iMyanmarHouse.com - Best Property Website for Myanmar
×

 
ကြန္ပ်ဴတာ၊ ဖုန္း စတာေတြနဲ႕ တေန႕တာပတ္လုံး အသုံးျပဳေနရတဲ့ မ်က္လုံးေတြဟာ အခ်ိန္ၾကာလာတာနဲ႕အမွ် ေညာင္းညာႏြမ္းနယ္လာတာမ်ိဳးနဲ႕ အျမင္အာ႐ုံ မၾကည္လင္တာမ်ိဳး ျဖစ္ေပၚတတ္ပါတယ္။ အခု ေဖာ္ျပေပးမယ့္ မ်က္လုံး ေလ့က်င့္ခန္းေတြကို ပုံမွန္ျပဳလုပ္ေပးမယ္ဆိုရင္ အျမင္အာ႐ုံေတြကို ၾကည္လင္ေစမွာျဖစ္တဲ့အျပင္ မ်က္လုံးေညာင္းညာမႈေတြကိုပါ သက္သာေစမွာ ျဖစ္ပါတယ္။

(၁) မ်က္လုံးကို ၅ စကၠန႔္ေလာက္ အတတ္နိုင္ဆုံး ျပဴးနိုင္သေလာက္ ျပဴးထားတဲ့ မ်က္လံုံး ေလ့က်င့္ခန္းကို ၈ ႀကိမ္ကေန ၁၀ ႀကိမ္ေလာက္အထိ ျပဳလုပ္ေပးျခင္းဟာ မ်က္လုံးႂကြက္သားေတြကို သန္မာေစတဲ့အျပင္ ေသြးလွည့္ပတ္မႈကိုပါ ေကာင္းမြန္ေစနိုင္ပါတယ္။

(၂) လက္ဖဝါးႏွစ္ဖက္ကို ပူေအာင္ ခပ္ၾကာၾကာပြတ္ေပးၿပီး မ်က္လုံးေတြေပၚမွာ မိနစ္အနည္းငယ္ခန႔္ ဖိကပ္ေပးျခင္းဟာ ေညာင္းညာေနတဲ့ မ်က္လုံးေတြကို အေညာင္းအညာ ေျပေစပါတယ္။

(၃) မ်က္လုံးကို ၅ စကၠန႔္ေလာက္ထိ ခပ္တင္းတင္းပိတ္ထားၿပီးမွ ျဖည္းျဖည္းခ်င္း ျပန္လည္ဖြင့္တဲ့ ေလ့က်င့္ခန္းကို ၁၀ ႀကိမ္ေလာက္ထိ ျပဳလုပ္ေပးသင့္ပါတယ္။

(၄) မ်က္လုံးအတြင္းက မ်က္ဆန္ကို စက္ဝိုင္းပုံသ႑ာန္ ဘယ္ဘက္ျခမ္းတႀကိမ္၊ ညာဘက္ျခမ္းတႀကိမ္ နာရီလက္တံပုံစံအတိုင္း လွည့္ေပးျခင္းအားျဖင့္ မ်က္လုံးေညာင္းညာမႈကို ေျပေပ်ာက္ေစနိုင္ပါတယ္။

(၅) မ်က္စိက်န္းမာေရးဆိုင္ရာ ေဆးပညာရွင္ေတြရဲ႕ အႀကံျပဳခ်က္ေတြအရ မ်က္လုံးကို တေန႕ ၂ ႀကိမ္ခန႔္ ေရသန႔္ခပ္ေအးေအးနဲ႕ ေဆးေပးသင့္တယ္လို႔ သိရပါတယ္။ ဒီလိုျပဳလုပ္ျခင္းဟာ ရာသီဥတုေၾကာင့္ မ်က္လုံးပူျခင္း၊ မ်က္စိနာျခင္းတို႔ကို ကာကြယ္ေပးနိုင္ပါတယ္။

(၆) မ်က္လံုံးအတြင္းက မ်က္ဆန္ကို တတ္နိုင္သေလာက္ ဘယ္ဘက္ေထာင့္ကို ကပ္ပါ၊ အဲဒီအတိုင္း ၅ စကၠန႔္ေလာက္ထိ ေနေပးၿပီးမွ မ်က္ဆန္ကို ညာဘက္ေထာင့္ဆီ ကပ္ေပးပါ။ ၿပီးရင္ေတာ့ အလယ္တည့္တည့္ၾကည့္ၿပီး သက္ေသာင့္သက္သာ အေနအထားနဲ႕ ျပန္ေနေပးပါ။ ဒီေလ့က်င့္ခန္းဟာဆိုရင္ ေညာင္းညာေနတဲ့ မ်က္လုံးႂကြက္သားေတြကို သိသိသာသာ ေျပေလ်ာ့ေစမွာ ျဖစ္ပါတယ္။

Credit:က်န္းမာေရး ဆိုင္ရာနည္းလမ္းေကာင္းမ်ားႏွင့္ ဗဟုသုတမ်ား fb မွ

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


 ကွန်ပျူတာ၊ ဖုန်း စတာတွေနဲ့ တနေ့တာပတ်လုံး အသုံးပြုနေရတဲ့ မျက်လုံးတွေဟာ အချိန်ကြာလာတာနဲ့အမျှ ညောင်းညာနွမ်းနယ်လာတာမျိုးနဲ့ အမြင်အာရုံ မကြည်လင်တာမျိုး ဖြစ်ပေါ်တတ်ပါတယ်။ အခု ဖော်ပြပေးမယ့် မျက်လုံး လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် အမြင်အာရုံတွေကို ကြည်လင်စေမှာဖြစ်တဲ့အပြင် မျက်လုံးညောင်းညာမှုတွေကိုပါ သက်သာစေမှာ ဖြစ်ပါတယ်။

(၁) မျက်လုံးကို ၅ စက္ကန့်လောက် အတတ်နိုင်ဆုံး ပြူးနိုင်သလောက် ပြူးထားတဲ့ မျက်လုံံး လေ့ကျင့်ခန်းကို ၈ ကြိမ်ကနေ ၁၀ ကြိမ်လောက်အထိ ပြုလုပ်ပေးခြင်းဟာ မျက်လုံးကြွက်သားတွေကို သန်မာစေတဲ့အပြင် သွေးလှည့်ပတ်မှုကိုပါ ကောင်းမွန်စေနိုင်ပါတယ်။

(၂) လက်ဖဝါးနှစ်ဖက်ကို ပူအောင် ခပ်ကြာကြာပွတ်ပေးပြီး မျက်လုံးတွေပေါ်မှာ မိနစ်အနည်းငယ်ခန့် ဖိကပ်ပေးခြင်းဟာ ညောင်းညာနေတဲ့ မျက်လုံးတွေကို အညောင်းအညာ ပြေစေပါတယ်။

(၃) မျက်လုံးကို ၅ စက္ကန့်လောက်ထိ ခပ်တင်းတင်းပိတ်ထားပြီးမှ ဖြည်းဖြည်းချင်း ပြန်လည်ဖွင့်တဲ့ လေ့ကျင့်ခန်းကို ၁၀ ကြိမ်လောက်ထိ ပြုလုပ်ပေးသင့်ပါတယ်။

(၄) မျက်လုံးအတွင်းက မျက်ဆန်ကို စက်ဝိုင်းပုံသဏ္ဍာန် ဘယ်ဘက်ခြမ်းတကြိမ်၊ ညာဘက်ခြမ်းတကြိမ် နာရီလက်တံပုံစံအတိုင်း လှည့်ပေးခြင်းအားဖြင့် မျက်လုံးညောင်းညာမှုကို ပြေပျောက်စေနိုင်ပါတယ်။

(၅) မျက်စိကျန်းမာရေးဆိုင်ရာ ဆေးပညာရှင်တွေရဲ့ အကြံပြုချက်တွေအရ မျက်လုံးကို တနေ့ ၂ ကြိမ်ခန့် ရေသန့်ခပ်အေးအေးနဲ့ ဆေးပေးသင့်တယ်လို့ သိရပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ ရာသီဥတုကြောင့် မျက်လုံးပူခြင်း၊ မျက်စိနာခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

(၆) မျက်လုံံးအတွင်းက မျက်ဆန်ကို တတ်နိုင်သလောက် ဘယ်ဘက်ထောင့်ကို ကပ်ပါ၊ အဲဒီအတိုင်း ၅ စက္ကန့်လောက်ထိ နေပေးပြီးမှ မျက်ဆန်ကို ညာဘက်ထောင့်ဆီ ကပ်ပေးပါ။ ပြီးရင်တော့ အလယ်တည့်တည့်ကြည့်ပြီး သက်သောင့်သက်သာ အနေအထားနဲ့ ပြန်နေပေးပါ။ ဒီလေ့ကျင့်ခန်းဟာဆိုရင် ညောင်းညာနေတဲ့ မျက်လုံးကြွက်သားတွေကို သိသိသာသာ ပြေလျော့စေမှာ ဖြစ်ပါတယ်။

Credit:ကျန်းမာရေး ဆိုင်ရာနည်းလမ်းကောင်းများနှင့် ဗဟုသုတများ fb မှ

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top