iMyanmarHouse.com - Best Property Website for Myanmar
×


မိန္းကေလးေတြက သူတို႔ရဲ႕ခ်စ္သူ သဝန္တိုတတ္တာက သူတို႔ကိုခ်စ္လို႔ဆိုၿပီး ေတြးတတ္ၾကတယ္။ ခ်စ္သူက အလုပ္လုပ္ေနရလို႔ ကိုယ္နဲ႔ အခ်ိန္ျပည့္မေတြ႕ႏိုင္ဘူး၊ အလုပ္ကအျပန္ ေနာက္က်တယ္ ဆိုရင္ ပစ္ထားခံံရသလို ခံစားလာရတတ္တယ္။

အဲဒါေၾကာင့္ ခ်စ္သူ ကိုယ္ဘက္ကို လွည့္ၾကည့္ၿပီး သဝန္တိုလာေအာင္ လုပ္တတ္ၾကတယ္။ ဒီနည္းေလးေတြကေတာ့ ခ်စ္သူက ကိုယ့္ကို သဝန္တိုလာေစၿပီး ပိုဂ႐ုစိုက္လာေစမယ့္ နည္းလမ္းေတြပဲျဖစ္တယ္။

(၁) သူ မပါဘဲ ပါတီသြားျပလိုက္ပါ ။

အလုပ္ကိုပဲ ဦးစားေပးၿပီး သင့္ကိုဂ႐ုစိုက္ဖို႔ ေမ့ေနတတ္တဲ့ ခ်စ္သူကို သဝန္တိုေအာင္ လုပ္ခ်င္တယ္ဆိုရင္ သူမပါဘဲ ပါတီသြားလိုက္ပါ။ သူအလုပ္ကျပန္ေရာက္လာရင္ သင့္ဖုန္းကို ဆက္လာမွာပါ။ အဲ့အခ်ိန္က်ရင္ မကိုင္ဘဲထားလိုက္ပါ။ သူ႔ Missed Call ေတြကို ေတြ႕ရင္ေတာင္ ျပန္မဆက္ပါနဲ႔။

သူ႔စာေတြကိုလည္း မျပန္ပါနဲ႔။ သူက ဘယ္လိုပဲ အေရးႀကီးလို႔ ဖုန္းကိုင္ပါလို႔ ေျပာရင္ေတာင္ မကိုင္ပါနဲ႔။ ၿပီးရင္ ပါတီတစ္ခုကို ေရာက္ေနတယ္ဆိုတာ သူသိေအာင္ သီခ်င္းသံေတြနားမွာ စကားေျပာလိုက္ပါ။

အဲဒါမွ သင့္ေနာက္က သီခ်င္းသံေတြကို နားေထာင္မိၿပီး သင့္ကို ေမးခြန္းေပါင္းစုံေတြ ေမးလာမယ္။ သင္ဟာ သူနဲ႔အတူရွိမေနတဲ့ အတြက္ေၾကာင့္ သဝန္တိုလာမယ္။ အဲလိုမ်ိဳးနဲ႔ သင့္ဘက္ကို စိတ္ျပန္ပါေအာင္လုပ္ပါ။

(၂) သူပစ္ထားသလို ျပန္လုပ္ၾကည့္ပါ ။

သင္ဖုန္းဆက္လိုက္တိုင္း သူအလုပ္မအားလို႔ ေနာက္မွ ျပန္ဆက္မယ္ဆိုၿပီး အျငင္းခံလိုက္ရတယ္။ အခ်ိန္တိုင္းဆိုရင္ေတာ့ သင့္ကို ဂ႐ုမစိုက္သလို ျဖစ္လာတယ္။ အဲ့လိုခ်စ္သူမ်ိဳးကို သင့္ဆီစိတ္ျပန္ေရာက္လာေအာင္လုပ္ရမယ့္ နည္းလမ္းကေတာ့ သူပစ္ထားသလို ျပန္လုပ္ၾကည့္လိုက္ပါ။

သူဖုန္းဆက္ရင္ မအားသလို ဟန္ေဆာင္ၿပီ ဖုန္းကိုခ်လိုက္ပါ။ အဲ့လိုဆို သူ႔စိတ္ထဲ ထစ္သြားမယ္။ ေနာက္ၿပီး သူနဲ႔ဖုန္းေျပာရင္ ပ်င္းတယ္ဆိုၿပီး ဟန္ေဆာင္လိုက္ပါ။ (အထင္လြဲေအာင္ေတာ့ မလုပ္လိုက္နဲ႔ေပါ့) သူနဲ႔ခ်ိန္းေတြ႕လို႔ စကားေျပာၾကရင္ သူ႔စကားကို အာ႐ုံမရလိုက္သလို ဟန္ေဆာင္လိုက္ပါ။ အဲဒါဆို သူ႔စိတ္ထဲက သဝန္တိုစိတ္ေတြက ထြက္က်လာမွာပါ။

(၃) သူ႔ေရွ႕မွာ တျခားေကာင္ေလးအေၾကာင္းကို ေျပာေနပါ ။

တစ္ခါတစ္ေလ သင့္ခ်စ္သူက အလုပ္ေတြမ်ားလြန္းလို႔ သင္ဆံပင္ညႇပ္ထားတယ္ဆိုတာေတာင္ မသိေတာ့တာေတြရွိတတ္တယ္။ အဲလိုခ်စ္သူမ်ိဳးကို သဝန္တိုလာေအာင္ ဘယ္လိုလုပ္ရမလဲဆိုေတာ့ သူ႔ေရွ႕မွာ တျခားေကာင္ေလးအေၾကာင္းကို ေျပာေနပါ။ ဥပမာ – သူ႔ဆီမွာ ေခ်ာတဲ့ေယာက်္ားေလးသူငယ္ခ်င္းေတြရွိေနရင္ အဲ့ဒီသူငယ္ခ်င္းအေၾကာင္းကိုေျပာေနပါ။ အဲ့လိုေျပာေနရင္းနဲ႔ သူ႔မ်က္လုံးထဲမွာ သဝန္တိုေနတာေတြကို ေတြ႕ရမွာပါ။

(၄) သူ႔ေရွ႕မွာဆို ဖုန္းကိုကြယ္ခ်င္ေယာင္ေဆာင္လိုက္ပါ ။

ဒီနည္းလမ္းကေတာ့ လြယ္ပါတယ္။ သူနဲ႔အတူရွိေနခ်ိန္ သင့္သူငယ္ခ်င္းတစ္ေယာက္ကို သင့္ဆီ ဖုန္းဆက္ခိုင္းလိုက္ပါ။ၿပီးရင္ သူ႔မၾကားၾကားေအာင္ ေလသံတိုးတိုးေလးနဲ႔ ေယာက်္ားေလးနဲ႔ေျပာေနသလိုမ်ိဳး ဟန္ေဆာင္လိုက္ပါ။

အဲ့လိုဆို သူက “ဘယ္သူနဲ႔ေျပာေနတာလဲ” ဆိုၿပီး သင့္ကိုေမးလာမယ္။ အဲအခ်ိန္ဆို ဖုန္းကိုကြယ္ၿပီး အျပင္ကိုထြက္ေျပာေနလိုက္ပါ။ သူ႔မ်က္စိေတြက သင္ဆီကေန ခြာေတာ့မွာမဟုတ္ေတာ့ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ သူမသိေအာင္ သင္ ဘယ္သူနဲ႔ေျပာေနတာလဲဆိုၿပီး သဝန္ေတြတိုလာမွာပါ။

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

မိန်းကလေးတွေက သူတို့ရဲ့ချစ်သူ သဝန်တိုတတ်တာက သူတို့ကိုချစ်လို့ဆိုပြီး တွေးတတ်ကြတယ်။ ချစ်သူက အလုပ်လုပ်နေရလို့ ကိုယ်နဲ့ အချိန်ပြည့်မတွေ့နိုင်ဘူး၊ အလုပ်ကအပြန် နောက်ကျတယ် ဆိုရင် ပစ်ထားခံံရသလို ခံစားလာရတတ်တယ်။

အဲဒါကြောင့် ချစ်သူ ကိုယ်ဘက်ကို လှည့်ကြည့်ပြီး သဝန်တိုလာအောင် လုပ်တတ်ကြတယ်။ ဒီနည်းလေးတွေကတော့ ချစ်သူက ကိုယ့်ကို သဝန်တိုလာစေပြီး ပိုဂရုစိုက်လာစေမယ့် နည်းလမ်းတွေပဲဖြစ်တယ်။

(၁) သူ မပါဘဲ ပါတီသွားပြလိုက်ပါ ။

အလုပ်ကိုပဲ ဦးစားပေးပြီး သင့်ကိုဂရုစိုက်ဖို့ မေ့နေတတ်တဲ့ ချစ်သူကို သဝန်တိုအောင် လုပ်ချင်တယ်ဆိုရင် သူမပါဘဲ ပါတီသွားလိုက်ပါ။ သူအလုပ်ကပြန်ရောက်လာရင် သင့်ဖုန်းကို ဆက်လာမှာပါ။ အဲ့အချိန်ကျရင် မကိုင်ဘဲထားလိုက်ပါ။ သူ့ Missed Call တွေကို တွေ့ရင်တောင် ပြန်မဆက်ပါနဲ့။

သူ့စာတွေကိုလည်း မပြန်ပါနဲ့။ သူက ဘယ်လိုပဲ အရေးကြီးလို့ ဖုန်းကိုင်ပါလို့ ပြောရင်တောင် မကိုင်ပါနဲ့။ ပြီးရင် ပါတီတစ်ခုကို ရောက်နေတယ်ဆိုတာ သူသိအောင် သီချင်းသံတွေနားမှာ စကားပြောလိုက်ပါ။

အဲဒါမှ သင့်နောက်က သီချင်းသံတွေကို နားထောင်မိပြီး သင့်ကို မေးခွန်းပေါင်းစုံတွေ မေးလာမယ်။ သင်ဟာ သူနဲ့အတူရှိမနေတဲ့ အတွက်ကြောင့် သဝန်တိုလာမယ်။ အဲလိုမျိုးနဲ့ သင့်ဘက်ကို စိတ်ပြန်ပါအောင်လုပ်ပါ။

(၂) သူပစ်ထားသလို ပြန်လုပ်ကြည့်ပါ ။

သင်ဖုန်းဆက်လိုက်တိုင်း သူအလုပ်မအားလို့ နောက်မှ ပြန်ဆက်မယ်ဆိုပြီး အငြင်းခံလိုက်ရတယ်။ အချိန်တိုင်းဆိုရင်တော့ သင့်ကို ဂရုမစိုက်သလို ဖြစ်လာတယ်။ အဲ့လိုချစ်သူမျိုးကို သင့်ဆီစိတ်ပြန်ရောက်လာအောင်လုပ်ရမယ့် နည်းလမ်းကတော့ သူပစ်ထားသလို ပြန်လုပ်ကြည့်လိုက်ပါ။

သူဖုန်းဆက်ရင် မအားသလို ဟန်ဆောင်ပြီ ဖုန်းကိုချလိုက်ပါ။ အဲ့လိုဆို သူ့စိတ်ထဲ ထစ်သွားမယ်။ နောက်ပြီး သူနဲ့ဖုန်းပြောရင် ပျင်းတယ်ဆိုပြီး ဟန်ဆောင်လိုက်ပါ။ (အထင်လွဲအောင်တော့ မလုပ်လိုက်နဲ့ပေါ့) သူနဲ့ချိန်းတွေ့လို့ စကားပြောကြရင် သူ့စကားကို အာရုံမရလိုက်သလို ဟန်ဆောင်လိုက်ပါ။ အဲဒါဆို သူ့စိတ်ထဲက သဝန်တိုစိတ်တွေက ထွက်ကျလာမှာပါ။

(၃) သူ့ရှေ့မှာ တခြားကောင်လေးအကြောင်းကို ပြောနေပါ ။

တစ်ခါတစ်လေ သင့်ချစ်သူက အလုပ်တွေများလွန်းလို့ သင်ဆံပင်ညှပ်ထားတယ်ဆိုတာတောင် မသိတော့တာတွေရှိတတ်တယ်။ အဲလိုချစ်သူမျိုးကို သဝန်တိုလာအောင် ဘယ်လိုလုပ်ရမလဲဆိုတော့ သူ့ရှေ့မှာ တခြားကောင်လေးအကြောင်းကို ပြောနေပါ။ ဥပမာ – သူ့ဆီမှာ ချောတဲ့ယောကျ်ားလေးသူငယ်ချင်းတွေရှိနေရင် အဲ့ဒီသူငယ်ချင်းအကြောင်းကိုပြောနေပါ။ အဲ့လိုပြောနေရင်းနဲ့ သူ့မျက်လုံးထဲမှာ သဝန်တိုနေတာတွေကို တွေ့ရမှာပါ။

(၄) သူ့ရှေ့မှာဆို ဖုန်းကိုကွယ်ချင်ယောင်ဆောင်လိုက်ပါ ။

ဒီနည်းလမ်းကတော့ လွယ်ပါတယ်။ သူနဲ့အတူရှိနေချိန် သင့်သူငယ်ချင်းတစ်ယောက်ကို သင့်ဆီ ဖုန်းဆက်ခိုင်းလိုက်ပါ။ပြီးရင် သူ့မကြားကြားအောင် လေသံတိုးတိုးလေးနဲ့ ယောကျ်ားလေးနဲ့ပြောနေသလိုမျိုး ဟန်ဆောင်လိုက်ပါ။

အဲ့လိုဆို သူက “ဘယ်သူနဲ့ပြောနေတာလဲ” ဆိုပြီး သင့်ကိုမေးလာမယ်။ အဲအချိန်ဆို ဖုန်းကိုကွယ်ပြီး အပြင်ကိုထွက်ပြောနေလိုက်ပါ။ သူ့မျက်စိတွေက သင်ဆီကနေ ခွာတော့မှာမဟုတ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူမသိအောင် သင် ဘယ်သူနဲ့ပြောနေတာလဲဆိုပြီး သဝန်တွေတိုလာမှာပါ။

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top