iMyanmarHouse.com - Best Property Website for Myanmar
×

တင်းတိတ်ပျောက်ချင်သူများအတွက် လွယ်ကူ ထိရောက် အကုန်အကျနဲတဲ့ နည်းလမ်းလေးပေးမယ်နော်…

တင်းတိတ်တွေဟာ နေရောင်အောက်မှာ အကာအကွယ်မပါဘဲ သွားပါများရင်သော်လည်းကောင်း၊ အသက်အရွယ်ရလာရင်သော်လည်းကောင်း၊ ဓာတုဆေးများတဲ့ မိတ်ကပ်သုံးပါများရင်သော်လည်းကောင်း၊ မျိုးရိုးကြောင့်သော်လည်းကောင်း ဖြစ်တတ်ပါတယ်။

မျက်နှာနုနုချောချောလေးမှာ တင်းတိတ်တွေ ဖြစ်လာလို့ မိမိကိုယ်ကို ယုံကြည်မှု့ လျော့မသွားပါနဲ့။

သံပုရာသီးတစ်ခြမ်းကို အရည်ညစ်ပြီး ပျားရည် ၅စက်ခန့်ထဲပြီး မွှေပါ။ ထိုအရည်ကို တင်းတိတ်ရှိတဲ့ နေရာတွေမှာ လိမ်းပေးပါ။ ၅မိနစ်ခန့်ထားပြီးရင် ရေအေးအေးလေးနဲ့ မျက်နှာသစ် လိုက်ပါ။

သံပရာသီးက အမည်းစက် တွေ ကို မှေးမှိန်သွားစေတဲ့ သတ္တိရှိပြီး ပျားရည် ကတော့ မျက်နှာမှာ ရှိတဲ့ အစိုဓါတ် ကို ထိန်းထားပေးမှာ ဖြစ်ပါတယ်။

ဘေးထွက်ဆိုးကျိုး (လုံးဝ) မရှိပါ။

ဤစာဖတ်သူများအားလုံး ပျော်ရွင်ချမ်းမြေ့ကြပါစေလို့ ရွှေချစ်သူ မှ ဆုတောင်းမေတ္တာပို့သပေးပါတယ်။

လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top