iMyanmarHouse.com - Best Property Website for Myanmar
×

သမီးက ဗိုက္ခဲြၿပီးကေလးေမြးထားတာ ၈ ရက္ေျမာက္ေန႔ရိွေနပါၿပီ။ ခ်ဳပ္ရိုးက နာၿပီး စပ္သလိုျဖစ္ပါတယ္။ ခြဲၿပီးစမွာ အဲဒီလို ျဖစ္တတ္ပါလားရွင့္။ ခ်ဳပ္ရိုးက ဘယ္အခ်ိန္ေလာက္မွာက်က္ၿပီး သြားႏိုင္လာႏိုင္ပါသလဲရွင့္။ ေဘးေစာင္းအိပ္လို႔လဲ မရေသးပါဘူးရွင့္။

• ဗိုက္ခြဲတာတိုင္းမွာ အေရျပား၊ အဆီ၊ ၾကြက္သား၊ အရြတ္လႊာ၊ ဗိုက္ဖံုးလႊာဆိုျပီး၊ ၄ ထပ္၊ အဆင့္ဆင့္ ခြဲရ၊ ခ်ဳပ္ရတယ္။ ကေလးဖြါးတာဆိုရင္ သားအိမ္ကိုပါ ၃ ထပ္ခ်ဳပ္ေပးရတယ္။
• နာတာမွာ ခံစားမႈ မတူတာရွိတယ္။ ဗိုက္ကို တခါမကခြဲရသူေတြဆိုရင္ သတိထားစရာတခုရွိတယ္။ တခါခြဲတိုင္း တြယ္ကပ္ျဖစ္စဥ္ ျဖစ္ၾကရတယ္။ တြယ္ကပ္မႈေၾကာင့္ နာတတ္တယ္။ “Adhesion ခြဲစိတ္ရရင္ တြယ္ကပ္မႈ ျဖစ္တယ္” စာတပုဒ္သပ္သပ္ ေရးထားပါတယ္။ လိုအပ္ရင္ စစ္ေဆးျပဳျပင္ေပးမယ္။
• ခြဲစိတ္မႈမွာ အေသးစားနဲ႔ အၾကီးစားရွိတယ္။ ဗိုက္ခြဲရရင္ေတာ့ အၾကီးစားထဲမွာပါမယ္။ ေမ့ေဆးနဲ႔ခြဲတာနဲ႔ ခါးထံုေဆးနဲ႔ ခြဲရတာေတြလဲ အၾကီးစားလို႔ ေယဘုယ် ေျပာႏိုင္တယ္။
• အနာ၊ ဒဏ္ရာနဲ႔ ခြဲစိတ္နာေတြက အေပၚယံအေရျပား က်က္ဘို႔ (၈) ရက္ထက္မေစာင့္ရပါ။ ေခါင္းပိုင္းဆို (၅) ရက္သာ ၾကာတယ္။ STO ခ်ဳပ္ရိုးေျဖတဲ့ရက္ေတြျဖစ္ပါတယ္။ အရိုးက်ိဳးထားတာက အခ်ိန္ပိုယူပါမယ္။
• အေရျပားေအာက္က အဆီ၊ ၾကြက္သားနဲ႔ အဂၤါအစိတ္အပိုင္းေတြလဲ ရက္တူေလာက္မွာ အနာက်က္ပါတယ္။
• အၾကမ္းဖ်ဥ္း ႏွစ္ပါတ္ (၁၄ ရက္) ဆိုရင္ အနာေကာင္းေကာင္းက်က္ျပီလို႔ေျပာႏိုင္တယ္။ ပိုးဝင္လို႔ အနာရင္းတာ၊ ခ်ဳပ္ရိုးေၾကာင္းဟသြားတာ၊ ပြင့္သြားတာ မဟုတ္ရင္ေျပာတာျဖစ္ပါတယ္။
• ဗိုက္ကိုအၾကီးစားခြဲစိတ္မႈလုပ္ျပီး ခ်ဳပ္ရိုးေၾကာင္းတခုလံုး ဟပြင့္ထြက္ထြက္တာမ်ိဳးက ရက္ေစ့လို႔ ခ်ဳပ္ရိုးေျဖတဲ့ရက္မွာဘဲ ျဖစ္တယ္။ ကြ်န္ေတာ့္ဆရာဝန္သက္တမ္းအတြင္း အနည္းဆံုး (၃) ေယာက္ေလာက္ေတြ႔ရဘူးတယ္။ ျပန္ခ်ဳပ္ရာမ်ာ အထူးစီမံျပီး ခ်ဳပ္ေပးရတယ္။ အဲလိုလူမ်ိဳးကေတာ့ ေနာက္တခါ ခ်ဳပ္ရိုးျဖည္ဘို႔ ရက္ပိုေစာင့္ရမယ္။
• ခ်ဳပ္ရိုးမွာ လံုးလံုးေလးေတြလိုစမ္းေတြ႔တာက စိုးရိမ္စရာမရွိပါ။ အေရျပားကိုခ်ဳပ္တဲ့ အပ္ျခည္၊ ေအာက္က အလႊာေတြကို ခ်ဳပ္တဲ့ အသားျဖစ္ခ်ဳပ္ၾကိဳး (ကက္ဂတ္) ေတြက အမာရြတ္ျဖစ္စဥ္မွာ စုေနလို႔သာျဖစ္ပါမယ္။ ၾကာေလ အသားက်ေလ ျဖစ္မယ္။ တကယ္လို႔ ေနရာတခုစီေလာက္မွာ အနာလို ပန္းေရာင္၊ အနီေရာင္ ေနရာေလးေတြ ရွိရင္ေတာ့ အထဲက ခ်ဳပ္ရိုးစေလး ထြက္ခ်င္လို႔ေနမယ္။ ထုတ္ေပးလိုက္ရင္ ေပ်ာက္သြားပါမယ္။
• ခြဲစိတ္ျပီးေနာက္ ေမ့ေဆး၊ ထံုေဆးပ်ယ္တာနဲ႔ လႈပ္ရွားမႈစႏိုင္တယ္။ စလဲစသင့္တယ္။ (ဟာနီယာ) အူက်တာကို ခြဲစိတ္တာ၊ (ပလပ္စတစ္) ခြဲစိတ္တာစတဲ့ တခ်ိဳ႕ ခြ်င္းခ်က္ကလြဲရင္ ေျပာတာျဖစ္ပါတယ္။
• အသက္ၾကီးသူေတြဆိုရင္ ေျခေထာက္လႈပ္ရွားမႈကို မျဖစ္မေနလုပ္ေစတယ္။ လမ္းေလွ်ာက္ႏိုင္တာလဲ ရက္မၾကာပါ။
• ေလ့က်င့္ခန္းလုပ္တာမ်ိဳးအတြက္ အနည္း-အမ်ားနဲ႔ အျပင္း-အေျပာ့ကြာမယ္။ ဘာလုပ္လုပ္ ေျဖးေျဖး၊ နည္းနည္းကေန စသင့္တယ္။
• ၄ ပါတ္ဆိုရင္ မခြဲစိတ္ခင္ကလို လုပ္ႏိုင္ပါျပီ။ ခြဲထားတဲ့ေနရာအတြက္သာ ေစာင့္ၾကရတာျဖစ္ပါတယ္။ လက္ကို ခြဲထားသူက ဗယ္လီေလ့က်င့္ခန္း လုပ္လို႔ ရပါတယ္။
• အမ်ိဳးသမီးေတြ တင္ပါးဆံုေနရာ၊ ေမြးဖြါးလမ္းမွာ ခြဲစိတ္ရသူဆိုရင္ (ကီဂယ္လ္) ေလ့က်င့္ခန္းလိုမ်ိဳးကေတာ့ (၂) ပါတ္ ထက္ပိုျပီး ေစာင့္စရာမလိုပါ။ သားအိမ္နဲ႔ ေမြးလမ္း (ဗဂ်ိဳင္းနား)၊ ဆီးလမ္းအားေကာင္းေစဘို႔လုပ္နည္းကို ဆိုလိုတာပါ။ သားအိမ္-ဆီးအိမ္က်တာ သက္သာေစတယ္။ စာတပုဒ္သပ္သပ္ ေရးထားပါတယ္။
• ေလ့က်င့္ခန္းနဲ႔အတူ၊ အစားအေသာက္နဲ႔ လိုမဲ့ေဆးေတြလဲ ကူသင့္တယ္။ ဥပမာ မွ်တလံုေလာက္တဲ့ အာဟာရ စားေသာက္ရမယ္။ (တစ္ရွဴး) ေတြ အသစ္ျဖစ္ေစေအာင္ (ပရိုတင္း) ဓါတ္ မနည္းေစရပါ။ ၾကြက္သား အားေကာင္းေအာင္ (ပိုတက္ဆီယမ္) အပိုေဆာင္းလိုႏိုင္တယ္။ (ပိုတက္ဆီယမ္) မ်ားတဲ့အစားအေသာက္ေတြ လိုမယ္။ ဗီတာမင္ (စီ) လဲ ၅ဝဝ မီလီဂရမ္ ေသာက္တာ ေကာင္းပါတယ္။
• Chimose လိုေဆးေပးတာအတြက္ ခြဲစိတ္ဆရာဝန္တိုင္းက ေကာင္းတယ္-မေကာင္းဘူးဆိုတာ သေဘာထားမတူၾကပါ။
• ခြဲစိတ္မႈနည္းနာေတြ ပါဖက္ ျဖစ္ရင္ ခြဲစိတ္တာအတြက္ ပိုးေသေဆး မေပးတာလဲရွိတယ္။ တခ်ိဳ႕ ခြဲစိတ္မႈေတြမွာေတာ့ မခြဲခင္ကတည္းက ပိုးေသေဆးေပးထားရတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:ေဒါက္တာတင့္ေဆြ

#Unicode Version#
 သမီးက ဗိုက်ခွဲပြီးကလေးမွေးထားတာ ၈ ရက်မြောက်နေ့ရှိနေပါပြီ။ ချုပ်ရိုးက နာပြီး စပ်သလိုဖြစ်ပါတယ်။ ခွဲပြီးစမှာ အဲဒီလို ဖြစ်တတ်ပါလားရှင့်။ ချုပ်ရိုးက ဘယ်အချိန်လောက်မှာကျက်ပြီး သွားနိုင်လာနိုင်ပါသလဲရှင့်။ ဘေးစောင်းအိပ်လို့လဲ မရသေးပါဘူးရှင့်။

• ဗိုက်ခွဲတာတိုင်းမှာ အရေပြား၊ အဆီ၊ ကြွက်သား၊ အရွတ်လွှာ၊ ဗိုက်ဖုံးလွှာဆိုပြီး၊ ၄ ထပ်၊ အဆင့်ဆင့် ခွဲရ၊ ချုပ်ရတယ်။ ကလေးဖွါးတာဆိုရင် သားအိမ်ကိုပါ ၃ ထပ်ချုပ်ပေးရတယ်။
• နာတာမှာ ခံစားမှု မတူတာရှိတယ်။ ဗိုက်ကို တခါမကခွဲရသူတွေဆိုရင် သတိထားစရာတခုရှိတယ်။ တခါခွဲတိုင်း တွယ်ကပ်ဖြစ်စဉ် ဖြစ်ကြရတယ်။ တွယ်ကပ်မှုကြောင့် နာတတ်တယ်။ “Adhesion ခွဲစိတ်ရရင် တွယ်ကပ်မှု ဖြစ်တယ်” စာတပုဒ်သပ်သပ် ရေးထားပါတယ်။ လိုအပ်ရင် စစ်ဆေးပြုပြင်ပေးမယ်။
• ခွဲစိတ်မှုမှာ အသေးစားနဲ့ အကြီးစားရှိတယ်။ ဗိုက်ခွဲရရင်တော့ အကြီးစားထဲမှာပါမယ်။ မေ့ဆေးနဲ့ခွဲတာနဲ့ ခါးထုံဆေးနဲ့ ခွဲရတာတွေလဲ အကြီးစားလို့ ယေဘုယျ ပြောနိုင်တယ်။
• အနာ၊ ဒဏ်ရာနဲ့ ခွဲစိတ်နာတွေက အပေါ်ယံအရေပြား ကျက်ဘို့ (၈) ရက်ထက်မစောင့်ရပါ။ ခေါင်းပိုင်းဆို (၅) ရက်သာ ကြာတယ်။ STO ချုပ်ရိုးဖြေတဲ့ရက်တွေဖြစ်ပါတယ်။ အရိုးကျိုးထားတာက အချိန်ပိုယူပါမယ်။
• အရေပြားအောက်က အဆီ၊ ကြွက်သားနဲ့ အင်္ဂါအစိတ်အပိုင်းတွေလဲ ရက်တူလောက်မှာ အနာကျက်ပါတယ်။
• အကြမ်းဖျဉ်း နှစ်ပါတ် (၁၄ ရက်) ဆိုရင် အနာကောင်းကောင်းကျက်ပြီလို့ပြောနိုင်တယ်။ ပိုးဝင်လို့ အနာရင်းတာ၊ ချုပ်ရိုးကြောင်းဟသွားတာ၊ ပွင့်သွားတာ မဟုတ်ရင်ပြောတာဖြစ်ပါတယ်။
• ဗိုက်ကိုအကြီးစားခွဲစိတ်မှုလုပ်ပြီး ချုပ်ရိုးကြောင်းတခုလုံး ဟပွင့်ထွက်ထွက်တာမျိုးက ရက်စေ့လို့ ချုပ်ရိုးဖြေတဲ့ရက်မှာဘဲ ဖြစ်တယ်။ ကျွန်တော့်ဆရာဝန်သက်တမ်းအတွင်း အနည်းဆုံး (၃) ယောက်လောက်တွေ့ရဘူးတယ်။ ပြန်ချုပ်ရာမျာ အထူးစီမံပြီး ချုပ်ပေးရတယ်။ အဲလိုလူမျိုးကတော့ နောက်တခါ ချုပ်ရိုးဖြည်ဘို့ ရက်ပိုစောင့်ရမယ်။
• ချုပ်ရိုးမှာ လုံးလုံးလေးတွေလိုစမ်းတွေ့တာက စိုးရိမ်စရာမရှိပါ။ အရေပြားကိုချုပ်တဲ့ အပ်ခြည်၊ အောက်က အလွှာတွေကို ချုပ်တဲ့ အသားဖြစ်ချုပ်ကြိုး (ကက်ဂတ်) တွေက အမာရွတ်ဖြစ်စဉ်မှာ စုနေလို့သာဖြစ်ပါမယ်။ ကြာလေ အသားကျလေ ဖြစ်မယ်။ တကယ်လို့ နေရာတခုစီလောက်မှာ အနာလို ပန်းရောင်၊ အနီရောင် နေရာလေးတွေ ရှိရင်တော့ အထဲက ချုပ်ရိုးစလေး ထွက်ချင်လို့နေမယ်။ ထုတ်ပေးလိုက်ရင် ပျောက်သွားပါမယ်။
• ခွဲစိတ်ပြီးနောက် မေ့ဆေး၊ ထုံဆေးပျယ်တာနဲ့ လှုပ်ရှားမှုစနိုင်တယ်။ စလဲစသင့်တယ်။ (ဟာနီယာ) အူကျတာကို ခွဲစိတ်တာ၊ (ပလပ်စတစ်) ခွဲစိတ်တာစတဲ့ တချို့ ချွင်းချက်ကလွဲရင် ပြောတာဖြစ်ပါတယ်။
• အသက်ကြီးသူတွေဆိုရင် ခြေထောက်လှုပ်ရှားမှုကို မဖြစ်မနေလုပ်စေတယ်။ လမ်းလျှောက်နိုင်တာလဲ ရက်မကြာပါ။
• လေ့ကျင့်ခန်းလုပ်တာမျိုးအတွက် အနည်း-အများနဲ့ အပြင်း-အပြော့ကွာမယ်။ ဘာလုပ်လုပ် ဖြေးဖြေး၊ နည်းနည်းကနေ စသင့်တယ်။
• ၄ ပါတ်ဆိုရင် မခွဲစိတ်ခင်ကလို လုပ်နိုင်ပါပြီ။ ခွဲထားတဲ့နေရာအတွက်သာ စောင့်ကြရတာဖြစ်ပါတယ်။ လက်ကို ခွဲထားသူက ဗယ်လီလေ့ကျင့်ခန်း လုပ်လို့ ရပါတယ်။
• အမျိုးသမီးတွေ တင်ပါးဆုံနေရာ၊ မွေးဖွါးလမ်းမှာ ခွဲစိတ်ရသူဆိုရင် (ကီဂယ်လ်) လေ့ကျင့်ခန်းလိုမျိုးကတော့ (၂) ပါတ် ထက်ပိုပြီး စောင့်စရာမလိုပါ။ သားအိမ်နဲ့ မွေးလမ်း (ဗဂျိုင်းနား)၊ ဆီးလမ်းအားကောင်းစေဘို့လုပ်နည်းကို ဆိုလိုတာပါ။ သားအိမ်-ဆီးအိမ်ကျတာ သက်သာစေတယ်။ စာတပုဒ်သပ်သပ် ရေးထားပါတယ်။
• လေ့ကျင့်ခန်းနဲ့အတူ၊ အစားအသောက်နဲ့ လိုမဲ့ဆေးတွေလဲ ကူသင့်တယ်။ ဥပမာ မျှတလုံလောက်တဲ့ အာဟာရ စားသောက်ရမယ်။ (တစ်ရှူး) တွေ အသစ်ဖြစ်စေအောင် (ပရိုတင်း) ဓါတ် မနည်းစေရပါ။ ကြွက်သား အားကောင်းအောင် (ပိုတက်ဆီယမ်) အပိုဆောင်းလိုနိုင်တယ်။ (ပိုတက်ဆီယမ်) များတဲ့အစားအသောက်တွေ လိုမယ်။ ဗီတာမင် (စီ) လဲ ၅ဝဝ မီလီဂရမ် သောက်တာ ကောင်းပါတယ်။
• Chimose လိုဆေးပေးတာအတွက် ခွဲစိတ်ဆရာဝန်တိုင်းက ကောင်းတယ်-မကောင်းဘူးဆိုတာ သဘောထားမတူကြပါ။
• ခွဲစိတ်မှုနည်းနာတွေ ပါဖက် ဖြစ်ရင် ခွဲစိတ်တာအတွက် ပိုးသေဆေး မပေးတာလဲရှိတယ်။ တချို့ ခွဲစိတ်မှုတွေမှာတော့ မခွဲခင်ကတည်းက ပိုးသေဆေးပေးထားရတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:ဒေါက်တာတင့်ဆွေ
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top