iMyanmarHouse.com - Best Property Website for Myanmar
×














# Unicode Version # ဖြင့် ဖတ်ပါ #

The Voice Myanmr ပြိုင်ပွဲကြီးရဲ့Season2 ကတော့ ၆.၆.၂၀၁၉ ရက်နေ့က ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ပြိုင်ပွဲအဆင့်အဆင့်မှာ မတူညီတဲ့သီချင်းအမျိုးစားပေါင်းစုံကို ရသပေါင်းစုံနဲ့ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

နောက်ဆုံးအဆင့်ကိုရောက်ရှိလာတဲ့ Team တစ်ခုချင်းဆီက လက်ရွေးစင် လေးယောက်ကို Coach လေးယောက်နဲ့ ပရိသတ်တွေ ဝေမျှပြီးရွေးချယ်လာခဲ့ကြပါတယ်။ အဲ့ဒီလိုရွေးချယ်အားပေးမှုတွေ နဲ့အတူ ပရိသတ်တွေရဲ့ အားပေးမှုတွေကလည်း TV ဖန်သားပြင်ထက်ကနေ အပြင်ဘက်ကို တိုးထွက်လောက်တဲ့အထိကျယ်လောင်နေခဲ့တယ်ဆိုတာလည်း The Voice Myanmar ပရိသတ်ကြီးတွေ့မြင်ခံစားပြီးဖြစ်ပါတယ်။

အခုတင်ဆက်ပေးချင်တာကတော့ The Voice Myanmar Season 2 မှာ winner ရသွားတဲ့သူက တော့ Novem Htoo ပဲ ဖြစ်ပါတယ်။

ဒီဆုကို ရရှိသွားတဲ့  Novem Htoo ကတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ လူနည်းစုလောက်သာ လက်ခံအားပေးတဲ့ Metal ဂီတနဲ့ Blind Audition မှာ ယုံကြည်မှုရှိရှိနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သူပဲဖြစ်ပါတယ်။

သူဝင်ရောက် ယှဉ်ပြိုင်ချိန်မှာလည်း မြန်မာ့ Metal ပရိသတ်တွေကြားမှာ အမြင်အမျိုးမျိုးကွဲလွဲနေကြတာမျိုးလည်းရှိခဲ့ပါတယ်။ ဒါပေမယ့် သူကတော့ သူလုပ်စရာရှိတဲ့ အလုပ်ကိုပဲ အကောင်းဆုံးလုပ်ဆောင်သွားခဲ့ပြီးတော့ တချို့ The Voice Global ရဲ့မှတ်တမ်းတချို့မှာတောင် မှတ်တမ်းတင်ခံခဲ့ရသူတစ်ယောက်ပါ။

အခုပြိုင်ပွဲမှာ အနိုင်ရရှိသွားတဲ့ အတွက်လည်း Novem Htoo ကတော့ Ford Everest ကားသစ်ကြီးကို ပိုင်ဆိုင်ခွင့်ရသွားရုံသာမကပဲ ကမ္ဘာကျော် တေးဂီတထုတ်လုပ်ရေးတစ်ခုဖြစ်တဲ့ Universal Studio နဲ့လည်း Single သီချင်းပြုလုပ်ခွင့်ရမှာဖြစ်တဲ့အပြင် ငွေသားဆုကိုလည်းရရှိသွားမှာဖြစ်ပါတယ်။

Novem Htoo တစ်ယောက် ယုံကြည်ရာဂီတ အမျိုးအစားတွေ သီချင်းအလန်းစားကြီးတွေကို အခုထက်ပိုပြီးလုပ်နိုင်ပါစေလို့ ဝမ်းသာစကားပြောကြားလိုက်ပါတယ်နော်။

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top