iMyanmarHouse.com - Best Property Website for Myanmar
×






Credit:Luckymyanmar
#Unicode Version#
မင်းသမီးချောလေး ရွှေမှုန်ရတီကတော့ အသက်ငယ်ငယ်လေးနဲ့ အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။

ပီပြင်တိကျတဲ့ အိုက်တင်တွေနဲ့ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးအသက်သွင်းနိုင်တဲ့ ရွှေမှုန်က ပရိသတ်တွေရဲ့တစ်ခဲနက် အားပေးထောက်ခံမှုကို ရရှိထားသူ ဖြစ်ပါတယ် ။ အိမ်ထောင်ကျပြီး နောက်ပိုင်းမှာလည်း ရွှေမှုန်က အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ် ။

မင်းသမီးချောလေး ရွှေမှုန်ရတီတို့ ဇနီးမောင်နှံကတော့ လက်ရှိမှာ အေးချမ်းသာယာတဲ့ အိမ်ထောင်သည်ဘဝလေးကို ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ်။

အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ ကိုယ်စီ အနုပညာအလုပ်တွေကို မနားတမ်းလုပ်ကိုင်နေရပေမယ့်လည်း သူတို့စုံတွဲက အချစ်တွေပိုတိုးလို့နေတာ တွေ့ရပါတယ်။

အရမ်းကို Romantic ဆန်ဆန် ချစ်ကြတဲ့ ရွှေရွှေတို့စုံတွဲကိုတော့ ပရိသတ်တွေအားလုံးက အားကျနေရတာ ဖြစ်ပါတယ် ။

ဒီကနေ့ မေလ(၁၆)ရက်နေ့ကတော့ သဲ လို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ သရုပ်ဆောင် ရွှေမှုံရတီ ရဲ့ အသက်(၂၁)နှစ်ပြည့် မွေးနေ့ဖြစ်တယ်လို့ သိရပါတယ်။ ချစ်တဲ့ ပရိသတ်ကြီးကလည်း ရွှေမှုံအတွက် မွေးနေ့ဆုတောင်းပေးခဲ့အုံးနော် ။

Credit:Luckymyanmar
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top