iMyanmarHouse.com - Best Property Website for Myanmar
×

 အားလံုးပဲ မဂၤလာပါ။ ဒီတစ္ခါမွာေတာ့ ႐ိုး႐ိုးထမင္းေၾကာ္ မဟုတ္ဘဲ ေကာက္ညွင္းထမင္းေၾကာ္ ျပဳလုပ္နည္းေလးကို ေဝမွ်ေပးခ်င္ပါတယ္။ ဝက္အူးေခ်ာင္းနဲ႔ ေရာေၾကာ္ရမွာပဲျဖစ္ပါတယ္။

ပါဝင္ပစၥည္းမ်ား

    ေကာက္ညွင္္းထမင္း ၂ ေယာက္စာ
    ခ႐ုဆီ စားပြဲတင္ဇြန္း ၁ ဇြန္း
    ပဲငံျပာရည္ စားပြဲတင္ဇြန္း ၁ ဇြန္းႏွင့္ တစ္ဝက္ႏွင့္ ပဲငံျပာရည္အေနာက္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း
    ႏွမ္းဆီ လက္ဖက္ရည္ဇြန္း ေလးပံုတစ္ပံု
    ၾကက္ျပဳတ္ရည္ ၆၀ မီလီလီတာ

    ဝက္အူးေခ်ာင္း ၃ ေခ်ာင္း (အေနေတာ္ အတံုးတံုးထားပါ)
    ဆီ စားပြဲတင္ဇြန္း ၂ ဇြန္း
    ပုစြန္ေျခာက္ အနည္းငယ္ (ေရေႏြးျဖင့္ ၁၅ မိနစ္ခန္႔ စိမ္ထားပါ)
    ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴႏွင့္ ၾကက္သြန္ၿမိတ္ အနည္းငယ္
    ဆားႏွင့္ င႐ုတ္ေကာင္းမႈန္႔ အနည္းငယ္

ျပဳလုပ္နည္း အဆင့္ဆင့္

၁။ ခ႐ုဆီ၊ ပဲငံျပာရည္အၾကည္၊ ပဲငံျပာရည္အေနာက္၊ ႏွမ္းဆီ၊ ၾကက္ျပဳတ္ရည္ႏွင့္ ဆားတို႔ကို ပန္းကန္လံုးတစ္လံုးထဲတြင္ ေရာေမႊထားလိုက္ပါ။ ဒယ္အိုးကို အပူေပးၿပီး ဆီထည့္ကာ ပုစြန္ထည့္ၿပီး ၃ စကၠန္႔ခန္႔ ေမႊလိုက္ပါ။ ၾကက္သြန္နီနဲ႔ ဝက္အူေခ်ာင္းမ်ား ထည့္ၿပီး တစ္မိနစ္ခန္႔ ေၾကာ္ေပးလိုက္ပါ။

၂။ ေကာက္ညွင္းထမင္းထည့္ၿပီး သမေအာင္ ေမႊေၾကာ္ေပးလိုက္ပါ။ ထို႔ေနာက္ ေစာေစာက ေရာထားေသာ ခ႐ုဆီအေရာအေႏွာမ်ားကို တစ္ဝက္ခန္႔ထည့္ၿပီး ေမႊေပးလိုက္ပါ။ ေကာက္ညွင္းမတူးေအာင္ အိုးမကပ္ေအာင္ အဆက္မျပတ္ေမႊေပးလိုက္ပါ။ ၿပီးရင္ က်န္႐ွိေနတဲ့ ခ႐ုဆီတစ္ဝက္ကို ထပ္ထည့္ၿပီးေနာက္ အရသာအေပါ့အငန္ျမည္းၾကည့္ပါ။

၃။ အရသာ အေပါ့အငန္ကြက္တိက်ၿပီဆိုပါက မီးပိတ္လိုက္ကာ ၾကက္သြန္ၿမိတ္ေလးေတြထည့္ၿပီး ေခတၱခဏေမႊေပးလိုက္ပါ။

ေနာက္ဆံုးမွာေတာ့ ရ႐ွိလာတဲ့ ဝက္အူေခ်ာင္း ေကာက္ညွင္းထမင္းေၾကာ္ကို ပန္းကန္ထဲ ေျပာင္းထည့္ၿပီးေနာက္ အရသာ႐ွိ႐ွိ သံုးေဆာင္ႏိုင္ၿပီပဲျဖစ္ပါတယ္။

Credit: myfoodmyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ရိုးရိုးထမင်းကြော် မဟုတ်ဘဲ ကောက်ညှင်းထမင်းကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ ဝက်အူးချောင်းနဲ့ ရောကြော်ရမှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

    ကောက်ညှင်းထမင်း ၂ ယောက်စာ
    ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
    ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် တစ်ဝက်နှင့် ပဲငံပြာရည်အနောက် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
    နှမ်းဆီ လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
    ကြက်ပြုတ်ရည် ၆၀ မီလီလီတာ

    ဝက်အူးချောင်း ၃ ချောင်း (အနေတော် အတုံးတုံးထားပါ)
    ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
    ပုစွန်ခြောက် အနည်းငယ် (ရေနွေးဖြင့် ၁၅ မိနစ်ခန့် စိမ်ထားပါ)
    ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ် အနည်းငယ်
    ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခရုဆီ၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ နှမ်းဆီ၊ ကြက်ပြုတ်ရည်နှင့် ဆားတို့ကို ပန်းကန်လုံးတစ်လုံးထဲတွင် ရောမွှေထားလိုက်ပါ။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ပုစွန်ထည့်ပြီး ၃ စက္ကန့်ခန့် မွှေလိုက်ပါ။ ကြက်သွန်နီနဲ့ ဝက်အူချောင်းများ ထည့်ပြီး တစ်မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၂။ ကောက်ညှင်းထမင်းထည့်ပြီး သမအောင် မွှေကြော်ပေးလိုက်ပါ။ ထို့နောက် စောစောက ရောထားသော ခရုဆီအရောအနှောများကို တစ်ဝက်ခန့်ထည့်ပြီး မွှေပေးလိုက်ပါ။ ကောက်ညှင်းမတူးအောင် အိုးမကပ်အောင် အဆက်မပြတ်မွှေပေးလိုက်ပါ။ ပြီးရင် ကျန်ရှိနေတဲ့ ခရုဆီတစ်ဝက်ကို ထပ်ထည့်ပြီးနောက် အရသာအပေါ့အငန်မြည်းကြည့်ပါ။

၃။ အရသာ အပေါ့အငန်ကွက်တိကျပြီဆိုပါက မီးပိတ်လိုက်ကာ ကြက်သွန်မြိတ်လေးတွေထည့်ပြီး ခေတ္တခဏမွှေပေးလိုက်ပါ။

နောက်ဆုံးမှာတော့ ရရှိလာတဲ့ ဝက်အူချောင်း ကောက်ညှင်းထမင်းကြော်ကို ပန်းကန်ထဲ ပြောင်းထည့်ပြီးနောက် အရသာရှိရှိ သုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

Credit: myfoodmyanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top