iMyanmarHouse.com - Best Property Website for Myanmar
×


အလှပြင်ဆိုင်တွေမှာမျက်နှာပေါင်းတင်ရင်ဈေးကြီးဟုတ်?ပိုက်ဆံအကုန်အကျသက်သာတဲ့နည်းလေးပေးမယ်။

ဒီနည်းလေးကတော့ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေစိုပြေဝင်းပတဲ့အသားအရေရဖို့လွယ်လွယ်ကူကူအိမ်မှာတင်ဖြေရှင်းနိုင်တဲ့နည်းလေးပါ။

၁။ဆံပင်ကိုအ၀တ်စတခုနဲ့နဖူးကနေနောက်ကိုဆွဲအုပ်ပြီးချည်ထားလိုက်ပါ။မျက်နှာတစ်ခုလုံးရှင်းနေပါစေ။

၂။လက်ကိုရေနွေးနွေးနဲ့သန့်ရှင်အောင်ဆေးထားပါ။

၃။မျက်နှာမှာရှိတဲ့ဖုံ၊မိတ်ကပ်အဆီအားလုံးကိုသန့်ရှင်းသွားအောင် cleanser သုံးပြီးရေနွေးနွေးနဲ့သစ်ပေးပါ။

၎။ဆူနေအောင်တည်ထားတဲ့ရေနွေကိုပန်ကန်လုံးထဲထည့်ပြီးမျက်နှာနဲ့၁ပေခန့်အကွာတွင်ချထားပါ။တပတ်ခပ်ကြီးကြီးနဲ့ခေါင်းကစပြီးအုတ်ထားပါ။ရေနွေးငွေတွေမထွက်သွားအောင်ဂရုစိုက်ပြီးမျက်နှာကို၁၀မိနစ်ခန့်ပေါင်းတင်ပါ။

၅။သင့်မျက်နှာပေါ်ကို scrub နဲ့ချေးချွတ်ပေးပါ။လက်ချောင်းလေးနဲ့မျက်နှာအနှံဖွဖွလေးပွတ်ပြီး dead cell များကိုဖယ်ရှားနိုင်ပါတယ်။မျက်လုံးထဲမ၀င်အောင်သတိထားပါ။

၆။ရေနွေးနဲ့ခပ်ဖွဖွလေးသစ်ပေးပါ။

၇။မျက်နှာတ၀ိုက်မှာရှိတဲ့ black head and white head ( အစိအဖုလေးတွေကိုလိုက်စမ်းပြီးဝက်ခြံညှစ်တံလေးနဲ့ဖယ်ရှားပေးပါ။

၈။မျက်နှာမှာဝက်ခြံမရှိသူတွေဆိုရင်တော့ message oil သုံးပြီးဖွဖွလေးနှိပ်ပေးခြင်းအားဖြင့်သွေးလည်ပတ်မှုကိုကောင်းစေပြီးနုပျိုနိုင်ပါတယ်။

၉။တခြားကိုယ်နဲ့လိုက်ဖက်မဲ့ facial mask တွေလဲသုံးလို့ရပါတယ်။

အိမ်မှအလွယ်တကူပြုလုပ်နိုင်မဲ့ mask လေးကိုဖော်ပြလိုက်ပါတယ်။

အသုံးပြုမယ့်ပစ္စည်းတွေက -

ကြက်ဥတစ်လုံး၊
ငှက်ပျောသီးတစ်လုံး၊
ထောပတ်သီးတစ်လုံး

အရင်ဆုံးငှက်ပျောသီးတဝက်နဲ့ထောပတ်သီးတဝက်ကိုပန်းကန်လုံးထဲထည့်ပြီးချေပေးပါ။ကျေသွားပြီဆိုအနှစ်ဖယ်ထားတဲ့ကြက်ဥတစ်လုံးကိုထည့်ပြီးသမအောင်နယ်၊ပြီးရင်မျက်နှာပေါ်ခပ်ဖွဖွလေးလူးထားပြီးမိနစ်၃၀လောက်ထားထားလိုက်ပါ။

၁၀။သခွားသီး၂လုံးကိုပါးပါးလှီပြီးမျက်လုံးပေါ်တင်ထားပါအတူတူတင်ထားပါ။

၁၁။မျက်နှာကိုရေနွေးနဲ့ပြောင်အောင်ဆေးပစ်ပါ။
ပြီးရင်ရေခဲရေအေးဝတ်နဲ့၅မိနစ်လောက်အုပ်ပေးထားခြင်းဖြင့်ချွေးပေါက်များပြန်ပိတ်စေပါတယ်။

၁၂။ပြီးရင်အသားအရေကိုညီညာစေဖို့အရက်ပျံမပါတဲ့ toner ကိုမျက်နှာတစ်ပြင်လုံးလိမ်းပေးပါ။အထူးသဖြင့်အဆီပျံတတ်တဲ့ T ဇုန်နေရာကိုသုတ်လိမ်းခြင်းဖြင့်ချွေးပေါက်များကိုကျဉ်းစေပြီးအသားအရေကိုညီညာအောင်ညှိပေးပါလိမ့်မယ်။

၁၃။ပြီးရင် moisturizer တစ်ခုခုလိမ်းပေးခြင်းဖြင့်ပိုမိုနူးညံ့ဝင်းပသွားတာကိုခံစားမြင်တွေ့ရပါလိမ့်မယ်။

ဒီနည်းလေးကအဆီပြန်တဲ့သူတွေလုပ်လို့မရဘူးနော်။ဝက်ခြံပေါက်တတ်တယ်။



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။


မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...

 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top