iMyanmarHouse.com - Best Property Website for Myanmar
×

ဘုန္းကံဆိုတာ အလိုအေလ်ာက္ေပၚေပါက္လာတာေတာ့ မဟုတ္ပါဘူး။
မိမိအတိတ္ဘ၀က ၿပဳလုပ္ခဲ့ေသာကုသိုလ္ကံေၾကာင့္လည္းေပၚေပါက္လာပါတယ္။
ယခုလက္ရိွဘ၀ၿပဳလုပ္ေသာ ကုသိုလ္ကံေၾကာင့္လည္း ေပၚေပါက္လာပါတယ္။

အနည္းငယ္ရွင္းၿပပါရေစ။

အတိတ္ဘ၀ကံေၾကာင့္ ဘုန္းကံေပၚေပါက္လာသူေတြ အမ်ားၾကီးထဲက
ေဂါတမျမတ္စြာဘုရား လက္ထပ္ေတာ္၌ ဇမၺဴဒိပ္ကၽြန္းလံုး၀ယ္ေက်ာ္ေစာထင္ရွားေသာ
ေဇာတိက, ဇဋိလ, ေမ႑က, ကာက၀လိယႏွင့္ပုဏၰတို႕သူေဌးႀကီး ငါးဦးအေၾကာင္း
ေၿပာၿပပါရေစ။

ဇဋိလသူေဌးႀကီးသည္ အတိတ္က ကႆပျမတ္စြာဘုရား၏ ဓာတ္ေတာ္ေစတီဌာပနာ
တိုတ္တြင္ တစ္ထြာစီျမင့္ေသာ ေရႊပန္းခိုင္သံုးခုကိုလွဴဒါန္းၿပီး ထိုေစတီ၌ ေရႊတစ္ဖ်ာစာ
မေလာက္မငွျဖစ္ေနသည္ကို လွဴဒါန္းပူေဇာ္ခဲ့သည္႕ ေကာင္းမူေၾကာင့္ ဇဋိလသူေဌးဘ၀
တြင္ အိမ္တံခါး၀၌ အေတာင္ရွစ္ဆယ္ျမင့္ေသာ ေရႊေတာင္ႀကီးေပါက္လာ၏။

ေဇာတိကသူေဌးႀကီးသည္ ၀ိပႆီျမတ္စြာဘုရား လက္ထပ္ေတာ္တြင္ ဗႏၱၱဳမတီျပည္၌
အပရာဇိတအမည္ျဖင့္ သူႂကြယ္ျဖစ္ခဲ့၏။
ထိုသူႂကြယ္သည္ ၀ိပႆီဘုရားရွင္ သီတင္းသံုးရန္ ဂႏၶကုဋိတိုတ္ကို ရတနာခုႏွစ္ပါးျဖင့္
ထူးထူးျခားျခား တည္ေဆာက္လွဴဒါနး္ခဲ့၏။
ဤကုသိုလ္ကံေၾကာင့္ ေဇာတိကသူေဌးဘ၀တြင္ သူေနထိုင္ရန္ ရတနာဗိမာန္ႀကီး
ေျမမွ ေပါက္လာရ၏။

အပရာဇိတ သူႂကြယ္သည္ တူေတာ္စပ္သည့္ သူေဌးက၀ိပႆီျမတ္စြာ
ဘုရားႏွင့္ သံဃာေတာ္မ်ား စည္းေ၀းရန္ ဆိတ္ရုပ္ခံသည့္ဇရပ္တစ္
ေဆာင္ကို ရတနာခုႏွစ္ပါးျဖင့္ မြမ္းမံတည္ေဆာက္ခဲ့၏။

ဤတူ-သူေဌးက ေမ႑ကသူေဌးႀကီး ျဖစ္လာသည့္အခါ ရွစ္မင္းပယ္
စာမွ်ရွိေသာ ေျမျပင္တြင္ ဆင္ႀကီးျမင္းႀကီး အရြယ္မွ်ရွိေသာ ေရႊဆိတ္ ရုပ္မ်ား ေက်ာခ်င္းထိကာ ေပၚေပါက္လာၾက၏။

(သူေ႒းၾကီး ပု႑ အေၾကာင္းကို ရွာမရတဲ့အတြက္ ခြင့္လြွတ္ပါ)
အထက္ပါ အခ်က္မ်ားသည္ မိမိအတိတ္ဘ၀က ၿပဳလုပ္ခဲ့ေသာ ကုသို္လ္ကံ၏ဘုန္းကံမ်ားပင္ၿဖစ္ပါတယ္။)

ဘုန္းကံသည္ ယခုဘ၀မွာလည္း ဆိုင္ပါတယ္။
ဘုန္းကံနဲ ့ပတ္သက္လို ေတာင္ၿမိဳ ့မဟာဂႏၶာရုံဆရာေတာ္ဘုရားၾကီးက
ဘုန္းကံဆိုတာ ေရွးက ပါခဲ့ေပမဲ့ ယခုဘ၀ၾကိဳးစားမႈ ့ကလည္းရိွရတယ္။

စင္စစ္ေတာ့ ကံဆိုတာ ေရလာေၿမာင္ေပးလုပ္မွာလည္း ေကာင္းက်ိဳးရိွရာ ေကာင္းကိ်ဳးလာၿပီး မေကာင္းမႈ ရိွရာမေကာင္းက်ိဳးလာမွာပဲလို ့မိန္ ့တာေလးကို မွတ္သားဖူးပါတယ္။

ျမတ္စြာဘုရားရွင္ကိုယ္ေတာ္ၿမတ္ၾကီကလည္း ကုေဋရွစ္ဆယ္ၾကြယ္၀ခ်မ္းသာတဲ့
မဟာဓနသူေဌး ခြက္လက္ဆြဲေတာင္းစားေနတာကိုၾကည့္ၿပီး ဒီသူေဌးသည္
ပထမအရြယ္မွာ တရားအားထုတ္ရင္ ရဟႏၱာၿဖစ္ႏိုင္တယ္။ဒုတိယအရြယ္မွာ
တရားအားထုတ္ရင္ အနာဂါမ္ၿဖစ္ႏိုင္တယ္။
တတိယအရြယ္မွာ တရားအားထုတ္ရင္ သကဒါဂါမ္ၿဖစ္ႏို္င္တဲ့လို ့မိန္ ့ၾကားေတာ္
မူတာေလးကိုလည္း မိမိတ္ို ့သတိမူသင့္တယ္။

ေနာက္ၿပီးအခန္း(၁၃) ေလာကတရားစု- ေလာကဝဂ္)မွာလည္း

“ေယာစ ပုေဗၺ ပမဇိၨတြာ၊

ပစၦာ ေသာ နပၸမဇၨတိ၊

ေသာမံ ေလာကံ ပဘာေသတိ၊

အဗၻာမုေတၱာဝစႏိၵမာ။ ”

“ေရွးက ကုသိုလ္ေကာင္းမႈ၌ ေမ့ေလ်ာ့ခဲ့ေသာ္လည္း
ေနာင္အခါ ကုသိုလ္ေကာင္းမႈ၌ မေမ့ေလ်ာ့ေသာသူသည္
တိမ္တိုက္မွလြတ္ေသာ လမင္းကဲ့သို႔ ဤေလာကကို ထြန္းလင္းေစ၏ ”
လို ့ေဟာထားပါတယ္။

ဒီေနရာမွာ–

ဘုန္းကံဆိုတာ ေရွးဘ၀ ေနာက္ဘ၀နဲ ့ဆိုင္တာကို မသိတဲ့လူေတြသံုးတဲ့
စကားပံုေလး ဗဟုသုတအၿဖစ္ေၿပာလိုက္ပါရေစ။
ဘာလိုလည္းဆိုေတာ့တစ္ခ်ိဳ ့လူေတြအကုသိုလ္လုပ္ၿပီး
ဘာလို ့ၾကီးပြားေနတာလဲ အေမးခံရလို ့ပါ။

ေဗာဓိပင္ပ်ိဳးလို႔ ေျခက်ိဳးရ၊
ေဗာဓိကိုင္းခ်ိဳးလို႔ေရႊအိုးရ။”
ဟူေသာစကားေလး ၾကားဖူးမယ္ထင္ပါတယ္။

တစ္ကယ္ေတာ့ေဗာဓိပင္ပိ်ဳးလို ့ေၿခက်ိဳးတာ မဟုတ္ပါဘူး။
ေဗာဓိပင္ပိ်ဳးသူသည္ ေသရမယ့္ ကံပါလာေသာလည္း ေဗာဓိပင္ပိ်ဳးလိုက္ေသာ
ကုသိုလ္ေကာင္း မႈေၾကာင့္ေသရမည့္ကံက လြတ္ၿပီးေၿခက်ိဳးတာကို ဆိုလိုတာပါ။

ထိုအတူပါပဲေရြွအိုးေပါင္းမ်ားစြာရရိွရမည့္ ကုသိုလ္ကံပါေသာ္လည္းေဗာဓိကိုင္းခ်ိဳးေသာ
အကုသိုလ္ကံေၾကာင့္ ေရြွအိုတစ္အိုးသာ ရရိွတာကိုဆိုလိုတာပါ။

ထိုသို ့မသိဘဲ့ အကုသုိလ္လုပ္လည္း ၾကီးပြားတာပဲလို ့ေတြးလိုက္ရင္ေတာ့ မွားယြင္းေသာ အသိဉာဏ္ (wrong view) ၿဖစ္သြားပါၿပီ။

” ဒီေလာက္ဆိုရင္ ဘုန္းကံဆိုတာ အလိုအေလ်ာက္ရိွေနတာလား ” ဆိုတဲ့
ေမးခြန္းရဲ့အေၿဖရေလာက္ပါၿပီ။

သတၱ၀ါခပ္သိမ္း တရားကိန္း ေအးၿငိမ္း ခ်မ္းသာရိွပါေစ။
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit: အရွင္၀ိစကၡဏ ( မဟာလယ္တီ)
# Unicode Version ျဖင့္ ဖတ္ပါ #
ဘုန်းကံဆိုတာ အလိုအလျောက်ပေါ်ပေါက်လာတာတော့ မဟုတ်ပါဘူး။
မိမိအတိတ်ဘဝက ပြုလုပ်ခဲ့သောကုသိုလ်ကံကြောင့်လည်းပေါ်ပေါက်လာပါတယ်။
ယခုလက်ရှိဘဝပြုလုပ်သော ကုသိုလ်ကံကြောင့်လည်း ပေါ်ပေါက်လာပါတယ်။

အနည်းငယ်ရှင်းပြပါရစေ။

အတိတ်ဘဝကံကြောင့် ဘုန်းကံပေါ်ပေါက်လာသူတွေ အများကြီးထဲက
ဂေါတမမြတ်စွာဘုရား လက်ထပ်တော်၌ ဇမ္ဗူဒိပ်ကျွန်းလုံးဝယ်ကျော်စောထင်ရှားသော
ဇောတိက, ဇဋိလ, မေဏ္ဍက, ကာကဝလိယနှင့်ပုဏ္ဏတို့သူဌေးကြီး ငါးဦးအကြောင်း
ပြောပြပါရစေ။

ဇဋိလသူဌေးကြီးသည် အတိတ်က ကဿပမြတ်စွာဘုရား၏ ဓာတ်တော်စေတီဌာပနာ
တိုတ်တွင် တစ်ထွာစီမြင့်သော ရွှေပန်းခိုင်သုံးခုကိုလှူဒါန်းပြီး ထိုစေတီ၌ ရွှေတစ်ဖျာစာ
မလောက်မငှဖြစ်နေသည်ကို လှူဒါန်းပူဇော်ခဲ့သည့် ကောင်းမူကြောင့် ဇဋိလသူဌေးဘဝ
တွင် အိမ်တံခါးဝ၌ အတောင်ရှစ်ဆယ်မြင့်သော ရွှေတောင်ကြီးပေါက်လာ၏။

ဇောတိကသူဌေးကြီးသည် ဝိပဿီမြတ်စွာဘုရား လက်ထပ်တော်တွင် ဗန္တ္တုမတီပြည်၌
အပရာဇိတအမည်ဖြင့် သူကြွယ်ဖြစ်ခဲ့၏။
ထိုသူကြွယ်သည် ဝိပဿီဘုရားရှင် သီတင်းသုံးရန် ဂန္ဓကုဋိတိုတ်ကို ရတနာခုနှစ်ပါးဖြင့်
ထူးထူးခြားခြား တည်ဆောက်လှူဒါန်းခဲ့၏။
ဤကုသိုလ်ကံကြောင့် ဇောတိကသူဌေးဘဝတွင် သူနေထိုင်ရန် ရတနာဗိမာန်ကြီး
မြေမှ ပေါက်လာရ၏။

အပရာဇိတ သူကြွယ်သည် တူတော်စပ်သည့် သူဌေးကဝိပဿီမြတ်စွာ
ဘုရားနှင့် သံဃာတော်များ စည်းဝေးရန် ဆိတ်ရုပ်ခံသည့်ဇရပ်တစ်
ဆောင်ကို ရတနာခုနှစ်ပါးဖြင့် မွမ်းမံတည်ဆောက်ခဲ့၏။

ဤတူ-သူဌေးက မေဏ္ဍကသူဌေးကြီး ဖြစ်လာသည့်အခါ ရှစ်မင်းပယ်
စာမျှရှိသော မြေပြင်တွင် ဆင်ကြီးမြင်းကြီး အရွယ်မျှရှိသော ရွှေဆိတ် ရုပ်များ ကျောချင်းထိကာ ပေါ်ပေါက်လာကြ၏။

(သူဋ္ဌေးကြီး ပုဏ္ဍ အကြောင်းကို ရှာမရတဲ့အတွက် ခွင့်လွှတ်ပါ)
အထက်ပါ အချက်များသည် မိမိအတိတ်ဘဝက ပြုလုပ်ခဲ့သော ကုသိုလ်ကံ၏ဘုန်းကံများပင်ဖြစ်ပါတယ်။)

ဘုန်းကံသည် ယခုဘဝမှာလည်း ဆိုင်ပါတယ်။
ဘုန်းကံနဲ့ပတ်သက်လို တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက
ဘုန်းကံဆိုတာ ရှေးက ပါခဲ့ပေမဲ့ ယခုဘဝကြိုးစားမှု့ကလည်းရှိရတယ်။

စင်စစ်တော့ ကံဆိုတာ ရေလာမြောင်ပေးလုပ်မှာလည်း ကောင်းကျိုးရှိရာ ကောင်းကျိုးလာပြီး မကောင်းမှု ရှိရာမကောင်းကျိုးလာမှာပဲလို့မိန့်တာလေးကို မှတ်သားဖူးပါတယ်။

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီကလည်း ကုဋေရှစ်ဆယ်ကြွယ်ဝချမ်းသာတဲ့
မဟာဓနသူဌေး ခွက်လက်ဆွဲတောင်းစားနေတာကိုကြည့်ပြီး ဒီသူဌေးသည်
ပထမအရွယ်မှာ တရားအားထုတ်ရင် ရဟန္တာဖြစ်နိုင်တယ်။ဒုတိယအရွယ်မှာ
တရားအားထုတ်ရင် အနာဂါမ်ဖြစ်နိုင်တယ်။
တတိယအရွယ်မှာ တရားအားထုတ်ရင် သကဒါဂါမ်ဖြစ်နိုင်တဲ့လို့မိန့်ကြားတော်
မူတာလေးကိုလည်း မိမိတို့သတိမူသင့်တယ်။

နောက်ပြီးအခန်း(၁၃) လောကတရားစု- လောကဝဂ်)မှာလည်း

“ယောစ ပုဗ္ဗေ ပမဇ္ဇိတွာ၊

ပစ္ဆာ သော နပ္ပမဇ္ဇတိ၊

သောမံ လောကံ ပဘာသေတိ၊

အဗ္ဘာမုတ္တောဝစန္ဒိမာ။ ”

“ရှေးက ကုသိုလ်ကောင်းမှု၌ မေ့လျော့ခဲ့သော်လည်း
နောင်အခါ ကုသိုလ်ကောင်းမှု၌ မမေ့လျော့သောသူသည်
တိမ်တိုက်မှလွတ်သော လမင်းကဲ့သို့ ဤလောကကို ထွန်းလင်းစေ၏ ”
လို့ဟောထားပါတယ်။

ဒီနေရာမှာ–

ဘုန်းကံဆိုတာ ရှေးဘ၀ နောက်ဘဝနဲ့ဆိုင်တာကို မသိတဲ့လူတွေသုံးတဲ့
စကားပုံလေး ဗဟုသုတအဖြစ်ပြောလိုက်ပါရစေ။
ဘာလိုလည်းဆိုတော့တစ်ချို့လူတွေအကုသိုလ်လုပ်ပြီး
ဘာလို့ကြီးပွားနေတာလဲ အမေးခံရလို့ပါ။

ဗောဓိပင်ပျိုးလို့ ခြေကျိုးရ၊
ဗောဓိကိုင်းချိုးလို့ရွှေအိုးရ။”
ဟူသောစကားလေး ကြားဖူးမယ်ထင်ပါတယ်။

တစ်ကယ်တော့ဗောဓိပင်ပျိုးလို့ခြေကျိုးတာ မဟုတ်ပါဘူး။
ဗောဓိပင်ပျိုးသူသည် သေရမယ့် ကံပါလာသောလည်း ဗောဓိပင်ပျိုးလိုက်သော
ကုသိုလ်ကောင်း မှုကြောင့်သေရမည့်ကံက လွတ်ပြီးခြေကျိုးတာကို ဆိုလိုတာပါ။

ထိုအတူပါပဲရွှေအိုးပေါင်းများစွာရရှိရမည့် ကုသိုလ်ကံပါသော်လည်းဗောဓိကိုင်းချိုးသော
အကုသိုလ်ကံကြောင့် ရွှေအိုတစ်အိုးသာ ရရှိတာကိုဆိုလိုတာပါ။

ထိုသို့မသိဘဲ့ အကုသိုလ်လုပ်လည်း ကြီးပွားတာပဲလို့တွေးလိုက်ရင်တော့ မှားယွင်းသော အသိဉာဏ် (wrong view) ဖြစ်သွားပါပြီ။

” ဒီလောက်ဆိုရင် ဘုန်းကံဆိုတာ အလိုအလျောက်ရှိနေတာလား ” ဆိုတဲ့
မေးခွန်းရဲ့အဖြေရလောက်ပါပြီ။

သတ္တဝါခပ်သိမ်း တရားကိန်း အေးငြိမ်း ချမ်းသာရှိပါစေ။
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit: အရှင်ဝိစက္ခဏ ( မဟာလယ်တီ)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top