iMyanmarHouse.com - Best Property Website for Myanmar
×


ဘယ္သူမဆုိလူခ်စ္လူခင္မ်ားခ်င္ၾကပါတယ္။ ဒါေပမယ့္ ပတ္၀န္းက်င္မွာ ထိေတြ႕ဆက္ဆံေနရသူေတြအေပၚမွာ ဘယ္လိုလူတစ္ေယာက္ျဖစ္ေနမလဲဆိုတာ သိပါသလား။ ကၽြန္ေတာ္တို႔ရဲ႕ အမူအက်င့္နဲ႔ လုပ္ေဆာင္ခ်က္အားလံုးက ပတ္၀န္းက်င္ေပၚက လူေတြကို အလံုးစံုေက်နပ္ေစႏိုင္မွာေတာ့ မဟုတ္ပါဘူး။

ဒီထဲကမွ တခ်ိဳ႕ေသာ အမူအက်င့္ေတြက သင့္ကို အျခားသူေတြက အဆက္ဆံမလုပ္ခ်င္ေလာက္ေအာင္ စိတ္ပ်က္ေစႏိုင္ပါတယ္။ ဒီအခ်က္ေတြကို ေရွာင္ၾကဥ္ႏုိင္ဖို႔အတြက္ လူခ်စ္လူခင္နည္းေစႏိုင္တဲ့ အခ်က္(၇)ခုကို ေဖာ္ျပလိုက္ပါတယ္။

၁။ ကိုယ့္အေၾကာင္း ကိုယ္တိုင္ေျပာလြန္းျခင္း

စကားေျပာ တဲ့အခါမွာ သင့္ဘ၀အေတြ႕အၾကံဳေတြကို ထည့္သြင္းေျပာဆို ေ၀မွ်ခ်င္တာက သဘာ၀ပါပဲ။ လူအမ်ားက ကိုယ့္အေၾကာင္းကိုယ္ေျပာဖို႔ကို စိတ္အားထက္သန္ၾကပါတယ္။ ဒါေပမယ့္ စကားေျပာတဲ့အခါမွာ ကိုယ့္အေၾကာင္းေတြခ်ည္းပဲ ေျပာေနမယ္ဆိုရင္ေတာ့ နားေထာင္ရသူေတြအတြက္ အဆင္ေျပႏိုင္မွာမဟုတ္ပါဘူး။ တဖက္သူအေၾကာင္းကို လံုး၀စိတ္မ၀င္စားပဲ ကိုယ့္အေၾကာင္းပဲ အျမဲေျပာေနတတ္သူကို ဘယ္သူကမွ သေဘာက်မွာမဟုတ္ပါဘူး။

၂။ နားေထာင္မေပးတတ္ျခင္း

လူေတြနဲ႔စကားေျပာဆိုတဲ့အခါမွာ သင္ကခ်ည္းပဲ ေျပာေနမယ္။ တဖက္သူစကားေျပာဖို႔ အလွည့္မေပးတာနဲ႔ တဖက္သူစကားေျပာဆိုခ်ိန္မွာ စိတ္၀င္စားမႈမရွိသလိုလုပ္တာေတြက လူခ်င္လူခင္နည္းေစႏိုင္တဲ့ အခ်က္ေတြပဲ ျဖစ္ပါတယ္။ ဘယ္သူမဆို သူတို႔ေျပာတာကို အေလးထားနားေထာင္ေပးတာကို လိုခ်င္ၾကပါတယ္။ ဒါ့ေၾကာင့္ ဘာျပန္ေျပာရင္ေကာင္းမလဲဆိုတာ စဥ္းစားမေနပဲ တဖက္သူေျပာစကားေတြကို ေသခ်ာဂရုစိုက္နားေထာင္ေပးပါ။

၃။ တစ္ယူသန္ျခင္း

လူတိုင္းက ျပဳလြယ္ေျပာင္းလြယ္ၿပီး တစ္ဇြတ္ထိုးမဆန္သူေတြကို သေဘာက်ပါတယ္။ တစ္ယူသန္ၿပီး ကိုယ္ေျပာတာမွ အမွန္ဆိုတာမ်ိဳး ျငင္းခံုတတ္သူေတြကို ဘယ္သူကမွ ေရရွည္အေပါင္းအသင္းမလုပ္ခ်င္ၾကပါဘူး။ လူခ်စ္လူခင္မ်ားသူေတြက တဖက္သူေတြရဲ႕ ထင္ျမင္ယူဆခ်က္နဲ႔ ေျပာစကားေတြကို အေလးထားထည့္သြင္း စဥ္းစားေပးေလ့ရွိပါတယ္။

၄။ ရုပ္ရည္သြင္ျပင္ကို ဂရုမစိုက္ျခင္း

စာအုပ္တစ္အုပ္ရဲ႕တန္ဖိုးကို မ်က္ႏွာဖံုးနဲ႔ အကဲျဖတ္လို႔မရဘူးဆိုေပမယ့္ လူတစ္ေယာက္အတြက္ေတာ့ အ၀တ္အစားနဲ႔ ရုပ္ရည္သြင္ျပင္က အတိုင္းအတာတစ္ခုအထိ အေရးႀကီးပါတယ္။ လူအမ်ားစုကလည္း ရုပ္ရည္သြင္ျပင္ သန္႔ရွင္းသပ္ရပ္ၿပီး ၾကည့္ေကာင္းသူေတြကို ပိုၿပီးသေဘာက်ခင္မင္ေလ့ရွိပါတယ္။ ဒါ့ေၾကာင့္ ရုပ္ရည္သြင္ျပင္ကို လံုး၀ဂရုမစိုက္ပဲ မေနပါနဲ႔။ သန္႔ရွင္းသပ္ရပ္ၿပီး ၾကည့္ေကာင္းသူတစ္ေယာက္ျဖစ္ေအာင္ ေနထိုင္ပါ။

၅။ ရုပ္ရည္ကို ဂရုစိုက္လြန္းျခင္း

ဒီအခ်က္ေၾကာင့္ စဥ္းစားရခက္သြားႏိုင္ပါတယ္။ ဟုတ္ပါတယ္။ ရုပ္ရည္သြင္ျပင္ကို ဂရုစိုက္ရမယ္လို႔ အေပၚမွာေဖာ္ျပခဲ့တာ မွန္ေပမယ့္ ရုပ္ရည္ကို လိုတာထက္ပိုၿပီး ဂရုစိုက္ေနတာက လူေတြစိတ္ပ်က္ေစႏိုင္တဲ့အခ်က္တစ္ခုပါပဲ။

၆။ အရမ္းညည္းလြန္းျခင္း

အျမဲတမ္း တစ္ခုခုကို မေက်မနပ္နဲ႔ ညည္းညဴေနသူတစ္ေယာက္နားမွာ ဘယ္သူမွ မေနခ်င္ပါဘူး။ အလုပ္အေၾကာင္း၊ ဘ၀အခက္အခဲေတြအေၾကာင္း လတ္တေလာအဆင္မေျပမႈေတြအေၾကာင္း အျမဲတမ္းညည္းညဴေနတာက အေလ့အက်င့္ေကာင္းတစ္ခု မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ တစ္ခုခုအဆင္မေျပျဖစ္ရင္ ပါးစပ္ကေန ညည္းညဴေနမယ့္အစား လက္ေတြ႕ေျဖရွင္းႏိုင္ေအာင္ ႀကိဳးစားပါ။ လိုအပ္ရင္ အကူအညီေတာင္းပါ။ အဆိုးျမင္စိတ္နဲ႔ အရာရာကို အျပစ္ေျပာမေနပါနဲ႔။

၇။ တဖက္သားကို ႏွိမ့္ခ်ေျပာဆိုျခင္း

တဖက္သားကို ရည္ရြယ္ၿပီးပဲျဖစ္ျဖစ္၊ မရည္ရြယ္ပဲျဖစ္ျဖစ္ ႏွိမ့္ခ်ေျပာဆိုတာကလည္း လူခ်စ္လူခင္နည္းေစတဲ့ အခ်က္ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ စကားေျပာတဲ့အခါ သတိထားပါ။ အျပန္အလွန္ေလးစားမႈနဲ႔ ဆက္ဆံပါ။ ဘယ္သူကမွ အႏွိမ္မခံခ်င္ဘူးဆိုတာ သတိရပါ။

Credit:Gentlman magazine

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

ဘယ်သူမဆိုလူချစ်လူခင်များချင်ကြပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်မှာ ထိတွေ့ဆက်ဆံနေရသူတွေအပေါ်မှာ ဘယ်လိုလူတစ်ယောက်ဖြစ်နေမလဲဆိုတာ သိပါသလား။ ကျွန်တော်တို့ရဲ့ အမူအကျင့်နဲ့ လုပ်ဆောင်ချက်အားလုံးက ပတ်ဝန်းကျင်ပေါ်က လူတွေကို အလုံးစုံကျေနပ်စေနိုင်မှာတော့ မဟုတ်ပါဘူး။

ဒီထဲကမှ တချို့သော အမူအကျင့်တွေက သင့်ကို အခြားသူတွေက အဆက်ဆံမလုပ်ချင်လောက်အောင် စိတ်ပျက်စေနိုင်ပါတယ်။ ဒီအချက်တွေကို ရှောင်ကြဉ်နိုင်ဖို့အတွက် လူချစ်လူခင်နည်းစေနိုင်တဲ့ အချက်(၇)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ ကိုယ့်အကြောင်း ကိုယ်တိုင်ပြောလွန်းခြင်း

စကားပြော တဲ့အခါမှာ သင့်ဘဝအတွေ့အကြုံတွေကို ထည့်သွင်းပြောဆို ဝေမျှချင်တာက သဘာဝပါပဲ။ လူအများက ကိုယ့်အကြောင်းကိုယ်ပြောဖို့ကို စိတ်အားထက်သန်ကြပါတယ်။ ဒါပေမယ့် စကားပြောတဲ့အခါမှာ ကိုယ့်အကြောင်းတွေချည်းပဲ ပြောနေမယ်ဆိုရင်တော့ နားထောင်ရသူတွေအတွက် အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။ တဖက်သူအကြောင်းကို လုံးဝစိတ်မဝင်စားပဲ ကိုယ့်အကြောင်းပဲ အမြဲပြောနေတတ်သူကို ဘယ်သူကမှ သဘောကျမှာမဟုတ်ပါဘူး။

၂။ နားထောင်မပေးတတ်ခြင်း

လူတွေနဲ့စကားပြောဆိုတဲ့အခါမှာ သင်ကချည်းပဲ ပြောနေမယ်။ တဖက်သူစကားပြောဖို့ အလှည့်မပေးတာနဲ့ တဖက်သူစကားပြောဆိုချိန်မှာ စိတ်ဝင်စားမှုမရှိသလိုလုပ်တာတွေက လူချင်လူခင်နည်းစေနိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဘယ်သူမဆို သူတို့ပြောတာကို အလေးထားနားထောင်ပေးတာကို လိုချင်ကြပါတယ်။ ဒါ့ကြောင့် ဘာပြန်ပြောရင်ကောင်းမလဲဆိုတာ စဉ်းစားမနေပဲ တဖက်သူပြောစကားတွေကို သေချာဂရုစိုက်နားထောင်ပေးပါ။

၃။ တစ်ယူသန်ခြင်း

လူတိုင်းက ပြုလွယ်ပြောင်းလွယ်ပြီး တစ်ဇွတ်ထိုးမဆန်သူတွေကို သဘောကျပါတယ်။ တစ်ယူသန်ပြီး ကိုယ်ပြောတာမှ အမှန်ဆိုတာမျိုး ငြင်းခုံတတ်သူတွေကို ဘယ်သူကမှ ရေရှည်အပေါင်းအသင်းမလုပ်ချင်ကြပါဘူး။ လူချစ်လူခင်များသူတွေက တဖက်သူတွေရဲ့ ထင်မြင်ယူဆချက်နဲ့ ပြောစကားတွေကို အလေးထားထည့်သွင်း စဉ်းစားပေးလေ့ရှိပါတယ်။

၄။ ရုပ်ရည်သွင်ပြင်ကို ဂရုမစိုက်ခြင်း

စာအုပ်တစ်အုပ်ရဲ့တန်ဖိုးကို မျက်နှာဖုံးနဲ့ အကဲဖြတ်လို့မရဘူးဆိုပေမယ့် လူတစ်ယောက်အတွက်တော့ အဝတ်အစားနဲ့ ရုပ်ရည်သွင်ပြင်က အတိုင်းအတာတစ်ခုအထိ အရေးကြီးပါတယ်။ လူအများစုကလည်း ရုပ်ရည်သွင်ပြင် သန့်ရှင်းသပ်ရပ်ပြီး ကြည့်ကောင်းသူတွေကို ပိုပြီးသဘောကျခင်မင်လေ့ရှိပါတယ်။ ဒါ့ကြောင့် ရုပ်ရည်သွင်ပြင်ကို လုံးဝဂရုမစိုက်ပဲ မနေပါနဲ့။ သန့်ရှင်းသပ်ရပ်ပြီး ကြည့်ကောင်းသူတစ်ယောက်ဖြစ်အောင် နေထိုင်ပါ။

၅။ ရုပ်ရည်ကို ဂရုစိုက်လွန်းခြင်း

ဒီအချက်ကြောင့် စဉ်းစားရခက်သွားနိုင်ပါတယ်။ ဟုတ်ပါတယ်။ ရုပ်ရည်သွင်ပြင်ကို ဂရုစိုက်ရမယ်လို့ အပေါ်မှာဖော်ပြခဲ့တာ မှန်ပေမယ့် ရုပ်ရည်ကို လိုတာထက်ပိုပြီး ဂရုစိုက်နေတာက လူတွေစိတ်ပျက်စေနိုင်တဲ့အချက်တစ်ခုပါပဲ။

၆။ အရမ်းညည်းလွန်းခြင်း

အမြဲတမ်း တစ်ခုခုကို မကျေမနပ်နဲ့ ညည်းညူနေသူတစ်ယောက်နားမှာ ဘယ်သူမှ မနေချင်ပါဘူး။ အလုပ်အကြောင်း၊ ဘဝအခက်အခဲတွေအကြောင်း လတ်တလောအဆင်မပြေမှုတွေအကြောင်း အမြဲတမ်းညည်းညူနေတာက အလေ့အကျင့်ကောင်းတစ်ခု မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခုခုအဆင်မပြေဖြစ်ရင် ပါးစပ်ကနေ ညည်းညူနေမယ့်အစား လက်တွေ့ဖြေရှင်းနိုင်အောင် ကြိုးစားပါ။ လိုအပ်ရင် အကူအညီတောင်းပါ။ အဆိုးမြင်စိတ်နဲ့ အရာရာကို အပြစ်ပြောမနေပါနဲ့။

၇။ တဖက်သားကို နှိမ့်ချပြောဆိုခြင်း

တဖက်သားကို ရည်ရွယ်ပြီးပဲဖြစ်ဖြစ်၊ မရည်ရွယ်ပဲဖြစ်ဖြစ် နှိမ့်ချပြောဆိုတာကလည်း လူချစ်လူခင်နည်းစေတဲ့ အချက်ဖြစ်ပါတယ်။ ဒါ့ကြောင့် စကားပြောတဲ့အခါ သတိထားပါ။ အပြန်အလှန်လေးစားမှုနဲ့ ဆက်ဆံပါ။ ဘယ်သူကမှ အနှိမ်မခံချင်ဘူးဆိုတာ သတိရပါ။

Credit:Gentlman magazine

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top