတို့မှာ အမျိုးမျိုး ဝတ်ပြရတယ်။ တချို့ဆိုလိုရှိရင် သူ့ကိုယ်သူဘာမှန်းမသိဘူး။ ကျနော့်ဘဝမှာလည်း အရှက်ဆုံး တခုကို ပြောပါဆိုရင်လည်း အခုဘယ်သူဆိုလားမသိဘူးပေါ့ ဘာညာသီချင်းနဲ့ နာမည်ကြီးနေတဲ့ လူနဲ့ တခွေထဲ ထုတ်ခဲ့ရတဲ့ အမှတ်တရပေါ့။ ပရိုဂျူဆာတွေကလည်း ဘယ်လိုအဆက်သွယ်နဲ့ ထုတ်လိုက်လည်း မသိဘူး။ အခုပြန်စဉ်းစားလိုက်ရင် ကိုယ့်ကိုကိုယ် ပြန်သတ်သေချင်တယ်။ ဘယ်ခွေလည်းလို့တော့ မပြောတော့ပါဘူး။ တချို့လူတွေက ဘာနဲ့တူလည်းဆိုတော့ အီးပုံကို ရွှေကပ်ထားသလိုပဲလေ။ အပြင်မှာသာ ရွှေအထဲမှာတော့ အီးပုံကြီးပေါ့။ အဲ့တာကြောင့် စစ်မှန်တဲ့ နည်းကိုပဲ လုပ်ကြပါ” ဟု ပြောကြားသွား ခဲ့ပါတယ်။
Credit:nanmalgyi
 အနုပညာ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top