iMyanmarHouse.com - Best Property Website for Myanmar
×

လူတိုင်းရဲ့ ခ န္ဓ္ဓာကိုယ်နေရာ အနှံ့မှာ မှဲ့တွေရှိတတ်ပါတယ်။ တချို့မှဲ့တွေက သေးပြီး တချို့ မှဲ့တွေက အသားပို ထွက်နေသလို အကြီးကြီးတွေ ဖြစ်ပါတယ်။ မှဲ့တွေမှာ လူတစ်ယောက်ရဲ့ကျန်းမာရေး၊ စီးပွားရေး ကိစ္စမျိုးတွေနဲ့လည်း ဆက်စပ်နေတတ်တဲ့ ထူးခြားတဲ့ မှဲ့တွေရှိပါတယ်။ ကိုယ့်မှာ အဲ့ဒီလိုမှဲ့မျိုးရှိသလားဆိုတာ သိချင်ကြပါသလား။ ဒီမှဲ့တွေကတော့-

၁) နားထင်ပေါ်မှာ ရှိတဲ့မှဲ့
ဒီမှဲ့က ခရီးသွားဖို့ အခွင့်အလမ်းတွေနဲ့ ဆက်စပ်နေပါတယ်။ခရီးသွားခြင်းနဲ့ ဆိုင်တဲ့ ပျော်ရွှင်မှုတွေ ၊အလုပ်အကိုင်တွေ ရရှိမှာ ဖြစ်ပါတယ်။

၂) မျက်ခုံးနှစ်ခုကြားက မှဲ့
အလုပ်တိုးတက်မှုကို ပြပါတယ်။ မကြာခဏ ရာထူးတိုးတာ၊ လစာတိုးတာတွေ ကြုံတွေ့ရတာကို ပြပါတယ်။

၃) မျက်လုံးနဲ့ မျက်ခုံးကြားကမှဲ့
စွယ်စုံရတဲ့သူ၊ ဘက်စုံထူးချွန်တဲ့သူ တစ်ဦးဆိုတာကို ပြပါတယ်။ လူတွေနဲ့ ဆက်ဆံရေးကောင်းပြီး ဦးဆောင်ရမဲ့ ရာထူးမျိုးရရှိနိုင်ပါတယ်။

၎)အပေါ်နှုတ်ခမ်းရှိမှဲ့
အစားအသောက်၊ အ၀တ်အထည်တို့ကြောင့် မကြာခဏ ပူပန်ရတတ်ပါတယ်။ ကိုယ်ရည်ကိုယ်သွေးမြင့်မားပြီး အပေါင်းအသင်းတွေကြားမှာ ကျော်ကြားတဲ့သူမျိုးဖြစ်ပါတယ်။

၅)ပါးရိုး ပေါ်ရှိမှဲ့
အလုပ်မှာ လုပ်ပိုင်ခွင့်ရှိတဲ့ ရာထူးမျိုးရရှိနိုင်ပြီး စည်းစိမ်ဥစ္စာကြွယ်ဝမယ့်သူဖြစ်ပါတယ်။

၆) လက်ဝါးပြင်ပေါ်ရှိမှဲ့
ဘယ်တော့မှ ငွေကြေးပြတ်လပ်မှုမျိုး ကြုံရာမှာ မဟုတ်ပါဘူး။ ရည်မှန်းချက်ကြီးတဲ့ သူတစ်ယောက် ဖြစ်ပြီး  အလွယ်တကူ ဦးဆောင်နိုင်မယ့်သူလည်း ဖြစ်ပါတယ်။

၇)ခြေဖ၀ါးပြင်ရှိမှဲ့
မကြာခဏ ခရီးသွားရပြီး လုပ်ငန်းခွင်မှာ ခေါင်းဆောင်ကောင်းတစ်ဦး အဖြစ်ကျော်ကြားသူတစ်ဦးဖြစ်နိုင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top