iMyanmarHouse.com - Best Property Website for Myanmar
×

ဇာတ္ပို႔မႏြယ္နီဟာ အရင္နွစ္ကာလေတြတုန္္းက ျမန္မာရုပ္ရွင္ေတြမွာ ဇာတ္ပုိ႔တစ္ဦးအျဖစ္ ပိုင္နိုင္စြာသရုပ္ေဆာင္္ခဲ့တဲ့ အနုပညာရွင္တစ္ဦးျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ မႏြယ္နီဟာ ကားရိုက္ေတြမရွိေတာ့တာေၾကာင့္ အိမ္ဆိုင္ေလးဖြင့္ျပီးအသက္ေမြးဝမ္းေက်ာင္းေနရတဲ့အျပင္ ရင္သားကင္ဆာေရာဂါကိုလည္းခံစားေနရတယ္လို႔သိရပါတယ္။ မၾကာေသးမီက မႏြယ္နီကုိ သရုပ္ေဆာင္ခိုင္နွင္းေဝက သြားေရာက္ကူညီခဲ့ျပီး စိတ္ပိုင္းဆိုင္ရာေရာရုပ္ပိုင္းဆိုင္ရာပါ အားေပးမႈေတြျပဳလုပ္ခဲ့တယ္လို႔သိရပါတယ္။ မႏြယ္နီက အဲဒီလိုလာေရာက္ကူညီခံရတာနဲ႔ပတ္သက္တဲ့ခံစားခ်က္ကို Eleven Media နဲ႔ အင္တာဗ်ဴးမွာေျပာျပသြားခဲ့ပါတယ္။

ကုိယ့္အနိမ့္က်ဆံုးအခ်ိန္မွာခိုင္နွင္းေဝက ေရာက္လာျပီးကူညီေတာ့ ဝမ္းသာလြန္းလို႔မ်က္ရည္လည္မိတယ္လို႔ မႏြယ္နီက “အရမ္းဝမ္းသာတယ္။ သူက surprise လာလုပ္တာေပ့ါ့ေနာ္။တကယ့္ကုိ surprise ျဖစ္တယ္။ အစ္မရဲ႕အသက္ေလးဆယ္စြန္းစြန္းအရြယ္အထိ အခုအခ်ိန္အထိ surprise ဆိုတာ တစ္ခါမွမခံရဖူးဘူး။ သူေပးတဲ့ surprise ဆိုတာကအစ္မ တစ္ဘဝလံုးနဲ႔ဆိုင္တဲ့ surprise ၾကီး။အစ္မအရမ္းလည္းဝမ္းသာတယ္။ အရမ္းလည္းပီတိျဖစ္တယ္။ သူ႔ကုိျမင္ေတာ့အရမ္းအံ့ၾသသြားတယ္။သူ႔ကုိျမင္ေတာ့ ညီမေလးလာတယ္ေပါ့ေနာ္။ ဒါေပမယ့္ သူက ကုိယ့္ကုိေႏြးေႏြးေထြးေထြးနဲ႔ဖက္လိုက္တဲ့အခ်ိန္မွာ ကိုယ့္ရင္ထဲမွာအရမ္းဝမ္းနည္းသြားတယ္။ ဘယ္လိုေျပာရမလဲ။ ကုိယ္ကအရမ္းနိမ့္က်ေနတဲ့အခ်ိန္မွာ ကေလးတစ္ေယာက္က လူၾကီးေရွ႕မွာပုိငုိခ်င္သလိုမ်ိဳး ကုိယ့္ကုိ္ယ္ကုိယ္အရမ္းဝမ္းနည္းသြားတာ။ ငါ့ဘဝၾကီးဟာဆိုျပီးေတာ့ ဘယ္လိုမွထိန္းမရဘူး။ အေပ်ာ္မ်က္ရည္ေပ့ါေနာ္” လို႔ေျပာျပထားပါတယ္။

လက္ရွိဘဝျဖတ္သန္းေနရတဲ့အေျခအေနကုိလည္း မႏြယ္နီက “လက္ရွိကေတာ့ ကားရိုက္ေတြမရွိတဲ့အခါက်ေတာ့ အိမ္မွာ တစ္နုိင္တစ္ပိုင္ေလးေပ့ါ အိမ္ဆိုင္ေလးေပါ့။ လူေတြက အိမ္မွာစားစရာမရွိရင္သာေနမယ္ေလ ကြမ္းေတာ့စားၾကတယ္။ ကြမ္းဆိုင္ေလးလည္းဖြင့္ထားတယ္။ အေအးေလးလည္းေရာင္းတယ္။ လက္ဖက္သုပ္ဂ်င္းသုပ္အသုပ္ေလးေတြလည္းေရာင္းတယ္ေပါ့ေနာ္။ ကုိယ့္အိမ္ေရွ႕မွာကုိယ္အိ္မ္ဆိုင္ေလးဖြင့္ျပီးေတာ့ပဲ မိသားစုရဲ႕စားဝတ္ေနေရးအတြက္ရပ္တည္တယ္”လို႔ ေျဖၾကားထားပါတယ္။

လက္ရွိမွာ ရင္သားကင္ဆာျဖစ္ေနတဲ့အေျခအေနကုိေတာ့ မႏြယ္နီက “ရင္သားတစ္ဖက္ျဖတ္ထားရတယ္ေပါ့ေနာ္။ ကင္ဆာအဆင့္သံုးေပါ့”လို႔ ဝမ္းနည္းစရာေျပာျပထားျပီး စိတ္ကုိအားတင္းျပီးဘဝကုိရင္္ဆိုင္ေနေၾကာင္းလည္း “ျဖစ္ခါစ ၾကားခါစကေတာ့ေပါ့ေနာ္။ စိတ္အားငယ္တာေပါ့။ အရင္တုန္းကကင္ဆာဆိုရင္ ကုိယ့္ကုိေသမိန္႔ခ်လုိက္သလိုပဲခံစားရတယ္။ ျဖစ္ခါစကေတာ့ ေလးငါးဆယ္ရက္ေလာက္ငုိတာ။ သားသမီးေတြထားခဲ့ရမွာ။စိတ္မခ်တဲ့စိတ္ေတြနဲ႔ အိ္ပ္လို႔လည္းမရဘူး။စားလို႔လည္းမရဘူး။ ငိုပဲငိုတာ။ ေနာက္ပိုင္းက်ေတာ့ ငါငုိေနရင္ ငါ့အသက္တစ္နွစ္က်န္ရင္ ငါငိုေနတယ္ဆိုရင္ ေျခာက္လသံုးလနဲ႔ေသမယ္ဆိုျပီးကုိယ့္ကုိယ္ကုိယ္အားတင္းျပီးေနတယ္။လုုပ္သင့္္တာကုိလုပ္ထားတယ္။ ကုသင့္တာကိုကုုထားတယ္”လို႔ ေျပာျပထားပါတယ္။ မႏြယ္နီက ကားမရိုက္္ရတာေတာ္ေတာ္ၾကာျပီျဖစ္ေၾကာင္းလည္း “ကားမရိုက္ရတာေတာ္ေတာ္ၾကာပါျပီ။ ဒီဆိုင္ဖြင့္လိုက္တာကလည္း ကားမရုိက္ရလို႔ဖြင့္လုိုက္တာ။ ဒီဆိုင္ေတာင္မွ ေျခာက္လေက်ာ္ေလာက္ျဖစ္ေနျပီဆိုေတာ့ ဒီဆိုင္ဖြင့္ကတည္းက တစ္ၾကိ္္မ္ပဲရိုက္ရတယ္ဆိုေတာ့ အနည္းဆံုးကေတာ့ နွစ္တစ္ဝက္ေလာက္ရွိေနျပီ”လို႔ ရင္္ဖြင့္ေျပာျပထားခဲ့ပါတယ္။

ပရိသတ္ၾကီးေရာ မႏြယ္နီရဲ႕ ရုပ္ရွင္ေတြၾကည့္္ဖူးၾကလား။ မႏြယ္နီကုိရုပ္္ရွင္ေတြျပန္ရိုက္ေစခ်င္ၾကလား။ မႏြယ္နီရဲ႕က်န္းမာေရးအျမန္ဆံုးျပန္ေကာင္းပါေစလို႔လည္းဆုေတာင္းေပးလိုက္ၾကပါဦး။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credt:ေျပာခ်င္လြန္းလို႔
 #Unicode Version#
ဇာတ်ပို့မနွယ်နီဟာ အရင်နှစ်ကာလတွေတုန်းက မြန်မာရုပ်ရှင်တွေမှာ ဇာတ်ပို့တစ်ဦးအဖြစ် ပိုင်နိုင်စွာသရုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အခုအချိန်မှာတော့ မနွယ်နီဟာ ကားရိုက်တွေမရှိတော့တာကြောင့် အိမ်ဆိုင်လေးဖွင့်ပြီးအသက်မွေးဝမ်းကျောင်းနေရတဲ့အပြင် ရင်သားကင်ဆာရောဂါကိုလည်းခံစားနေရတယ်လို့သိရပါတယ်။ မကြာသေးမီက မနွယ်နီကို သရုပ်ဆောင်ခိုင်နှင်းဝေက သွားရောက်ကူညီခဲ့ပြီး စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါ အားပေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ မနွယ်နီက အဲဒီလိုလာရောက်ကူညီခံရတာနဲ့ပတ်သက်တဲ့ခံစားချက်ကို Eleven Media နဲ့ အင်တာဗျူးမှာပြောပြသွားခဲ့ပါတယ်။

ကိုယ့်အနိမ့်ကျဆုံးအချိန်မှာခိုင်နှင်းဝေက ရောက်လာပြီးကူညီတော့ ဝမ်းသာလွန်းလို့မျက်ရည်လည်မိတယ်လို့ မနွယ်နီက “အရမ်းဝမ်းသာတယ်။ သူက surprise လာလုပ်တာပေ့ါ့နော်။တကယ့်ကို surprise ဖြစ်တယ်။ အစ်မရဲ့အသက်လေးဆယ်စွန်းစွန်းအရွယ်အထိ အခုအချိန်အထိ surprise ဆိုတာ တစ်ခါမှမခံရဖူးဘူး။ သူပေးတဲ့ surprise ဆိုတာကအစ်မ တစ်ဘဝလုံးနဲ့ဆိုင်တဲ့ surprise ကြီး။အစ်မအရမ်းလည်းဝမ်းသာတယ်။ အရမ်းလည်းပီတိဖြစ်တယ်။ သူ့ကိုမြင်တော့အရမ်းအံ့သြသွားတယ်။သူ့ကိုမြင်တော့ ညီမလေးလာတယ်ပေါ့နော်။ ဒါပေမယ့် သူက ကိုယ့်ကိုနွေးနွေးထွေးထွေးနဲ့ဖက်လိုက်တဲ့အချိန်မှာ ကိုယ့်ရင်ထဲမှာအရမ်းဝမ်းနည်းသွားတယ်။ ဘယ်လိုပြောရမလဲ။ ကိုယ်ကအရမ်းနိမ့်ကျနေတဲ့အချိန်မှာ ကလေးတစ်ယောက်က လူကြီးရှေ့မှာပိုငိုချင်သလိုမျိုး ကိုယ့်ကိုယ်ကိုယ်အရမ်းဝမ်းနည်းသွားတာ။ ငါ့ဘဝကြီးဟာဆိုပြီးတော့ ဘယ်လိုမှထိန်းမရဘူး။ အပျော်မျက်ရည်ပေ့ါနော်” လို့ပြောပြထားပါတယ်။

လက်ရှိဘဝဖြတ်သန်းနေရတဲ့အခြေအနေကိုလည်း မနွယ်နီက “လက်ရှိကတော့ ကားရိုက်တွေမရှိတဲ့အခါကျတော့ အိမ်မှာ တစ်နိုင်တစ်ပိုင်လေးပေ့ါ အိမ်ဆိုင်လေးပေါ့။ လူတွေက အိမ်မှာစားစရာမရှိရင်သာနေမယ်လေ ကွမ်းတော့စားကြတယ်။ ကွမ်းဆိုင်လေးလည်းဖွင့်ထားတယ်။ အအေးလေးလည်းရောင်းတယ်။ လက်ဖက်သုပ်ဂျင်းသုပ်အသုပ်လေးတွေလည်းရောင်းတယ်ပေါ့နော်။ ကိုယ့်အိမ်ရှေ့မှာကိုယ်အိမ်ဆိုင်လေးဖွင့်ပြီးတော့ပဲ မိသားစုရဲ့စားဝတ်နေရေးအတွက်ရပ်တည်တယ်”လို့ ဖြေကြားထားပါတယ်။

လက်ရှိမှာ ရင်သားကင်ဆာဖြစ်နေတဲ့အခြေအနေကိုတော့ မနွယ်နီက “ရင်သားတစ်ဖက်ဖြတ်ထားရတယ်ပေါ့နော်။ ကင်ဆာအဆင့်သုံးပေါ့”လို့ ဝမ်းနည်းစရာပြောပြထားပြီး စိတ်ကိုအားတင်းပြီးဘဝကိုရင်ဆိုင်နေကြောင်းလည်း “ဖြစ်ခါစ ကြားခါစကတော့ပေါ့နော်။ စိတ်အားငယ်တာပေါ့။ အရင်တုန်းကကင်ဆာဆိုရင် ကိုယ့်ကိုသေမိန့်ချလိုက်သလိုပဲခံစားရတယ်။ ဖြစ်ခါစကတော့ လေးငါးဆယ်ရက်လောက်ငိုတာ။ သားသမီးတွေထားခဲ့ရမှာ။စိတ်မချတဲ့စိတ်တွေနဲ့ အိပ်လို့လည်းမရဘူး။စားလို့လည်းမရဘူး။ ငိုပဲငိုတာ။ နောက်ပိုင်းကျတော့ ငါငိုနေရင် ငါ့အသက်တစ်နှစ်ကျန်ရင် ငါငိုနေတယ်ဆိုရင် ခြောက်လသုံးလနဲ့သေမယ်ဆိုပြီးကိုယ့်ကိုယ်ကိုယ်အားတင်းပြီးနေတယ်။လုပ်သင့်တာကိုလုပ်ထားတယ်။ ကုသင့်တာကိုကုထားတယ်”လို့ ပြောပြထားပါတယ်။ မနွယ်နီက ကားမရိုက်ရတာတော်တော်ကြာပြီဖြစ်ကြောင်းလည်း “ကားမရိုက်ရတာတော်တော်ကြာပါပြီ။ ဒီဆိုင်ဖွင့်လိုက်တာကလည်း ကားမရိုက်ရလို့ဖွင့်လိုက်တာ။ ဒီဆိုင်တောင်မှ ခြောက်လကျော်လောက်ဖြစ်နေပြီဆိုတော့ ဒီဆိုင်ဖွင့်ကတည်းက တစ်ကြိ်မ်ပဲရိုက်ရတယ်ဆိုတော့ အနည်းဆုံးကတော့ နှစ်တစ်ဝက်လောက်ရှိနေပြီ”လို့ ရင်ဖွင့်ပြောပြထားခဲ့ပါတယ်။

ပရိသတ်ကြီးရော မနွယ်နီရဲ့ ရုပ်ရှင်တွေကြည့်ဖူးကြလား။ မနွယ်နီကိုရုပ်ရှင်တွေပြန်ရိုက်စေချင်ကြလား။ မနွယ်နီရဲ့ကျန်းမာရေးအမြန်ဆုံးပြန်ကောင်းပါစေလို့လည်းဆုတောင်းပေးလိုက်ကြပါဦး။



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credt:ပြောချင်လွန်းလို့
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top