iMyanmarHouse.com - Best Property Website for Myanmar
×


လြန္ခဲ့တဲ့ေလးႏွစ္ခန႔္က ဘန္ေကာက္မွာေဆးသြားစစ္ေတာ့ သားဥအိမ္မွာေရအိပ္တည္ေနပါတယ္
တဖက္က 7 cm တဖက္က 6.5 cm ခန႔္လို႔ေျပာပါတယ္

ဘန္ေကာက္က ဆရာဝန္က သားဥအိမ္ေရာ သားအိမ္ေရာ ဒီအသက္အ႐ြယ္ေရာက္ေနၿပီမို႔ အသုံးမဝင္ေတာ့လို႔ အကုန္ထုတ္ဖို႔ေျပာပါတယ္

ကြၽန္မကေတာ့ လူ႔ခႏၶာကိုယ္ႀကီးဟာ အေကာင္းဆုံးကြန္ျပဴတာတစ္လုံးလို သူ႔ဟာနဲ႔သူခ်ိတ္ဆက္ၿပီးအလုပ္လုပ္ေနတယ္လို႔ထင္ပါတယ္

သူတို႔ေျပာသလိုထုတ္ျပစ္လိုက္ ဘာမွမျဖစ္ႏိုင္ပါဆိုတာ သိတ္လက္မခံခ်င္ပါ ေနာက္ၿပီး ခြဲစိတ္ခန္းကိုးႀကိမ္ဝင္ဘူးသူမို႔ ဆယ္ႀကိမ္ေျမာက္မဝင္ခ်င္ပါ

သူတို႔ကိုေမးပါတယ္ စဥ္းစားဖို႔အခ်ိန္ဘယ္ေလာက္ရလဲဆိုေတာ့ သုံးလ လို႔ေျပာပါတယ္ မခြဲရင္ဘာျဖစ္ႏိုင္လဲဆိုေတာ့ လိမ္ၿပီးေပါက္သြားရင္တအားနာမယ္ ခ်က္ခ်င္းအေရးေပၚျဖစ္လို႔ဘန္ေကာက္ကိုလာမခြဲႏိုင္လို႔ေျပာပါတယ္

အဲဒီအခ်ိန္မွာ ဆရာမႀကီးေဒါက္တာခင္ႏြယ္ဝင္းအေခြကိုနားေထာင္ဘူးၿပီး လက္ေတြ႕မလုပ္ရေသးပါ
ကြၽန္မငယ္ငယ္တုန္းက ငွက္ကေလး ၾကက္ကေလးမ်ား ဒဏ္ရာ ရလွ်င္ ဆီနဲ႔ဆႏြင္းလိမ္းေပးဘူးတာနဲ႔ ယွဥ္ေတြးၾကည့္ၿပီးေတာ့ ျဖစ္ႏိုင္တယ္လို႔ေတြးၿပီး ဆရာမနည္းစမ္းၾကည့္မယ္ မေကာင္းမွခြဲမယ္ ဆုံးျဖတ္ကာ အိမ္ျပန္လာပါတယ္

ဆႏြင္းကို ရတနာပုံေဈးကဝယ္ၿပီး ကိုယ္တိုင္ႀကိတ္ , သံလြင္ဆီေျပးဝယ္ၿပီး ဆႏြင္းလၻက္ရည္ဇြန္းဝက္ သံလြင္ဆီက ထမင္းစားဇြန္းတစ္ဇြန္းနဲ႔ေရာၿပီး တစ္ရက္ႏွစ္ႀကိမ္ေသာက္ပါတယ္

ေသာက္ၿပီး နာရီဝက္ၾကာမွ ေရေသာက္ရပါတယ္ ဒါမွသာအူလမ္းေၾကာင္းကေနတျဖည္းျဖည္းက်သြားၿပီး တကိုယ္လုံးကိုေရာက္ရွိႏိုင္တယ္လို႔ဆရာမႀကီး ေဒါက္တာခင္ႏြယ္ဝင္းက ေျပာပါတယ္ရွင္
အစာမရွိဘဲဆႏြင္းေသာက္ရင္လဲ မူးတတ္ပါတယ္

ဆႏြင္းနဲ႔သံလြင္ဆီေရာထားရင္ မႈိတက္ပါတယ္လို႔သူငယ္ခ်င္းေျပာတာ ၾကားဘူးပါတယ္ ဆီနဲလို႔လဲ ျဖစ္ႏိုင္ပါတယ္
ဒါေပမဲ့ မႈိတက္ျခင္းမတက္ျခင္းထက္ ဆႏြင္း amount ကို မွန္းရခက္မယ္ထင္ပါတယ္
သပ္သပ္စီထားမွအဆင္ေျပပါတယ္

တစ္လတိတိျပည့္တဲ့အခါ ultrasound သြား႐ိုက္ပါတယ္
ရင္တထိတ္ထိတ္နဲ႔ေပါ့ တကယ္လို႔မေကာင္းရင္ ခြဲဖို႔ရာကေန လမ္းမရွိေတာ့ပါ

ဆရာဝန္မ ငယ္ငယ္ေခ်ာေခ်ာကေလးက ultrasound ႐ိုက္ပါၿပီ ေရအိတ္ရွိတယ္ ေျပာတယ္ ဟုတ္ၿပီ ဘယ္ေလာက္လဲလို႔ျပန္ေမးတဲ့အခါ တစ္ဖက္စီမွာ 2.5 cm စီဘဲ ရွိပါေတာ့တယ္

ေပ်ာ္ၿပီေလ

မခြဲမစိတ္ဘဲေကာင္းသြားတာ ဘယ္ေလာက္ေကာင္းလိုက္သလဲ ဆရာဝန္မကေလးကိုေျပာျပေတာ့ ဆႏြင္း နဲ႔ သံလြင္ဆီ ေသာက္လို႔ေကာင္းတယ္ဆိုတာမယုံပါ

မျဖစ္ႏိုင္ဘူးလို႔ေျပာပါတယ္
သြား ….မသန္းသန္းႏြယ္

ဆီးတဝက္သြားၿပီးျပန္လာခဲ့ …လို႔ခိုင္းပါတယ္
စဥ္းစားၾကည့္စမ္းပါ
ဘယ္ေလာက္ေအာင့္သက္သက္ႏိုင္သလဲလို႔
ဒါေပမဲ့ ကြၽန္မတို႔ျမန္မာျပည္က ဆရာဝန္စကားနားေထာင္တာ ေခါက္႐ိုးက်ိဳးေနၿပီးသားဆိုေတာ့ ခ်က္ခ်င္း ျငင္းလိုက္ပါတယ္

ဟုတ္ကဲ့ …..လို႔…..

အဲဒါနဲ႔အိမ္သာေျပး ကသိကေအာင့္နဲ႔ျပန္လာ
ဆရာဝန္မေလးျပန္ၾကည့္

မ်က္ေမွာင္ကုတ္ၿပီး

သြား —-မသန္းသန္းႏြယ္

… ဆီးအကုန္သြားခဲ့
ဒါကေတာ့ ဖိုးက်ိဳင္းတုတ္ျဖစ္သြားၿပီေလ

အဆင္ေျပသြားၿပီးကုတင္ေပၚျပန္တက္
ဆရာဝန္မေလးျပန္ၾကည့္ၿပီး မ်က္စိပိုျပဴးလာပါတယ္

ဟုတ္တယ္ 2.5 cm ဘဲေရအိတ္ကရွိတယ္
ဘန္ေကာက္ကအေျဖကေသခ်ာလို႔လားတဲ့ ေဆးစာျပတဲ့

ဘန္ေကာက္မွာက ပထမ ultrasound. ႐ိုက္ၿပီး ေရအိတ္ေတြ႕ေတာ့ OG ဌာ နလႊတ္ပါတယ္ ေနာက္တစ္ခါ ultrasound. ထပ္႐ိုက္ဖို႔ေျပာပါတယ္
ကြၽန္မက ေဆး႐ုံတ႐ုံထဲမွာ ဘာလို႔ ultrasound ႏွစ္ခါ႐ိုက္သလဲ
ရွင္တို႔ေဆး႐ုံအေျဖကို ရွင္တို႔မယုံဘူးလားလို႔ျပန္ေမးေတာ့
ေသခ်ာေအာင္လို႔အေသးစိတ္ထပ္႐ိုက္တာလို႔ေျပာပါတယ္

အဲဒီတုန္းက ကိုယ္ကလဲ ႏိုင္ငံျခားေဆးကုတာအပါးမဝေသးေတာ့ ဟုတ္မလားဆိုၿပီး ထပ္႐ိုက္ေတာ့လဲဒီအေျဖဘဲ
ေတာင္စစ္ေျမာက္စစ္နဲ႔ ဆယ္သိန္းေက်ာ္ထပ္ကုန္ခဲ့ပါတယ္

ဒါေၾကာင့္ ဆရာဝန္မေလးကို
ေသခ်ာပါတယ္ ႏွစ္ခါေတာင္႐ိုက္ခဲ့တာပါရွင့္လို႔ျပန္ေျဖခဲ့ပါတယ္

အဲဒီကစၿပီးဆရာမႀကီးေဒါက္တာခင္ႏြယ္ဝင္းအေခြေတြ ေသခ်ာနားေထာင္ လိုက္လုပ္ၾကည့္
ကြၽန္မက စူးစမ္းတာလဲဝါသနာပါေတာ့အကုန္စမ္းေတာ့တာဘဲ
တစ္ခုထူးဆန္းတာက ဆရာမေျပာတဲ့အထဲမွားတာမေတြ႕ဘူးေသးပါ လိုက္လုပ္သမွ်ကေတာ့ လက္ေတြ႕ မွန္ေနတာဘဲ

ကြၽန္မလိုလူမမာမ်ားအတြက္ ေစတနာေရွ႕ထားၿပီး အမွန္အတိုင္းေရးေပးတာပါရွင္

ခုခ်ိန္ထိ ေန႔စဥ္ ဆႏြင္းလၻက္ရည္ ဇြန္းဝက္ကို သံလြင္ဆီ ထမင္းစားဇြန္းတစ္ဇြန္းနဲ႔ ေရာၿပီး တစ္ႀကိမ္ ေသာက္ပါတယ္
ဆႏြင္းခ်စ္သူမို႔ ဘယ္ေတာ့မွမခြဲေတာ့ပါ

ဆႏြင္းကို သံလြင္ဆီနဲ႔ ေရာေသာက္လို႔ရသလို ႏွမ္းဆီစစ္စစ္, ႏွမ္းနက္ဆီစစ္စစ္, Cod Liver Oil နဲ႔လဲေရာေသာက္လို႔ရပါတယ္

ဆရာမႀကီးေဒါက္တာခင္ႏြယ္ဝင္းကို ႐ိုေသစြာကန္ေတာ့ပါတယ္ရွင္
ဆရာမက်န္းမာ ခ်မ္းသာပါေစရွင္

အေရးႀကီးတာေျပာဖို႔ေမ့ေတာ့မလို႔
ေနာက္ေလးလၾကာေတာ့ ဘန္ေကာက္ကိုတစ္ခါေဆးျပန္သြားစစ္ေတာ့

ေရအိတ္လုံးဝမရွိေတာ့ပါရွင္……

Credit:ဘဝကိုတိုးတက္ေစေသာစာစုေလး

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

လွန်ခဲ့တဲ့လေးနှစ်ခန့်က ဘန်ကောက်မှာဆေးသွားစစ်တော့ သားဥအိမ်မှာရေအိပ်တည်နေပါတယ်
တဖက်က 7 cm တဖက်က 6.5 cm ခန့်လို့ပြောပါတယ်

ဘန်ကောက်က ဆရာဝန်က သားဥအိမ်ရော သားအိမ်ရော ဒီအသက်အရွယ်ရောက်နေပြီမို့ အသုံးမဝင်တော့လို့ အကုန်ထုတ်ဖို့ပြောပါတယ်

ကျွန်မကတော့ လူ့ခန္ဓာကိုယ်ကြီးဟာ အကောင်းဆုံးကွန်ပြူတာတစ်လုံးလို သူ့ဟာနဲ့သူချိတ်ဆက်ပြီးအလုပ်လုပ်နေတယ်လို့ထင်ပါတယ်

သူတို့ပြောသလိုထုတ်ပြစ်လိုက် ဘာမှမဖြစ်နိုင်ပါဆိုတာ သိတ်လက်မခံချင်ပါ နောက်ပြီး ခွဲစိတ်ခန်းကိုးကြိမ်ဝင်ဘူးသူမို့ ဆယ်ကြိမ်မြောက်မဝင်ချင်ပါ

သူတို့ကိုမေးပါတယ် စဉ်းစားဖို့အချိန်ဘယ်လောက်ရလဲဆိုတော့ သုံးလ လို့ပြောပါတယ် မခွဲရင်ဘာဖြစ်နိုင်လဲဆိုတော့ လိမ်ပြီးပေါက်သွားရင်တအားနာမယ် ချက်ချင်းအရေးပေါ်ဖြစ်လို့ဘန်ကောက်ကိုလာမခွဲနိုင်လို့ပြောပါတယ်

အဲဒီအချိန်မှာ ဆရာမကြီးဒေါက်တာခင်နွယ်ဝင်းအခွေကိုနားထောင်ဘူးပြီး လက်တွေ့မလုပ်ရသေးပါ
ကျွန်မငယ်ငယ်တုန်းက ငှက်ကလေး ကြက်ကလေးများ ဒဏ်ရာ ရလျှင် ဆီနဲ့ဆနွင်းလိမ်းပေးဘူးတာနဲ့ ယှဉ်တွေးကြည့်ပြီးတော့ ဖြစ်နိုင်တယ်လို့တွေးပြီး ဆရာမနည်းစမ်းကြည့်မယ် မကောင်းမှခွဲမယ် ဆုံးဖြတ်ကာ အိမ်ပြန်လာပါတယ်

ဆနွင်းကို ရတနာပုံဈေးကဝယ်ပြီး ကိုယ်တိုင်ကြိတ် , သံလွင်ဆီပြေးဝယ်ပြီး ဆနွင်းလ္ဘက်ရည်ဇွန်းဝက် သံလွင်ဆီက ထမင်းစားဇွန်းတစ်ဇွန်းနဲ့ရောပြီး တစ်ရက်နှစ်ကြိမ်သောက်ပါတယ်

သောက်ပြီး နာရီဝက်ကြာမှ ရေသောက်ရပါတယ် ဒါမှသာအူလမ်းကြောင်းကနေတဖြည်းဖြည်းကျသွားပြီး တကိုယ်လုံးကိုရောက်ရှိနိုင်တယ်လို့ဆရာမကြီး ဒေါက်တာခင်နွယ်ဝင်းက ပြောပါတယ်ရှင်
အစာမရှိဘဲဆနွင်းသောက်ရင်လဲ မူးတတ်ပါတယ်

ဆနွင်းနဲ့သံလွင်ဆီရောထားရင် မှိုတက်ပါတယ်လို့သူငယ်ချင်းပြောတာ ကြားဘူးပါတယ် ဆီနဲလို့လဲ ဖြစ်နိုင်ပါတယ်
ဒါပေမဲ့ မှိုတက်ခြင်းမတက်ခြင်းထက် ဆနွင်း amount ကို မှန်းရခက်မယ်ထင်ပါတယ်
သပ်သပ်စီထားမှအဆင်ပြေပါတယ်

တစ်လတိတိပြည့်တဲ့အခါ ultrasound သွားရိုက်ပါတယ်
ရင်တထိတ်ထိတ်နဲ့ပေါ့ တကယ်လို့မကောင်းရင် ခွဲဖို့ရာကနေ လမ်းမရှိတော့ပါ

ဆရာဝန်မ ငယ်ငယ်ချောချောကလေးက ultrasound ရိုက်ပါပြီ ရေအိတ်ရှိတယ် ပြောတယ် ဟုတ်ပြီ ဘယ်လောက်လဲလို့ပြန်မေးတဲ့အခါ တစ်ဖက်စီမှာ 2.5 cm စီဘဲ ရှိပါတော့တယ်

ပျော်ပြီလေ

မခွဲမစိတ်ဘဲကောင်းသွားတာ ဘယ်လောက်ကောင်းလိုက်သလဲ ဆရာဝန်မကလေးကိုပြောပြတော့ ဆနွင်း နဲ့ သံလွင်ဆီ သောက်လို့ကောင်းတယ်ဆိုတာမယုံပါ

မဖြစ်နိုင်ဘူးလို့ပြောပါတယ်
သွား ….မသန်းသန်းနွယ်

ဆီးတဝက်သွားပြီးပြန်လာခဲ့ …လို့ခိုင်းပါတယ်
စဉ်းစားကြည့်စမ်းပါ
ဘယ်လောက်အောင့်သက်သက်နိုင်သလဲလို့
ဒါပေမဲ့ ကျွန်မတို့မြန်မာပြည်က ဆရာဝန်စကားနားထောင်တာ ခေါက်ရိုးကျိုးနေပြီးသားဆိုတော့ ချက်ချင်း ငြင်းလိုက်ပါတယ်

ဟုတ်ကဲ့ …..လို့…..

အဲဒါနဲ့အိမ်သာပြေး ကသိကအောင့်နဲ့ပြန်လာ
ဆရာဝန်မလေးပြန်ကြည့်

မျက်မှောင်ကုတ်ပြီး

သွား —-မသန်းသန်းနွယ်

… ဆီးအကုန်သွားခဲ့
ဒါကတော့ ဖိုးကျိုင်းတုတ်ဖြစ်သွားပြီလေ

အဆင်ပြေသွားပြီးကုတင်ပေါ်ပြန်တက်
ဆရာဝန်မလေးပြန်ကြည့်ပြီး မျက်စိပိုပြူးလာပါတယ်

ဟုတ်တယ် 2.5 cm ဘဲရေအိတ်ကရှိတယ်
ဘန်ကောက်ကအဖြေကသေချာလို့လားတဲ့ ဆေးစာပြတဲ့

ဘန်ကောက်မှာက ပထမ ultrasound. ရိုက်ပြီး ရေအိတ်တွေ့တော့ OG ဌာ နလွှတ်ပါတယ် နောက်တစ်ခါ ultrasound. ထပ်ရိုက်ဖို့ပြောပါတယ်
ကျွန်မက ဆေးရုံတရုံထဲမှာ ဘာလို့ ultrasound နှစ်ခါရိုက်သလဲ
ရှင်တို့ဆေးရုံအဖြေကို ရှင်တို့မယုံဘူးလားလို့ပြန်မေးတော့
သေချာအောင်လို့အသေးစိတ်ထပ်ရိုက်တာလို့ပြောပါတယ်

အဲဒီတုန်းက ကိုယ်ကလဲ နိုင်ငံခြားဆေးကုတာအပါးမဝသေးတော့ ဟုတ်မလားဆိုပြီး ထပ်ရိုက်တော့လဲဒီအဖြေဘဲ
တောင်စစ်မြောက်စစ်နဲ့ ဆယ်သိန်းကျော်ထပ်ကုန်ခဲ့ပါတယ်

ဒါကြောင့် ဆရာဝန်မလေးကို
သေချာပါတယ် နှစ်ခါတောင်ရိုက်ခဲ့တာပါရှင့်လို့ပြန်ဖြေခဲ့ပါတယ်

အဲဒီကစပြီးဆရာမကြီးဒေါက်တာခင်နွယ်ဝင်းအခွေတွေ သေချာနားထောင် လိုက်လုပ်ကြည့်
ကျွန်မက စူးစမ်းတာလဲဝါသနာပါတော့အကုန်စမ်းတော့တာဘဲ
တစ်ခုထူးဆန်းတာက ဆရာမပြောတဲ့အထဲမှားတာမတွေ့ဘူးသေးပါ လိုက်လုပ်သမျှကတော့ လက်တွေ့ မှန်နေတာဘဲ

ကျွန်မလိုလူမမာများအတွက် စေတနာရှေ့ထားပြီး အမှန်အတိုင်းရေးပေးတာပါရှင်

ခုချိန်ထိ နေ့စဉ် ဆနွင်းလ္ဘက်ရည် ဇွန်းဝက်ကို သံလွင်ဆီ ထမင်းစားဇွန်းတစ်ဇွန်းနဲ့ ရောပြီး တစ်ကြိမ် သောက်ပါတယ်
ဆနွင်းချစ်သူမို့ ဘယ်တော့မှမခွဲတော့ပါ

ဆနွင်းကို သံလွင်ဆီနဲ့ ရောသောက်လို့ရသလို နှမ်းဆီစစ်စစ်, နှမ်းနက်ဆီစစ်စစ်, Cod Liver Oil နဲ့လဲရောသောက်လို့ရပါတယ်

ဆရာမကြီးဒေါက်တာခင်နွယ်ဝင်းကို ရိုသေစွာကန်တော့ပါတယ်ရှင်
ဆရာမကျန်းမာ ချမ်းသာပါစေရှင်

အရေးကြီးတာပြောဖို့မေ့တော့မလို့
နောက်လေးလကြာတော့ ဘန်ကောက်ကိုတစ်ခါဆေးပြန်သွားစစ်တော့

ရေအိတ်လုံးဝမရှိတော့ပါရှင်……

Credit:ဘဝကိုတိုးတက်စေသောစာစုလေး

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top