iMyanmarHouse.com - Best Property Website for Myanmar
×


ခ်စ္သူသက္တမ္းၾကာလို႔ အဆင္မေျပဘူးျဖစ္ေနတယ္ဆိုရင္ေတာ့ ဒီအခ်က္ေလးေတြကို ဆန္းစစ္လို႔ အေျဖရွာၾကည့္ပါ။ လိုေနတဲ့ အခ်က္ေလးေတြ ျပင္မယ္ဆိုရင္ အားလံုးအဆင္ေျပမွာပါ။

အခ်စ္စစ္ရင္ မေျဖာင့္ျဖဴးဘူးဆိုေပမယ့္ ျပႆနာေတြ အဆင္မေျပတာေတြ ေတာက္ေလွ်ာက္ျဖစ္ေနတဲ့ အခ်စ္ေရးကိုေတာ့ ဘယ္သူမွ လုိခ်င္မွာ မဟုတ္ပါဘူးေနာ္။ ကိစၥေသးေသးမႊားမႊားေလးက အစ ျပႆနာ အႀကီးႀကီး ျဖစ္ေနတယ္ဆိုရင္ေတ့ာ ႏွစ္ေယာက္ၾကားမွာ ျပန္လည္ျပင္ဆင္ရမွာေတြ ရွိေနပါၿပီ။ ႏွစ္ေတြအၾကာႀကီး ခ်စ္ၿပီးမွ အဆင္မေျပတာေတြ ၊ အရင္ကလို ညွိႏႈိင္းမရတာေတြ ျဖစ္လာရင္ လုပ္ေဆာင္ရမယ့္ အခ်က္ေတြ ရွိပါတယ္။

မခ်စ္ေတာ့တာလား

ႏွစ္ေတြ အၾကာႀကီး ခ်စ္လာခဲ့ၾကတဲ့ စံုတြဲေလးေတြ ေတာ္ေတာ္မ်ားမ်ားမွာ ျဖစ္တတ္တဲ့ ခံစားခ်က္ကေတာ့ အရင္ကလို မခ်စ္ေတာ့ဘူးဆိုတဲ့ ခံစားခ်က္ပါ။ မခ်စ္ေတာ့ဘူး၊ အရင္ကလို ခ်စ္တာေတြ မခံစားမိေတာ့ဘူးဆိုတာ ႏွစ္ၾကာတဲ့ စံုတြဲတိုင္း ျဖစ္ပါတယ္။ ကိုယ္က ခံစားလာရတာပဲျဖစ္ျဖစ္ သူက ခံစားလာရတာပဲ ျဖစ္ျဖစ္ ဒီကိစၥကို ေသခ်ာေလး ေဆြးေႏြးဖို႔ လိုပါတယ္။

အလုပ္ႀကိဳးစားေနတာလား

ႏွစ္ေတြၾကာလာတဲ့ စံုတြဲေလးတို႔မွာ ေနာက္ထပ္ ရန္ျဖစ္တဲ့ ကိစၥကေတာ့ အလုပ္ေတြပဲ ပိုလုပ္ေနၿပီး ခ်စ္သူကို အရင္လို အခ်ိန္မေပးေတာ့တာပါ။ ဒီလိုမ်ိဳးေတြ ႀကံဳလာၿပီဆိုရင္ (၂) ပိုင္းခြဲၿပီး သိဖို႔ လိုပါတယ္။ ကိုယ့္ကို ခ်စ္လို႔ လက္တြဲဖို႔ အလုပ္ႀကိဳးစားေနတာလား၊ ကိုယ့္ကို မေတြ႔ခ်င္လုိ႔ အလုပ္အေၾကာင္းျပေနတာလားဆိုတာ ခြဲၿပီးသိဖို႔ လိုပါတယ္။ ခ်စ္သူေတြမွာ ခ်စ္တဲ့ႏွစ္ၾကာလာတဲ့အခါ အရင္ကလို အရမ္းေတြရိုၿပီး ခ်စ္ျပေနဖို႔ထက္ လက္တြဲရဖို႔ အဓိက ထားၿပီး ႀကိဳးစားေလ့ ရွိၾကပါတယ္။ အဲဒါေၾကာင့္လားဆိုတာ သိထားရမွာပါေနာ္။

အရင္အခ်ိန္ေတြကိုျပန္ေတြးပါ

ႏွစ္ေတြၾကာလို႔ အခ်စ္ေရးေတြ အဆင္မေျပေတာ့ဘူးဆိုရင္ အရင္က ခ်စ္ခဲ့တဲ့ အခ်ိန္ေတြကို ျပန္ေတြးပါ။ ဒါဆိုရင္ တစ္ေယာက္နဲ႔ တစ္ေယာက္ သည္းခံခဲ့တာေတြ၊ ခ်စ္ခဲ့တာေတြ၊ ဂရုစိုက္ခဲ့တာေတြကို ျပန္ျမင္ေယာင္လာၿပီး အဆင္ေျပလာႏိုင္ပါတယ္။ အရင္အခ်ိန္ေတြအေၾကာင္းလည္း ျပန္လည္ေဆြးေႏြးပါ။

သစၥာရွိပါ

ႏွစ္ေတြၾကာလာတဲ့ စံုတြဲေလးတို႔မွာ အဓိက ျဖစ္တဲ့ ျပႆနာက ေနာက္ထပ္တစ္ေယာက္ကို ရင္ခုန္လာတာ၊ စိတ္ညႊတ္လာတာေတြပါပဲ။ ဒီလိုျဖစ္လာၿပီဆုိရင္ ႏွစ္ေယာက္ၾကားမွာ အခ်စ္ေတြ ေလ်ာ့လာၿပီး ရန္ေတြ ေတာက္ေလ်ာက္ ျဖစ္လာေတာ့မွာမို႔ သစၥာရွိပါ။ ကိုယ့္ခ်စ္သူအေပၚမွာပဲ စိတ္ႏွစ္ထားပါ။ ဒါဆိုရင္ေတာ့ ျပႆနာ နည္းပါတယ္။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

ချစ်သူသက်တမ်းကြာလို့ အဆင်မပြေဘူးဖြစ်နေတယ်ဆိုရင်တော့ ဒီအချက်လေးတွေကို ဆန်းစစ်လို့ အဖြေရှာကြည့်ပါ။ လိုနေတဲ့ အချက်လေးတွေ ပြင်မယ်ဆိုရင် အားလုံးအဆင်ပြေမှာပါ။

အချစ်စစ်ရင် မဖြောင့်ဖြူးဘူးဆိုပေမယ့် ပြဿနာတွေ အဆင်မပြေတာတွေ တောက်လျှောက်ဖြစ်နေတဲ့ အချစ်ရေးကိုတော့ ဘယ်သူမှ လိုချင်မှာ မဟုတ်ပါဘူးနော်။ ကိစ္စသေးသေးမွှားမွှားလေးက အစ ပြဿနာ အကြီးကြီး ဖြစ်နေတယ်ဆိုရင်တေ့ာ နှစ်ယောက်ကြားမှာ ပြန်လည်ပြင်ဆင်ရမှာတွေ ရှိနေပါပြီ။ နှစ်တွေအကြာကြီး ချစ်ပြီးမှ အဆင်မပြေတာတွေ ၊ အရင်ကလို ညှိနှိုင်းမရတာတွေ ဖြစ်လာရင် လုပ်ဆောင်ရမယ့် အချက်တွေ ရှိပါတယ်။

မချစ်တော့တာလား

နှစ်တွေ အကြာကြီး ချစ်လာခဲ့ကြတဲ့ စုံတွဲလေးတွေ တော်တော်များများမှာ ဖြစ်တတ်တဲ့ ခံစားချက်ကတော့ အရင်ကလို မချစ်တော့ဘူးဆိုတဲ့ ခံစားချက်ပါ။ မချစ်တော့ဘူး၊ အရင်ကလို ချစ်တာတွေ မခံစားမိတော့ဘူးဆိုတာ နှစ်ကြာတဲ့ စုံတွဲတိုင်း ဖြစ်ပါတယ်။ ကိုယ်က ခံစားလာရတာပဲဖြစ်ဖြစ် သူက ခံစားလာရတာပဲ ဖြစ်ဖြစ် ဒီကိစ္စကို သေချာလေး ဆွေးနွေးဖို့ လိုပါတယ်။

အလုပ်ကြိုးစားနေတာလား

နှစ်တွေကြာလာတဲ့ စုံတွဲလေးတို့မှာ နောက်ထပ် ရန်ဖြစ်တဲ့ ကိစ္စကတော့ အလုပ်တွေပဲ ပိုလုပ်နေပြီး ချစ်သူကို အရင်လို အချိန်မပေးတော့တာပါ။ ဒီလိုမျိုးတွေ ကြုံလာပြီဆိုရင် (၂) ပိုင်းခွဲပြီး သိဖို့ လိုပါတယ်။ ကိုယ့်ကို ချစ်လို့ လက်တွဲဖို့ အလုပ်ကြိုးစားနေတာလား၊ ကိုယ့်ကို မတွေ့ချင်လို့ အလုပ်အကြောင်းပြနေတာလားဆိုတာ ခွဲပြီးသိဖို့ လိုပါတယ်။ ချစ်သူတွေမှာ ချစ်တဲ့နှစ်ကြာလာတဲ့အခါ အရင်ကလို အရမ်းတွေရိုပြီး ချစ်ပြနေဖို့ထက် လက်တွဲရဖို့ အဓိက ထားပြီး ကြိုးစားလေ့ ရှိကြပါတယ်။ အဲဒါကြောင့်လားဆိုတာ သိထားရမှာပါနော်။

အရင်အချိန်တွေကိုပြန်တွေးပါ

နှစ်တွေကြာလို့ အချစ်ရေးတွေ အဆင်မပြေတော့ဘူးဆိုရင် အရင်က ချစ်ခဲ့တဲ့ အချိန်တွေကို ပြန်တွေးပါ။ ဒါဆိုရင် တစ်ယောက်နဲ့ တစ်ယောက် သည်းခံခဲ့တာတွေ၊ ချစ်ခဲ့တာတွေ၊ ဂရုစိုက်ခဲ့တာတွေကို ပြန်မြင်ယောင်လာပြီး အဆင်ပြေလာနိုင်ပါတယ်။ အရင်အချိန်တွေအကြောင်းလည်း ပြန်လည်ဆွေးနွေးပါ။

သစ္စာရှိပါ

နှစ်တွေကြာလာတဲ့ စုံတွဲလေးတို့မှာ အဓိက ဖြစ်တဲ့ ပြဿနာက နောက်ထပ်တစ်ယောက်ကို ရင်ခုန်လာတာ၊ စိတ်ညွှတ်လာတာတွေပါပဲ။ ဒီလိုဖြစ်လာပြီဆိုရင် နှစ်ယောက်ကြားမှာ အချစ်တွေ လျော့လာပြီး ရန်တွေ တောက်လျောက် ဖြစ်လာတော့မှာမို့ သစ္စာရှိပါ။ ကိုယ့်ချစ်သူအပေါ်မှာပဲ စိတ်နှစ်ထားပါ။ ဒါဆိုရင်တော့ ပြဿနာ နည်းပါတယ်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top